CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ တွေ့ဆုံခဲ့ကြသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက် နံနက်ပိုင်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ၁၈ ခုကို လက်မှတ် ရေးထိုးခဲ့ကြသည်။

လက်ရှိတွင် သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ သွားရောက်နေခြင်းဖြစ်သည်။
တရုတ်ခရီးစဉ်မတိုင်ခင်ကလည်း သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
