CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခရီးစဉ်ကို စတင်ခဲ့သော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့သည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုခဲ့ကြသည်။

သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခရီးစဉ်ကို ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ သွားရောက်ခြင်းဖြစ်သည်။
ဦးမင်းအောင်လှိုင်သည် နစက အစိုးရလက်ထက်ကလည်း ယာယီသမ္မတ အနေဖြင့် တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၃ ရက်အထိ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဒုသမ္မတ၊ ဝန်ကြီးချုပ် လီချန်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
