CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃
လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ အသင်းလူစာရင်း အင်အားကို တောင့်တင်းအောင် ပြုလုပ် ချင်နေတဲ့ ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်ဟာ ချယ်လ်ဆီးအသင်း နောက်ခံ လူချာလိုဘာကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ကိုမိုအသင်းဟာ အသုံးစရိတ် အကန့်အသတ်နဲ့သာ ရရှိမှာဖြစ်ပေမယ့် နည်းပြဖာဘရီဂတ်စ်က ခံစစ်အင်အား ဖြည့်တင်းဖို့ ဦးစားပေးထားတာပါ။
နည်းပြဟောင်း မာရက်စ်ကာ လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့အဓိက နောက်ခံလူ တစ်ဦးဖြစ်ခဲ့တဲ့ ချာလိုဘာဟာ နည်းပြသစ် ဇာဘီအလွန်ဆိုရဲ့ အစီအစဉ်မှာ ပါဝင်ခြင်း ရှိ၊မရှိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ချာလိုဘာကို ရောင်းချခဲ့မယ်ဆိုရင် ဈေးသက်သက်သာသာနဲ့ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူး လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားပါတယ်။
ချာလိုဘာအတွက် ကိုမိုအသင်း ပေးချေဖို့ ပြင်ဆင်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ချယ်လ်ဆီးအသင်း သတ်မှတ်ထား တဲ့ တန်ဖိုးကြားမှာ သိသာထင်ရှားတဲ့ ကွာဟချက်ရှိတယ်လို့ သိရပါတယ်။

ချာလိုဘာကို တွေ့ရစဉ်
ချာလိုဘာဟာ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ မပါဝင်တာကြောင့် အနားယူ အပန်းဖြေမှု ပြုလုပ်နေ ချိန်မှာ နည်းပြ တူချယ်လ်ဆီကနေ ရခဲ့တဲ့ မက်ဆေ့ချ်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ သူ့ရဲ့အိပ်မက် ပြည့်သွားခဲ့တာပါ။
အင်္ဂလန်အသင်းရဲ့ နောက်ခံလူ တစ်ဦးဖြစ်တဲ့ လီဗရာမန်တိုဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား လူစာရင်းကနေ ထွက်ခွာခဲ့ရတဲ့အတွက် နည်းပြတူချယ်လ်ဟာ သူ့ရဲ့နေရာမှာ ချာလိုဘာကို အစားထိုးခေါ်ယူခဲ့ပါတယ်။
ချာလိုဘာကို အခုနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အသင်းတချို့က စောင့်ကြည့်မှုတွေ ပြုလုပ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားဖို့ရှိနေပါတယ်။
Source: Metro
