CNI News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)သို့ ဆက်သွယ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၅၁၇ ဦးသည် လက်နက်ချ အလင်းဝင်ရောက်လာခဲ့သည်။
PDF ၅၁၇ ဦး လက်နက်ချ အလင်းဝင်ရောက်ခြင်းနှင့် မိသားစုများထံ ပြန်လည် အပ်နှံခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)နယ်မြေ မန္တလေးမြို့မှာ ကျင်းပခဲ့ကြသည်။

အဆိုပါ လက်နက်ချ အလင်းဝင်ရောက်သည့် ၅၁၇ ဦးတွင် အမျိုးသမီး ၄၇ ဦးနှင့် အမျိုးသား ၄၇၀ ဦးတို့ပါဝင်သည်။
အလားတူ သေနတ် ၃၁ လက်၊ ရှော့တိုက်ဒုံးများနှင့် ခဲယမ်းများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
