CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၅၀၆ ဦး လက်နက်ချ အလင်းဝင်ရောက်ခဲ့သည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် မန္တလေးမြို့တွင် လက်နက်ချ အလင်းဝင်ရောက် လာသူများအား မိဘ များထံ ပြန်လည် အပ်နှံခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
လက်နက်ချ အလင်းဝင်ခဲ့သူ ၅၀၆ ဦးအနက် အမျိုးသမီး ၅၃ ဦး ပါဝင်ကြောင်း၊ သေနတ် ၇၈ လက်နှင့် ခဲယမ်းများ လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

လက်နက်ချ အလင်းဝင်ရောက်ခဲ့တဲ့ PDF များကို တွေ့ရစဉ်
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဋ္ဌေး တို့တက်ရောက်၍ လက်ခံကြိုဆိုခဲ့ကြသည်။
ထို့နောက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထိုလက်နက်ချ အလင်းဝင်ရောက်ခဲ့သူများမှာ မိုးကုတ်၊ တကောင်း၊ သပိတ်ကျင်း၊ တောင်ခမ်း စသည့် တိုက်ပွဲ အတွင်းမှ PDF များဖြစ်ကြောင်း သိရသည်။
