CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို နိုင်ငံခြားက အသိအမှတ်ပြုခြင်း မပြုခြင်း မိမိ နားမလည်ကြောင်း၊ ပြည်သူလူထု မဲပေးခြင်းကို အသိအမှတ်ပြုမည်ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် ကျင်းပနေရာ မန္တလေးမြို့ရှိ မဲဆန္ဒရှင် များသို့ သွားရောက် တွေ့ဆုံ လေ့လာနေစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မဲလာမပေးခြင်းမှာ ၂ ပိုင်းရှိပြီး သူတို့ထောက်ခံ အားပေးသူမရှိလို့ လာမပေး ခြင်းနဲ့ တစ်ပိုင်းက လုံခြုံမှုအရ လာမပေးတာ ရှိတယ် ။ မဲပေးတဲ့လူတွေက သူတို့ထောက်ခံတဲ့ လူတွေရှိလို့ မဲပေး တာပေါ့။ ဒါသူတို့ လွတ်လွတ်လပ်လပ် မဲပေးတာ၊ ဒါကို နိုင်ငံခြားက အသိအမှတ်မပြုတာ ပြုတာ ကျနော်တို့ နားမလည်ဘူး။ ပြည်သူတွေမဲပေးတာ ကျနော်တို့ အသိအမှတ်ပြုမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်က အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က အပိုင်း(၂)ကိုလည်းကောင်း ကျင်းပထားပြီးဖြစ်သည်။
