CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ မဲပေးပိုင်ခွင့်ရှိသူ ၁၁.၆ သန်း ကျော်ရှိရာ ၆.၀၉ သန်းကျော် မဲပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်း ခွဲ၍ ကျင်းပလျက်ရှိ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့ ပြီး အပိုင်း(၂)အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်းကောင်း၊ အပိုင်း(၃)ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် တွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပ ခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁-၂-၃)၌ မဲပေးခွင့်ရှိသူ စုစုပေါင်း ၂၄.၂၆ သန်းခန့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြောသည်။