CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅

ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများဆိုသည့် ရွေးကောက်ပွဲဇာတ်လမ်းတိုး ရိုက်ကူးမှုတွင် ပါဝင်သည့် သရုပ်ဆောင်များနှင့် ဒါရိုက်တာများ စည်သူဘွဲ့နှင့် အလင်္ကာကျော်စွာဘွဲ့များ ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်က ကျရောက်ခဲ့သော ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခဲ့ရာမှာ စည်သူဘွဲ့နှင့် အလင်္ကာကျော်စွာဘွဲ့များ ရရှိခဲ့ကြခြင်းဖြစ်သည်။

စည်သူဘွဲ့ရရှိခဲ့သူများမှာ ပြေတီဦး၊ နေတိုး၊ မေသန်းနု၊ ဝိုင်း၊ ရန်အောင်၊ မို့မို့မြင့်အောင်၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ ခင်သန်းနု၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ တို့ အပါအဝင် ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဒေါက်တာကံဇော်တို့လည်း ပါဝင်သည်။

အလားတူ အလင်္ကာကျော်စွာဘွဲ့ ရသူများမှာ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ လူမင်း၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ ဝတ်မှုန် ရွှေရည်၊ နေအောင်၊ စိုးမြတ်သူဇာ တို့အပါအဝင် ဦးဝင်းဖေ၊ ကျော်ဆွေ၊ ရွှေဘ၊ ဦးကျောက်လုံး၊ ဒေစီကျော်ဝင်း၊ ဇော်ဝမ်း၊ အံ့ကျော်၊ ခင်သီတာထွန်းတို့လည်း ပါဝင်ကြသည်။