CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်နယ်ရှိ မိသားစုရေသဘင်မဏ္ဍပ်များသို့ နစကဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှသည် ဧပြီ ၁၆ ရက်နေ့ သင်္ကြန် အတက်နေ့တွင် သွားရောက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်ကိုတော့ မတွေ့ရပေ။

သို့သော် ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့သည်များ ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့က ပြင်ဦးလွင်တပ်နယ် မိသားစုများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့ ညပိုင်းကတော့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)က ပြင်ဦးလွင် တပ်နယ်နှင့် မြို့တွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မှုခဲ့သလို အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်၊ ကျန်းမာရေးဝန်ထမ်းနှင့် အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။