CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇
ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်သမ္မတ H.E.Mr.Kassym-Jomart Tokayev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားခရီးစဉ်အပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့ကနေ စက်တင်ဘာ ၂၇ ရက်က ကာဇက်စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ထို့နောက် ကာဇက်စတန် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကာဇက်စတန်ဒုတိယဝန်ကြီးချုပ် Mr. Roman Sklyar နှင့် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီး Mr. Margulan Baimukhan တို့က ကြိုဆိုခဲ့ကြသည်။