CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန် နိုင်ငံသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်က ရောက်ရှိခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားခရီးစဉ်အတွင်းမှာ စက်တင်ဘာ ၂၇ ရက်က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ အမှတ်(၂) ဘနုကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကာဇက်စတန်နိုင်ငံ အက်စတာနာလေဆိပ်သို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကာဇက်စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်(၁) Mr. Roman Sklyar နှင့် မြန်မာနိုင်ငံဆိုင်ရာ ကာဇက်စတန် သံအမတ်ကြီး Mr. Margulan Baimukhan တို့ကလည်း ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။