CNI News 
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇

ရုပ်ရှင်သရုပ်ဆောင် ခင်လှိုင်၊ မြင့်မြတ်နှင့် ဟာသအနုပညာရှင် မာမီသက်၊ မိုးညိုတို့ကို နစက-က ဟာသပညာ ထူးချွန်ဆုများကို ဇူလိုင် ၇ ရက်နေ့က ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ၁၄ ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များအား ဂါရဝပြု ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ သည်။

ထို့နောက် နစက၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ခင်လှိုင်၊ မြင့်မြတ် တို့ကို ဟာသပညာထူး ချွန်ဆု ချီးမြှင့်ခဲ့သလို ဒိန်းဒေါင်ကိုလည်း အမှတ်တရ လက်ဆောင်ပေးခဲ့သည်။

မြင့်မြတ်နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်

အလားတူ ဟာသအနုပညာရှင် မာမီသက်နှင့် မိုးညိုတို့ကိုလည်း ဟာသပညာထူးချွန်ဆု ချီးမြှင့်ခဲ့သလို ဟာသ အနုပညာရှင် အုန်းဒိုင်းကိုလည်း ဟာသပညာပံ့ပိုးမှုထူးခမန်ဆု ချီးမြှင့်ခဲ့သည်။

ထို့အပြင် ချစ်ချော၊ ပေါ်ဦး၊ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)နှင့် ဒါရိုက်တာမောင်သီတို့ကိုလည်း ဟာသပညာ ဖန်တီးမှုထူးချွန်ဆုများ ချီးမြှင့်ခဲ့သည်။