CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ် ယနေ့ (ဇူလိုင် ၁၇ ရက်) ည ၇ နာရီကျော်တွင် ကွယ်လွန်သွားပြီးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။

စိုင်းဆိုင်မောဝ် ကွယ်လွန်သွားခြင်းအပေါ် ရှမ်းတိုင်းရင်းသားများကလည်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများပေါ်မှာ ဝမ်းနည်း ကြောင်း ရေးသား ဖော်ပြခဲ့ကြသည်။

စိုင်းဆိုင်မောဝ်သည် ၁၉၄၉ ခုနှစ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မွေးဖွားခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ရေဒီယိုကနေ ရှမ်းဘာသာစကား အစီအစဉ်တစ်ခုမှာ သူ၏ တေးသီချင်းများ ထုတ်လွှင့်ခြင်းဖြင့် လူသိများလာခဲ့သည်။

ထို့နောက် စိုင်းဆိုင်မောဝ်၏ သီချင်းများသည် နိုင်ငံတစ်ဝန်း အားပေးမှုကို ရရှိခဲ့သည်။