CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဟောင်း နိုင်ထောမွန်သည် ယနေ့ (ဇန်နဝါရီ ၁၇ ရက်)တွင် ကွယ်လွန်သွားကြောင်း နီးစပ်သူများက ပြောသည်။

နိုင်ထောမွန်၏ ဈာပနအခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့နယ်ရှိ ဂျပန်ရေတွင်း မှာ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။

နိုင်ထောမွန်သည် ၂၀၂၀ ပြည့်နှစ်အထိ မွန်ပြည်သစ်ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ  ၅ ရက်တွင် ၁၀ ကြိမ်မြောက် ပါတီဗဟိုညီလာခံ ကျင်းပပြီး ကျန်းမာရေးအရ ဥက္ကဋ္ဌတာဝန်မှ နုတ် ထွက်ခဲ့သည်။

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးနေစဉ်

ထို့နောက် ဒုဥက္ကဋ္ဌဖြစ်သူ နိုင်ဟံသာက မွန်ပြည်သစ်ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှ ဇန်နဝါရီ  ၁၂ ရက်ထိ ကျင်းပသည့် ၁၁ ကြိမ်မြောက်ပါတီဗဟိုညီလာခံမှာ ဒုတိယအကြိမ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။

နိုင်ထောမွန် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် လက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို မွန်ပြည်သစ်ပါတီ(NMSP)သည် လားဟူဒီမိုကရက် တစ်ပါတီ အစည်းအရုံး(LDU)နှင့်အတူ လက်မှတ်ထိုးခဲ့သည်။