CNI International News

ဟောင်ကောင်၊ အောက်တိုဘာ ၂၁

ဟောင်ကောင်-တရုတ် ဖက်စပ် သိုင်းကားဖြစ်သည့် Once Upon a Time in China အမည်ရှိ ရုပ်ရှင်ဇာတ်ကား များသည် ၁၉၉၁ ခုနှစ်က တရုတ်၏ ကွန်ဖူးသိုင်းကားများကို တစ်ခေတ်ဆန်းစေသည့်အထိ အောင်မြင်မှုရရှိ ခဲ့သည်။

သို့သော်လည်း ထိုဇာတ်ကားများ အားလုံးသည် ရာနှုန်းပြည့် အောင်မြင်ခဲ့ခြင်းမရှိဘဲ ထင်ထားသလောက် အောင်မြင်မှုမရခဲ့သည့် ဇာတ်ကားအချို့လည်း ရှိခဲ့သည်။

South China Morning Post သတင်းဝက်ဘ်ဆိုက်၏ ဖျော်ဖြေရေးကဏ္ဍတွင်မူ ထိုဇာတ်ကားများနှင့် နောက်ဆက် တွဲ ဆက်စပ်ဇာတ်ကားများ၏ အောင်မြင်မှုကို ယခုကဲ့သို့ အဆင့်ခွဲသတ်မှတ်ခဲ့သည်။

၁၉၉၁ ခုနှစ်က ဒါရိုက်တာ ဆူအီဟာ့ခ် (Tsui Hark) ရိုက်ကူးခဲ့သည့် Once Upon a Time in China ရုပ်ရှင်တွင် တရုတ်၏ သိုင်းပညာရှင်ကြီး ဟွမ်ဖေးဟုန် (Wong Fei-hung) အကြောင်းကို အဓိကထားရိုက်ကူးခဲ့ပြီး ဂျက်လီ (Jet Li) က ဟွမ်ဖေးဟုန် ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ခဲ့သည်။ 

ဂျက်လီကို တွေ့ရစဉ်

ထိုဇာတ်ကားသည် အောင်မြင်ခဲ့ပြီး ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၄ ဒသမ ၅ ရရှိခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဒါရိုက်တာ ဆူအီဟာ့ခ်က ထပ်မံ ရိုက်ကူးခဲ့သည့် Once Upon a Time in China 2 ရုပ်ရှင်သည် လည်း အအောင်မြင်ဆုံး ရုပ်ရှင်ဖြစ်ခဲ့ပြီး ထိုရုပ်ရှင်တွင် အဓိကဇာတ်ကောင် ဂျက်လီနှင့် နောက်ထပ် နာမည်ကြီး သရုပ်ဆောင် ဒွန်နီယန်း (Donnie Yen) တို့ အပြိုင် သရုပ်ဆောင်ခဲ့ကာ ကြယ် ၅ ပွင့်အဆင့် အပြည့်အဝ ရရှိခဲ့ သည်။

၁၉၉၂ ခုနှစ်မှာပင် ဒါရိုက်တာ လီလစ်ချီ (Lee Lik-chi) ရိုက်ကူးခဲ့သည့် Once Upon a Time a Hero in China  အမည်ရှိ ရုပ်ရှင်မှာမူ အောင်မြင်မှု မရခဲ့သလို ဇာတ်ကောင်များမှာလည်း လူသိများထင်ရှားသည့် ဇာတ်ကောင်များ မပါဝင်သဖြင့် ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၂ ဒသမ ၅ သာ ရရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ဆူအီဟာ့ခ် ပြန်လည်ရိုက်ကူးခဲ့သည့် Once Upon a Time in China 3 ရုပ်ရှင်သည် နာမည်ကျော်သရုပ်ဆောင် ဂျက်လီ ပြန်လည်ပါဝင်လာမှုနှင့်အတူ အောင်မြင်မှုရရှိခဲ့ပြီး ကြယ် ၅ ပွင့် အဆင့်တွင် ကြယ် ၄ ပွင့်အထိ ရရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ဝေါင်ကျင် (Wong Jing) ရိုက်ကူးခဲ့သည့် Last Hero in China ရုပ်ရှင်တွင် ဂျက်လီ ပါဝင်ခဲ့သော်လည်း ထင်ထားသလောက် အောင်မြင်မှုမရခဲ့ဘဲ ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ပွင့်သာ ရရှိခဲ့ သည်။

၁၉၉၃ ခုနှစ်မှာပင်  ဒါရိုက်တာ လီလစ်ချီ (Lee Lik-chi) ရိုက်ကူးခဲ့သည့် Master Wong Vs Master Wong ဟာသ ရုပ်ရှင်သည် လူသိများထင်ရှားသည့် ဇာတ်ကောင်များ မပါဝင်သဖြင့် အောင်မြင်မှု မရခဲ့ဘဲ ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၂ ပွင့်သာ ရရှိခဲ့သည်။

ဂျက်လီကို တွေ့ရစဉ်

၁၉၉၃ ခုနှစ်မှာပင်  ဒါရိုက်တာ ဝူးမား (Wu Ma) ရိုက်ကူးခဲ့သည့် Kickboxer ရုပ်ရှင်တွင်မူ နာမည်ကျော် သရုပ်ဆောင် ဂျက်လီ ပါဝင်ခဲ့သော်လည်း ထင်ထားသလောက် အောင်မြင်မှုမရခဲ့ဘဲ ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ဒသမ ၅ ပွင့်သာ ရရှိခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ယွမ်ဘန် (Yuen Bun) ရိုက်ကူးခဲ့သည့် Once Upon a Time in China 4 ရုပ်ရှင်တွင် အနုပညာကြေး အငြင်းပွားမှုကြောင့် ဂျက်လီက သရုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ဂျက်လီလောက် နာမည်မကြီးသည့် ဗင်းဆင့် ကျိုး ဝန်ကျူး (Vincent Zhao Wenzhuo) က အဓိကသရုပ်ဆောင်အဖြစ် အစားထိုးဝင်ရောက် ခဲ့သော် လည်း ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ပွင့်သာ ရရှိခဲ့သည်။

၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဆူအီဟာ့ခ် ပြန်လည်ရိုက်ကူးခဲ့သည့် Once Upon a Time in China 5 ရုပ်ရှင်တွင် လည်း ဗင်းဆင်းကျိုးဝန်ကျူးက ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုရုပ်ရှင်သည်လည်း ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ဒသမ ၅ ပွင့်သာ ရရှိခဲ့သည်။

၁၉၉၇ ခုနှစ်တွင် ဒါရိုက်တာ ဆမ်မို ဟန်း (Sammo Hung) ရိုက်ကူးခဲ့သည့်  Once Upon a Time in China and America ရုပ်ရှင်တွင်မူ ဂျက်လီ ပြန်လည်ပါဝင်လာခဲ့သော်လည်း ကြယ် ၅ ပွင့်အဆင့်တွင် ကြယ် ၃ ဒသမ  ၅ ပွင့်သာ ရရှိခဲ့သည်။

Source: SCMP