CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
 
မြန်မာအမျိုးသမီးဘောလုံး အသင်းဟာ ဆီးဂိမ်းစ် ပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဖြစ် အိမ်ရှင် ဗီယက်နမ် အမျိုးသမီး အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။
 
မြန်မာ အမျိုးသမီး အသင်းဟာ ဗီယက်နမ် အမျိုးသမီး အသင်းကို သူတင်ကိုယ်တင် ယှဉ်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းမှုတွေကြောင့်သာ အရေးနိမ့်သွားခဲ့ရတာပါ။
ဗီယက်နမ် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပထမပိုင်းမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဗီယက်နမ် ပရိသတ်တွေဟာ ဒီပွဲမှာ ကွင်းလုံးပြည့်လာရောက် အားပေးသွားခဲ့ကြတာလည်း ဖြစ်ပါတယ်။
 
မြန်မာ အသင်းဟာ တတိယနေရာ လုပွဲအဖြစ် ဖိလစ်ပိုင် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗီယက်နမ် အသင်းကတော့ ထိုင်း အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။