CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
 
ဗီယက်နမ် ဆီးဂိမ်းစ် ပြိုင်ပွဲမှာ မြန်မာ နိုင်ငံအတွက် ၆ ခုမြောက် ရွှေတံဆိပ်‌ဆုကို ဗိုဗီနမ် အားကစား နည်းကနေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ခိုင်ဝါဖူးနဲ့ မေဟန်နီအောင်လွင် တို့က ဗိုဗီနမ် အားကစားနည်းကနေ မြန်မာနိုင်ငံအတွက် ၆ ခုမြောက် ရွှေတံဆိပ်ဆုကို ရယူပေးခဲ့တာပါ။
 
ခိုင်ဝါဖူးနဲ့ မေဟန်နီအောင်လွင်တို့ဟာ ၅၅ ကီလို Fighting Competition ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာအားကစားအဖွဲ့ဟာ လက်ရှိအချိန်ထိ ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၁၄ ခု စုစုပေါင်း ၂၇ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။