CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၃

ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအဖြစ် မြန်မာ အမျိုးသားအသင်းနဲ့ အမျိုးသမီး အသင်းတို့ဟာ တစ်ချိန်တည်း ယှဉ်ပြိုင် ကစားသွားခဲ့ ကြပါတယ်။

မြန်မာ အမျိုးသား အသင်းဟာ အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့် သွားခဲ့တာပါ။ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးမရှိ သရေကစားခဲ့ပေမယ့် ဒုတိယပိုင်း မိနစ် ၇၀ ကျော်မှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် အရေးနိမ့် သွားခဲ့တာ ဖြစ်ပါ တယ်။

မြန်မာ အသင်းဟာ ဒီပွဲအရှုံးကြောင့် အုပ်စုတွင်း တတိယနေရာကို ရောက်ရှိသွားခဲ့ပြီး နောက်တစ်ဆင့် တက်ဖို့အတွက် အုပ်စု နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ထိုင်းအမျိုးသမီးအသင်းနဲ့ မြန်မာအမျိုးသမီးအသင်း ယှဉ်ပြိုင်စဉ်

တခြားတစ်ဖက်မှာလည်း မြန်မာ အမျိုးသမီး အသင်းကတော့ ထိုင်း အသင်းနဲ့ ၁ ဂိုးစီ သရေကျ သွားခဲ့ပါတယ်။ မြန်မာ အမျိုးသမီးအသင်းဟာ ပထမပိုင်းမှာ ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အသင်းဟာ အုပ်စုတွင်း ၂ ပွဲကစားပြီးချိန်မှာ ထိုင်းအသင်းနဲ့အတူ ရမှတ် ၄ မှတ် ရရှိထားတာ ဖြစ်ပါတယ်။