CNI International News

၂၀၂၂ ခုနှစ်၊ မေလ ၁၃

ကျင်းပနေဆဲ ဖြစ်တဲ့ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ဟာ ပီတန်း အားကစားနည်းကနေ ဒုတိယမြောက် ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရွှေတံဆိပ်ဆု ရရှိခဲ့သူ မခင်ချယ်ရီသက် 

Pétanque Individaul Shooting ပြိုင်ပွဲမှာ မြန်မာ ပီတန်း အားကစားမယ် မခင်ချယ်ရီသက်က လာအို အားကစားမယ်ကို ၄၄-၂၇ နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာပါ။ မြန်မာအားကစား အဖွဲ့ရဲ့ ပထမဆုံး ရွှေတံဆိပ်ဆုကို Kurash အား ကစားနည်းရဲ့ ၈၇ ကီလိုတန်းကနေ မအေးအေးအောင်က ရရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အားကစားအဖွဲ့ဟာ အခုအချိန်ထိ ရွှေ ၂ ခု၊ ငွေ ၁ ခု၊ ကြေး ၄ ခု စုစုပေါင်း ၇ ခု နဲ့ နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။