CNI Sport News

 ၂၀၂၂ ခုနှစ်၊ မေလ ၁၅

ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ (၃၁)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၄ ခုအထိ ရယူ ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာအားကစားအဖွဲ့ဟာ မေလ ၁၄ ရက်ထိ ရွှေတံဆိပ် ၃ ခု ရယူထား နိုင်ခဲ့တာဖြစ်ပြီး ယနေ့(မေလ ၁၅ ရက်) မနက်ပိုင်းမှာ နောက်ထပ် ရွှေတံဆိပ်တစ်ခု ထပ်မံရယူနိုင်ခဲ့တာပါ။ မေလ ၁၅ ရက် မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့  ဝူရှူး ထောက်လု(နန်းချွန်) ပြိုင်ပွဲမှာ သိန်းသန်းဦးက ရွှေတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကာယအလှအားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့တဲ့ ရဲထွန်းနောင်

မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးထားတဲ့ သူတွေကတော့ ကာယဗလ ကာယအလှအားကစားပြိုင်ပွဲက ရဲထွန်းနောင်၊ ပီတန်း အားကစားမယ် ခင်ချယ်ရီသက်နဲ့ Kurash အားကစားမယ် အေးအေးအောင်တို့ ဖြစ်ပါတယ်။

ပီတန်း အားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့သူ ခင်ချယ်ရီသက်

မြန်မာအားကစားအဖွဲ့ဟာ လက်ရှိအချိန်ထိ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၉ ခု စုစုပေါင်း ၁၇ ခု ရရှိထားတာ ဖြစ်ပါတယ်။

 Kurash အားကစားပြိုင်ပွဲကနေ ရွှေတံဆိပ်ဆုရခဲ့သူ အေးအေးအောင်