CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၀
 
ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (A) ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာ အသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ ကစားခဲ့တာမှာ မြန်မာ အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
 
မြန်မာ အသင်းဟာ ပွဲအစ ၂ မိနစ်ကတည်းက ဝင်းနိုင်ထွန်းရဲ့သွင်းဂိုးနဲ့ ဦး ဆောင် နိုင်ခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် ၃၄ မိနစ်နဲ့ ၃၈ မိနစ်မှာ ဖိလစ်ပိုင် အသင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းယူသွားခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ ဖိလစ်ပိုင် အသင်းက ၂ ဂိုး - ၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဒုတိယပိုင်းမှာတော့ မြန်မာ အသင်းဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရဖို့ ဆက်တိုက် ဖိကစားလာခဲ့တာကြောင့် ၂ ဂိုးဆက်တိုက် ရရှိသွားခဲ့ပါတယ်။ မြန်မာ အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၅၁ မိနစ်မှာ လွင်မိုးအောင်နဲ့ ၅၃ မိနစ်မှာ စိုးမိုးကျော်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
 
 
ဖိလစ်ပိုင် အသင်းက ချေပဂိုးရဖို့ ပြန်ကြိုးစားခဲ့ပေမယ့် မြန်မာ အသင်းက အကောင်းဆုံး ထိန်းချုပ်ပြီး အနိုင်ရလဒ်ကို ထိန်းချုပ်သွားခဲ့တာပါ။ အဲ့ဒါကြောင့် ပွဲအပြီးမှာ မြန်မာ အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာ အသင်းဟာ အဖွင့်ပွဲမှာလည်း တီမောကို အနိုင်ရထားတာကြောင့် ၂ ပွဲကစား ၂ ပွဲအနိုင်ရထားခဲ့တာဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် မေလ ၁၃ ရက်မှာ အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။