CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂

မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘရူနိုင်းအသင်းနဲ့ ဇူလိုင်လ ၂ ရက်(ယနေ့)တွင် ကစားခဲ့ရာ ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ဘရူနိုင်းအသင်းကို ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းယူခဲ့တာပါ။ မြန်မာအသင်း အတွက် ဂိုးတွေကို မိုးဆွေ၊ ဇော်ဝင်းသိန်း၊ လမင်းထွေး၊ ချစ်အေး၊ သာယာဝင်းထက်၊ အာကာကျော်နဲ့ သိန်းဇော် သီဟတို့က ၁ ဂိုးစီသွင်းယူခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၄ ရက်မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။အုပ်စုတွင်းက ထိပ်ဆုံး နှစ်သင်းစီသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ၂၀၁၉ က နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ စတုတ္ထ နေရာသာ ရရှိခဲ့တာပါ။မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ၂ ကြိမ်ဗိုလ်စွဲထားပြီး ၎င်းမှာ ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ်က ဖြစ်တယ်လို့ သိရပါတယ်။