CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁ ရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ မဟာ ယူနိုက်တက်နဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒီပွဲမှာတော့ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး - ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာပါ။ ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ပွဲက အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။ အပြန် အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပြီး ပထမပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။ ရှမ်းယူနိုက်တက်အတွက် ဂိုးတွေကို မာခ့်ဆာကီးနဲ့ စအောင်ပြည့်ကို တို့က သွင်းယူခဲ့ပြီး မဟာ ယူနိုက်တက်အတွက် ဂိုးကို သူရမင်းနိုင်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်ထက် ပိုပြီးဖိအားပေးခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ကစားအားလည်းတော်တော်လေး ကွာသွားခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ရှမ်းယူနိုက်တက်အသင်း ဟာ ဂိုးသွင်းနိုင်ခွင့် အခွင့်အရေးအများအပြားလည်း ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့တာကြောင့် ဂိုးသွင်း ခွင့်အများအပြားဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့် ရှမ်းယူနိုက်တက်အသင်း နောက်ထပ် ၃ ဂိုး ထပ်သွင်းနိုင်ခဲ့တာပါ။

ဒီဂိုးတွေကို ရဲမင်းသူ၊ တည်ငြိမ်မင်းနဲ့ မာခ့်ဆာကီးတို့က သွင်းယူခဲ့တာပါ။အဲဒါကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက် အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်မှာတော့ နောက်ထပ် ပွဲစဉ်တစ်ပွဲအဖြစ် ISPE FC နဲ့ ရခိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။