CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်း တိုက်စစ်မှူး အိုမာမာမွတ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင် စားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အခုရာသီ အစောပိုင်းမှာ အသင်းပိုင်ရှင်တွေဟာ ကလပ်အသင်းအတွက် ပေါင်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံခဲ့ပြီးနောက် စပါးအသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းလူစာရင်းကို အားဖြည့်ဖို့ လုပ်ဆောင်နေတာပါ။
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ဟာ အသင်းရဲ့ ဘယ်ဘက်ခြမ်းမှာ အလုပ်မဖြစ်မှုတွေအတွက် အရည် အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမားတစ်ဦးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ မန်စီးတီးအသင်းက ဆာဗင်ဟိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် သူဟာ အောက်တိုဘာလမှာ စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ ဘုန်းမောက်အသင်းက ဆီမန်ညိုကို အပြင်းအထန် ချိတ်ဆက်ခဲ့ပေမယ့် သူဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။
စပါးအသင်းဟာ တောင်ပံကစားသမား ရှာဖွေလို့ အဆင်မပြေရင် ရစ်ချာလီဆန်နဲ့ မူအာနီကို တောင်ပံ ကစားသမားအဖြစ် အသုံးပြုပြီး တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ ရှာဖွေနေပါတယ်။

အိုမာမာမွတ်ရှ်ကို တွေ့ရစဉ်
Evening Standard က စပါးအသင်းဟာ အိုမာမာမွတ်ရှ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူဟာ ဆီမန်ညို မန်စီးတီးအသင်းထံ ရောက်လာခဲ့ရင် ပွဲကစားခွင့်ရဖို့ ရုန်းကန်ရတော့မယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီမှာ ဖရန့်ဖတ်အသင်းကနေ ပေါင် ၅၉ သန်းနဲ့ ရောက်လာခဲ့တဲ့ အိုမာမာမွတ်ရှ်ဟာ မနှစ်ကရာသီ ဒုတိယရာသီဝက်မှာ အသင်းအတွက် ပရီးမီးယားလိဂ် ၁၆ ပွဲကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ အိုမာမာမွတ်ရှ်ဟာ မန်စီးတီးအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၂ ပွဲသာ ပွဲထွက် လူစာရင်း ပါခဲ့ရပြီး ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁ ဂိုးသွင်းထားတာပါ။
အိုမာမာမွတ်ရှ်ဟာ ရှေ့တန်းရဲ့ နေရာစုံမှာ ကစားနိုင်တာကြောင့် စပါးအသင်းအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။
Source: Sportsmole
