- By CNI
- Category: အားကစား
- Hits: 555
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၁
လက်ရှိ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ဆုကို Kurash အားကစားနည်းကနေ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
မအေးအေးအောင် Kurash အားကစားနည်း ယှဉ်ပြိုင်နေစဉ်
အမျိုးသမီး 87Kg မှာ မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ရယူပေးနိုင်ခဲ့တာပါ။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာ အားကစားအဖွဲ့ဟာ လက်ရှိအချိန်မှာ ရွှေ(၁)ခု၊ ကြေးတံဆိပ်(၁) ခုရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆုတံဆိပ် (၂) ခုလုံးကို Kurash အားကစားနည်းကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
ကြေးတံဆိပ်ဆုကိုတော့ မခင်ခင်စုက ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 713
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၁
မက်ဂရီဂေါဟာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ခြေထောက်ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နေရတဲ့ အတွက် အခုနှစ် UFC ပြိုင်ပွဲတွေမှာ တစ်ကျော့ပြန်လာဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။
အသက် (၃၃) နှစ်အရွယ်ရှိ မက်ဂရီဂေါ ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ဒက်စတင်ပိုရီရာ ကို အရေးနိမ့်ပြီး ကတည်းက UFC ကြိုးဝိုင်းထဲကို ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးတာပါ။
မက်ဂရီဂေါ ဟာ ဒီပွဲမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ ခြေထောက်ဒဏ်ရာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အိုင်ယာလန် ဖိုက်တာ ဟာ ဒက်စတင်ပိုရီရာ ကို (၂) ပွဲဆက် အရေးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ ပရော်ဖက်ရှင်နယ် MMA မှတ်တမ်းမှာ ၆ ပွဲမြောက် ရှုံးပွဲကို ကြုံတွေ့ခဲ့ရတာပါ။
မက်ဂရီဂေါ ဟာ ပွဲပေါင်း ၂၈ ပွဲ ထိုးသတ်ခဲ့တာမှာ ၂၂ ပွဲနိုင် ၆ ပွဲရှုံး မှတ်တမ်း ရှိထားတာ ဖြစ်ပါတယ်။ မက်ဂရီဂေါ ဟာ အခုနှစ်ထဲမှာ ထိုးသတ်ဖို့ ပြိုင်ဘက်တွေကို ရှာဖွေနေပြီး နာမည်ကြီး ကစားသမားတွေပါ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် အေရီရယ်လ်ဟယ်လ်ဝါနီ က မက်ဂရီဂေါ ဟာ အခုနှစ်ထဲမှာ ပြိုင်ပွဲတွေ ထိုးသတ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
UFC ပရိသတ်တွေအနေနဲ့ မက်ဂရီဂေါ ကို ၂၀၂၃ ပထမလ အနည်းငယ်မှာ တွေ့နိုင်ခြေ များတယ်လို့လည်း သူက ပြောခဲ့တာ ပါ။ ဒါပေမယ့် အခြေအနေတွေ ပြောင်းလဲပြီး မက်ဂရီဂေါ အနေနဲ့ အခုနှစ်ထဲမှာ ထိုးသတ်နိုင်မယ်ဆိုရင် နိုဝင်ဘာလက အစော ဆုံး ဖြစ်နိုင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဟယ်လ်ဝါနီ က “ မက်ဂရီဂေါ ဟာ နိတ်ဒီယတ်ဇ် နဲ့ ထိုးသတ်ဖို့ UFC ရဲ့ ထိပ်တန်း ရွေးချယ်မှု ဖြစ်တယ်ဆိုတာ ကျနော်တို့ အားလုံး သိပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ ပြိုင်ပွဲထိုးဖို့ မဖြစ်နိုင်ဘူးလို့ နောက်ဆုံး ပြောခဲ့ပါတယ်။ ၂၀၂၃ ရဲ့ ပထမ (၃)လ ပတ်မှာ ဖြစ်နိုင်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မက်ဂရီဂေါ နဲ့ နိတ်ဒီယတ်ဇ် တို့ ထိုးသတ်မယ့် သတင်းဟာ ကောလာဟလအဖြစ် ထွက်ပေါ်နေတာကြာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဖိုက်တာကတော့ UFC နဲ့ ချုပ်ဆိုထားတဲ့ စာချုပ် တစ်ပွဲသာ ကျန်ရှိတော့တာကြောင့် ဒီပွဲကို စိတ်ဝင် စားခြင်း မရှိတာပါ။
နိတ်ဒီယက်ဇ် ဟာ နောက်ဆုံး ထိုးသတ်ထားတဲ့ UFC ပြိုင်ပွဲ (၂)ပွဲလုံး အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ အသက် (၃၇) နှစ် အရွယ်ရှိ နိတ်ဒီယတ်ဇ် ဟာ MMA ပွဲပေါင်း ၃၃ ပွဲ ထိုးသတ်ထားပြီး ၂၀ ပွဲအနိုင်ရကာ ၁၃ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 999
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၁
မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ပိုပေါ့ဗ် က ဖိလစ်ပိုင်ကို အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်နိုင်ဖို့ ထပ်ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။
မြန်မာ အသင်းဟာ မေလ ၁၀ ရက်က ကစားခဲ့တဲ့ ဖိလစ်ပိုင်နဲ့ ပွဲစဉ်မှာ ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဝင်းနိုင်ထွန်းက ပွဲအစ တည်းက မြန်မာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဖိလစ်ပိုင်အသင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူခဲ့မှုကြောင့် ပထမပိုင်းမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိခဲ့တာပါ။ ဒီဂိုးတွေကို လွင်မိုးအောင်နဲ့ အသင်းခေါင်းဆောင် စိုးမိုးကျော်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာ အသင်းဟာ အုပ်စု အဖွင့်ပွဲစဉ်တုန်းကလည်း တီမော အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုတွင်း ပွဲစဉ် (၂) ပွဲ ကစားပြီးချိန်မှာ (၂) ပွဲလုံး အနိုင်ရရှိထားတဲ့အတွက် ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေ ကောင်းတွေ ပိုင်ဆိုင်နေခဲ့တာပါ။
မြန်မာအသင်း ကစားသမား မောင်မောင်လွင်(MFF)
ပိုပေါ့ဗ် က “လိုချင်တဲ့ အနိုင်(၃) မှတ်ရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ပွဲမတိုင်ခင်ကတည်းက ချမှတ်ထားတဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့လို့လည်း ကစားသမားတွေ အားလုံးကို ချီးကျူးချင်ပါတယ်။ ပြိုင်ပွဲ မစတင်ကတည်းက ပြောထားတဲ့ အတိုင်း တစ်ပွဲချင်းကိုပဲ အာရုံစိုက်ပြီး သေချာပြင်ဆင်ခဲ့တာပါ။ အခု နှစ်ပွဲမှာ (၆) မှတ် အပြည့်ရပြီး အုပ်စုကိုလည်း ဦးဆောင်နိုင်ခဲ့ပါပြီ။ ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ဖို့အတွက် ထပ်ကြိုးစားသွားမှာပါ”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
မေလ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု (A) ပွဲစဉ်အပြီးမှာ မြန်မာအသင်းက ၂ ပွဲကစား ၆ မှတ်နဲ့ အဆင့် ၁ ၊ဖိလစ်ပိုင်က ၃ ပွဲ ကစားပြီး ၄ မှတ်နဲ့ အဆင့် ၂ ၊အိမ်ရှင် ဗီယက်နမ်က ၂ ပွဲကစားပြီး ၄ မှတ်နဲ့ အဆင့် ၃ ၊အင်ဒိုနီးရှားက ၂ ပွဲကစား ၃ မှတ်နဲ့ အဆင့် ၄ ၊တီမော အသင်းက ၃ ပွဲကစား ၃ ပွဲရှုံးနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မြန်မာ အသင်းဟာ အုပ်စု တတိယပွဲစဉ်အဖြစ် မေလ ၁၃ ရက်မှာ အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါ တယ်။
- By CNI News
- Category: အားကစား
- Hits: 988
- By CNI
- Category: အားကစား
- Hits: 866
CNI Sport News
၂၀၂၂ ခုနှစ်၊ မေ ၁၀
ဇင်ချန်ကိုဟာ (၁၀) နှစ်အရွယ်ရှိ ယူကရိန်းဒုက္ခသည်ကလေးငယ်တစ်ဦးကို သူနဲ့အတူ မန်စီးတီးအသင်းမှာ လေ့ ကျင့်မှုတွေလုပ်ဖို့ ဖိတ်ခေါ်ပြီးပြုလုပ်သွားခဲ့ပါတယ်။
အဆိုပါ လူငယ်လေးဟာ ရုရှားရဲ့ကျုးကျော်မှုကြောင့် ယူကရိန်းကနေ ထွက်ပြေးလာခဲ့ရသူပါ။ယူကရိန်း လက်ရွေးစင် ကစားသမား ဇင်ချန်ကိုဟာ ဘောလုံးဝါသနာပါတဲ့ အန်ဒရီနဲ့အတူ လေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့တာဖြစ်ပါတယ်။
အန်ဒရီဟာ ရုရှားရဲ့ကျုးကျော်မှုကြောင့် ဗြိတိန်ကို ရောက်ရှိလာတဲ့ ယူကရိန်းဒုက္ခသည် (၁၉,၅၀၀) ထဲက တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။
ဇင်ချန်ကိုက “သူက အသက် (၁၀) နှစ်အရွယ်ရှိ အန်ဒရီပါ။ ဒီနေ့မှာတော့ သူဟာ ဘေးကင်းလုံခြုံနေပါပြီ။ ယူကရိန်းနိုင်ငံသား အများစုလိုပဲ သူနဲ့ သူရဲ့မိသားစုဟာ စစ်ပွဲကြောင့် ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅) ရက်ကတော့ ဒီကောင်လေးဟာ ဘောလုံးသမားဖြစ်လာဖို့ အိမ်မက်မက်နေပြီး ပေ့ါပေါ့ပါးပါး သူ့အဖွဲ့နဲ့ပဲ လေ့ကျင့်ခဲ့ပါတယ်။ ဒီနေ့ သူ့ရဲ့တစ်ခုတည်းသော အိပ်မက်က ကျနော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအကြောင်း ပါပဲ”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဇင်ချန်ကို က “ရုရှား စစ်ပွဲကြောင့် ဒီနေ့ ယူကရိန်းမှာ အန်ဒရီလိုပဲ ကလေးတွေအများကြီးရှိလို့ ကျနော် နာကျင်ရပါတယ်။ကလေးဘ၀ ဆုံးရှုံးခဲ့ရသလို ပိုပြီးဆိုးတာက ဘဝပါ။ကျနော်တို့ရဲ့ ယူကရိန်းအောင်ပွဲနေ့ မကြာမီ ရောက်ရှိလာမယ်ဆိုတာကို ကျနော်ယုံကြည်ပါတယ်။ဒါမှလည်း ကလေးတွေဟာ သူတို့ရဲ့ပေါ့ပေါ့ပါးပါး ကလေး ဘဝကိုပြန်ပြီး ရှင်သန်နိုင်မှာပါ။ဒါကို မိနစ်အနည်းငယ်လောက် လေ့ကျင့်ရေးကွင်းမှာ အန်ဒရီ ခံစားရနိုင်ပါတယ်” လို့ ရေးသားထားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံတွင်း အဖြစ်အပျက်တွေကြောင့် လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလား ပလေးအောဖ့် ခြေစစ်ပွဲကို လည်း ရွှေ့ဆိုင်းခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့ ယူကရိန်းလက်ရွေးစင်အသင်းဟာ ခြေစစ်ပွဲယှဉ်ပြိုင်ဖို့ ဆလို ဗေးနီးယားမှာ လေ့ကျင့်ရေးပြုလုပ်နေတာပါ။
ယူကရိန်း စစ်သားတွေက ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် တတ်နိုင် သမျှ အကောင်းဆုံးလုပ်ဆောင်ပေးကြဖို့ သူတို့ဆီကို မက်ဆေ့ချ်ပေးပို့ကြတယ်လို့ စတီပါနန်ကို က မကြာသေးခင် က ပြောထားတာဖြစ်ပါတယ်။
Source:Sportbible
- By CNI
- Category: အားကစား
- Hits: 563
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၀
ဘာစီလိုနာ အသင်းဟာ စိတ်ပျက်ဖွယ်ကောင်းတဲ့ ရာသီဖြတ်သန်းခဲ့ရပြီးနောက် နည်းပြဇာဗီဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ အတွက် ဒီေဂျာင်၊ ဒီပိုင်း အပါအဝင် ကစားသမား ၉ ဦးကို ရောင်းချဖို့ ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
ဘာစီလိုနာ နည်းပြ ဇာဗီက လာလီဂါမှာ ရီးရယ်လ်ကို ပြန်စိန်ခေါ်နိုင်ဖို့နဲ့ ချန်ပီယံလိဂ်မှာ ထပ်မံ ယှဉ်ပြိုင်နိုင်ဖို့ အတွက် အသင်းကို အားဖြည့်မှုတွေ လိုအပ်နေတယ်လို့ ယုံကြည်နေတာပါ။ စပိန်ကလပ်ဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အတွက် အသင်းမှာရှိတဲ့ ကစားသမားတွေကို ရောင်းချရမှာဖြစ်ပြီး ဒီထဲမှာ နာမည်ကြီး ကြယ်ပွင့် ကစားသမားတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
စပိန် သတင်းစာ မာကာက ဘာစီလိုနာ အသင်းဟာ နီတို၊ လန်ဂလန့်၊ ဒတ်စ်၊ မင်ဂွီဇာ၊ အမ်တီတီ၊ ဒီဂျောင်၊ ရီကွီ၊ ဒီပိုင်းနဲ့ ဘရိတ်ဝိတ် တို့ကို ရောင်းချဖို့ စာရင်းပြုစု ထားတယ်လို့ ဖော်ပြထားပါတယ်။
မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဒီဂျောင်အတွက် ဘာစီလိုနာ အသင်းဟာ ပေါင် ၅၈ သန်း ဈေးသတ်မှတ် ထားပါတယ်။ ဒီဂျောင် ဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့် ရရှိနေပြီး ၄၂ ပွဲ ပါဝင်ကစားကာ ၄ ဂိုးသွင်းယူပြီး ၅ ဂိုး ဖန်တီးထားတာပါ။
နည်းပြ ဇာဗီ(Barca Blaugranes)
ဒါပေမယ့် နယ်သာလန် ကစားသမားဟာ ဇာဗီရဲ့ အသင်းတည်ဆောက်မှုမှာ ရောင်းချခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ အလွတ်နဲ့ ရောက်ရှိလာတဲ့ ဒီပိုင်းဟာ တစ်ရာသီအကြာမှာပဲ စပိန်ကနေ ပြန်ထွက်သွားရဖွယ် ရှိနေတာပါ။
ဒီပိုင်းကို ခေါ်ယူဖို့ နာပိုလီနဲ့ စပါး အသင်းတို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ အခုနွေရာသီမှာ အသင်းနဲ့ စာချုပ် ကုန်ဆုံး တော့မယ့် ဒမ်ဘီလီနဲ့ အဲလ်ဗတ်စ်တို့ရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အငှားနဲ့ ခေါ်ယူထားတဲ့ လုပ်ခ်ဒီဂျောင်နဲ့ အဒမ်မာထရာအိုရေး တို့ကတော့ သူတို့ရဲ့ အသင်းဆီကို ပြန်သွားရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းကနေ အငှားသွားရောက် ကစားနေတဲ့ ကော်တင်ဟို၊ ယာနစ်နဲ့ ထရင်ကာအို တို့ကတော့ နွေရာသီမှာ အသင်းထံ ပြန်လာရမှာ ဖြစ်ပေမယ့် သူတို့ ၃ ဦးလုံးဟာ ရောင်းချခံရဖို့ ရှိနေပါတယ်။ ဘာစီလိုနာ အသင်းဟာ လာမယ့် အပြောင်းအရွှေ့မှာ အေစီမီလန်အသင်း ကွင်းလယ်ကစားသမား ကတ်ဆီ၊ ချယ်လ်ဆီး နောက်ခံလူ ခရစ္စတန်ဆန် တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စပိန်ကလပ်ဟာ ချယ်လ်ဆီး ကစားသမားတွေဖြစ်တဲ့ အက်စ်ပီလီကွီတာနဲ့ အလွန်ဆို၊ လိဒ်စ် အသင်းက ရာဖင်ဟာ၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး အပါအဝင် ကစားသမားအချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 802
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၀
ကလော့ပ်က လီဗာပူးလ် အသင်းအပေါ် မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ပြောခဲ့တဲ့ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး ရယ်မောရင်း ပြန်လည် တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
ဂွာဒီယိုလာက နယူးကာဆယ် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ဗြိတိန်မှာရှိတဲ့ လူတိုင်းဟာ မန်စီးတီးထက် လီဗာပူးလ်ကို ပိုပြီး အားပေးတယ်လို့ ပြောခဲ့တာပါ။
မန်စီးတီး အသင်းဟာ ဒီပွဲ အနိုင်ရခဲ့တဲ့အတွက် ဒုတိယနေရာမှာ ရှိနေတဲ့ လီဗာပူးလ် အသင်းကို (၃)မှတ်အသာ ဂိုးကွာခြား ချက် အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂွာဒီယိုလာက လီဗာပူးလ် အသင်း နှစ်ပေါင်း ၃၀ အကြာမှ ပရီးမီးယားလိဂ် ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာကိုလည်း ပြောသွားခဲ့တာပါ။
ကလော့ပ် က “ကျနော်က လီဗာပူးလ်မှာ နေတာဖြစ်တဲ့အတွက် ဒီမှာရှိတဲ့ လူတော်တော်များများက ကျနော်တို့ကို ပရီးမီးယား လိဂ်ဖလား ရရှိစေချင်တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် လီဗာပူးလ် မှာတောင် ၅၀ ရာခိုင်နှုန်းပဲ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် နောက်ထပ်သူတွေက အဲဗာတန် အသင်းရဲ့ တိုက်ပွဲမှာ ပါဝင်နေတာကြောင့်ပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်(GETTY IMAGES)
ကလော့ပ် ကတော့ ဂွာဒီယိုလာရဲ့ မှတ်ချက်တွေဟာ ပွဲအပြီး စိတ်ခံစားချက်တွေကို လွှမ်းမိုးတာ ဖြစ်နိုင်တယ်လို့လည်း ပြောခဲ့ ပါသေးတယ်။
ကလော့ပ် က “ကျနော်ဟာ မန်နေဂျာ တစ်ဦးအနေနဲ့ မကြာသေးခင်က ဒီအတွေ့အကြုံတွေကို ရခဲ့ပြီး ပွဲရဲ့ အခြေအနေကို လွှမ်းမိုးတယ်ဆိုတာ သိသာထင်ရှား လွန်းပါတယ်။ ဂွာဒီယိုလာ ဘယ်လို အခြေအနေ ဖြစ်နေလဲဆိုတာ ကျနော် မသိပါဘူး။ ချန်ပီယံလိဂ်က ထွက်ရတာကို ကိုင်တွယ်ရတာ ခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ် အသင်းဟာ ဒီရာသီမှာ ဆုဖလား ၄ လုံးရဖို့ မျှော်လင့်ချက် ရှိနေပေမယ့် စပါးအသင်းကို သရေကျခဲ့တာကြောင့် သူတို့ မျှော်လင့်ချက် ပျက်ပြယ်ဖို့ ရှိသွားခဲ့တာပါ။ ကလော့ပ် ကိုယ်တိုင်ကလည်း ဆုဖလား ၄ လုံးရယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောထားခဲ့တာ ဖြစ်ပါတယ်။
Source: Metro/BBC
- By CNI
- Category: အားကစား
- Hits: 1241
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၁၀
မန်စီးတီး အသင်းဟာ ဒီတစ်ပတ်တည်းမှာ ဟာလန်းရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် နိုင်တော့မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဟာလန်း ဟာ ဘရက်ဆဲလ်မှာ မန်စီးတီးအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အပြောင်းအရွှေ့ မတိုင်ခင် ဆေးစစ်မှု အပြီးသတ် နိုင်ခဲ့ပြီလို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အခုလာမယ့် အပြောင်းအရွှေ့မှာ ဟာလန်း ကို ခေါ်ယူနိုင်ဖို့ အဓိက ဦးစား ပေးအဖြစ် သတ်မှတ်ထားတာပါ။
မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ လာမယ့်ရာသီမှာ တိုက်စစ်မှူး တစ်ဦးကို အသင်းထံ ခေါ်ယူနိုင်ဖို့ စိတ်အား ထက်သန်နေ တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီး အသင်းဟာ ဟာလန်း ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီခဲ့သလို ခေါ်ယူနိုင်ပြီဆိုတာကို ဒီတစ်ပတ်တည်းမှာ အတည်ပြုသွားဖို့ ရှိနေတာပါ။
အသက် (၂၁) နှစ်အရွယ်ရှိ ဟာလန်း ဟာ ဒေါ့မွန်အသင်းကို ရောက်ရှိလာကတည်းက ၈၈ ပွဲ ကစားထားပြီး ၈၅ ဂိုး သွင်းယူ ထားတာကြောင့် ဥရောပအသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒေါ့မွန် အသင်းက “ဟာလန်း ဟာ ဒီနေ့ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်မှာ မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ခွင့်ပြုထားတယ်”လို့ Sport1 ကို ပြောထားတာ ဖြစ်ပါတယ်။
ဂျာမနီက လာတဲ့ သတင်းတွေမှာ ဒေါ့မွန် အသင်းဟာ မန်စီးတီး အသင်းက သူတို့ ကစားသမားကို ခေါ်ယူဖို့ စာချုပ် ဖျက်သိမ်း ကြေးကို အသက်သွင်းဖို့ စီစဉ်နေတယ်ဆိုတာ သိရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။
မန်စီးတီးအသင်းနဲ့ ဟာလန်း(The Sun)
ဟာလန်းနဲ့ ဒေါ့မွန်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၄ သန်းဟာ အခုရာသီအကုန်မှာ အသက် ဝင်တော့မှာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ နော်ဝေနိုင်ငံ လက်ရွှေးစင် တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဟာလန်း ကို (၅)နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ကစားသမားဟာ မန်ချက်စတာကလပ်မှာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းဝန်းကျင် ရရှိမယ်လို့ သိရပါ တယ်။
မန်စီးတီး အသင်းမှာ ဒီဘရိုင်းဟာ တစ်ပတ်လုပ်ခ ပေါင် ၃၈၅,၀၀၀ ရရှိနေပြီး အသင်းရဲ့ လုပ်ခလစာ အများဆုံး ကစားသမား အဖြစ် ရှိနေတာပါ။ ဟာလန်း ရောက်ရှိလာခဲ့ရင်တော့ ဟာလန်း က လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပါ တယ်။
ဟာလန်း ကို ခေါ်ယူဖို့ ရီးရယ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း ကြိုးစားခဲ့ပေမယ့် မန်စီးတီး အသင်းက အနိုင်ရရှိ သွားခဲ့တာပါ။
ဟာလန်း ရဲ့ ဖခင်ဖြစ်သူကလည်း မန်စီးတီး အသင်းမှာ ၂၀၀၀ ကနေ ၂၀၀၃ အထိ ကစားခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူးဟာ ငယ်ဘဝကတည်းက မန်စီးတီး အသင်းရဲ့ ပရိသတ်ဖြစ်ပြီး အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ထားတဲ့ ပုံတွေတောင် ထွက်ပေါ်လာခဲ့တာပါ။
ဟာလန်းနဲ့ မန်စီးတီး အသင်းတို့ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့အတွက် ကွယ်လွန်သွားခဲ့တဲ့ အေးဂျင့် ရွိုင်အိုလာက အဓိက ထား လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
Source: The Sun/Metro
- By CNI
- Category: Watch TV
- Hits: 378
- By CNI
- Category: Watch TV
- Hits: 390
- By CNI
- Category: အားကစား
- Hits: 706
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၉
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို (၃) မှတ်အသာနဲ့ ပြန်တက်နိုင်ပြီးနောက် မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ဗြိတိန်မှာရှိတဲ့ သူတိုင်းက မန်စီးတီးထက် လီဗာပူးလ်ကို ပိုပြီး အားပေးတယ်လို့ ပြောလိုက်ပါတယ်။
လီဗာပူးလ် အသင်းဟာ စပါး အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီး ရမှတ် လျော့သွားချိန်မှာ မန်စီးတီး အသင်းက နယူးကာဆယ် အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ အပတ်က ရီးရယ်လ် အသင်းကို အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကို နယူးကာဆယ်နဲ့ပွဲမှာ ဂိုးပြတ်သွင်းပြီး ပေါက်ကွဲပြခဲ့တာပါ။ လီဗာပူးလ် အသင်းကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက် နိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်း
ဂွာဒီယိုလာက “မီဒီယာ အပါအဝင် ဒီမှာရှိတဲ့ လူတိုင်းအားလုံးက လီဗာပူးလ် အသင်းကို အားပေးကြ ပါတယ်။ ဘာကြောင့်လဲ ဆိုရင် လီဗာပူးလ် အသင်းဟာ ဥရောပပြိုင်ပွဲမှာ မယုံနိုင်စရာ သမိုင်းကြောင်းရှိလို့ပါ။ ပရီးမီးယားလိဂ်မှာတော့ နှစ်ပေါင်း (၃၀) မှ ချန်ပီယံဆုကို (၁) ကြိမ် အနိုင်ရထားလို့ မဟုတ်ပေမယ့် ဒါက ပြဿနာတော့ မရှိပါဘူး”လို့ ပြောခဲ့တာပါ။
မန်စီးတီး အသင်းဟာ နောက်ဆုံး ၅ နှစ်အတွင်းမှာ ပရီးမီးယားလိဂ် ဖလားကို (၄)ကြိမ် ရရှိထားပြီး လီဗာပူးလ် အသင်းက (၁) ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲအဖြစ် ဝုလ်ဗ်စ်၊ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူးလ် အသင်းကတော့ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်၊ ဝုလ်ဗ်စ် အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ နယူးကာဆယ် (CNA)
ဂွာဒီယိုလာက “လီဗာပူးလ် အသင်းဟာ ချန်ပီယံဆု၊ သမိုင်း၊ အမွေအနှစ် စတဲ့ များစွာသော အရာတွေမှာ အရေးပါဆုံး အသင်း အဖြစ် မန်ချက်စတာယူနိုက်တက် အသင်းနဲ့အတူ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ ကလည်း လွန်ခဲ့တဲ့ ၁၁ နှစ် ဒါမှမဟုတ် ၁၂ နှစ်ကတည်းက ဒီနေရာကို ရောက်ရှိလာခဲ့တာပါ။ တစ်ခါတစ်ရံမှာ ကျနော်တို့ အဆင်မပြေဖြစ်တာကို သိပါတယ်။ ဒါပေ မယ့် လူတွေက လီဗာပူးလ်ကို ကျနော်တို့ထက် ပိုပြီး အနိုင်ရ စေချင်တာကို ကျနော် ဂရုမစိုက်ပါဘူး။ ဒါက ပြဿနာတစ်ခု တော့ မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းရဲ့ အဓိက နောက်ခံ ကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယတ်စ်၊ ဂျွန်စတုန်းစ်နဲ့ ကိုင်လီဝေါလ်ကာ တို့ဟာ ဒဏ်ရာတွေကြောင့် အခုနှစ် ရာသီအကုန်ထိ အသင်းအတွက် ပြန်ကစားပေးနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဂွာဒီယိုလာက အတည်ပြု ပြောခဲ့တာ ဖြစ်ပါတယ်။
Source: BBC
- By CNI News
- Category: အားကစား
- Hits: 1046
CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၈
ဆီးဂိမ်းစ် ပြိုင်ပွဲ အုပ်စု(A) ပွဲစဉ်တစ်ပွဲအဖြစ် မေလ ၈ ရက်က မြန်မာအသင်းနဲ့ တီမောအသင်းတို့ ကစားခဲ့ကြပါတယ်။ ဒီပွဲမှာ မြန်မာ အသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။
ပထမပိုင်းမှာ မြန်မာ အသင်းက ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေ တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ဂိုး- ဂိုး မရှိနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ တီမောအသင်းက ချေပဂိုးရဖို့ ဖိအားပေး ကြိုးစားလာခဲ့တာကြောင့် ချေပဂိုး ၂ ဂိုး ပြန်လည် ရရှိသွားခဲ့ ပါတယ်။
အရှေ့တီမောကို အနိုင်ကစားခဲ့တဲ့ မြန်မာ(AFF)
မြန်မာ ကစားသမားတွေဟာ အနိုင်ဂိုးရဖို့အတွက် တီမော အသင်းဘက်ကို ဆက်တိုက် ဖိကစားခဲ့တာ ဖြစ်ပါတယ်။ မိနစ်(၉၀) ပြည့်ပြီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ မြန်မာအသင်း အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကို အောင်ဝဏ္ဏစိုး က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ တီမောအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး အုပ်စုအဖွင့်ပွဲစဉ်မှာ (၃) မှတ်စတင် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Page 73 of 78