CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အမေရိကန် အိုးပန်းပြိုင်ပွဲ ယှဉ်ပြိုင်နေသော တင်းနစ်ကစားသမား

ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုမယ့် အမေရိကန်အိုးပန်း

By CNI
CNI
Category: အားကစား
Hits: 1846

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

အခုနှစ် အကုန်ပိုင်းမှာ ကျင်းပမယ့် အမေရိကန်အိုးပန်း တင်းနစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ယှဉ်ပြိုင် ခွင့် ပြုသွားမယ်လို့ အမေရိကန် တင်းနစ်အဖွဲ့က ပြောလိုက်ပါတယ်။

ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကတော့ အဆိုပါနှစ်နိုင်ငံက ကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပေမယ့် အမေရိကန် အိုးပန်း ကတော့ ဒါကိုဆန့်ကျင်ပြီး ယှဉ်ပြိုင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေဟာ ရာသီကုန်နောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲမှာ ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အမျိုးသားကမ္ဘာ့နံပတ်တစ် ကစားသမားဖြစ်တဲ့ မက်ဗီဒက်ဗ်ဟာ နယူးယော့ခ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင် တော့မှာပါ။

အမေရိကန် တင်းနစ်အသင်းက “ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့လုပ်ရပ်ကို ဆက်လက် ရှုတ်ချနေမှာပါ။ ဒါပေမယ့် ၂၀၂၂ အမေရိကန်အိုးပန်း ပြိုင်ပွဲမှာတော့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမားတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ပြု မှာပါ။ ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခွင့်ပြုမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အိုးပန်းပြိုင်ပွဲ

ရုရှားနဲ့ ဘယ်လာရုစ် တို့ကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်နဲ့ ကမ္ဘာ့တစ်ဝှမ်းရှိ အားကစားပြိုင်ပွဲ အများအပြားက ပိတ်ပင်ထား တာပါ။

ဝင်ဘယ်လ်ဒန်ပြိုင်ပွဲရဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ကတည်းက အဆိုပါနှစ်နိုင်ငံက ကစားသမားတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲတင် မဟုတ်ဘဲ နိုင်ငံအတွင်း ကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲတွေ အားလုံးကနေ ပိတ်ပင်ခဲ့တာပါ။

အမျိုးသားနဲ့ အမျိုးသမီး ပရော်ဖက်ရှင်နယ် တင်းနစ် အဖွဲ့အစည်းတွေကတော့ ဒါဟာ မျှတမှုမရှိတဲ့ လုပ်ရပ်လို့ ပြောထား ပါတယ်။

အခုနှစ် တင်းနစ်ပြိုင်ပွဲရဲ့ တတိယမြောက် ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ဇွန်လ ၂၇ ရက်မှာ စတင် ကျင်းပတော့မှာပါ။

ဒီပြိုင်ပွဲကို နာမည်ကြီး တင်းနစ် ကစားသမားတွေ အားလုံးနီးပါး ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသားပြိုင်ပွဲမှာ ဂျိုကိုဗစ်နဲ့ အမျိုးသမီးပြိုင်ပွဲမှာ အက်ရှ်လေဘာတီ တို့ ချန်ပီယံ ဖြစ်ခဲ့ကြပါတယ်။

Source: BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ဘော်ဒိုးအသင်း တတိယတန်းသို့ တန်းဆင်း

By CNI
CNI
Category: အားကစား
Hits: 990

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ မမှန်မကန်မှုတွေကြောင့် ပြင်သစ်ဘောလုံးလိဂ်ရဲ့ တတိယတန်းကို တန်းဆင်းခဲ့ရပြီဖြစ်တယ်လို့ ပြင်သစ်လိဂ်အဖွဲ့ချုပ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

ပြင်သစ်ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့ရာသီက လီဂူးဝမ်းရဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ဒုတိယတန်းကို တန်းဆင်းခဲ့ရတာပါ။

ပြင်သစ်ဘောလုံးရဲ့ ဘဏ္ဍာရေး စောင့်ကြည့်အဖွဲ့ DNCG က ဘော်ဒိုးအသင်းကို ဒုတိယတန်းပြိုင်ပွဲကနေ တန်းဆင်းစေဖို့ ထပ်မံ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ RMC Sports က ဘော်ဒိုးအသင်းဟာ အကြွေးယူရို သန်း ၄၀ ဝန်းကျင်ရှိတယ်လို့ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီကတည်းက စီးပွားရေးလုပ်ငန်းရှင် ဂျရတ်လိုပတ်ဇ် ပိုင်ဆိုင်တဲ့ ဘော်ဒိုးအသင်းဟာ ဒီဆုံးဖြတ်ချက် ကို အယူခံဝင်မှာလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘော်ဒိုးအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ “ကလပ်အသင်းကို တတိယတန်း တန်းဆင်းစေခဲ့တဲ့ DNCG ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာပါ။ ကလပ်အသင်းအနေနဲ့ လာမယ့် ရာသီသစ်အတွက် ခိုင်မာတဲ့ပရောဂျက်ကို ပြသနိုင်ဖို့ ယုံကြည်မှုရှိနေဆဲဖြစ်ပါတယ်။ဒီအယူခံဝင်မှုဟာ ဒုတိယ တန်းမှာ ဆက်ရှိတာသေချာစေဖို့အတွက် ဖြေရှင်းချက်အသစ်တွေကို အပြီးသတ်ဖို့ အချိန်ပေးရမယ်”လို့ ဖော်ပြခဲ့ တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘော်ဒိုးအသင်းဟာ လာမယ့်ရာသီ တတိယတန်းကနေ စတင်ယှဉ်ပြိုင်ရမှာပါ။

အဆိုပါ စောင့်ကြည့်ရေးအဖွဲ့က ဘော်ဒိုးအသင်းကို တန်းဆင်းအောင်ပြုလုပ်ဖို့ ကြိုးစားခဲ့တာတော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။DNCGဟာ ဘော်ဒိုးအသင်းကို မနှစ်ကရာသီက ဒုတိယတန်း တန်းဆင်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကလပ်အသင်းက အယူခံအောင်မြင်ခဲ့တာကြောင့် လီဂူးဝမ်းမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဘော်ဒိုးအသင်းဟာ လီဂူးဝမ်းချန်ပီယံဆုကို ၆ ကြိမ်ရရှိထားပြီး ပြင်သစ်ဖလား ၄ ကြိမ်ရယူထားနိုင်ခဲ့တာပါ။ ဒါ့အပြင် ဘော်ဒိုးအသင်းဟာ ၁၉၉၆ က ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့ပြီး ၂၀၀၉-၁၀ ရာသီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကော်စတာရီကာအသင်းသားများ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်လို့ အောင်ပွဲခံနေ(RTHK News)

ကော်စတာရီကာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်

By CNI
CNI
Category: အားကစား
Hits: 1796

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

ကော်စတာရီကာ အသင်းဟာ သမုန္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်းကို အနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံး ခြေစစ်ပွဲအောင်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

ကမ္ဘာ့ဖလားဝင်ခွင့် နောက်ဆုံး ပလေးအော့ဖ် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ဒီပွဲမှာ ကော်စတာရီကာအသင်းက ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင် ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ကော်စတာရီကာ အသင်းအတွက် တစ်လုံးတည်သော သွင်းဂိုးကို ပွဲချိန် ၃ မိနစ်မှာ ကတည်းက အာဆင်နယ် ကစားသမားဟောင်း ဂျိုရယ်လ်ကင်းဘဲလ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်ရဲ့ ပထမပိုင်း ပြီးကာနီးမှာ နယူးဇီလန်အသင်း ချေပဂိုးရခဲ့ပေမယ့် VAR ပြန်ကြည့်ကာ ပြစ်ဒဏ် ကျုးလွန်ခဲ့တယ်ဆိုပြီး ဂိုးမပေးဖို့ ဒိုင်လူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

ကော်စတာရီကာ အသင်းဟာ အခုတစ်ကြိမ် အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ကော်စတာရီကာ အသင်း ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တာကြောင့် အကောင်း ဆုံး နှစ်ဖြစ်ခဲ့ပါတယ်။

နယူးဇီလန် အသင်းသား (Fox Sports)

ကော်စတာရီကာအသင်း နည်းပြ ဖာနန်ဒိုဆွာရက်စ် က “ကျနော်တို့ စောစောစီးစီး ဂိုးရဖို့ အခွင့်အရေး ရခဲ့ပေမယ့် နောက်ပိုင်း မှာ ရုန်းကန်ခဲ့ရပါတယ်။ သူတို့ရဲ့ အမြင့်ဘောတွေနဲ့ ကျနော်တို့ ရုန်းကန်ရမယ်ဆိုတာ သိပါတယ်။ ကျနော်တို့ ဘောလုံး ပိုင်ဆိုင်မှု ပိုကောင်းလာဖို့နဲ့ ခံစစ်မှာ ၅ ဦး ထားကစားဖို့ ပထမပိုင်းအပြီးမှာ ပြောင်းလဲခဲ့ပါတယ်။ ဒါက အဓိကအချက်ပါပဲ”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

နယူးဇီလန်အသင်းနည်းပြ ဒန်နီဟေးက ပိုကောင်းတဲ့အသင်း အရေးနိမ့်ခဲ့တာလို့ ပြောပါတယ်။

ဒန်နီဟေး က “ကျနော်တို့က ပိုကောင်းတဲ့ အသင်းလို့ ထင်ပါတယ်။ အသင်းတစ်သင်းကသာ လွှမ်းမိုးထားတာဖြစ်ပြီး ဘောလုံး အရည်အသွေး ကောင်းတွေနဲ့အတူ စုစည်းဖို့ ကြိုးစားနေတာလည်း တစ်သင်းပဲရှိတယ်”လို့ ပြောခဲ့တာပါ။

ကော်စတာရီကာ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု E မှာ စပိန်၊ ဂျာမနီ၊ ဂျပန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေပါ တယ်။

Source: ESPN

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းကို တွေ့ရစဉ် (MFF)

မြန်မာအသင်းရဲ့ အနာဂတ်ရှိသေးတယ်လို့ နည်းပြ အန်တွမ်နီဟေး ပြော

By CNI
CNI
Category: အားကစား
Hits: 1361

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

စင်ကာပူအသင်းကို ဂိုးပြတ် အရေးနိမ့်ပြီး ၂၀၂၃ အာရှဖလား ခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မြန်မာအသင်းရဲ့ အနာဂတ် ရှိသေးတယ်လို့ နည်းပြ အန်တွမ်နီဟေးက ပြောလိုက်ပါတယ်။

အန်တွမ်နီဟေးက “ဒီနေ့ပွဲမှာ ပထမပိုင်း ၃ ဂိုး ပေးခဲ့ရတာကြောင့် ဖိအားဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ ဂိုးတွေ ပြန်ရ ဖို့ ကြိုးစားခဲ့ပါတယ်။ ဂိုးသွင်းခွင့်တွေလည်း ရခဲ့သလို ကစားပုံလည်း ကောင်းခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်တဲ့ အမှားတွေက နေ ဂိုးတွေ ပြန်ပေးလိုက်ရတာကြောင့် အသင်းအတွက် အများကြီး နစ်နာသွားခဲ့ရပါတယ်။ ပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပေမယ့် အသင်းရဲ့ အနာဂတ်က ရှိနေပါတယ်”လို့ ပြောခဲ့ပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် စင်ကာပူအသင်းနဲ့ ကစားခဲ့ရာ ၆ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် စင်ကာပူအသင်းကို ၃ ဂိုး ပေးခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ကြိုးစားခဲ့တာကြောင့် ၂ ဂိုး ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၃ ဂိုး ထပ်မံ ခွင့်ပြုခဲ့ရတာကြောင့် ပွဲအပြီးမှာ အခုလို ဂိုးပြတ် အရေးနိမ့်ခဲ့တာပါ။ မြန်မာအသင်း အတွက် ဂိုးတွေကို ဝင်းနိုင်ထွန်းနဲ့ အောင်ကောင်းမာန်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် ၃ ပွဲ ကစားခဲ့ရာ ၃ ပွဲလုံး အရေးနိမ့်ပြီး အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်မှာ တာဂျီကစ္စတန်ကို ၄ ဂိုး- ဂိုးမရှိ၊ ဒုတိယပွဲစဉ်မှာ ကာဂျစ္စတန်ကို ၂ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

မြန်မာအသင်း ယှဉ်ပြိုင်နေစဉ် (MFF)

မြန်မာအသင်းကို ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ စင်ကာပူအသင်းကလည်း အာရှဖလား ခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက နေရှင်နယ်လိဂ် ပြန်စတော့မှာ ဖြစ်တဲ့အတွက် ကစားသမားတွေ အတွက်ရော အသင်းအတွက်ပါ အခွင့်အရေးတွေ ရှိလာပြီလို့ ပြောခဲ့ပါသေးတယ်။

အန်တွမ်နီဟေး က “ကျနော်တို့ ကစားသမားတွေဟာ ၂ နှစ်ကျော်လောက် လိဂ်ပြိုင်ပွဲ မရှိဘဲနဲ့ လက်ရွေးစင်ပွဲတွေ ကစားနေရ တာပါ။ အခု မြန်မာနေရှင်နယ်လိဂ်က ပြန်စတော့မှာ ဖြစ်တဲ့အတွက် ကစားသမားတွေရဲ့ အနာဂတ်အတွက်ရော၊ အသင်းရဲ့ ရှေ့ပြိုင်ပွဲအတွက်ပါ အခွင့်အရေး ရလာပြီ”လို့ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ဆူဇူကီးဖလား ပြိုင်ပွဲမှာရော အခု အာရှဖလားခြေစစ်ပွဲမှာပါ ရလဒ်တွေ ဆိုးရွားခဲ့ပြီး အုပ်စုအဆင့် တွေနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဓိက ကစားသမားအချို့ဟာ လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးဖို့ ငြင်းဆန်ထားတာကြောင့် အခက်တွေ့ နေတာလည်း ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းလိဂ် ၂ ကလပ် နာခွန်ဆီအသင်းနဲ့ စာချုပ်ချုပ်ခဲ့တဲ့ ငြိမ်းချမ်းအောင်

By CNI
CNI
Category: Watch TV
Hits: 631

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရသွားတဲ့ သြစတြေးလျအသင်း

By CNI
CNI
Category: Watch TV
Hits: 782

Share
Tweet
Share
Share
powered by social2s

လမ်ပန်ဝါရီယာအသင်းမှာ မောင်မောင်လွင် ကျောနံပတ်ပြောင်းလဲဝတ်ဆင်မည်

By CNI
CNI
Category: အားကစား
Hits: 1841

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

မောင်မောင်လွင်ဟာ လာမယ့်နှစ်ဘောလုံးရာသီ လမ်ပန်ဝါရီယာအသင်းမှာ ကျောနံပတ် ၁၁ ပြောင်းလဲ ဝတ်ဆင် မယ်လို့ ကလပ်အသင်းက ကြေညာလိုက်ပါတယ်။

မြန်မာ့လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းကလပ်မှာ ကျောနံပတ် ၇၇ ဂျာစီဝတ်ဆင်ခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာ ကျောနံပတ် ပြောင်းလဲဝတ်ဆင်တော့မှာပါ။မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ရာသီက လမ်ပန် ဝါရီယာအသင်း ထိုင်းလိဂ် ၂ ကနေ လိဂ် ၁ ကိုတန်းတက်နိုင်ဖို့အတွက် အဓိက စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ရာသီက လမ်ပန်ဝါရီယာအသင်းအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲပါဝင်ကစားပေးခဲ့ပြီး ၄ ဂိုး သွင်းယူကာ ၈ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ထိုင်းလိဂ် ၂ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး လိဂ် ၁ ကိုတန်းတက်နိုင်ခဲ့တဲ့ လမ်ပန်ဝါရီယာအသင်းက လာမယ့်ရာသီ မောင်မောင်လွင်ဟာ အသင်းမှာဆက်ရှိမှာဖြစ်တယ်လို့ မကြာသေးခင်က အတည်ပြုထားခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် ကစားသမားဟောင်းကို ခေါ်ယူဖို့ ထိုင်းကလပ်အချို့က စိတ်ဝင်စားမှုရှိနေပေမယ့် ကစား သမားကတော့ လမ်ပန်ဝါရီယာအသင်းမှာပဲ ဆက်ရှိဖို့ ဆုံးဖြတ်ထားခဲ့တာပါ။

 

လမ်ပန်ဝါရီယာအသင်းဟာ လက်ရှိအချိန်မှာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေတာဖြစ်ပြီး မောင်မောင်လွင်လည်း ပူးပေါင်းလေ့ကျင့်နေပြီဖြစ်ပါတယ်။လမ်ပန်ဝါရီယာအသင်းဟာ ထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အင်အားကြီးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ကစားသမားသစ်တွေဖြည့်တင်းနေသလို အသင်းမှာရှိတဲ့ ကစားသမားတွေကိုလည်း စာချုပ်သစ်ချုပ်ဆိုမှုတွေပြုလုပ်နေတာပါ။မောင်မောင်လွင်ကိုလည်း အသင်းမှာ ဆက်ထိန်းတဲ့အနေနဲ့ သူ့ရဲ့အကြိုက်ဆုံး နံပတ်ဖြစ်တဲ့ ကျောနံပတ် ၁၁ ဂျာစီကို ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းလိဂ် ၁ ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ အောင်သူကစားနေတဲ့ ဘူရီယမ်အသင်းဖြစ်ပါတယ်။ လာမယ့်ရာသီ ထိုင်းလိဂ် ၁ ပြိုင်ပွဲကို အခုနှစ် သြဂုတ်လ ၁၂ ရက်ကနေ ၂၀၂၃ မေလ ၁၄ ရက်အထိ ကျင်းပဖို့ သတ်မှတ်ထားတယ် လို့ သိရပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ရှာကီရာနဲ့လည်းပြတ် ဘာစီလိုနာကလည်း ထွက်ရဖို့ရှိနေတဲ့ ပီကေး

By CNI
CNI
Category: အားကစား
Hits: 1642

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက နောက်ခံလူ ပီကေးကို အသင်းမှာအလိုမရှိတော့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိ ပီကေးဟာ မကြာသေးခင်ကမှ ကာလကြာရှည်လက်တွဲခဲ့တဲ့ ရှာကီရာနဲ့ လမ်းခွဲထားတာ ပါ။စပိန်နိုင်ငံက SPORT သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ဘာစီလိုနာအသင်းဟာ ပီကေးကို ကလပ်ကနေ ထုတ်ပယ်ထားတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ပီကေးရဲ့ ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူတွေနဲ့ ရုပ်ပိုင်း ဆိုင်ရာအခြေအနေတွေ ကျဆင်းလာတာကြောင့် သူ့ကိုအသင်းမှာ အလိုမရှိတော့ကြောင်း ဇာဗီက ပြီးခဲ့တဲ့ နှစ်ပတ် ကတည်းက ပြောထားခဲ့ကြောင်း သတင်းမှာဖော်ပြထားပြီး ဇာဗီက ပီကေးကို သူ့အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ ပြောခဲ့တာပါ။

ဇာဗီနဲ့ ပီကေးတို့ဟာ ဘာစီလိုနာအသင်းမှာ အသင်းဖော်တွေအဖြစ် နှစ်ပေါင်းများစွာကြာတွဲကစားခဲ့တာ ဖြစ်ပါတယ်။အဆိုပါအချိန်တုန်းက အသင်းဟာ အောင်မြင်မှုအများအပြားရခဲ့တာဖြစ်ပြီး ၆ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ရယူနိုင်ခဲ့တာပါ။ဒါပေမယ့် ကစားသမားရဲ့ လက်ရှိစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြရဲ့ ထင်မြင်ချက်ကို ပြောင်းလဲခြင်းမရှိနိုင်တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ပီကေးကို ပေးချေဖို့ ပေါင် ၃၄.၃ သန်း အကြွးတင်ရှိနေတာပါ။

 

ဒါပေမယ့် အသင်းကတော့ ပီကေးအနေနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ထွက်ခွာသွားမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ပီကေးနဲ့ စပိန်ကလပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂ ရာသီကျန်ရှိနေသေးပေမယ့် ဘာစီလိုနာအသင်းက ဒီစာချုပ် ကိုဖျက်သိမ်းပြီး ပီကေးကို ထွက်ခွာစေချင်နေတာဖြစ်ပါတယ်။စပိန်နောက်ခံလူဟောင်းကတော့ အသင်းမှာ ဆက်ရှိနိုင်အောင် အကောင်းဆုံးပုံစံပြသဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ဘာစီလိုနာအသင်းဟာ နွေရာသီဈေးကွက်ထဲမှာ နောက်ခံလူတွေကို ခေါ်ယူဖို့ စောင့်ကြည့်နေတာဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ချယ်လ်ဆီးနောက်ခံလူဟောင်း ခရစ်တန်ဆန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီး ဆီဗီလာ အသင်းက ကွန်ဒီနဲ့ ချယ်လ်ဆီးက အက်စ်ပီလီကွီတာတို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ အခက်တွေ့နေတာ ကြောင့် အသင်းမှာရှိတဲ့ ကစားသမားတွေကိုရောင်းချပြီး ဖြေရှင်းဖို့ ရှိနေတာပါ။

လာမာစီယာအကယ်ဒမီထွက် ပီကေးဟာ ဘာစီလိုနာအသင်းကို ၂၀၀၈ က မန်ချက်စတာယူနိုက်တက်ကနေ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၆၀၆ ပွဲကစားရာမှာ ၅၂ ဂိုးသွင်းယူနိုင်ခဲ့ကာ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
ငြိမ်းချမ်းအောင်ကို တွေ့ရစဉ်

ထိုင်းလိဂ် ၂ ကလပ် နာခွန်ဆီအသင်းနဲ့ ငြိမ်းချမ်းအောင် စာချုပ်

By CNI
CNI
Category: အားကစား
Hits: 1830

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

မြန်မာ့လက်ရွေးစင် ကစားသမား ငြိမ်းချမ်းအောင်ဟာ ထိုင်းလိဂ် ၂ ကလပ် နာခွန်ဆီအသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ဆို လိုက် ပါတယ်။

ငြိမ်းချမ်းအောင်နဲ့ နာခွန်ဆီအသင်းတို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ အချက်အလက်အရ အသင်းဟာ ရာသီကြီု ဇူလိုင်လမှာ ကစား သမားရဲ့ စွမ်းဆောင်ရည်ကို ကြည့်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းအောင်ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ကလပ်အသင်းဘက်က အငှားချ၊ မချဆိုတဲ့ အချက် ပါဝင်နေတဲ့အတွက် ငြိမ်းချမ်းအောင် အနေနဲ့ ရာသီကြို ကာလမှာ ကြိုးစားဖို့ လိုအပ်ပါတယ်။

အကယ်၍ ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် နာခွန်ဆီအသင်းရဲ့ ကစားသမားအဖြစ် ဆက်ရှိနိုင်ပြီး မဟုတ်ရင်တော့ လိဂ် ၂ ဒါမှမဟုတ် လိဂ် ၃ အသင်းတွေထံ အငှားချခံရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းအောင်ဟာ နာခွန်ဆီအသင်းနဲ့ ပထမဆုံးပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ ကစားသမား ရဲ့ အေးဂျင့်ဖြစ်သူက ပြောထားပါတယ်။

ငြိမ်းချမ်းအောင်ဟာဆိုရင် ၂၀၁၅ ခုနှစ်က ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့ ကြယ်ပွင့် ကစားသမား ဖြစ်ပြီး အဲဒီနှစ် ၂၀၁၅ မှာပဲ ငြိမ်းချမ်းအောင်ဟာ မနောမြေအသင်းကနေ ရန်ကုန်ယူနိုက်တက်အသင်း ဆီ ရောက်ရှိလာခဲ့ပါတယ်။

ငြိမ်းချမ်းအောင်ရဲ့ ကစားဟန်ကို တွေ့ရစဉ်

ဒါပေမယ့် ကစားသမားဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပါဘူး။

ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂၀၁၉ အထိ ငြိမ်းချမ်းအောင် ကစားခဲ့ပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် သက်သေပြနိုင်ဖို့ ထိုင်းကလပ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာမယ့်သူလို့ တစ်ချိန်က သတ်မှတ်ခံထားရတဲ့ ငြိမ်းချမ်းအောင် အနေ နဲ့ ထိုင်းကလပ်မှာ ခြေစွမ်း ပြနိုင် မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။

ငြိမ်းချမ်းအောင် အနေနဲ့ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။

အခု ငြိမ်းချမ်းအောင် ပြောင်းရွှေ့ခဲ့တဲ့ နာခွန်ဆီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၃ မှာ ကစားခဲ့တာ ဖြစ်ပြီး ထိုင်းလိဂ် ၃ မှာ တတိယနေရာ ရခဲ့ပြီး လိဂ် ၂ ကို တန်းတက်နိုင်ခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ်။

လက်ရှိ ထိုင်းလိဂ်မှာ ငြိမ်းချမ်းအောင်ရဲ့ ယူ-၂၀ အသင်းဖော်တွေဖြစ်တဲ့ အောင်သူနဲ့ မောင်မောင်လွင်တို့လည်း ကစားနေ ကြပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက် ယှဉ်ပြိုင်ခွင့်ရသွားတဲ့ သြစတြေးလျအသင်း

By CNI
CNI
Category: အားကစား
Hits: 1583

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄

သြစတြေးလျအသင်းဟာ ပီရူးအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ရပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ တောင်အမေရိကဇုန်က ပီရူးအသင်းနဲ့ ပလေးအောဖ့်ကစားခဲ့ရာ ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိသရေကျနေခဲ့တာပါ။အဲဒါကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ သြစတြေးလျအသင်း က ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပင်နယ်တီအဆုံးအဖြတ်ကန်ခါနီးမှ လူစားဝင်လာခဲ့တဲ့ ဂိုးသမား ရက်ဒ်မေက ပီရူးကစားသမား ဗာလီရာရဲ့ နောက်ဆုံးပင်နယ်တီကန်ချက်ကို ကာကွယ်သွားခဲ့တာပါ။အဲဒါကြောင့် သြစတြေးလျအသင်းအနိုင်ရခဲ့ပြီး ကာတာကမ္ဘာ့ဖလားဝင်ခွင့် လတ်မှတ်ရရှိသွားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကစပြီး အကြိမ်တိုင်းခြေစစ်ပွဲအောင်မြင်ခဲ့ကာ အခုဆိုရင် ၅ ကြိမ်ဆက် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ဒီပွဲရဲ့ အချိန်ပို ပြီးခါနီးမှာ သြစတြေးလျနည်းပြ အာနိုးလ်ဟာ ဂိုးသမားရိုင်ယန်ကို လူစားလဲပြီး ရက်ဒ်မေကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ဆစ်ဒနီဂိုးသမား ရက်ဒ်မေဟာ ပီရူး အသင်း ပင်နယ်တီမကန်သွင်းခင် ဂိုးစည်းပေါ်မှာ ကပြနေခဲ့ပြီး နောက်ဆုံးပင်နယ်တီကို ကာကွယ်သွားခဲ့တာပါ။

သြစတြေးလျအသင်းနည်းပြ အာနိုးလ်က “သူဟာ အလွန်ကောင်းမွန်စွာ ပင်နယ်တီကာကွယ်သွားခဲ့တာဖြစ်ပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်တဲ့ အရာတစ်ခုလုပ်သွားခဲ့ပါတယ်။သူဟာ ပီရူးအသင်း ပင်နယ်တီကန်သွင်းတဲ့ သူတွေကို စိတ်ပိုင်းဆိုင်ရာ ဒုက္ခပေးဖို့ ၁ ရာခိုင်နှုန်းအားထုတ်မှုပါ။ဒါဟာ အန္တရာယ်ရှိပေမယ့် အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

၂၀၁၉ ကတည်းက လက်ရွေးစင်အတွက် အရွေးခံခဲ့ရတဲ့ ရက်ဒ်မေဟာ ဒီပွဲအပါအဝင် သြစတြေးလျအသင်း အတွက် ၃ ပွဲသာ ပါဝင်ကစားရသေးတာပါ။ရက်ဒ်မေက “ကျနော်က ဟီရိုးမဟုတ်ပါဘူး။ဒီနေ့ညမှာ လူတိုင်း လုပ်ခဲ့သလိုပဲ ကျနော့်ရဲ့ အခန်းကဏ္ဍကို အကောင်းဆုံးလုပ်ခဲ့တာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

သြစတြေးလျအသင်းဟာ ကာတာကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်တဲ့ ၃၁ သင်းမြောက်အသင်း ဖြစ်လာခဲ့ တာပါ။အာရှကလပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်၊ ဒိန်းမတ်၊တူနီးရှားတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

နော်ဝေအတွက် ၂၁ ပွဲကစားထားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ ဟာလန်း

By CNI
CNI
Category: Watch TV
Hits: 622

Share
Tweet
Share
Share
powered by social2s

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇွန်လ ၂၅ ရက်တွင် ပြန်ကျင်းပမည်

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို (SuperSport)

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဆောက်ဂိတ် သတိပေး

By CNI
CNI
Category: အားကစား
Hits: 1944

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပြတ်ပြတ်သားသား သတိပေးလိုက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင် လူစာရင်းမှာ ပါချင်တယ်ဆိုရင် လုပ်စရာတွေ အများကြီးရှိတယ်လို့ ပြောလိုက်ပါတယ်။

ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ နှစ်ဦးစလုံးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ခက်ခဲတဲ့ရာသီကို ဖြတ်သန်းခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ၅ ရာသီဆက်တိုက် ဆုဖလားလက်မဲ့အဖြစ် ဖြတ်သန်းခဲ့ရပါတယ်။

သူတို့ နှစ်ဦးဟာ ပုံမှန်ခြေစွမ်း မပြနိုင်တာကြောင့် အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ်ပြိုင်ပွဲဝင် လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရ တာပါ။ အင်္ဂလန်အသင်း လူစာရင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားဆိုလို့ မက်ဂွဲယား တစ်ဦးတည်းသာ ပါဝင် ခဲ့ပါ တယ်။

မန်ယူအသင်း လေ့ကျင့်ခန်းမှာတွေ့ရတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချို(Sports)

နောက်ခံလူ လုပ်ခ်ရှောကတော့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းမှာ မရွေးချယ်ခံခဲ့ရပါဘူး။ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ ကတော့ မတ်လက ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ်မှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အီတလီအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲ ပြီးကတည်းက လက်ရွေးစင် အသင်းအတွက် ပါဝင် ကစားရခြင်း မရှိတော့ပါဘူး။ သူတို့နှစ်ဦးစလုံးဟာ အီတလီနဲ့ ဗိုလ်လုပွဲ အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့သူတွေ ဖြစ်ပါ တယ်။

ဆောက်ဂိတ် က” ကျနော်တို့ဆီမှာ ယူနိုက်တက်ကစားသမား တစ်ဦးပဲ ရှိပါတယ်။သူတို့တွေ အသင်းရဲ့လူစာရင်းထဲ ပြန် ပါဝင် လာဖို့ဆိုရင်တော့ အလုပ်တွေ အများကြီး လုပ်ရဦးမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း လင်ဂတ်နဲ့ ဂိုးသမား ဒိန်းဟန်ဒါဆန် တို့ကလည်း အသင်းမှာ ပုံမှန်ကစားခွင့် မရတာ ကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေပါတယ်။

အင်္ဂလန်အသင်းကတော့ လက်ရှိ နေးရှင်းလိဂ် အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ပျောက်ဆုံးနေပြီး ၂ ပွဲ သရေကျကာ ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းဟာ ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ စက်တင်ဘာလ မတိုင်ခင် နောက်ဆုံး နေးရှင်းလိဂ် ပွဲစဉ်အဖြစ် အခုအပတ်ထဲမှာ ဟန်ဂေရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ဒါဝင်နူနက်စ်ကို တွေ့ရစဉ်(Eurosport)

လီဗာပူးလ်နဲ့ ဒါဝင်နူနက်စ် တို့ရဲ့ အပြောင်းအရွှေ့ကို ဘင်ဖီကာ အတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1438

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

ဘင်ဖီကာအသင်းဟာ ဒါဝင်နူနက်စ်ရဲ့ အပြောင်းအရွှေ့အတွက် လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိ သွားပြီလို့ အတည်ပြု လိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒါဝင်နူနက်စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့သလို ထပ်တိုး ပေးချေခ အပါအဝင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ အထိ ဘင်ဖီကာကို ပေးချေရနိုင်ပါတယ်။

ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘင်ဖီကာအသင်းက အတည်ပြုခဲ့ပြီးနောက် ဒါဝင်နူနက်စ်ဟာ လီဗာပူးလ်အသင်းရဲ့ ဈေး အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။ အရင်က လီဗာပူးလ်အသင်းရဲ့ ဈေးအကြီးဆုံး ကစားသမားက ဗန်ဒိုက်ဖြစ်ပြီး အခု ဒါဝင်နူနက်စ်က စံချိန်သစ် တင်နိုင်ခဲ့တာပါ။

ဒါဝင်နူနက်စ်ဟာ လီဗာပူးလ်အသင်းနဲ့ ၆ နှစ် စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၆ သန်းရရှိမှာပါ။

လီဗာပူးလ်အသင်းဟာ ဒါဝင်နူနက်စ်ကို မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြိုင် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဒါဝင်နူနက်စ်(talkSPORT)

ကစားသမားက ချန်ပီယံလိဂ် ဝင်ခွင့်ရတဲ့ အသင်းနဲ့ ကလော့ပ်ရဲ့ လက်အောက်မှာ ကစားချင်တာကြောင့် လီဗာပူးလ်ကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဒါဝင်နူနက်စ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံခဲ့ရာ ဘင်ဖီကာအသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပါသေးတယ်။

အဲဒီ အချိန်ကတည်းက ကလော့ပ်က ဒါဝင်နူနက်စ်ကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကလော့ပ် က “သူဟာ အလွန်ကောင်းတဲ့ ကောင်လေးပါ။ သူဟာ ရုပ်ပိုင်းဆိုင်ရာ သန်မာတယ်၊ လျင်မြန်တယ်၊ အဆုံးသတ် အပိုင်းလည်း ကောင်းတယ်။ ကျန်းကျန်းမာမာ ရှိနေမယ်ဆိုရင် သူ့အတွက် ကြီးမားတဲ့ အသက် မွေးဝမ်းကျောင်း တစ်ခု ရှိနေ တယ်”လို့ ဧပြီလက ပြောခဲ့ပါတယ်။

ဒါဝင်နူနက်စ်ကို ခေါ်ယူဖို့ နယူးကာဆယ်၊ အသလက်တီကို တို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ပယ်ချ ခဲ့ပါတယ်။ ဘင်ဖီကာအသင်းဟာ ဒါဝင်နူနက်စ်ကို ၂၀၂၀ ရာသီကမှ စပိန်ကလပ် အယ်လ်မာရီးယား အသင်းကနေ ခေါ်ယူ ခဲ့တာဖြစ်ပြီး ၈၅ ပွဲကစားကာ ၄၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါဝင်နူနက်စ်ရဲ့ အပြောင်းအရွှေ့သာ အပြီးသတ်ခဲ့ရင် လီဗာပူးလ်တိုက်စစ်မှူး မာနေးကလည်း ရက်ပိုင်းအတွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့သွားနိုင်ပါတယ်။

မာနေးကတော့ လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ချင်နေပါတယ်။ လီဗာပူးလ် အသင်းကတော့ မာနေးအတွက် ဘိုင်ယန်မြူးနစ်အသင်း ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံးကို ပယ်ချထားပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

နော်ဝေအတွက် ၂၁ ပွဲကစားထားပြီး ဂိုး ၂၀ သွင်းယူထားတဲ့ ဟာလန်း

By CNI
CNI
Category: အားကစား
Hits: 1647

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

နော်ဝေအသင်းက ဆွီဒင်အသင်းကို အနိုင်ရခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်မှာ ဟာလန်းဟာ ခြေစွမ်းပြပြီးသွင်းဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ဒီပွဲမှာ ဟာလန်းက ၂ ဂိုးသွင်းယူခဲ့တာပါ။မန်စီးတီးတိုက်စစ်မှူးသစ်ဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့တဲ့အပြင် အသင်းဖော် ဆိုလော့သွင်းတဲ့ဂိုးကိုလည်း ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာလန်း ဟာ နော်ဝေအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၉ ပွဲမှာ ၁၃ ဂိုးအထိသွင်းယူထားတာပါ။ အဲဒါကြောင့် ဟာလန်းဟာ နော်ဝေအသင်းအတွက် ၂၁ ပွဲကစားထားအပြီးမှာ ဂိုး ၂၀ အထိသွင်းယူထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိကစားသမားအနေနဲ့ နောက်ထပ် ၁၄ ဂိုးသွင်းတာနဲ့ နော်ဝေအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်မှာလည်း ဖြစ်ပါတယ်။လက်ရှိနော်ဝေအသင်းရဲ့ ဂိုးသွင်းအများဆုံး ကစား သမားကတော့ ဂျော်ဂျန်ဂျုဗီဖြစ်ပြီး ၃၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ဟာလန်းအနေနဲ့ လက်ရှိ ဂိုးသွင်းနှုန်းကို ဆက်ထိန်းထားမယ်ဆိုရင် ဒီစံချိန်ကို သေချာပေါက်တင်နိုင်မှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

ဟာလန်းက “ရိုးရိုးသားသားပြောရရင် ပြောစရာစကားမရှိပါဘူး။နွေရာသီရဲ့ နောက်ဆုံးပွဲမှာ ဆွီဒင်ကို အနိုင်ရ ခဲ့တာက အလွန်ကောင်းပါတယ်။အခုတော့ အေးအေးဆေးဆေး အနားယူဖို့အချိန်ကျပြီ”လို့ ပွဲအပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ နွေရာသီအနားယူပြီးတာနဲ့ အသင်းသစ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ပူးပေါင်းရတော့မှာပါ။ ဒီဘရိုင်း ကတော့ ဟာလန်းအနေနဲ့ မန်စီးတီးအသင်းအတွက် အနည်းဆုံး ၂၅ ဂိုးသွင်းပြီး သက်သေပြရမယ်လို့ ပြောထား ခဲ့တာဖြစ်ပါတယ်။ဒီဘရိုင်းက “လူတိုင်းက အများကြီးမျှော်လင့်ထားပါတယ်။ သူတို့က နံပတ် ၉ နေရာမှာကစားတဲ့ တိုက်စစ်မှူးကို အမြဲတမ်းရှာဖွေနေကြပါတယ်။တစ်ရာသီ ၂၀ ကနေ ၂၅ ဂိုးအထိ သွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုး အသင်းမှာရှိတာ ပိုကောင်းပါတယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် ကစားခဲ့တဲ့ ၂ ရာသီခွဲအတွင်းမှာ ပြိုင်ပွဲစုံ ၈၉ ပွဲပါဝင်ကစားပြီး ၈၆ ဂိုး သွင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ကျင်းပဖို့ အစည်းအဝေး ကျင်းပစဉ်

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇွန်လ ၂၅ ရက်တွင် ပြန်ကျင်းပမည်

By CNI
CNI
Category: အားကစား
Hits: 1492

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃

ကာလအတန်ကြာ ရပ်နားထားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇွန်လ ၂၅ ရက်မှာ ပြန်လည်ကျင်းပဖို့ ရှိနေပေမယ့် အခု အချိန်ထိ ပြိုင်ပွဲဝင်မယ့် အသင်းအရေအတွက် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ၂၀၂၀ က နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် ပြိုင်ပွဲ ပြန်လည်ကျင်းပဖို့အတွက် အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပမယ့် ရက်ကို သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ဇွန်လ ၂၅ ရက်ကနေ နိုဝင်ဘာလ ၆ ရက်အထိ ကျင်းပသွားမယ်လို့ သိရ ပါတယ်။

ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဒိုင်လူကြီးတွေ၊ ဘောလုံးလောကနဲ့ ဆက်နွယ်နေတဲ့သူတွေ ရုန်းကန်နေရတဲ့ စတဲ့ အလွှာအသီးသီးက လူပုဂ္ဂိုလ်တွေ စားဝတ်နေရေး ရုန်းကန်နေရတဲ့ အခက်အခဲကို ပြေလည်စေဖို့အတွက် ဒီပြိုင်ပွဲ ပြန်လည် ကျင်းပခဲ့တာလို့ မြန်မာနေရှင်နယ်လိဂ်ကနေ သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းကစားသမားများ (MNL)

ပြိုင်ပွဲ ကျင်းပဖို့ ရက်သတ်မှတ်ထားပေမယ့် လက်ရှိအချိန်ထိ ပြိုင်ပွဲဝင်မယ့် အသင်းအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ မြန်မာနေရှင်နယ်လိဂ် အသင်းကြီးဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ချင်းလန်း အသင်းတို့ကတော့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်နေကြပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲနဲ့အတူ လိဂ် ၂ ပြိုင်ပွဲကိုလည်း သြဂုတ်လ ပထမပတ်ကနေ နိုဝင်ဘာလ ဒုတိယပတ်အထိ ကျင်းပဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

ဒါ့အပြင် အမျိုးသမီး လိဂ်ပြိုင်ပွဲကိုလည်း အခုနှစ်ထဲမှာ ပြန်လည်ကျင်းပဖို့ စီစဉ်နေတယ်လို့ မြန်မာ့ဘောလုံး လောကကနေ သိရပါတယ်။

နောက်ဆုံး ကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်း ချန်ပီယံဖြစ်ခဲ့ပြီး၊ လိဂ် ၂ မှာ တော့ ချင်းလန်း အသင်း ချန်ပီယံဖြစ်ခဲ့တာပါ။ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာတော့ ISPE အသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။

လိဂ်ပြိုင်ပွဲ ၂ နှစ်ကျော်ကြာ ရပ်နားခဲ့တာကြောင့် ပြည်တွင်း ကစားသမား အများအပြားဟာ အာဆီယံ ဒေသတွင်းက လိဂ်တွေ ဖြစ်တဲ့ ထိုင်းလိဂ်၊ မလေးရှားလိဂ်၊ လာအိုလိဂ်နဲ့ ဖိလစ်ပိုင်လိဂ်တွေမှာ သွားရောက် ကစားနေကြပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70
  • 71
  • 72
  • 73

Page 69 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar