CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဒီဂျောင်အတွက် မက်ဂွဲယားကို မပေးဘူးလို့ ဘာစီလိုနာကို ယူနိုက်တက်ပြော

By CNI
CNI
Category: အားကစား
Hits: 1468

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် မက်ဂွဲယားကို လိုချင်နေတဲ့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ပယ်ချလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာ အသင်းနဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပြီး သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ဘာစီလိုနာအသင်းဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဂျောင်ရဲ့အပြောင်းအရွှေ့ အစိတ် အပိုင်းအဖြစ် မက်ဂွဲယားကိုပါထည့်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းပယ်သွားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီဂျောင်အတွက် သဘောတူညီမှုရရှိထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းကို ငွေသား ပေးချေသွားမှာဖြစ်ပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ပေးသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နောက်ခံလူတွေဖြစ်တဲ့ ဘိုင်လီ၊ဖီးလ်ဂျုံးစ်၊တွမ်ဇီဘီနဲ့ ဝမ်ဘစ်စကာ တို့ကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ဟာ မက်ဂွဲယားနဲ့အတူ အလုပ် လုပ်ချင်တာကြောင့် ကလပ်အသင်းက အင်္ဂလန်နောက်ခံလူကို ရောင်းချဖို့ ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ၂၀၁၉ က လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့ပြီး ၆ လအကြာမှာပဲ အသင်း ခေါင်းဆောင်ဖြစ်ခဲ့တာပါ။အသက် ၂၉ နှစ်အရွယ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည် တွေကြောင့် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့တောင် တောင်းဆိုခဲ့ကြတာပါ။မက်ဂွဲယားအနေနဲ့ နည်းပြသစ်တန်ဟတ် လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူး ဆက်လက်ရယူဖို့ မသေချာတော့တာလည်းဖြစ်ပါတယ်။

တန်ဟတ်ကတော့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ကစားသမားတွေကို ရွေးချယ်ခိုင်းဖို့ရှိနေပြီး ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ မက်ဂွဲ ယားဟာ ကာလကြာရှည်လက်တွဲဖော် ဖန်ဟော်ကင်းစ်နဲ့ မင်္ဂလာပွဲဆင်နွှဲထားပြီး နည်းပြရဲ့အထူးခွင့်ပြုချက်နဲ့ ဟန်းနီးမွန်းထွက်ဖို့ ရှိနေကာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို ပူးပေါင်းဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းလက်ဝှေ့မယ်ကို Thai Fight မှာ အလဲထိုးခဲ့တဲ့ ဘရော်နီကာ

By CNI
CNI
Category: အားကစား
Hits: 2644

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

မြန်မာလက်ဝှေ့မယ် ဘရော်နီကာဟာ ထိုင်းလက်ဝှေ့မယ် ပလာရီဖာကို အလဲထိုးကာ Thai Fight မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၆ ရက် ထိုးသတ်ခဲ့တဲ့ဒီပွဲမှာ ဘရော်နီကာဟာ ပလာရီဖာကို ဒုတိယအချီမှာ အနိုင်ရရှိခဲ့တာပါ။ ဘရော် နီကာဟာ ပထမအချီကတည်းက ပလာရီဖာကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယအချီအစပိုင်းမှာ သူ့ရဲ့ ထိုးချက်ကြောင့် ပြိုင်ဘက်လက်ဝှေ့မယ့် လဲကျသွားခဲ့ကာ အလဲထိုးနဲ့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဘရော်နီကာဟာ နိုင်ပွဲရပြီးနောက် ကယန်းအလံကို လွှမ်းခြုံပြီး အောင်ပွဲခံခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ဘရော်နီကာအတွက်တော့ ဒီပွဲအပါအဝင် Thai Fight မှာ ပြိုင်ဘက်တိုင်းကို အလဲထိုးနဲ့ အနိုင်ယူနေခဲ့တာဖြစ်ပါတယ်။

 

ဘရော်နီကာဟာ ဒီနိုင်ပွဲကြောင့် ကမ္ဘာ့မွေထိုင်းအဖွဲ့အစည်းရဲ့ bantamweight အဆင့်သတ်မှတ်ချက် နံပတ် ၁ နေရာကို နိုင်ပွဲတွေနဲ့အတူ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။ ဘရော်နီကာရဲ့နိုင်ပွဲကို သူ့ရဲ့ကလပ်ဖြစ်တဲ့ တိုက်ဂါး မွေထိုင်းက ချီးကျုးဂုဏ်ပြုခဲ့ပြီး ပရိသတ်တွေအားလုံးကလည်း မြန်မာ့လက်ဝှေ့မယ်ကို ဝိုင်းပြီး ဂုဏ်ပြုကြောင်း မှတ်ချက်တွေရေးသားခဲ့ကြတာဖြစ်ပါတယ်။ ဘရော်နီကာကို တိုက်ဂါးမွေထိုင်းကလပ်ရဲ့ ဒါရိုက်တာဖြစ်သူက Thai Fight ရဲ့ ဘုရင်မလို့ တင်စားထားခဲ့တာပါ။

Thai Fight နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုထားတဲ့ ဘရော်နီကာရဲ့ အနာဂတ်ရည်မှန်းချက်က UFC ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူဖို့ ဖြစ်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဘရော်နီကာဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသမီး ရွှေခါးပတ် ဆုရှင်အဖြစ်လည်း မှတ်တမ်းတင်ထားနိုင်သူပါ။

ဇွန်လ ၂၆ ရက်က ကျင်းပခဲ့တဲ့ Thai Fight ပြိုင်ပွဲမှာ ဘရော်နီကာနဲ့ အတူ ရိုးရာလက်ဝှေ့သမားဖြစ်တဲ့ ထွန်းမင်းလတ်လည်း ဝင်ရောက်ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် ထွန်းမင်းလတ်ကတော့ ပြိုင်ဘက်လက်ဝှေ့သမား ကို ယှဉ်မထိုးနိုင်ဘဲ ပထမအချီမှာပဲ အလဲထိုးနဲ့ အရေးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဧရာဝတီယူနိုက်တက်ကို အနိုင်ရပြီး ဟံသာဝတီယူနိုက်တက်အဖွင့်လှခဲ့

By CNI News
CNI News
Category: အားကစား
Hits: 1743
 
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆
 
၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ရဲ့ဒုတိယမြောက် ပွဲစဉ်အဖြစ် ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းက ဟံသာဝတီယူနိုက်တက်နဲ့ ဧရာတီယူနိုက်တက်တို့ ကစားခဲ့ကြပါတယ်။  ဒီပွဲမှာ ဟံသာဝတီ ယူနိုက်တက် အသင်းက ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
 
နောက်ဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဒုတိယနဲ့ တတိယ ရရှိခဲ့တဲ့ ၂ သင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဟံသာဝတီယူနိုက်တက်က ပိုပြီး အသာစီး ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သွင်းဂိုး ၂ ဂိုးစလုံးကို ပထမပိုင်းမှာ ရယူနိုင်ခဲ့တာပါ။
 
ပွဲချိန် ၈ မိနစ်မှာ စိုးကျော်ကျော်က ပင်နယ်တီကနေ ဟံသာဝတီအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဂိုးရပြီး သိပ်မကြာခင် ပွဲချိန် ၁၃ မိနစ်မှာ ဟံသာဝတီအသင်း ညီညီအောင်ရဲ့ သွင်းဂိုးကြောင့် နောက်ထပ် ဂိုးရခဲ့ပါတယ်။
 
 
ဒုတိယပိုင်းမှာတော့ နှစ်ဖက် ကစားသမားတွေ ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် ဂိုးမရတော့တဲ့ အတွက် ပထမပိုင်း ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ပွဲစဉ် ၁ ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်က မြဝတီအသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာပါ။
 
ဇွန်လ ၂၇ ရက်မှာတော့ ပွဲစဉ် ၁ ရဲ့ တတိယမြောက် ပွဲစဉ်အဖြစ် မဟာယူနိုက်တက်နဲ့ ရှမ်းယူနိုက် တက်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
 
 
Share
Tweet
Share
Share
powered by social2s

အင်္ကျီရောင်းချမှုမှာ ရော်နယ်ဒိုကို ကျော်ပြီးစံချိန်တင်နိုင်ခဲ့တဲ့ မက်ဆီ

By CNI
CNI
Category: Watch TV
Hits: 818

Share
Tweet
Share
Share
powered by social2s

ဒါဘီနည်းပြရာထူးကနေ ဝိန်းရွန်နီ နှုတ်ထွက်

By CNI
CNI
Category: Watch TV
Hits: 809

Share
Tweet
Share
Share
powered by social2s
ဆာလတ် ကိုတွေ့ရစဉ် (Eurosport)

ဆာလတ်ကို ရောင်းချဖို့ အံ့အားသင့်ဖွယ် စဉ်းစားနေတဲ့ လီဗာပူးလ်

By CNI
CNI
Category: အားကစား
Hits: 1569

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

လီဗာပူးလ်အသင်းဟာ ဆာလတ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာမှာ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခု နွေရာသီမှာ ရောင်းချဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ မကြာသေးခင် ရက်ပိုင်းကမှ အဓိကတိုက်စစ်မှူး မာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ ပါတယ်။

ဆာလတ် ဟာ မာနေးလိုပဲ လီဗာပူးလ်အသင်းမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အန်ဖီးလ် ကလပ်ဟာ အလွတ်နဲ့ ဆုံးရှုံးရမယ့်အစား ငွေကြေးရအောင် ရောင်းရဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဆာလတ် ဟာ ဗန်ဒိုက်နဲ့အတူ လီဗာပူးလ်အသင်းမှာ တစ်ပတ်ပေါင် ၂ သိန်း ၄ သောင်း ရရှိနေပြီး အသင်းရဲ့ လစာအများဆုံး ရတဲ့ ကစားသမားတွေအဖြစ် ရပ်တည်နေတာပါ။

ဒါပေမယ့် ဆာလတ် ကတော့ ပရီးမီးယားလိဂ် လစာ အများဆုံးရ ကစားသမားတွေနဲ့ လစာတန်းတူ ရရှိချင်နေတာ ဖြစ်ပါ တယ်။

ဆာလတ် ဟာဆိုရင် မန်စီးတီး၊ ချယ်လ်ဆီး တို့မှာရှိတဲ့ ထိပ်တန်း ကစားသမားတွေရဲ့ လစာတွေကို သတိပြုမိပြီး တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းဝန်းကျင် ရရှိချင်နေတာပါ။ ဒါဟာ လီဗာပူးလ်အသင်းရဲ့ လက်ရှိ လုပ်ခလစာ ဖွဲ့စည်းပုံကို ပျက်ပြားစေမယ့် အရာ ဖြစ်တယ်လို့ သိရပါတယ်။

မာနေးနဲ့ ဆာလတ် ကိုတွေ့ရစဉ် (GETTY IMAGES)

ဆာလတ် ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်က လီဗာပူးလ်မှာ နောက်တစ်ရာသီ ဆက်နေမှာ သေချာတယ်လို့ ပြောခဲ့တာပါ။

The Sun သတင်းမှာ ရီးရယ်လ်အသင်းက ဆာလတ် ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ ပေးချေခဲ့မယ်ဆိုရင် လီဗာပူးအသင်းအနေနဲ့ ဆာလတ် ကို ရောင်းချဖို့ အလေးအနက်ထား စဉ်းစားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရင်တုန်းက ဆာလတ် ဟာ စပိန်မှာ ကစားချင်ကြောင်း ပြောခဲ့ဖူးပြီး ရီးရယ်လ်အသင်းက ဘတ်ပီ ကို လက်လွှတ်ခဲ့ရတဲ့ အတွက် အီဂျစ်အသင်း ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနိုင်တာပါ။

လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်စ် ကို အားဖြည့်ထား ပါတယ်။

၂၀၁၇ က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ် ဟာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ ၂၅၄ ပွဲ ပါဝင်ကစားထား ပြီး ၁၅၆ ဂိုး သွင်းယူထားတာပါ။

ဆာလတ် ဟာဆိုရင် လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်း၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာ နေထိုင်ခဲ့တဲ့ နေအိမ်နဲ့ဟာလန်း (The Sun)

ပေါ့ဘာနေခဲ့တဲ့ အိမ်မှာ နေထိုင်သွားဖွယ်ရှိနေတဲ့ ဟာလန်း

By CNI
CNI
Category: အားကစား
Hits: 1621

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

မန်စီးတီးအသင်း တိုက်စစ်မှူးသစ် ဟာလန်း ဟာ မြို့ခံပြိုင်ဘက် ကစားသမားဟောင်း ပေါ့ဘာ နေထိုင်သွားခဲ့တဲ့ အိမ်ကို ကြည့်ရှုခဲ့ပြီး အဆိုပါအိမ်မှာ နေထိုင် သွားဖွယ်ရှိနေပါတယ်။

ဟာလန်း က မန်ချက်စတာမှာ နေထိုင်ဖို့ နေအိမ်တွေကို လိုက်လံကြည့်ရှုခဲ့တာမှာ ပေါ့ဘာ နေထိုင်ခဲ့တဲ့ နေအိမ်လည်း ပါဝင်ခဲ့ ပါတယ်။

ချက်ရှိုင်းယား ဟာလီဘန်းစ်ရှိ ပေါ့ဘာရဲ့ ပေါင် ၃ သန်းတန် နေအိမ်မှာ အိပ်ခန်း ၅ ခန်း ပါဝင်ပြီး ရေကူးကန်နဲ့ အိမ်တွင်း ဘောလုံးကွင်းလည်း ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ ဘောလုံးကွင်းမှာ အသေးစား ဂိုးတိုင်၊ အီလက်ထရော်နစ် ဂိုးရလဒ်ဘုတ် တစ်ခု၊ LED မီးလုံးတွေနဲ့ အလယ်စက်ဝိုင်းမှာ ပေါ့ဘာရဲ့လိုဂို P စတဲ့အရာတွေ ပါဝင် နေပါတယ်။
ပေါ့ဘာ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းကနေ ဒုတိယအကြိမ်မြောက် အလွတ်နဲ့ ထွက်ခွာသွားခဲ့ ပါတယ်။

နေအိမ် အတွင်းခန်းကို တွေ့ရစဉ် (The Sun)

သတင်းရင်းမြစ် တစ်ခုက “ဟာလန်း ဟာ မန်စီးတီးအသင်း လေ့ကျင့်ရေးကွင်းနဲ့ နီးတဲ့နေရာမှာ အမြန်ဆုံး အခြေကျဖို့ စိတ် အား ထက်သန်နေပါတယ်။ အဲ့ဒါကြောင့် အိမ်အသစ်ရဖို့ အမြန်ဆုံး လုပ်ဆောင်နေပါတယ်။ သူနဲ့ ပေါ့ဘာက တစ်ဦးနဲ့ တစ်ဦး သိပြီး အဖွဲ့တစ်ခုက သူတို့နှစ်ဦးအတွက် အတူတူ အလုပ်လုပ်ပေးနေတာပါ။ ပေါလ်က ဗြိတိန်ကို ပြန်လာဖို့ မဖြစ်နိုင်တော့ပါ ဘူး။ အဲ့ဒါကြောင့် အိမ်ကိုရောင်းချဖို့ ပြင်ဆင်နေပြီး အငှားချဖို့လည်း အဆင်ပြေတယ်”လို့ ပြောခဲ့ပါတယ်။

ဟာလန်းရဲ့ ဖခင်ဖြစ်သူနဲ့ ကစားသမားရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဟာ ပေါ့ဘာရဲ့ နေအိမ်အပြင် အခြားအိမ်ကြီး သုံးလုံးကိုလည်း ပြီးခဲ့တဲ့အပတ်က ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဘယ်အိမ်မှာ နေထိုင်မလဲဆိုတာ မဆုံးဖြတ် ရသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်း ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ အသင်းသစ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာလည်း ဖြစ်ပါတယ်။ ဟာလန်း ဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ အချိန် အတွင်း ပွဲပေါင်း ၈၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၈၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့တဲ့ ပေါ့ဘာ ကတော့ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာ စီးရီးအေကလပ်က အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားဖွယ် ရှိနေပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ဒါဘီနည်းပြရာထူးကနေ ဝိန်းရွန်နီ နှုတ်ထွက်

By CNI
CNI
Category: အားကစား
Hits: 1525

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

ဝိန်းရွန်နီဟာ ကလပ်စီမံခန့်ခွဲသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဒါဘီအသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ သို့ပေမယ့် ဝိန်းရွန်နီဟာ ဒါဘီအသင်းနဲ့ တစ်နှစ်စာချုပ်ကျန်ရှိနေတာပါ။

ဝိန်းရွန်နီက “ဒီနေ့မှာတော့ အသင်းက ထွက်ခွာဖို့ အချိန်တန်ပြီဆိုတာကို အသိပေးဖို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။သူတို့က ဆုံးဖြတ်ချက်ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် ကျနော့်စိတ်က တည်ငြိမ်သွားပါပြီ။ပြီးခဲ့တဲ့ ၁၈ လအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ထိခိုက်မှုမရှိပေမယ့် ကလပ်ကို လန်းလန်းဆန်းဆန်းရှိတဲ့ သူတစ်ဦးက ဦးဆောင်ဖို့ လိုအပ်တယ်လို့ ခံစားမိနေပါတယ်။ကလပ်မှာ ရှိနေတဲ့အချိန်အတွင်းမှာ ရိုလာကိုစတာလို အနိမ့်ရော အမြင့်ရော ခံစားချက်တွေရှိခဲ့ပေမယ့် ကျနော်ဟာ စိန်ခေါ်မှုတွေကို နှစ်သက်တယ်လို့ ပြောရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဒါဘီအသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စီမံအုပ်ချုပ်မှုအောက်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လိဂ်ဝမ်း ကို တန်းဆင်းခဲ့ရတာပါ။ဒါဘီအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ် ၂၁ မှတ်အနှုတ်ခံခဲ့ရတာကြောင့် တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ဝိန်းရွန်နီဟာ ဒါဘီအသင်းကို တန်းတင်ကျန်နိုင်ဖို့ အကောင်းဆုံးစွမ်းဆောင် ခဲ့ပေမယ့် နောက်ဆုံးမှာ တန်းဆင်းသွားခဲ့ရတာပါ။

 

ဝိန်းရွန်နီက “ခင်ဗျားတို့ကို ဘယ်တော့မှမေ့မှာမဟုတ်ဘဲ အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ဒါဘီဟာ ကြီးကျယ်တဲ့သမိုင်းကြောင်းနဲ့ ကြီးကျယ်တဲ့ ပရိသတ်တွေရှိတဲ့ အသင်းကောင်း တစ်သင်းပါ။အနာဂတ်မှာ အောင်မြင်မှုတွေအများကြီးရပြီး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းကြောင်း” ပြောခဲ့ပါတယ်။

အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဒေးဗစ်ကလိုဝက်စ်ဟာ ဒါဘီအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ကြောင်း ကြေညာတဲ့နေ့မှာပဲ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့တာပါ။ဒါဘီအသင်းကို ဝယ်ယူဖို့ စီစဉ်ခဲ့တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ခရစ်ကာချာနာရဲ့ အစီအစဉ်ပျက်ပြယ်သွားခဲ့ပြီးနောက် ဒေးဗစ်ကလိုဝက်စ်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ဝိန်းရွန်နီဟာ ဧပြီလက အသင်းကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဝယ်ယူမှာကို ထောက်ခံခဲ့တာပါ။

ဝိန်းရွန်နီဟာ ဒါဘီအသင်းကို ၂၀၂၀ က ဒီစီယူနိုက်တက်ကနေ ရောက်လာခဲ့ပြီးနောက် ကစားသမားနည်းပြ အဖြစ်ကနေ တရားဝင်နည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။ဝိန်းရွန်နီ အတွက်တော့ ဒါဘီအသင်းဟာ သူ့ရဲ့ နည်းပြဘ၀ ပထမဆုံးကလပ်အသင်းဖြစ်ခဲ့ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

အင်္ကျီရောင်းချမှုမှာ ရော်နယ်ဒိုကို ကျော်ပြီးစံချိန်တင်နိုင်ခဲ့တဲ့ မက်ဆီ

By CNI
CNI
Category: အားကစား
Hits: 2183

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ကွင်းထဲမှာ ရုန်းကန်ခဲ့ရပေမယ့် သူ့ရဲ့ နာမည်ပါအင်္ကျီဟာ အများဆုံး ရောင်းချနိုင်ခဲ့ပြီး စံချိန်ပါတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂျာစီ ၁ သန်းကျော်ကို ပထမဆုံးအကြိမ်ရောင်းချနိုင်ခဲ့ပြီး ဒီထဲမှာ မက်ဆီရဲ့ ကျောနံပတ် ၃၀ ပါအင်္ကျီရောင်းချမှုဟာ ကိန်းဂဏန်းတွေအရ ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့တာပါ။မက်ဆီရဲ့ အင်္ကျီ ရောင်းချမှုနှုန်းဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်ကို ကစားသမားဘဝ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုထက် သာလွန်သွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက ရော်နယ်ဒို ရဲ့ အင်္ကျီရောင်းချမှုကနေ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင် ၁၈၇ သန်း ရရှိခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီဟာ မက်ဆီရဲ့ အင်္ကျီရောင်းချမှုကနေ အခုထက်ပိုရပြီး ထိပ်ဆုံးနေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်း ထိပ်ဆုံးနေရာကို ရောက်ရှိသွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ အင်္ကျီအများဆုံးရောင်းချရတဲ့အသင်း မဟုတ်တော့ပါဘူး။မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုပြီးနောက်မှာ နာရီပိုင်းအတွင်း အင်္ကျီရောင်းချမှု တစ်ခု တည်းကနေ ယူရို ၁ သန်းနီးပါး ရရှိခဲ့တာပါ။

 

အင်္ကျီရောင်းချမှုအဆမတန်မြင့်မားလာခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ တရားဝင်စတိုး မြေနေရာနဲ့ အရွယ်အစားကို ၂ ဆတိုးချဲ့ခဲ့ရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ မိတ်ဖက်အရာရှိချုပ် မာ့ခ်အမ်းစထရောင်းက “ဝယ်လိုအားတွေက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။နာမည်ကြီး ကစားသမားတွေကို ခေါ်ယူတဲ့အချိန်မှာ ဒီလိုတွေဖြစ်တတ်ပါတယ်။မက်ဆီရဲ့ အပိုအင်္ကျီတွေအများအပြားကို ကျနော်တို့မထုတ်နိုင်ခဲ့ ဘူး။အတိုင်းအတာကိုကျော်သွားလို့ ကျနော်တို့ မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ကျနော်တို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြားအသင်းတွေထက် ဂျာစီအများအပြားကို ရောင်းချခဲ့ရတာပါ။မက်ဆီလို ကစားသမားကို ခေါ်မယ်ဆိုရင် ဝယ်လိုအားက ပိုပြီးတိုးလာပါတယ်”လို့ ပြောခဲ့တာပါ။

မက်ဆီ ရောက်လာပြီးနောက် ကလပ်ရဲ့ဈေးကွက်ရှာဖွေရေးနဲ့ စပွန်ဆာသဘောတူညီမှုတွေကို ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး မရေမတွက်နိုင်တဲ့ သဘောတူညီချက်တွေမှာ လတ်မှတ်ထိုးနိုင်ခဲ့တယ်လို့ မာ့ခ်အမ်းစထရောင်းက ထပ်မံပြောခဲ့ပါတယ်။ဒါ့အပြင် ဆိုရှယ်မီဒီယာအပိုင်းမှာလည်း တစ်ပတ်ကို ဖော်လိုဝါ ၁.၄ သန်းတိုးလာပြီး လက်မှတ်ရောင်းချမှုအပိုင်းမှာလည်း တိုးလာခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူပြီးနောက်မှာ ဝင်ငွေပေါင်သန်း ၆၀၀ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို လီဝန်ဒေါစကီးနေရာ အစားထိုးဖို ဘိုင်ယန်မြူးနစ် စီစဉ်

By CNI
CNI
Category: Watch TV
Hits: 789

Share
Tweet
Share
Share
powered by social2s

ကာတာကမ္ဘာ့ဖလားမှာ တစ်သင်းလျှင် ကစားသမား ၂၆ ဦးအထိ ဖီဖာခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 775

Share
Tweet
Share
Share
powered by social2s

ပြည်ပထွက်ကစားနေတဲ့ မြန်မာဘောလုံးသမား ဘယ်နှစ်ဦးရှိလဲ

By CNI
CNI
Category: Watch TV
Hits: 872

Share
Tweet
Share
Share
powered by social2s

အိန္ဒိယအက်ဖ်အေကို စက်တင်ဘာနောက်ဆုံးထားပြီး ရွေးကောက်ပွဲကျင်းပဖို့ ဖီဖာပြော

By CNI
CNI
Category: အားကစား
Hits: 1347

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အိန္ဒိယဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ ပြောင်းလဲတာ ကို အပြီးသတ်ဖို့နဲ့ ပိတ်ပင်ခံရတာကနေ ရှောင်ရှားဖို့ စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြီး ရာထူးသစ် အတွက် ရွေးချယ်တာတွေပြုလုပ်ဖို့ ပြောလိုက်ပါတယ်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲအချိန်မီကျင်းပဖို့နဲ့ သူတို့ရဲ့စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့ တာကြောင့် သူတို့ရဲ့ အမှုဆောင်ကော်မတီကို အိန္ဒိယအမြင့်ဆုံးတရားရုံးက ပြီးခဲ့တဲ့လထဲမှာ ဖျက်သိမ်းခဲ့တာပါ။

အဆိုပါတရားရုံးက အိန္ဒိယဘောလုံးအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အတွက် အဖွဲ့ဝင် ၃ ဦးပါ ကော်မတီကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့ဥပဒေမှာ အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရားဥပဒေနဲ့ နိုင်ငံရေးဝင်ရောက် စွက်ဖက်မှုတွေ ကင်းဝေးရမယ်လို့ ပါရှိပါတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် ဖီဖာဟာ အခြားနိုင်ငံအဖွဲ့ချုပ်တွေကို ဆိုင်းငံ့ထားတာတွေရှိပါတယ်။

ဒေလီအက်ဖ်အေအကြီးအကဲနဲ့ ဖီဖာရဲ့ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အရာရှိ ဟောင်း Shaji Prabhakaran က အိန္ဒိယဘောလုံးအဖွဲ့ချုပ်အနေနဲ့ စည်းမျဉ်းတွေကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲကို စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီး ကျင်းပပေးဖို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့တာပါ။

“ဖီဖာနဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့က ကျနော်တို့ကို တင်းကြပ်တဲ့ အချိန်ဇယားပေးခဲ့ပြီး ဖီဖာရဲ့တားမြစ်ပိတ်ပင်မှု ကို ရှောင်ရှားနိုင်ဖို့က ကျနော်တို့အပေါ်မှာ မူတည်သွားပြီ”လို့ Shaji Prabhakaran က ပြောခဲ့တာဖြစ်ပါတယ်။ တားမြစ်ပိတ်ပင်ခံရမယ်ဆိုရင် အိန္ဒိယအနေနဲ့ အောက်တိုဘာလထဲကျင်းပမယ့် ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်ပြုလုပ်ခွင့် ဆုံးရှုံးသွားနိုင်တာပါ။အိန္ဒိယဘောလုံးအဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာလ က ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ နှောင့်နှေးနေတဲ့အတွက် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရတာပါ။ လူဦးရေ ၁.၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံဟာ ခရစ်ကတ်ကို ပိုပြီးရူးသွပ်တာကြောင့် ဘောလုံးမှာကြီးမားတဲ့ အောင်မြင်မှုတွေ မရရှိတာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ကြိမ်မှပါဝင်နိုင်ခြင်း မရှိသေးပါဘူး။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကာတာကမ္ဘာ့ဖလားမှာ တစ်သင်းလျှင် ကစားသမား ၂၆ ဦးအထိ ဖီဖာခွင့်ပြု

By CNI
CNI
Category: အားကစား
Hits: 1397

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လက်ရွေးစင်အသင်းတွေအနေနဲ့ သူတို့ရဲ့ နောက်ဆုံးလူစာရင်းမှာ ကစားသမားအများဆုံး ၂၆ ဦးအထိ ပါဝင်ဖို့ ဖီဖာက ခွင့်ပြုလိုက်ပါတယ်။

အရင်နိုင်ငံတကာပြိုင်ပွဲတွေမှာ အသင်းတစ်သင်းကို ကစားသမား ၂၃ ဦးသာ ခေါ်ဆောင်ခွင့်ပြုခဲ့ပေမယ့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဦးထပ်တိုးပြီး ခေါ်ဆောင်ခွင့်ရသွားတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက် မှာ စတင်ကျင်းပဖို့ စီစဉ်ထားပြီး ဒီအချိန်ဟာ ပြိုင်ပွဲကျင်းပတဲ့ ပုံမှန်အချိန်မဟုတ်တာကြောင့် အသင်းလူစာရင်းကို ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖီဖာက ရှင်းပြခဲ့တာဖြစ်ပါတယ်။ကိုဗစ်အခြေအနေကလည်း လူစာရင်း တိုးချဲ့ ရတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ “ထုတ်ပြန်ရမယ့် ကစားသမားစာရင်းမှာ ၃၃ ဦးကနေ အများဆုံး ၅၅ ဦးအထိ တိုးလာပါ တယ်။နောက်ဆုံးစာရင်းမှာ ပါဝင်ရမယ့် ကစားသမားစာရင်းကို ၂၃ ဦးကနေ ၂၆ ဦးအထိ တိုးပေးထားပါတယ်။လူ ၂၆ ဦးထက် မပိုရဘဲ “အသင်းအရန်ခုံတန်းပေါ်မှာ လူစားဝင်မယ့် ကစားသမား ၁၅ ဦး၊အသင်းတာဝန်ရှိသူ ၁၁ ဦး၊ ဒီတာဝန်ရှိသူ ၁၁ ဦးထဲမှာ ၁ ဦးက အသင်းဆရာဝန် ဖြစ်ရမယ်” လို့ ဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင်မယ့် အသင်း ၃၂ သင်းဟာ နောက်ဆုံးလူစာရင်းကို ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကစားမယ့် ရက်ပေါင်း ၃၀ အလို အောက်တိုဘာ ၂၀ ရက်မှာ ဖီဖာကို နောက်ဆုံးတင်သွင်းရမှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ နယ်သာလန်အသင်းတို့က စတင်ကစားမှာဖြစ်ပြီး ဒီပွဲပြီးရင် အင်္ဂလန်အသင်းနဲ့ အီရန်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်မှာ စတင်မယ့် အဖွင့်ပွဲမှာ အဲဒီ ၂ ပွဲအပါအဝင် စုစုပေါင်း ပွဲစဉ် ၄ ပွဲယှဉ်ပြိုင် သွားကြမှာပါ။အဲဒါကတော့ အိမ်ရှင်ကာတာနဲ့ အီကွေဒေါ၊ အမေရိကန်နဲ့ ဝေးလ်စ်ပွဲစဉ်တွေဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ နောက်ဆုံးလူစာရင်းမှာ ရွေးချယ်ခံရတဲ့ ကစားသမားတိုင်း ကွင်းထဲမှာ ရှိသင့်တယ်လို့ ဧပြီလက ပြောခဲ့တာပါ။အခု ဖီဖာရဲ့ထုတ်ပြန်ချက်ဟာ ဆောက်ဂိတ်ရဲ့ဆန္ဒနဲ့ ကိုက်ညီသွားခဲ့တာလည်း ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (24hfootnews)

ရော်နယ်ဒိုကို လီဝန်ဒေါစကီးနေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

By CNI
CNI
Category: အားကစား
Hits: 1244

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့နေရာမှာ ရော်နယ်ဒိုနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ AS သတင်းဌာနက ဖော်ပြထားပါတယ်။

လီဝန်ဒေါစကီး ဟာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ပိုလန် တိုက်စစ်မှူးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း စပိန်ကလပ်ကို ပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်နိုင်သေးတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေအပေါ် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းက ဟာလန်းနဲ့ လီဗာပူးလ်အသင်းက ဒါဝင်နူနက်စ်တို့ကို ခေါ်ယူခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာတော့ ကစားသမားတွေကို ခေါ်ယူဖို့ နှောင့်နှေးနေပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရော်နယ်ဒိုဟာဆိုရင် အသင်းကနေ ထွက်ခွာချင်နေပြီလို့ သတင်းတွေ ထွက်ပေါ် နေသလို ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။

 ရော်နယ်ဒို ကိုတွေ့ရစဉ် (Bavarian Football)

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လိုအပ်တဲ့ ကစားသမားတွေကို မဖြည့်တင်းနိုင်ခဲ့ရင် ချန်ပီယံဆုတွေကို ရယူနိုင်ဖို့ ခက်ခဲသွားမယ်လို့ ရော်နယ်ဒိုက ခံစားမိနေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကတော့ ဘွန်ဒစ်လီဂါ ဆုဖလားအတွက် တိုက်ပွဲဝင်နိုင်သလို ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်မယ့် အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းကသာ အမှန်တကယ် ကမ်းလှမ်းမယ်ဆိုရင် ရော်နယ်ဒို အနေနဲ့ ငြင်းပယ်ဖို့ ခက်ခဲနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ မကြာသေးခင်က လီဗာပူးလ်တိုက်စစ်မှူး မာနေးကို ခေါ်ယူထားသလို မူလာ၊ ဆာနေး၊ ကိုးမန်းနဲ့ ဂနာဘရီတို့လို တိုက်စစ်အားသန်တဲ့ ကစားသမားတွေ ရှိတာကြောင့် ရော်နယ်ဒို အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ခဲ့ရင် သွင်းဂိုးတွေ အများအပြား သွင်းယူနိုင်ဖို့လည်း စိတ်ပူစရာ မရှိတော့ပါဘူး။

အသက် ၃၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: ESPN

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာ သေဆုံးမှုကြောင့် လူ ၈ ဦးကို ရုံးတင်စစ်ဆေးဖို့ စီစဉ်

By CNI
CNI
Category: Watch TV
Hits: 769

Share
Tweet
Share
Share
powered by social2s
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70

Page 66 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar