CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကာတာကမ္ဘာ့ဖလားမှာ တစ်သင်းလျှင် ကစားသမား ၂၆ ဦးအထိ ဖီဖာခွင့်ပြု

By CNI
CNI
Category: အားကစား
Hits: 1215

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် လက်ရွေးစင်အသင်းတွေအနေနဲ့ သူတို့ရဲ့ နောက်ဆုံးလူစာရင်းမှာ ကစားသမားအများဆုံး ၂၆ ဦးအထိ ပါဝင်ဖို့ ဖီဖာက ခွင့်ပြုလိုက်ပါတယ်။

အရင်နိုင်ငံတကာပြိုင်ပွဲတွေမှာ အသင်းတစ်သင်းကို ကစားသမား ၂၃ ဦးသာ ခေါ်ဆောင်ခွင့်ပြုခဲ့ပေမယ့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဦးထပ်တိုးပြီး ခေါ်ဆောင်ခွင့်ရသွားတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက် မှာ စတင်ကျင်းပဖို့ စီစဉ်ထားပြီး ဒီအချိန်ဟာ ပြိုင်ပွဲကျင်းပတဲ့ ပုံမှန်အချိန်မဟုတ်တာကြောင့် အသင်းလူစာရင်းကို ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖီဖာက ရှင်းပြခဲ့တာဖြစ်ပါတယ်။ကိုဗစ်အခြေအနေကလည်း လူစာရင်း တိုးချဲ့ ရတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တာပါ။

ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ “ထုတ်ပြန်ရမယ့် ကစားသမားစာရင်းမှာ ၃၃ ဦးကနေ အများဆုံး ၅၅ ဦးအထိ တိုးလာပါ တယ်။နောက်ဆုံးစာရင်းမှာ ပါဝင်ရမယ့် ကစားသမားစာရင်းကို ၂၃ ဦးကနေ ၂၆ ဦးအထိ တိုးပေးထားပါတယ်။လူ ၂၆ ဦးထက် မပိုရဘဲ “အသင်းအရန်ခုံတန်းပေါ်မှာ လူစားဝင်မယ့် ကစားသမား ၁၅ ဦး၊အသင်းတာဝန်ရှိသူ ၁၁ ဦး၊ ဒီတာဝန်ရှိသူ ၁၁ ဦးထဲမှာ ၁ ဦးက အသင်းဆရာဝန် ဖြစ်ရမယ်” လို့ ဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင်မယ့် အသင်း ၃၂ သင်းဟာ နောက်ဆုံးလူစာရင်းကို ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကစားမယ့် ရက်ပေါင်း ၃၀ အလို အောက်တိုဘာ ၂၀ ရက်မှာ ဖီဖာကို နောက်ဆုံးတင်သွင်းရမှာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဆီနီဂေါနဲ့ နယ်သာလန်အသင်းတို့က စတင်ကစားမှာဖြစ်ပြီး ဒီပွဲပြီးရင် အင်္ဂလန်အသင်းနဲ့ အီရန်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်မှာ စတင်မယ့် အဖွင့်ပွဲမှာ အဲဒီ ၂ ပွဲအပါအဝင် စုစုပေါင်း ပွဲစဉ် ၄ ပွဲယှဉ်ပြိုင် သွားကြမှာပါ။အဲဒါကတော့ အိမ်ရှင်ကာတာနဲ့ အီကွေဒေါ၊ အမေရိကန်နဲ့ ဝေးလ်စ်ပွဲစဉ်တွေဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ နောက်ဆုံးလူစာရင်းမှာ ရွေးချယ်ခံရတဲ့ ကစားသမားတိုင်း ကွင်းထဲမှာ ရှိသင့်တယ်လို့ ဧပြီလက ပြောခဲ့တာပါ။အခု ဖီဖာရဲ့ထုတ်ပြန်ချက်ဟာ ဆောက်ဂိတ်ရဲ့ဆန္ဒနဲ့ ကိုက်ညီသွားခဲ့တာလည်း ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (24hfootnews)

ရော်နယ်ဒိုကို လီဝန်ဒေါစကီးနေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

By CNI
CNI
Category: အားကစား
Hits: 1054

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် သူ့နေရာမှာ ရော်နယ်ဒိုနဲ့ အစားထိုးဖို့ စီစဉ်နေတယ်လို့ AS သတင်းဌာနက ဖော်ပြထားပါတယ်။

လီဝန်ဒေါစကီး ဟာ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် အခုနွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

ပိုလန် တိုက်စစ်မှူးကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး ကစားသမား ကိုယ်တိုင်ကလည်း စပိန်ကလပ်ကို ပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်နိုင်သေးတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အခြေအနေအပေါ် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းက ဟာလန်းနဲ့ လီဗာပူးလ်အသင်းက ဒါဝင်နူနက်စ်တို့ကို ခေါ်ယူခဲ့ချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာတော့ ကစားသမားတွေကို ခေါ်ယူဖို့ နှောင့်နှေးနေပါတယ်။

ဒီလို အခြေအနေတွေကြောင့် ရော်နယ်ဒိုဟာဆိုရင် အသင်းကနေ ထွက်ခွာချင်နေပြီလို့ သတင်းတွေ ထွက်ပေါ် နေသလို ရော်နယ်ဒိုနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။

 ရော်နယ်ဒို ကိုတွေ့ရစဉ် (Bavarian Football)

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ လိုအပ်တဲ့ ကစားသမားတွေကို မဖြည့်တင်းနိုင်ခဲ့ရင် ချန်ပီယံဆုတွေကို ရယူနိုင်ဖို့ ခက်ခဲသွားမယ်လို့ ရော်နယ်ဒိုက ခံစားမိနေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကတော့ ဘွန်ဒစ်လီဂါ ဆုဖလားအတွက် တိုက်ပွဲဝင်နိုင်သလို ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်မယ့် အသင်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းကသာ အမှန်တကယ် ကမ်းလှမ်းမယ်ဆိုရင် ရော်နယ်ဒို အနေနဲ့ ငြင်းပယ်ဖို့ ခက်ခဲနိုင်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ မကြာသေးခင်က လီဗာပူးလ်တိုက်စစ်မှူး မာနေးကို ခေါ်ယူထားသလို မူလာ၊ ဆာနေး၊ ကိုးမန်းနဲ့ ဂနာဘရီတို့လို တိုက်စစ်အားသန်တဲ့ ကစားသမားတွေ ရှိတာကြောင့် ရော်နယ်ဒို အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွှေ့ခဲ့ရင် သွင်းဂိုးတွေ အများအပြား သွင်းယူနိုင်ဖို့လည်း စိတ်ပူစရာ မရှိတော့ပါဘူး။

အသက် ၃၇ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: ESPN

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာ သေဆုံးမှုကြောင့် လူ ၈ ဦးကို ရုံးတင်စစ်ဆေးဖို့ စီစဉ်

By CNI
CNI
Category: Watch TV
Hits: 640

Share
Tweet
Share
Share
powered by social2s

ကားနဲ့အတိုက်ခံရတဲ့ အိမ်ရဲ့ပျက်စီးဆုံးရှုးမှုကို ပေးမယ်လို ရော်နယ်ဒို ကတိပေး

By CNI
CNI
Category: Watch TV
Hits: 615

Share
Tweet
Share
Share
powered by social2s
ကယ်လ်ဟန်နိုဂလူးနဲ့ အီဘရာဟီမိုဗစ်ကို တွေ့ရစဉ်(Sempre Milan)

အီဘရာဟီမိုဗစ်က အာရံစူးစိုက်မှုကို ခံချင်နေသူလို့ ကယ်လ်ဟန်နိုဂလူး ပြော

By CNI
CNI
Category: အားကစား
Hits: 1244

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

အီဘရာဟီမိုဗစ် က အသက်အရွယ် ရနေပြီဖြစ်ပေမယ့် အချိန်တိုင်း အာရုံစူးစိုက်မှုကို ခံချင်နေတဲ့သူလို့ အသင်းဖော်ဟောင်း ကယ်လ်ဟန်နိုဂလူး က လှောင်ပြောင် ပြောလိုက်ပါတယ်။

ကယ်လ်ဟန်နိုဂလူး က “အီဘရာဟီမိုဗစ်က အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် မဟုတ် တော့ပါဘူး။ ကျနော်သာ သူ့အသက်အရွယ်မှာဆို ဒီလိုမျိုးတွေ လုပ်နေမှာ မဟုတ်ပါဘူး။ သူဟာ အာရုံစူးစိုက်ခံရဖို့ကို အလွန် နှစ်သက်ပါတယ်။ သူဟာ အေစီမီလန်အသင်း ဆုဖလား ဆွတ်ခူးခဲ့တာမှာ ဘာမှ မကူညီပေးနိုင်ပါဘူး။ ပါဝင် ကစားရုံလေးပဲ ရှိတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ အာရုံစူးစိုက်မှုခံရဖို့ အရာအားလုံးကို လုပ်သွားမှာပါ”လို့ Tivibu Spor နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကယ်လ်ဟန်နိုဂလူး ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အင်တာမီလန်အသင်းကို မပြောင်းရွှေ့ခင် အီဘရာဟီမိုဗစ်နဲ့ အေစီမီလန် အသင်းမှာ အတူတွဲကစားခဲ့သူ ဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ဆုဖလားကို အင်တာမီလန် အသင်းဆီကနေ လွှဲပြောင်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကယ်လ်ဟန်နိုဂလူး က အသင်းဖော်ဟောင်းဖြစ်တဲ့ အီဘရာဟီမိုဗစ် ဟာ ကွင်းထဲမှာ ပါဝင် ကူညီပေးခြင်း မရှိ ရင်တောင် သူ့အတွက် အရာအားလုံးကို လုပ်ဆောင်ပေးရမယ်လို့ ပြောခဲ့ပါတယ်။

 အီဘရာဟီမိုဗစ်ကို တွေ့ရစဉ် (CTV News)

အေစီမီလန်အသင်းရဲ့ စီးရီးအေ အောင်ပွဲမှာ အီဘရာဟီမိုဗစ်ရဲ့ အောင်ပွဲခံမှုတွေကို ကယ်လ်ဟန်နိုဂလူး က စိတ်ပျက်ခဲ့ပါ တယ်။ အီဘရာဟီမိုဗစ် ဟာ အောင်ပွဲခံ အခမ်းအနားမှာ တူရကီဂျာစီ ဝတ်ဆင်ထားတဲ့ လေမှုတ် အရုပ်တစ်ရုပ်ကို လူအုပ်ကြီး က အော်ဟစ်ပြီး ဝှေ့ယမ်းနေချိန် သူ့ရဲ့ အသင်းဖော်ဟောင်း ကယ်လ်ဟန်နိုဂလူး ကို လှောင်ပြောင် ပြောဆိုနေခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ကယ်လ်ဟန်နိုဂလူး က ပြန်လည် တုံ့ပြန် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

အီဘရာဟီမိုဗစ် ဟာ ၂၀၁၉ မှာ အယ်လ်အေ ဂလက်ဇီ အသင်းကနေ အေစီမီလန်အသင်းကို ရောက်ရှိလာခဲ့ပြီး အသင်းကို အမှတ်ပေး ချန်ပီယံဖြစ်အောင် ကူညီပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ဆွီဒင်တိုက်စစ်မှူး ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး အသင်းအတွက် စီးရီးအေ ၂၃ ပွဲ ပါဝင်ကစားကာ ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: Goal

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရေကူးရင်း သတိလစ်သွားတဲ့ အယ်လ်ဗာရတ်ဇ်ကို ဆေးကုသနေစဉ် (Reuters)

ရေကူးမယ် ပြိုင်ပွဲမှာ သတိလစ်သွား၊ နည်းပြဖြစ်သူ ကယ်တင်ခဲ့ရ

By CNI
CNI
Category: အားကစား
Hits: 1065

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

အမေရိကန်ရေကူးမယ် အယ်လ်ဗာရတ်ဇ်ဟာ ဗုဒ္ဓဟူးနေ့က ဘူဒါပတ်စ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ သတိလစ် မေ့မြောသွားခဲ့ပြီး ရေနစ်သေဆုံး နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

စပိန်နိုင်ငံသူ နည်းပြ ဖူအန်တက်စ်ဟာ အယ်လ်ဗာရတ်ဇ် ရေထဲနစ်မြုပ်သွားတာကို မြင်တွေ့ပြီးနောက် ရေကူးကန်ထဲကို ခုန်ဆင်းသွားပြီး ကယ်တင်ခဲ့တာကြောင့် ရေကူးမယ် အယ်လ်ဗာရတ်ဇ် အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။

ဖူအန်တက်စ်က “ အယ်လ်ဗာရတ်ဇ်ဟာ ပိုကောင်းလာပြီး သူမ အကောင်းဆုံး ဖြစ်နေပါပြီ။ ရိုးရိုးသားသား ပြောရရင်တော့ ကြောက်ဖို့ ကောင်းပါတယ်။ ဘယ်သူကမှ အသက်ကယ်တာ မတွေ့လို့ ကျမ ရေထဲ ခုန်ချခဲ့ပြန်တာပါ။ အသက်ရှူ မဝလို့ အနည်းငယ် ကြောက်ခဲ့ရပေမယ့် အခု သူမ အဆင်ပြေသွားပါပြီ။ သူမ အနားယူရပါမယ်”လို့ စပိန်သတင်းစာ မာကာကို ပြောခဲ့ပါတယ်။

သတိလစ်သွားတဲ့ အယ်လ်ဗာရတ်ဇ်ကို နည်းပြဖြစ်သူ ဖူအန်တက်စ် ကယ်တင်နေစဉ် (Yahoo Sport)

အယ်လ်ဗာရတ်ဇ်ကို ထမ်းစင်ပေါ် ခေါ်ဆောင်သွားခြင်း မပြုခင် ရေကူးကန်ဘေးမှာ ဆေးကုသပေးခဲ့ရပါတယ်။ ဖူအန်တက်စ် ဟာ ပြီးခဲ့တဲ့နှစ် အိုလံပစ် အရည်အချင်းစစ် ပြိုင်ပွဲမှာလည်း အယ်လ်ဗာရတ်ဇ်ကို ကယ်တင်ခဲ့ရတာကြောင့် ဒီတစ်ကြိမ် ကယ်တင်မှုဟာ ဒုတိယအကြိမ် ဖြစ်ခဲ့ပါတယ်။

U.S Artistic Swimming ရဲ့ ထုတ်ပြန်ချက်မှာတော့ သောကြာနေ့မှာ ယှဉ်ပြိုင်မယ့် အသင်းရဲ့ ပွဲတွေမှာ သူမ ပါဝင်နိုင်ဖို့ ဆုံးဖြတ်ချက် မချခင် ကြာသပတေးနေ့မှာ ဆရာဝန်တွေက အကဲဖြတ်မှာလို့ ဖူအန်တက်စ်က ပြောခဲ့ကြောင်း ဖော်ပြထား ပါတယ်။

ဘူဒါပတ်စ်မှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ အမေရိကန်နိုင်ငံဟာ ရွှေ ၁၁ ခု၊ ငွေ ၆ ခု၊ ကြေး ၉ ခု စုစုပေါင်း ၂၆ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ ဒီပြိုင်ပွဲကို ဇွန်လ ၁၇ ရက်ကနေ ဇူလိုင် ၃ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာရာဒိုနာကို တွေ့ရစဉ် (CNN)

မာရာဒိုနာ သေဆုံးမှုကြောင့် လူ ၈ ဦးကို ရုံးတင်စစ်ဆေးဖို့ စီစဉ်

By CNI
CNI
Category: အားကစား
Hits: 1157

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ဘောလုံးဂန္တဝင် မာရာဒိုနာ သေဆုံးမှုနဲ့ပတ်သက်ပြီး လူ ၈ ဦးကို ရုံးတင်စစ်ဆေးဖို့ စီစဉ်နေကြောင်း၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

မာရာဒိုနာ သေဆုံးခဲ့မှုဟာ သူ့ရဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားပြီး စစ်ဆေးမှုတွေကို ၂၀၂၃ နှောင်းပိုင်းမှာ စတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ AP သတင်းမှာ ဖော်ပြထားတာပါ။

အာဂျင်တီးနား တရားရုံးက ဗုဒ္ဓဟူးနေ့က လူသိရှင်ကြား ထုတ်ပြခဲ့တဲ့ စီရင်ချက်မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၈ ဦးကို ပေါ့ဆစွာ လူသတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်ဆိုပြီး အစိုးရရှေ့နေတွေက တွန်းအားပေးနေတယ်လို့ ဖော်ပြထား တာပါ။

အစိုးရရှေ့နေတွေက မာရာဒိုနာဟာ ခွဲစိတ်မှုကနေ ပြန်လည် ကောင်းမွန်လာချိန် သူ့ကို ပြုစုစောင့်ရှောက်ပေး သူတွေရဲ့ ရလဒ် ကြောင့် အခုလို သေဆုံးခဲ့တာလို့ ပြောထားပါတယ်။

မာရာဒိုနာဟာ သွေးခဲခဲ့မှုအတွက် ဦးနှောက်ခွဲစိတ်မှုကနေ ပြန်လည် ကောင်းမွန်လာခဲ့ပေမယ့် အသက် ၆၀ အရွယ်မှာ သေဆုံး ခဲ့တာပါ။ အာဂျင်တီးနား ဂန္တဝင်ဟာ ကိုကင်းနဲ့ အရက်တွေကို အလွန်အမင်း စွဲလန်းခဲ့တဲ့ အတွက်လည်း ဆယ်စုနှစ်များစွာ တိုင်အောင် ရောဂါခံစားခဲ့ရတာ ဖြစ်ပါတယ်။

မကွယ်လွန်ချိန်က ခွဲစိတ်မှုခံယူခဲ့တဲ့ မာရာဒိုနာ (The Mirror)

မာရာဒိုနာရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၈ ဦးဟာ အခုအချိန်မှာ လူသတ်မှု အမျိုးအစားနဲ့ သံသယရှိတဲ့အတွက် တရားဝင် စုံစမ်းစစ်ဆေးမှု ခံနေရတယ်လို့ သိရပါတယ်။

သူတို့တွေဟာ တစ်စုံတစ်ယောက်ရဲ့ သေဆုံးခြင်းကို ဖြစ်ပေါ်နိုင်စေတယ်ဆိုတာကို သိတဲ့နည်းအတိုင်း ပြုလုပ်ခဲ့ကြတယ်ဆိုပြီး စွပ်စွဲထားပါတယ်။ ပြစ်မှုထင်ရှား စီရင်ခံရမယ်ဆိုရင် သူတို့တွေဟာ အာဂျင်တီးနား ဥပဒေအရ ထောင်ဒဏ် ၈ နှစ်ကနေ ၂၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မာရာဒိုနာဟာ ၂၀၂၀ နိုဝင်ဘာ ၂၅ ရက် ဗျူနိုအေရိစ်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဦးနှောက်ခွဲစိတ် မှု ပြုလုပ်အပြီး ၂ ပတ်အကြာမှာ သေဆုံးခဲ့တာပါ။

မာရာဒိုနာဟာ မသေဆုံးခင် အချိန်မှာ သူနေလို့ မကောင်းဘူးဆိုပြီး နောက်ဆုံးအနေနဲ့ ပြောကာ အိပ်ရာထဲ ဝင်ခဲ့တာ ဖြစ်ပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာ သူ့ကို နေအိမ်မှာ ကုသပေးနေတဲ့ သူနာပြုက လူနာတင်ကား ခေါ်ခဲ့ပေမယ့် အသက်ကို မကယ်တင် နိုင်ခဲ့ဘူးလို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုရဲ့ ဘူဂါဒီကားနဲ့ အတိုက်ခံခဲ့ရတဲ့ အိမ်၏အကာအကွယ်နံရံ ပျက်ဆီးနေပုံ(ဓါတ်ပုံ-Irrish Mirror)

ကားနဲ့အတိုက်ခံရတဲ့ အိမ်ရဲ့ပျက်စီးဆုံးရှုံးမှုကို ပေးမယ်လို့ ရော်နယ်ဒို ကတိပေး

By CNI
CNI
Category: အားကစား
Hits: 1082

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃

ရော်နယ်ဒိုပိုင်ဆိုင်တဲ့ နာမည်ကျော်ကားတစ်စီးဟာ စပိန်နိုင်ငံ မာဂျော်ကာကျွန်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် အဆိုပါထိခိုက်ပျက်စီးမှုတွေအတွက် ကစားသမားက ပေးချေသွားမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ အဆိုပါအဖြစ်အပျက်ဖြစ်ခဲ့တဲ့အချိန်မှာ ပေါင် ၁.၈ သန်းတန်ကြေးရှိတဲ့ ဘူဂါဒီကားကို မောင်းနှင်ခဲ့ခြင်းမရှိဘဲ မိသားစုနဲ့အတူ အနားယူအပန်းဖြေနေခဲ့တာပါ။

ဒါပေမယ့် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပျက်စီး ဆုံးရှုံးမှုတွေအတွက် အဆိုပါအိမ်ပိုင်ရှင်ကိုပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ရော်နယ်ဒိုရဲ့ ကိုယ်ရံတော်လို့ ယူဆရတဲ့ ဝန်ထမ်းဟာ ဇိမ်ခံကားတစ်စီးကို မောင်းနှင်လာခဲ့ရာမှာ အိမ်ကိုအကာအကွယ် ပေးထားတဲ့ ကျောက်ဆောင်နံရံကို ဝင်တိုက်မိခဲ့တာလို့ အတည်ပြုခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ အားလပ်ရက်အတွက် ရော်နယ်ဒိုငှားထားတဲ့ အိမ်ခန်းအနီးမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အိမ်အတိုက်ခံခဲ့ရတဲ့ အိမ်ပိုင်ရှင်ဟာ ရော်နယ်ဒို ငှားထားတဲ့ အိမ်ကိုသွားပြီး လျော်ကြေးသွားတောင်းခဲ့တယ်လို့ မေရာက ဖော်ပြခဲ့တာပါ။

အိမ်ပိုင်ရှင်ဖြစ်သူက “ရော်နယ်ဒိုဆီကို သွားရောက်တဲ့အချိန်မှာ အိမ်တံခါးဖွင့်အောင်တော့ အချိန်ခဏစောင့်ခဲ့ရပြီး အဲဒီမှာ အလွန်ယဉ်ကျေးတဲ့ အမျိုးသားနဲ့ အမျိုးသမီး ထွက်လာခဲ့ပါတယ်။ ရော်နယ်ဒိုကိုယ်စား ဘူဂါဒီကားကြောင့် ဖြစ်ခဲ့တဲ့ ပျက်ဆီးဆုံးရှုံးမှုအားလုံးကို ပေးဆောင်မယ်လို့ ကတိပေးခဲ့ကြောင်း” ပြောခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ အိမ်ပိုင်ရှင်က “ မတော်တဆမှုဖြစ်ခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောတဲ့အချိန်မှာ တံခါးနားမှာ အမြဲတမ်းရှိနေတဲ့ ခွေးလေးများသေဆုံးသွားမလားဆိုပြီး တွေးခဲ့မိတာပါ။အိမ်ထဲကို ဝင်ပြီးကြည့်လိုက်ချိန် တံခါးဝနဲ့ ခပ်ဝေးဝေးတစ်နေရာမှာ ကြောက်ပြီးတုန်နေတာကို တွေ့ခဲ့ရပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

မာဂျော်ကာသတင်းစာမှာ ရော်နယ်ဒိုရဲ့ လုံခြုံရေးဝန်ထမ်းတွေဟာ ရဲတပ်ဖွဲ့ရောက်ရှိလာတာကို စောင့်ဆိုင်း နေချိန်မှာ ကားကိုကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဖော်ပြထားတာပါ။

ရော်နယ်ဒိုရဲ့ ကားဆိုတာကို မှတ်မိတဲ့ဒေသခံတွေ ဓါတ်ပုံမရိုက်နိုင်အောင် အရာအားလုံးကိုလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။မတော်တဆ ဖြစ်ခဲ့တဲ့အချိန်မှာ ကား ကို ဘယ်သူမောင်းနှင်ခဲ့လဲဆိုတာကို ဖော်ပြခဲ့ခြင်းမရှိတာပါ။

ဒီလိုအဖြစ်အပျက်တွေဖြစ်ခဲ့ပေမယ့် ရော်နယ်ဒိုကတော့ မိသားစုနဲ့အတူ အားလပ်ရက်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ မကြာခင်အချိန်မှာ မန်ချက်စတာယူနိုက်တက်နဲ့အတူ ရာသီသစ် အတွက် လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ရတော့မှာလည်းဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘိုင်ယန်စိတ်ဝင်စားကြောင်းသိ၍ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ မာနေးပြော

By CNI
CNI
Category: Watch TV
Hits: 608

Share
Tweet
Share
Share
powered by social2s

လူကာကူကို တစ်ရာသီအငှားခေါ်ယူဖို့ အင်တာမီလန် သဘောတူညီမှုရရှိ

By CNI
CNI
Category: Watch TV
Hits: 635

Share
Tweet
Share
Share
powered by social2s
ဘောလုံးပွဲ ပရိသတ် စုံတွဲ တစ်တွဲ အနမ်းခြွေနေစဉ် (MARCA)

လက်မထပ်ဘဲ လိင်ကိစ္စလုပ်ရင် ထောင်ဒဏ် ၇ နှစ်ကျခံရမည်

By CNI
CNI
Category: အားကစား
Hits: 1476


CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

ကမ္ဘာ့ဖလားကို လာရောက်ကြည့်မယ့် ပရိသတ်တွေအနေနဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်မထပ်ရသေးဘဲ လိင်ကိစ္စ ပြုလုပ်မယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရမယ်လို့ ကာတာ အာဏာပိုင်တွေက သတိပေးထားပါ တယ်။

မူဆလင် အများစု နေထိုင်တဲ့ နိုင်ငံတွေမှာ လက်မထပ်ရသေးဘဲ လိင်ကိစ္စ ပြုလုပ်တာနဲ့ တစ်ညတာ အပျော်ရှာခွင့် one-night stands ကိုလည်း ပိတ်ပင်ထားတဲ့အတွက် ကာတာနိုင်ငံကို လာရောက်ကြမယ့် သူတွေဟာ စည်းကမ်း တင်းကျပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဗြိတိန်ဥပဒေ စိုးမိုးရေး လုပ်သားတွေကတော့ ကာတာနိုင်ငံရဲ့ ဥပဒေနဲ့ ဓလေ့ထုံးထမ်းတွေကို ပရိသတ်တွေရဲ့ သိရှိ နားလည်မှုအပေါ်မှာ စိုးရိမ်နေကြပြီး ဗြိတိန်တွေအနေနဲ့ ဒါကိုပြင်ဆင်ထားကြဖို့ ပြောထားပါတယ်။
ရဲတာဝန်ရှိသူတစ်ဦးက “ အိမ်ထောင်သည် အမျိုးသားနဲ့ အမျိုးသမီးကလွဲပြီး ကာတာနိုင်ငံမှာ လိင်ကိစ္စကို ခွင့်ပြု သွားမှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ တစ်ညတာ အပျော်ရှာတဲ့ အရာတွေလည်း လုပ်လို့မရဘူးဆိုတာ အသေအချာ ပါပဲ။ လူတိုင်းအနေနဲ့ ထောင်ကျ မခံရအောင် သူတို့ဆီက အရာတွေကို သိထားဖို့ လိုပါတယ်။ ပထမဆုံး အကြိမ် ဒီနှစ် ကမ္ဘာ့ဖလားမှာ လိင်ကိစ္စ ပိတ်ပင်မှု ဖြစ်လာမှာပါ။ ပရိသတ်တွေ အနေနဲ့ ဒီအတွက် ပြင်ဆင်ထားဖို့ လိုပါ တယ်”လို့ ဒေးလီးစတားကို ပြောခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ (News 18)

ကာတာနိုင်ငံမှာ လိင်တူခြင်း ဆက်ဆံတာကိုလည်း ပိတ်ပင်ထားတဲ့အတွက် ဒါပိတ်ပင်မှုကို ကျူးလွန်ပါက ထောင် ဒဏ် ကျခံရနိုင်ပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “နေရာအများစုမှာ ပွဲအပြီး ပုံမှန် ပြုလုပ်နေကျဖြစ်တဲ့ အရက်သောက်ပြီး ပါတီပွဲ ကျင်းပ တာကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ဖမ်းဆီးခံရမယ်ဆိုရင် ထောင်ဒဏ်အထိ ကျခံရနိုင်တာ ကြောင့် ဒီပွဲဟာ ပရိသတ်တွေအတွက် အလွန်ဆိုးရွားတဲ့ ပြိုင်ပွဲတစ်ခုလို့ ခံစားမိကြောင်း” ပြောပါတယ်။

ကာတာနိုင်ငံကို ကိုကင်းမှောင်ခို သယ်ဆောင်ခဲ့မယ်ဆိုရင် သေဒဏ် ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မတ်လက ပြောခဲ့ပါတယ်။

ကာတာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက် အထိ မြို့ကြီး ၅ မြို့မှာရှိတဲ့ ကွင်း ၈ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Mirror

 

 

 

Share
Tweet
Share
Share
powered by social2s
မာနေးကို တွေ့ရစဉ်

ဘိုင်ယန်စိတ်ဝင်စားကြောင်းသိ၍ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ မာနေးပြော

By CNI
CNI
Category: အားကစား
Hits: 1380

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

ဘိုင်ယန်မြူးနစ် ကစားသမားသစ် မာနေးက သူ့ကို ဂျာမန်ကလပ်က စိတ်ဝင်စားနေကြောင်း သိတာနဲ့ အလွန်စိတ်လှုပ်ရှားပြီး ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

မာနေးက “ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေပြီလို့ အေးဂျင့်ဖြစ်သူက ပထမဆုံးအကြိမ် ပြောလိုက်ချိန်မှာ ကျနော် အလွန် စိတ်လှုပ်ရှား မိခဲ့ပါတယ်။ ဒါက ကျနော့်အတွက် မှန်ကန်တဲ့ အချိန်မှာ ရောက်လာတဲ့ မှန်ကန်တဲ့ အသင်းဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို မြင်တွေ့လိုက်ရပါတယ်။ ဘိုင်ယန်မြူးနစ်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကလပ်အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး ဆုဖလားတိုင်းအတွက် အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ အသင်းပါ။ ဒါကြောင့်လည်း ဒီကိုလာဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်”လို့ Bild နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ ဘိုင်ယန်မြူးနစ် အသင်းကို ယူရို ၄၁ သန်းနဲ့ လီဗာပူးလ်ကနေ ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပါ တယ်။ ဆီနီဂေါ လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ မာနေးဟာ ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြီးကတည်းက လီဗာပူးလ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။

 ဘိုင်ယန်မြူးနစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်စဉ် မာနေးကိုတွေ့ရ

ဘိုင်ယန်မြူးနစ် အသင်းဟာ မာနေးအတွက် လီဗာပူးလ်အသင်းကို အစောပိုင်း ၂ ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရ ပါတယ်။ ဒီနောက် လီဗာပူးလ်အသင်းနဲ့ တိုက်ရိုက် တွေ့ဆုံပြီး ကမ်းလှမ်းခဲ့တဲ့ အချိန်မှာတော့ အဆင်ပြေသွားခဲ့တာ ဖြစ်ပါ တယ်။

မာနေးကို ခေါ်ယူဖို့ အခြား ကလပ်တွေကလည်း ကမ်းလှမ်းမှု ရှိခဲ့ပေမယ့် ကစားသမားက ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး မေးခဲ့တာမှာ မာနေးက “အခြား အသင်းတွေကလည်း စုံးစမ်းမေးမြန်းခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောခဲ့ပါ တယ်။ ဒါပေမယ့် ဘိုင်ယန်ရဲ့ အစီအစဉ် ကျနော့်ဆီ ရောက်ရှိချိန်မှာ သွားဖို့အတွက် ခံစားချက်တွေ ချက်ချင်း ရခဲ့ပါတယ်။ သူတို့ရဲ့ အစီအစဉ်က အခြားသူတွေထက် ပိုခဲ့တာပါ”လို့ ဖြေခဲ့ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ အချိန်အတွင်း အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်၊ ပရီးမီးယား လိဂ် အပါအဝင် ဆုဖလား ၆ ခု ရယူခဲ့တာမှာ အရေးပါခဲ့တဲ့ သူလည်း ဖြစ်ခဲ့ပါတယ်။

ဆီနီဂေါ ကစားသမား မာနေးဟာဆိုရင် လီဗာပူးလ်အသင်းအတွက် ၂၆၉ ပွဲ ပါဝင်ကစားပြီး ၁၂၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

လူကာကူကို တစ်ရာသီအငှားခေါ်ယူဖို့ အင်တာမီလန် သဘောတူညီမှုရရှိ

By CNI
CNI
Category: အားကစား
Hits: 1326

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂

အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး လူကာကူကို တစ်ရာသီအငှားခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ သဘော တူညီမှုရရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နွေရာသီကမှ အင်တာမီလန်အသင်းကနေ ချယ်လ်ဆီးအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ရောက်ရှိလာတဲ့ လူကာကူဟာ တစ်ရာသီအကြာမှာပဲ စီးရီးအေကလပ်ထံ ပြန်သွားတော့မှာ ပါ။အင်တာမီလန်အသင်းဟာ လူကာကူအတွက် ချယ်လ်ဆီးအသင်းကို အငှားကြေး ယူရို ၈ သန်း ပေးချေရမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဆန်စီရိုကို ပြန်လာနိုင်ဖို့အတွက် လာမယ့်အပတ်မှာ ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မှာပါ။

အပြောင်းအရွှေ့အတွက် စာရွက်စာတမ်းကိစ္စတွေကို လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အငှားသက်တမ်း ကုန်ဆုံး ချိန်မှာ အင်တာမီလန်အသင်းဟာ လူကာကူကို အပြီးသတ်ဝယ်ယူနိုင်ခွင့် မရှိဘူးလို့သိရပါတယ်။

ချယ်လ်ဆီးနဲ့ လူကာကူတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ အထိ ရှိနေတာကြောင့် ကစားသမားဟာ လာမယ့်ရာသီအကုန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ထံ ပြန်လာရမှာဖြစ်ပါတယ်။လူကာကူဟာ ချယ်လ်ဆီးကို ရောက်ကတည်းက အင်တာမီလန်ထံ ပြန်ချင်တဲ့ ဆန္ဒကို ဖုံးကွယ်ထားခြင်းမရှိခဲ့တာပါ။

 လူကာကူဟာ ချယ်လ်ဆီးအသင်းကို ရောက်ပြီးမကြာခင်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်တာမီလန်အသင်းထံ ပြန်သွားချင်ကြောင်း ပြောခဲ့တဲ့အတွက် အသင်းရဲ့ အရေးယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

လူကာကူဟာ ချယ်လ်ဆီးအသင်းထံ ရောက်ရောက်ချင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒဏ်ရာနဲ့ ကိုဗစ်ကူးစက်မှုတွေကြောင့် ရုန်းကန်ခဲ့ရပြီး နောက်ပိုင်း ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရတော့တာပါ။အဲဒါကြောင့်လည်း ကစားသမားဘဝ အောင်မြင်မှုရခဲ့တဲ့ အင်တာမီလန်ထံ ပြန်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ၄၄ ပွဲ ပါဝင်ကစားပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ လူကာကူကို ထွက်ခွာခွင့်ပေးပြီးနောက် မန်စီးတီးအသင်းက စတာလင်နဲ့ ဘာစီလိုနာအသင်းက ဒမ်ဘီလီတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးစားနေတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

အမှုမပြီးပြတ်သေးလို့ ဝေးလ်စ်နည်းပြရာထူးက ရိုင်ယန်ဂစ် နုတ်ထွက်

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s
ဒီဂျောင်နဲ့ အဲရစ်ဆန်ကို တွေ့ရစဉ်

အနည်းဆုံးကစားသမား ၅ ဦးအထိ ခေါ်ယူနိုင်ဖို့ အဲရစ်တန်ဟတ် စီစဉ်ထား

By CNI
CNI
Category: အားကစား
Hits: 1229

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

မန်ချက်စတာယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ် ဟာ အခုနွေရာသီမှာ အနည်းဆုံး ကစားသမား ၅ ဦးအထိ ခေါ်ယူနိုင် ဖို့ စီစဉ်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အဲရစ်တန်ဟတ် ဟာ ခေါ်ယူမယ့် ကစားသမား အများအပြားကို စာရင်းပြုစု ထားပေမယ့် ပြန်လည် တည်ဆောက်ရမယ့် အသင်းကို ကူညီနိုင်ဖို့အတွက် ထိပ်တန်း ပစ်မှတ်တွေကို ဖော်ထုတ်ထားတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြထားတာပါ။

အဲရစ်တန်ဟတ် ခေါ်ယူချင်နေတဲ့ သူတွေကတော့ ဘာစီလိုနာအသင်းက ဒီဂျောင်၊ စပါးကွင်းလယ်လူဟောင်း အဲရစ်ဆန်၊ အေဂျတ်စ် ကစားသမားတွေဖြစ်တဲ့ တင်ဘာ၊ အန်တိုနီ နဲ့ အရန်ဂိုးသမား တစ်ဦး ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ဦးစားပေး ကြိုးစားနေပြီး ကလပ်အသင်းရဲ့ စီအီးအိုက ဒီဂျောင် အသင်းထံ ရောက်လာဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်အတွက် မန်ချက်စတာယူနိုက်တက်ရဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို ပယ်ချထားပေမယ့် မန်ချက်စတာကလပ်ကတော့ ပြောင်းရွှေ့ကြေး ထပ်တိုးပေးပြီး ကမ်းလှမ်းဖို့ ရှိနေတာ ဖြစ်ပါတယ်။

 အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ဘရန်ဖို့ဒ်အသင်းမှာ မယုံနိုင်ဖွယ် ကောင်းမွန်ခဲ့တဲ့ အဲရစ်ဆန်ကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်က ကြိုးစားနေသလို ခေါ်ယူနိုင်မယ်လို့လည်း အသင်းက ယုံကြည်မှု ရှိနေပါတယ်။

ဒတ်ချ်လူမျိုး နည်းပြဟာ ပြီးခဲ့တဲ့ ရာသီက အေဂျတ်စ်မှာ အတူတွဲ အလုပ်လုပ်ပြီး ဆုဖလား အောင်မြင်မှုတွေ ရခဲ့တဲ့ ကစား သမား ၂ ဦးကို အင်္ဂလန်ကလပ်မှာ ထပ်မံ အလုပ်တွဲလုပ်ဖို့ မျှော်လင့်နေတာပါ။ တောင်ပံ ကစားသမား အန်တိုနီကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ ကလပ်အသင်း အကြီးအကဲတွေက အမ်စတာဒမ်အထိ သွားရောက်ပြီး လုပ်ဆောင်နေတယ်လို့လည်း သိရ ပါတယ်။

နောက်ခံလူ တင်ဘာကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဟောင်း ဗန်ဟားလ် က မပြောင်းရွှေ့ဖို့ တားမြစ်ထားပါတယ်။

တင်ဘာ အနေနဲ့ ပထမအသင်းမှာ ပုံမှန်ကစားခွင့်ရမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ခေါ်ဆောင်သွားမယ်လို့ ပြောထားတာကြောင့် ကစားသမားဟာ အေဂျတ်စ်မှာပဲ ဆက်နေဖို့ ရှိနေပါတယ်။ လက်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်း ဂိုးသမားဖြစ်တဲ့ ဒိန်းဟန်ဒါဆန် ဟာ အသင်းက ထွက်ခွာဖွယ်ရှိတာကြောင့် အရန်ဂိုးသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာပါ။

အဲ့ဒါကြောင့် နယူးကာဆယ်အသင်း ဂိုးသမား ကားလ်ဒါလော့နဲ့ ဝက်ဖို့ဒ်အသင်း ဂိုးသမား ဘတ်ချ်မန်းတို့ထဲက တစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပိုလန် လက်ရွေးစင်အသင်း ကစားသမား ရိုင်ဘတ်စ်

ရုရှားကလပ်ကို ပြောင်းလို့ ကမ္ဘာ့ဖလားကစားခွင့် ပိတ်ပင်ခံလိုက်ရတဲ့ ရိုင်ဘတ်စ်

By CNI
CNI
Category: အားကစား
Hits: 905

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁

ပိုလန်အသင်း ညာနောက်ခံလူ ရိုင်ဘတ်စ်ဟာ ရုရှားကလပ် စပါးတပ်မော်စကိုအသင်းကို ပြောင်းခဲ့တာကြောင့် နိုင်ငံအသင်း အတွက် ကမ္ဘာ့ဖလားကစားခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ ရိုင်ဘတ်စ်ဟာ ပိုလန်အတွက် ၆၆ ပွဲ ပါဝင်ကစားထားပေမယ့် ဆောင်းရာသီ ကာတာမှာ ကျင်းပမယ့် ပြိုင်ပွဲမှာတော့ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

ရိုင်ဘတ်စ်ဟာ ရုရှားကလပ် လိုကိုမိုးတစ် မော်စကိုအသင်းမှာ ၅ ရာသီကြာ ပါဝင်ကစားပြီးနောက် အခုနွေရာသီမှာ မြို့ခံပြိုင် ဘက် စပါးတပ်မော်စကိုအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ရုရှားဟာ ပိုလန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ယူကရိန်းကို ကျူး ကျော်ခဲ့တာကြောင့် ကစားသမား အများစုဟာ ရုရှားနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ရိုင်ဘတ်စ်ရဲ့ လက်ရွေးစင်အသင်းဖော် ခရိုင်ချိုဝီယာ့စ်နဲ့ ရှမိုက်စကီးတို့ဟာ ရုရှားကလပ်တွေကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြပါတယ်။

ရုရှားကလပ်မှာ ကစားနေတဲ့ ရိုင်ဘတ်စ်

ဒါပေမယ့် ရိုင်ဘတ်စ်ကတော့ ဇနီးသည်ဟာ ရုရှားလူမျိုး ဖြစ်နေတာကြောင့် ဒီမှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး စပါးတပ်မော်စကို အသင်းနဲ့ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်် ပိုလန်အသင်းက ရိုင်ဘတ်စ်ကို လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။

ပိုလန်ဘောလုံးအဖွဲ့ချုပ်က “ပိုလန်နည်းပြက လက်ရွေးစင်အသင်းနဲ့ စခန်းဝင်ပြီးနောက် ပိုလန်နိုင်ငံမှာပဲ ရှိနေတဲ့ ရိုင်ဘတ်စ်နဲ့ စကားပြောခဲ့ပါတယ်။ လက်ရှိအသင်းရဲ့ အခြေအနေတွေကြောင့် စက်တင်ဘာလမှာ စခန်းသွင်းမယ့် လေ့ကျင့်ရေး အစီအစဉ် နဲ့ ကမ္ဘာ့ဖလားဝင်မယ့် လူစာရင်းမှာ သူ့ကို ရွေးချယ်မှာ မဟုတ်ဘူးလို့ နည်းပြက အသိပေးခဲ့ကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းအပေါ် ကျူးလွန်တဲ့ လုပ်ရပ်တွေကြောင့် ပိုလန်အသင်းဟာ ရုရှားအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ် ကစားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပိုလန်နိုင်ငံအတွင်းမှာ ယူကရိန်းဒုက္ခသည် ၃.၅ သန်းကျော် ရှိတယ်လို့လည်း သိရပါတယ်။ ပိုလန်အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား၊ မက္ကဆီကို၊ ဆော်ဒီအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69
  • 70

Page 66 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar