CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပရိသတ်စံချိန်တင်ကြည့်ခဲ့တဲ့ အမျိုးသမီးယူရိုအဖွင့်ပွဲမှာ အင်္ဂလန်အနိုင်ရ

By CNI
CNI
Category: အားကစား
Hits: 1524

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

အင်္ဂလန်အသင်းဟာ အမျိုးသမီးယူရိုပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် သြစတြီးယားအသင်းနဲ့ ကစားခဲ့ရာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ ပရိသတ်ပေါင်း ၆၈,၈၇၁(ခြောက်သောင်းရှစ်ထောင်ရှစ်ရာခုနှစ်ဆယ့်တစ်) ဦးရေ စံချိန်တင်တက်ရောက်ကြည့်ရှုခဲ့တာပါ။ ဒါဟာ အမျိုးသမီးယူရိုပြိုင်ပွဲသမိုင်းမှာ ပရိသတ်အများဆုံး ကြည့်ရှုတဲ့ ပွဲအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပြီး ဒီပွဲမှာ အင်္ဂလန်အတွက် တစ်လုံးတည်းသောသွင်းဂိုးကို ပွဲချိန် ၁၆ မိနစ်မှာ မိဒ်က သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ အခုနှစ်အမျိုးသမီးယူရိုပြိုင်ပွဲရဲ့ ပထမဆုံးဂိုးဖြစ်ခဲ့ပြီး အင်္ဂလန်အသင်း အဖွင့်ပွဲမှာ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

“နိုင်ပွဲနဲ့စတင်ခဲ့တဲ့ အံသြစရာကောင်းတဲ့ညပါ။အသင်းအတွက် ဂိုးသွင်းပေးနိုင်လို့ အလွန်ပျော်ရွှင်နေပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုအသံကို ကြားရတာကလည်း မယုံနိုင်စရာပါပဲ။နည်းပြရဲ့ပြောစကားကို မကြား နိုင်အောင်အထိ ပရိသတ်တွေရဲ့အားပေးမှုက ကျယ်လွန်းပါတယ်”လို့ အနိုင်ဂိုးရှင် မိဒ်က BBC Sport ကို ပြောခဲ့ပါတယ်။အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ ဝီဂ်မန်းက သူတို့ ဒီထက်ပိုကောင်းအောင်လုပ်နိုင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဝီဂ်မန်းက “ဒီရလဒ်နဲ့ ပတ်သက်ပြီး စိတ်ဆိုးစိတ်ပျက်စရာမရှိပါဘူး။ကျမတို့ ဒီထက်ပိုပြီးကောင်းမွန်အောင် လုပ်နိုင်တယ်လို့ ထင်ပါတယ်။ပထမဂိုးရအပြီးမှာ အခွင့်အရေးတွေအများကြီး ရရှိခဲ့ပါတယ်။ကျမတို့ ဒီထက် ဂိုးပိုသွင်းပြီး လွယ်ကူအောင်လုပ်ထားသင့်ပါတယ်။ပြိုင်ပွဲတစ်ခုရဲ့ပထမဆုံးပွဲဖြစ်တဲ့အတွက် အနိုင်ရဖို့နဲ့ ကောင်းမွန် စွာ စတင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့ပါတယ်။

ဝီဂ်မန်းဟာ အင်္ဂလန်အသင်းမကိုင်တွယ်ခင် နယ်သာလန်အသင်းကို ယူရို ၂၀၁၇ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် ကိုင်တွယ်နိုင်ခဲ့သူပါ။သူမကိုင်တွယ်ပြီးကတည်းက အင်္ဂလန်အသင်းဟာ ရှုံးပွဲမရှိသေးဘဲ ၁၅ ပွဲမှာ ၁၃ ပွဲ အနိုင် ရထားတာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် လာမယ့် တနင်္လာနေ့မှာ နော်ဝေအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အင်္ဂလန်မှာ စတင်ကျင်းပနေတဲ့ အမျိုးသမီးယူရိုပြိုင်ပွဲကို ဇူလိုင်လ ၃၁ ရက်အထိကျင်းပသွားမှာဖြစ်ပြီး အသင်း ပေါင်း ၁၆ သင်းဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားတွင် ထိန်းသိမ်းခံထားရသော ဂရိုင်နာ၏ ဇနီးဖြစ်သူနဲ့ ဘိုင်ဒန်စကားပြောဆို

By CNI
CNI
Category: အားကစား
Hits: 1690

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီ ဂရိုင်နာရဲ့ ဇနီးဖြစ်သူနဲ့ ဗုဒ္ဓဟူးနေ့က စကားပြောဆိုခဲ့တယ်လို့ AFP သတင်းကို ကိုးကားပြီး ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုဒ်သတင်းမှာ ရေးသားထားပါတယ်။

“သမ္မတ ဘိုင်ဒန်၊ဒုသမ္မတ ဟားရစ်တို့ဟာ ရုရှားနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဘရစ်တနီဂရိုင်နာရဲ့ ဇနီးဖြစ်သူ ချီရယ်လ်ဂရိုင်နာနဲ့ စကားပြောခဲ့ပါတယ်။ဘရစ်တနီကို တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင် အောင် ဆောင်ရွက်ပေးနေတယ်လို့ သမ္မတက ချီရယ်လ်ကို အာမခံခဲ့ပါတယ်။WNBA ကြယ်ပွင့်ထံ ပေးပို့တဲ့ စာမူကြမ်းကိုလည်း သူမအားဖတ်စေခဲ့တယ်။”လို့ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အိုလံပစ်နှစ်ကြိမ်ချန်ပီယံ ဂရိုင်နာဟာ ရုရှားနိုင်ငံအတွင်းကို မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းတယ်ဆိုပြီး စွဲချက်တင်ခံထားရတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်အထိကျခံရနိုင်တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဘရစ်တနီဂရိုင်နာဟာ ရုရှားက ယူကရိန်းအပေါ်အပြည့်အ၀ ထိုးစစ်မစတင်ခင် ရက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေက ရုရှားအပေါ်မှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဘတ်စကတ်ဘောကြယ်ပွင့်ရဲ့ အမှုဟာ အမေရိကန်နဲ့ရုရှားကြား ဆက်ဆံရေးမှာ အတားအဆီးများစွာတွေထဲက တစ်ခုအဖြစ် ရှိလာခဲ့တာပါ။ဘရစ်တနီဂရိုင်နာဟာ ရုရှားအကျဉ်းထောင်ကနေ သူ့ကို လွတ်မြောက်အောင် ကူညီပေးဖို့ သမ္မတ ဘိုင်ဒန်ထံ လက်ရေးနဲ့ရေးသားပြီး တောင်းဆိုခဲ့တဲ့စာကို အမေရိကန်လွတ်လပ်ရေးနေ့မှာ အိမ်ဖြူတော်ထံ တင်ပြခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာက “အလုပ်တွေအများကြီးလုပ်ကိုင်နေရတယ်ဆိုတာ နားလည်ပေမယ့် သူနဲ့အတူ အခြား အမေရိကန်အကျဉ်းသားတွေကို မမေ့ပါနဲ့။အားလုံးကို အိမ်ကိုပြန်ခေါ်ဆောင်နိုင်ဖို့ လုပ်ဆောင်ပေးပါ” လို့ ရေးသားခဲ့တာပါ။ဘတ်စကတ်ဘောကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးတင်စစ်ဆေးခံခဲ့ရပြီး ကြာသပတေးနေ့မှာ ကြားနာရဖို့ စီစဉ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဘရစ်တနီဂရိုင်နာဟာ ကစားသမားဘဝမှာ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပြီး အမေရိကန်လက်ရွေးစင်နဲ့အတူ ၂၀၁၆ ရီယိုဒီဂျနေးရိုးအိုလံပစ်နဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ဒါ့အပြင် ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းနဲ့ ချန်ပီယံဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Bangkokpost

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂိုးပေါင်း ၉၀ ကျော် ရလဒ်တွေနဲ့ ပွဲစဉ်များ ဆီရီယာလီယွန်အက်ဖ်အေ စုံစမ်းစစ်ဆေး

By CNI
CNI
Category: Watch TV
Hits: 686

Share
Tweet
Share
Share
powered by social2s

လူမျိုးရေးခွဲခြားခဲ့တဲ့ ဂျာမနီကို လက်စားပြန်ချေခဲ့ကြောင်း ဆွန်ဟောင်မင် ဖွင့်ဟ

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s

၂၀၂၃ ရွေးကောက်ပွဲကို အာဆီယံအထူးကိုယ်စားလှယ်က လက်ခံဟုပြော

By CNI
CNI
Category: Watch TV
Hits: 830

Share
Tweet
Share
Share
powered by social2s

ရုရုားကို နိုင်ငံတကာအားကစားအဖွဲ့ချုပ်များမှ ရပ်ဆိုင်းဖို့ အမေရိကန်နဲ့ မဟာမိတ်တို့ တိုက်တွန်း

By CNI
CNI
Category: အားကစား
Hits: 1371

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၇

ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေရဲ့ အားကစားအဖွဲ့ချုပ်တွေကို နိုင်ငံတကာအားကစားအဖွဲ့ချုပ်များမှ ရပ်ဆိုင်းဖို့ အမေရိကန်နဲ့ မဟာမိတ်အများအပြားက ဇူလိုင်လ ၅ ရက်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ ရုရှားသံရုံးက ဒီလိုလုပ်ဆောင်မှုကို ရူးသွပ်မုန်းတီးသူအဖြစ် ဖော်ပြခဲ့ပြီး အားကစားက နိုင်ငံရေးနဲ့ ကင်းကွာသင့်တယ်လို့ ပြန်လည်ပြောခဲ့တာပါ။

ရုရှားနဲ့ ဘယ်လာရုစ်တို့မှာ ပြိုင်ပွဲတွေကျင်းပပြုလုပ် တာကို ရပ်ဆိုင်းဖို့ အားကစားအဖွဲ့အစည်းတွေကို တိုက်တွန်းတဲ့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ပူးတွဲ ကြေညာချက် ထွက်လာပြီးနောက် နာရီပိုင်းအကြာမှာ ရုရှားက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

လက်မှတ် ရေးထိုးထားတဲ့နိုင်ငံတွေထဲမှာ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်ခဲ့တာပါ။

တရုတ်၊ အိန္ဒိယ၊ လက်တင်အမေရိကနဲ့ အာဖရိကမှာရှိတဲ့နိုင်ငံတွေကတော့ လက်မှတ်မထိုးရသေးတဲ့ နိုင်ငံတွေ ထဲမှာ ပါဝင်ပါတယ်။

ရုရှားနဲ့ ဘယ်လာရုစ်ရှိ အားကစားသမားတွေအနေနဲ့ အားကစားအဖွဲ့အစည်းတွေက ယှဉ်ပြိုင် ခွင့်ပြုရာမှာ ဒီနှစ်နိုင်ငံစလုံးကို ကိုယ်စားပြုခြင်းမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြသင့်တယ်လို့ ပူးတွဲ ထုတ်ပြန်ချက်မှာ ပါရှိပြီး ရုရှားနဲ့ ဘယ်လာရုပ်စ်အလံတွေ၊ သင်္ကေတအမှတ်တံဆိပ်တွေနဲ့ နိုင်ငံတော်သီချင်း အသုံးပြုတာကိုလည်း တရားဝင်တားမြစ်သင့်တယ်လို့ ဒီထုတ်ပြန်ချက်ထဲမှာ ပါရှိတာဖြစ်ပါတယ်။အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်များက ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို နိုင်ငံတကာပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်၊ လျှောက်ထားခွင့်နဲ့ ဆုချီးမြှင့်တာတွေ မပြုလုပ်သင့်ဘူးလို့ ပြီးခဲ့တဲ့မတ်လက ပြောထားခဲ့တာပါ။

ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားကိုယ်စားပြုအားကစားသမားတွေကို အားကစားအဖွဲ့ချုပ်အများ အပြားက ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားလက်ရွေးစင်တွေနဲ့ ကလပ်အသင်း တွေအားလုံးကို သူတို့နဲ့သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုတော့ဘဲ ကျင်းပနေတဲ့ ဝင်ဘယ်လ် ဒန်အိုးပန်းပြိုင်ပွဲမှာလည်း ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အခြားအားကစားနည်းအချို့မှာတော့ ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့ ပေမယ့် ကြားနေအလံအောက်မှာသာ ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ သူပိုင်တဲ့ ဂျက်လေယာဉ်ကို တွေ့ရစဉ် (The Sun)

ကိုယ်ပိုင်ဂျက်လေယာဉ်ကို ရောင်းချဖို့ ရော်နယ်ဒို စီစဉ်

By CNI
CNI
Category: အားကစား
Hits: 1158

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

ရော်နယ်ဒိုက ပေါင်သန်း ၂၀ တန်ကြေးရှိ ကိုယ်ပိုင်ဂျက်လေယာဉ်ကို သူတို့မိသားစုအတွက် သေးလွန်းတာကြောင့် ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ဟာ ၂၀၁၅ က အခု ဂျက်လေယာဉ်ကို ဝယ်ယူခဲ့တာ ပါ။ ရော်နယ်ဒိုဟာ လက်တွဲဖော် ဂျော်ဂျီနာ၊ ကလေးတွေနဲ့အတူ Gulfstream G200 ဂျက်လေယာဉ်နဲ့ အားလပ်ရက်မှာ ဥရောပတစ်ခွင်ကို မကြာခဏ ခရီးထွက်လေ့ရှိပါတယ်။

ပေါ်တူဂီ ကစားသမားဟာ တစ်နာရီ အမြင့်ဆုံးမြန်နှုန်း ၅၆၀ မိုင်နှုန်းရှိတဲ့ Gulfstream G200 နဲ့ နိုင်ငံအတွင်းကို အသွားအပြန် လုပ်ရာမှာလည်း အသုံးပြုလေ့ရှိတာပါ။

ဒီလေယာဉ်ဟာ လူ ၈ ဦးကနေ ၁၀ ဦးအထိသာ လိုက်ပါနိုင်ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ဒီထက်ပိုကြီးမားတဲ့ လေယာဉ်တွေကို ရှာဖွေနေတာပါ။

အခု ပြန်ရောင်းဖို့ ရှိတဲ့ ဂျက်လေယာဉ်ကို ရော်နယ်ဒို အသုံးမပြုတဲ့အချိန်တွေမှာ တစ်နာရီ ပေါင် ၅၀၀၀ ကနေ ပေါင် ၈၅၀၀ နဲ့ မကြာခဏ ငှားရမ်းလာကြသူများ ရှိတဲ့အတွက် ဝယ်ယူမယ့်သူ အများအပြားလည်း ရှိနိုင်ပါတယ်။

 ရော်နယ်ဒိုရဲ့ ဂျက်လေယာဉ် (The Sun)

ဒီလေယာဉ်ဟာဆိုရင် ၂၀၁၁ က ထုတ်လုပ်မှု မပြီးဆုံးသေးခင် အချိန်အထိ အစင်းရေ ၂၅၀ သာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီးတော့ ရှားပါး လေယာဉ်လည်း ဖြစ်ပါတယ်။

ဒီဂျက်လေယာဉ်မှာ Wi-Fi၊ တယ်လီဖုန်း၊ ဖက်စ်၊ လျှပ်စစ်မီးဖို၊ မိုက်ခရိုဝေ့ဖ်၊ ရေခဲသေတ္တာနဲ့ ဖျော်ဖြေရေးစနစ်တွေ ပါဝင်တာ ကြောင့် ဝယ်ယူတဲ့သူဟာ ပြီးပြည့်စုံတဲ့ ဇိမ်ခံလေယာဉ်ကို ရရှိမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားပြီး မိသားစု အကြောင်းပြချက်နဲ့အတူ အသင်း လေ့ကျင့်ခန်း အစီအစဉ်ကို နှစ်ရက်ဆက်တိုက် မပါဝင်ခဲ့ပါဘူး။

ရော်နယ်ဒိုကို ခေါ်ယူဖို့ အသင်းကြီး အများအပြားက စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ ရေပန်း အစား ဆုံး ဖြစ်နေပါတယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလီနဲ့ ရော်နယ်ဒိုရဲ့ အေးဂျင့်တို့ တွေ့ဆုံခဲ့ကြပြီး ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းက ရော်နယ်ဒိုကို ကမ်းလှမ်းမှု ပြုလုပ်ဖို့ စဉ်းစားနေပြီး နည်းပြ တူချယ်လ်က မီးစိမ်းပြပြီဆိုတာနဲ့ တရားဝင် ကမ်းလှမ်း တော့မှာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂိုးပေါင်း ၉၀ ကျော် ရလဒ်တွေနဲ့ ပွဲစဉ်များ ဆီရီယာလီယွန်အက်ဖ်အေ စုံစမ်းစစ်ဆေး

By CNI
CNI
Category: အားကစား
Hits: 1472

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

ဆီရီယာလီယွန်အက်ဖ်အေဟာ စုစုပေါင်း သွင်းဂိုး ၁၈၇ ဂိုးသွင်းယူခဲ့တဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ ပွဲစဉ် နှစ်ပွဲရဲ့ရလဒ်ကို စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

ဒုတိယတန်းပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ကာနီမာအခြေစိုက် ကာဟူအန်လာရိန်းဂျားစ်နဲ့ ဂေါ့ဖ်အက်ဖ်စီတို့ဟာ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ခြေစစ်ပွဲမှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက်တွေကို ကြီးကြီးမားမား အနိုင်ယူခဲ့တာပါ။ ကာကူအန်လာ အသင်းက လမ်ဘီဘူယူနိုက်တက်ကို ၉၅ ဂိုး- ဂိုးမရှိ၊ ဂေါ့ဖ်အသင်းက ကိုကွီမာလက်ဘနွန်အသင်းကို ၉၁ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဆီရီယာလီယွန်ဘောလုံးသမိုင်းရဲ့ အကြီးမားဆုံးနိုင်ပွဲတွေအဖြစ် စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီပွဲနှစ်ပွဲစလုံးရဲ့ ပထမပိုင်းမှာ ၂ ဂိုး- ဂိုးမရှိ၊ ၇ ဂိုး- ၁ ဂိုးဆိုတဲ့ ရလဒ်တွေကနေ ဒုတိယပိုင်းပွဲအပြီးမှာ ၉၅ ဂိုး-ဂိုးမရှိ၊ ၉၁ ဂိုး-၁ ဂိုး ဆိုတဲ့ ရလဒ်တွေကြောင့် လုပ်ပွဲသံသယရှိတဲ့အတွက် ဒီပွဲတွေရဲ့ ရလဒ်တွေကို ပယ်ဖျက်လိုက်တာပါ။

ဆီရီယာလီယွန်အက်ဖ်အေဥက္ကဋ္ဌ ဘရီမာက “ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ချက်ချင်းဆိုသလို စုံစမ်းစစ်ဆေးမှုတွေ စတင်နေကာ ဒီပွဲတွေရဲ့ တာဝန်ရှိသူတွေ အားလုံးကို စာရင်းပြုစုထားပါတယ်။ပြစ်မှုထင်ရှားတဲ့သူတွေအားလုံးကို ဆီရီယာလီယွန်အက်ဖ်အေရဲ့ ဥပဒေတွေနဲ့ အညီအရေးယူသွားမှာပါ။နိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုလည်း လွှဲပေးမယ်”လို့ BBC Sport Africa ကို ပြောခဲ့ပါတယ်။

ကာဟူအန်လာရိန်းဂျားစ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်က အားကစားမဆန်တဲ့ အပြုအမူကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တာပါ။လမ်ဘီဘူအသင်းက အထွေထွေမန်နေဂျာကတော့ လုပ်ပွဲဆိုတာမျိုးကို သတိမထားမိဘူးလို့ ပြောခဲ့ပါတယ်။ကိုကွီမာလက်ဘနွန်အသင်း ဥက္ကဋ္ဌက သူ့အသင်းပါဝင်တဲ့ပွဲဟာ အမှန်တကယ်ခြေစမ်းပွဲလို့ ပြောခဲ့ ပြီး ဂေါ့ဖ်အသင်းကတော့ မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာပါ။

ဆီရီယာလီယွန်အက်ဖ်အေကတော့ ဒီနှစ်ပွဲမှာ ပါဝင်တဲ့ ကလပ်အသင်း ၄ သင်းက ကစားသမားတွေနဲ့ တာဝန်ရှိသူ တွေ၊သတ်မှတ်ထားတဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေအားလုံးနဲ့ အရှေ့ပိုင်းဒေသမှာရှိတဲ့ အဖွဲ့ချုပ်ကို စုံစမ်းစစ်ဆေးမယ်လို့ ပြောခဲ့ပါတယ်။ဒီလိုလုပ်ပွဲကစားတဲ့ ဖြစ်စဉ်တွေအပေါ်မှာ သည်းခံသွားမှာမဟုတ်ဘူးလို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဆွန်ဟောင်မင် ဂျာမနီအသင်းဘက်ကို ၂၀၁၈ က ဂိုးသွင်းနေစဉ် (FIFA)

လူမျိုးရေးခွဲခြားခဲ့တဲ့ ဂျာမနီကို လက်စားပြန်ချေခဲ့ကြောင်း ဆွန်ဟောင်မင် ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1403

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

စပါးအသင်းကြယ်ပွင့် ဆွန်ဟောင်မင်ဟာ ဆယ်ကျော်သက်ဘဝက ဂျာမနီမှာ ကစားခဲ့တဲ့ အချိန်အတွင်း လူမျိုးရေးခွဲခြားမှုနဲ့ ကြုံတွေ့ခဲ့ရပေမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒါကို လက်စားပြန်ချေနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ တနင်္လာနေ့က ဆိုးလ်မှာရှိတဲ့ ပွဲတစ်ခုမှာ ပရိသတ်တွေနဲ့ စကားပြောနေချိန် လူမျိုးရေး ခွဲခြားခံရတဲ့ အတွေ့အကြုံတွေကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်က “ကျနော် ငယ်ရွယ်တဲ့ အချိန်တုန်းက ဂျာမနီကို ပြောင်းခဲ့ပြီး အဲ့ဒီမှာ တကယ်ခက်ခဲခဲ့သလို မထင်မှတ်ထား တဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ကျနော်လူမျိုးရေး ခွဲခြားမှု အများကြီးနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒီလိုခက်ခဲတဲ့ အချိန်တွေကို ဖြတ်ကျော်ရင်းနဲ့ တစ်နေ့မှာ လက်စားပြန်ချေရမယ်ဆိုတဲ့ အတွေးတွေ အများကြီး ရှိခဲ့တယ်”လို့ ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ ၂၀၀၈ မှာ တောင်ကိုရီးယားကနေ ထွက်ခွာခဲ့ပြီး ဂျာမနီကလပ် ဟမ်းဘတ် လူငယ်အသင်းကို ရောက်ရှိခဲ့ပါ တယ်။

ဟမ်းဘတ် လူငယ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အသင်းကြီးထံ ခေါ်ယူခံခဲ့ရပြီး ၂၀၁၀ ကနေ ၂၀၁၃ အထိ ကစားခဲ့ ပါတယ်။ အဲ့ဒီနောက် ဂျာမနီကလပ် လေဗာကူဆင် အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၅ မှာတော့ ကစားသမားဘဝ အတောက်ပ ဆုံး ဖြစ်လာတဲ့ စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဂျာမနီမှာ ကစားခဲ့စဉ် (Bundesliga)

ဂျာမနီကို လက်စားချေချင်တဲ့ ဆွန်ဟောင်မင်ရဲ့ ဆန္ဒတွေဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြည့်ဝခဲ့ပါတယ်။ အဲ့ဒီတုန်းက ကမ္ဘာ့ ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ ဂျာမနီနဲ့ တောင်ကိုရီးယားတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ဆွန်ဟောင်မင်က ဂျာမနီအသင်း ကမ္ဘာ့ဖလားက ထွက်ခွာစေမယ့် အဖိုးတန်သွင်းဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူခဲ့ပါတယ်။

ဂျာမနီအသင်း အုပ်စုက ထွက်ခဲ့ရတာကြောင့် ပရိသတ်တွေဟာ ငိုကြွေးခဲ့ကြပါတယ်။

ဆွန်ဟောင်မင်က “လူတွေ ငိုကြွေးနေတဲ့ အချိန်မှာ သူတို့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးချင်တာပါ။ ဒါပေမယ့် ဂျာမန်လူမျိုးတွေ ငိုကြွေးနေတာကို ကြည့်ရင်း ကျနော်ကြိုက်တဲ့ အရာတစ်ခုကို လုပ်လိုက်ရသလို လက်စားချေနိုင်ခဲ့တယ်လို့ ခံစားရကြောင်း” ပြောပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းလာချိန်မှာလည်း လူမျိုးရေး ခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်ကတော့ ဒါတွေကို မမူဘဲ အကောင်းဆုံး ခြေစွမ်းပြ ဂိုးတွေသွင်းယူပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ် ဂိုးသွင်း ရွှေဖိနပ်ဆုရ ပထမဆုံး အာရှကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအကျဉ်းထောင်မှ လွတ်မြောက်အောင်လုပ်ပေးဖို့ ဘိုင်ဒန်ကို ဂရိုင်နာ တောင်းဆို

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

အသင်းဟောင်း ချောင်ဘူရီထံ တစ်ရာသီစာချုပ်နဲ့ ပြန်ပြောင်းခဲ့တဲ့ ဇော်မင်းထွန်း

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

နည်းပြရာထူးရယူချင်လို့ အဲဗာတန်ကနေ ဒွန်ကန်ဖာဂူဆန် ထွက်ခွာ

By CNI
CNI
Category: အားကစား
Hits: 1499

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အဲဗာတန်အသင်း လက်ထောက်နည်းပြ ဒွန်ကန်ဖာဂူဆန်က နည်းပြလမ်းပတ်ဟာ သူ့ကို အသင်းမှာ ဆက် နေခိုင်းခဲ့ပေမယ့် နည်းပြရာထူးကို ရယူချင်တဲ့အတွက် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒွန်ကန်ဖာဂူဆန်က “ဒါဟာ ကျနော့်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ပါ။ဒီလိုလုပ်ဆောင်ဖို့ ခက်ခဲခဲ့ပေမယ့် ကျနော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှာ နောက်တစ်ဆင့်တက်ဖို့နဲ့ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ လိုအပ်ပါ တယ်။ပြီးခဲ့တဲ့ရာသီက ခက်ခဲခဲ့ပေမယ့် ဒီအသင်းက လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေပါပြီ။လမ်းပတ်ကတော့ ကျနော့်ကို ဒီမှာဆက်နေစေချင်ခဲ့ပါတယ်။လမ်းပတ်က ကြီးကျယ်ခမ်းနားတဲ့သူဖြစ်သလို ကြီးကျယ်ခမ်းနားတဲ့ လူငယ်နည်းပြတစ်ဦးပါ။အဲဗာတန်အတွက် သူကောင်းမွန်စွာလုပ်ဆောင်နိုင်မယ်ဆိုတာ ယုံကြည်တယ်”လို့ ပြောခဲ့ပါတယ်။

ဒွန်ကန်ဖာဂူဆန်ဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ အန်ဆယ်လော့တီ၊ဘင်နီတက်စ်နဲ့ အခုနည်းပြ လမ်းပတ်တို့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။ဒါ့အပြင် အသင်းနည်းပြသစ်မခန့်အပ်ရချိန်မှာ ယာယီနည်းပြ အဖြစ် နှစ်ကြိမ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒွန်ကန်ဖာဂူဆန်ဟာ နည်းပြဘဝ မစတင်ခင် အဲဗာတန်အသင်းနဲ့ အတူ အက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ နာမည်ကျော်တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ခဲ့တာပါ။ဒွန်ကန်ဖာဂူဆန်ဟာ အဲဗာတန်အသင်းမှာ နှစ်ကြိမ်ကစားခဲ့ပြီး ၂၀၀၆ မှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

စကော့တလန်ကစားသမားဟောင်းဟာ အဲဗာတန်အသင်းအတွက် ၂၇၃ ပွဲပါဝင်ကစားခဲ့ပြီး ၇၃ ဂိုး သွင်းယူ နိုင်ခဲ့တာပါ။ဒွန်ကန်ဖာဂူဆန်က “ကျနော် ဒီကို ၁၉၉၄ မှာရောက်လာကတည်းက ပရိသတ်တွေက မယုံနိုင်လောက် အောင်ဖြစ်ခဲ့ပါတယ်။ကျနော်တို့မှာ ခိုင်မာတဲ့ သံယောစဉ်တွေရှိကြပါတယ်။ကျနော်တို့ရဲ့ ဆက်ဆံရေးက ထူးခြား ပြီး ဒါက ကျနော့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ သူတို့သိပါတယ်။ကျနော် သူတို့ကို အမြဲတမ်း ချစ်နေမှာပါ”လို့ ပြောခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရာသီမကုန်ဆုံးခင် တစ်ပွဲအလိုထိ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာ အဆင့် ၁၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

မုဒိမ်းမှုသံသယနဲ့ ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦး ဖမ်းဆီးခံရ

By CNI
CNI
Category: အားကစား
Hits: 1163

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အသက် ၂၉ နှစ်အရွယ်ရှိ ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးဟာ မုဒိမ်းမှုသံသယနဲ့ လန်ဒန်မြောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဥပဒေအကြောင်းအရ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ လက်ရွေးစင်ကစားသမားတစ်ဦးရဲ့အမည်ကို ဖော်ပြလို့မရဘူးလို့ သိရပါတယ်။ပြီးခဲ့တဲ့လက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်မှာ သူ့ကို ရဲစခန်းမှာ စစ်ဆေးမေးမြန်း နေတာပါ။Metropolitan ရဲတပ်ဖွဲ့ က “အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးကို မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း ဇူလိုင်လ ၄ ရက်က ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပါတယ်။ဒီ မုဒိမ်းမှုစွဲချက်ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တာလို့ သတင်းရထားကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို မုဒိမ်းမှုသံသယနဲ့ ဘားနတ်မှာရှိတဲ့လိပ်စာတစ်ခုမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ချုပ်နှောင်ထားတာပါ။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။ တနင်္လာနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားဟာ အသက် ၂၉ နှစ် အရွယ်ရှိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ နောက်ထပ်ထုတ်ပြန်ချက်မှာ အတည်ပြုခဲ့တာပါ။

The Telegraph ကတော့ ကစားသမားရဲ့အသင်းဟာ အခြေအနေကို သိရှိပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ တယ်လို့ ဖော်ပြခဲ့ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ကစားသမားဟာ နိုဝင်ဘာလမှာ စတင်မယ့် ကာတာ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ ရှိနေတယ်လို့ သတင်းတွေက အခိုင်အမာဖော်ပြခဲ့တာပါ။လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ရာသီသစ်မစတင်ခင် ရာသီကြိုခြေစမ်းပွဲခရီးတွေထွက်ဖို့ ပြုလုပ်နေကြပြီး ဒီကစားသမား ပါဝင်နိုင်မလားဆိုတာ မသေချာသေးပါဘူး။

လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ ၅ ရက်မှာ စတင်ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s
ဇော်မင်းထွန်းကို တွေ့ရစဉ် (Chonburi Football Club)

အသင်းဟောင်း ချောင်ဘူရီထံ တစ်ရာသီစာချုပ်နဲ့ ပြန်ပြောင်းခဲ့တဲ့ ဇော်မင်းထွန်း

By CNI
CNI
Category: အားကစား
Hits: 2195

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

မြန်မာ့လက်ရွေးစင် နောက်ခံလူဟောင်း ဇော်မင်းထွန်းကို ထိုင်းလိဂ် ၁ ကလပ် ချောင်ဘူရီအသင်းက တစ်ရာသီ စာချုပ်နဲ့ ပြန်လည် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

ဇော်မင်းထွန်းရဲ့ အပြောင်းအရွှေ့အတွက် အသင်း ၃ သင်းလောက်နဲ့ စကားပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် က ချောင်ဘူရီနဲ့ ပြန်လည် လက်တွဲချင်တာကြောင့် စာချုပ် ချုပ်ဖြစ်ခဲ့တာလို့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။

ဇော်မင်းထွန်းဟာ ထိုင်းလိဂ် အတွေ့အကြုံရှိပြီးသား ကစားသမားဖြစ်တဲ့အတွက် ချောင်ဘူရီအသင်းမှာ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ကြောင်း ထိုင်းကလပ်ရဲ့ နည်းပြဖြစ်သူက ပြောပါတယ်။

ချောင်ဘူရီအသင်းဟာ ဇော်မင်းထွန်းရဲ့ ပထမဆုံး ပြည်ပကလပ်ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်က ထွက်ပြီးနောက် ၂၀၁၉ မှာ ပြောင်းရွှေ့လာခဲ့တာပါ။ ဇော်မင်းထွန်းကတော့ အသင်းဟောင်းနဲ့ ပြန်လည် လက်တွဲခွင့်ရလို့ ပျော်ရွှင်နေပါတယ်။

ချောင်ဘူရီအသင်းနဲ့ တစ်နှစ်စာချုပ်ချုပ်လိုက်တဲ့ ဇော်မင်းထွန်း (Chonburi Football Club)

“စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုတွေ အများကြီးရှိခဲ့ပေမယ့် အိမ်ပြန်ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အိမ်ကို အရမ်းလွမ်းနေလို့ပါ။ အိမ်ပြန်ရောက်တာ အလွန်ဝမ်းသာတယ်”လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ဇော်မင်းထွန်းဟာဆိုရင် ၂၀၁၉ ရာသီတုန်းက ချောင်ဘူရီအသင်းအတွက် ပွဲပေါင်း ၂၀ ပါဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းယူခဲ့ပါတယ်။

၂၀၂၀-၂၁ ရာသီမှာတော့ ဆူခိုထိုင်းအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး မနှစ်က ရာသီမှာတော့ ထရက်အသင်းထံ ပြောင်းခဲ့တာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ရာသီက ထိုင်းလိဂ် ၂ ကလပ် ထရက်အသင်းမှာ ဇော်မင်းထွန်း ကစားခဲ့တာဖြစ်ပြီး အသင်းဟာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် တန်းတက်ခွင့် ပလေးအော့ဖ် ပွဲစဉ်ကစားခဲ့ရပေမယ့်လည်း အရေးနိမ့်ခဲ့လို့ လာမယ့်ရာသီ ထိုင်းလိဂ်မှာ ဆက်ပြီး ကစားရမှာ ဖြစ်ပါတယ်။

ချောင်ဘူရီအသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ် ၁ ပြိုင်ပွဲမှာ အဆင့် ၇ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ဒီထက်ပိုမြင့်မားတဲ့ အဆင့်မှာ ရပ်တည်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအကျဉ်းထောင်မှ လွတ်မြောက်အောင်လုပ်ပေးဖို့ ဘိုင်ဒန်ကို ဂရိုင်နာ တောင်းဆို

By CNI
CNI
Category: အားကစား
Hits: 1197

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅

အမေရိကန်ဘတ်စကတ်ဘော ကြယ်ပွင့် ဘရစ်တနီဂရိုင်နာက ရုရှားအကျဉ်းထောင်ကနေ လွတ်မြောက်အောင် လုပ်ပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တနင်္လာနေ့က လက်ရေးနဲ့ စာရေးသားပြီး တောင်းဆိုလိုက်ပါတယ်။

ဘရစ်တနီဂရိုင်နာက “ရုရှားအကျဉ်းထောင်မှာ ထိုင်နေရင်းနဲ့ ဇနီး၊မိသားစု၊သူငယ်ချင်းတွေ၊အိုလံပစ်ဂျာစီ ဒါမှမဟုတ် ဘယ်လိုအောင်မြင်မှုတွေကို အကာအကွယ်မပါဘဲ ဒီမှာ တစ်ဦးတည်းတွေးနေခဲ့ပါတယ်။ဒီမှာပဲ ထာဝရရှိနေမှာကို ကြောက်မိတယ်”လို့ ရေးသားခဲ့တာပါ။

အိုလံပစ် နှစ်ကြိမ်ချန်ပီယံ ဘရစ်တနီဂရိုင်နာဟာ မူးယစ်ဆေးဝါးမှောင်ခိုမှု စွဲချက်နဲ့ ဖေဖော်ဝါရီလကတည်းက ရုရှားမှာ ထိန်းသိမ်းခံထားရတာပါ။သူမ ဘယ်တော့မှမလွတ်မြောက်နိုင်မှာကို ကြောက်မိတယ်လို့ ဂျိုးဘိုင်ဒန်ကို ပြောခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာဟာ ရုရှားနိုင်ငံအတွင်းကို ဆေးခြောက်ဆီခိုးသွင်းရန် ကြိုးစားမှုနဲ့ သောကြာနေ့က ရုံးတင်စစ်ဆေးခံခဲ့ရတာပါ။သူမဟာ ဒီပြစ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။သူမရဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့် ကြာသပတေးနေ့မှာ ကြားနာဖို့ စီစဉ် ထားတာပါ။

အမေရိကန်အစိုးရတာဝန်ရှိသူတွေကတော့ ဘရစ်တနီဂရိုင်နာကို ရုရှားက မတရားဖမ်းဆီးထားတယ်လို့ ပြောခဲ့ပါ တယ်။ဘရစ်တနီဂရိုင်နာဟာ ရုရှားတပ်တွေက ယူကရိန်းထံ ကျူးကျော်ဖို့ ရက်ပိုင်းအလိုမှာ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတာပါ။

ဂရိုင်နာကတော့ အမေရိကန်သမ္မတအနေနဲ့ ကိုင်တွယ်နေတဲ့ ကိစ္စရပ်အများအပြား ရှိတယ်ဆိုတာ နားလည်ပေမယ့် သူမနဲ့ ရုရှားမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြားအမေရိကန်နိုင်ငံသားတွေကို မမေ့ဖို့ ပြောခဲ့ပါတယ်။

ဘရစ်တနီဂရိုင်နာက “အလုပ်တွေအများကြီးလုပ်ကိုင်နေရတယ်ဆိုတာ နားလည်ပါတယ်။ကျေးဇူးပြုပြီးတော့ သူနဲ့အတူ အခြားအမေရိကန်အကျဉ်းသားတွေကို မမေ့ပါနဲ့။အားလုံးကို အိမ်ပြန်ခေါ်နိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ပေးပါ။၂၀၂၀ မှာ ပထမဆုံးအကြိမ်မဲပေးခဲ့ပြီး သင့်ကို မဲပေးခဲ့တာပါ။ဇနီး၊မိသားစုနဲ့ အသင်းဖော်တွေ အားလုံးကို လွမ်းတယ်။ဒီအချိန်မှာ ဘယ်လိုပဲလုပ်လုပ် အိမ်ပြန်ပို့ပေးမယ်ဆိုရင် ကျေးဇူးတင်ပါတယ်”လို့ ရေးသား ခဲ့တာဖြစ်ပါတယ်။

ဘရစ်တနီဂရိုင်နာ ရေးသားထားတဲ့စာကို အမေရိကန်လွတ်လပ်ရေးနေ့ အားလပ်ရက်မှာ အိမ်ဖြူတော်ထံ တင်ပြ ခဲ့တယ်လို့ သိရပါတယ်။

Source:Bangkokpost

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဲရစ်တန်ဟတ်နဲ့ အရေးတကြီး ဆွေးနွေးမှုတွေ ပြုလုပ်မယ့် ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 749

Share
Tweet
Share
Share
powered by social2s
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66

Page 62 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar