CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဝင်ဘယ်လ်ဒန်အိုးပန်း ပထမအဆင့်က ထွက်ခွာခဲ့ရတဲ့ ဆရီနာဝီလျံ

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

အစိုးရခွင့်ပြုချက်နဲ့ ၂၀၂၃ အာရှဖလားအိမ်ရှင်အဖြစ်လျှောက်မယ့် အင်ဒိုနီးရှား

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s

အင်တာမီလန်ကို ပြန်လာရတာအလွန်ပျော်ရွှင်တယ်လို့ လူကာကူ ပြော

By CNI
CNI
Category: အားကစား
Hits: 1309

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

လူကာကူဟာ အင်တာမီလန်ကို ပြောင်းဖို့အတွက် မီလန်မြို့ကိုအရောက်မှာပဲ အသင်းဟောင်းထံ ပြန်လာရတာ အလွန်ပျော်ရွှင်တယ်လို့ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ပြောလိုက်ပါတယ်။

လူကာကူဟာ အသင်းဟောင်း အင်တာမီလန်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့ တာပါ။ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ မီလန်မြို့ကိုရောက်ရှိလာပြီး သူ့ရဲ့ကားရှိရာနေရာဆီ လမ်းလျှောက်လာ ရင်းနဲ့ သတင်းထောက်တွေရဲ့မေးခွန်းကို အတိုချုံးဖြေသွားခဲ့တာဖြစ်ပါတယ်။လူကာကူဟာ အပြာရောင်နဲ့ အနက်ရောင် အင်တာမီလန်ပဝါကို ကိုင်ဆောင်ပြီး ဓါတ်ပုံအရိုက်ခံခဲ့တာပါ။ပြီးခဲ့တဲ့ တစ်ရာသီလုံး ချယ်လ်ဆီး အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ လူကာကူဟာ အင်တာမီလန်အသင်းထံ ပြန်လာခဲ့ရာမှာ ပြုံးရွှင်နေခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လူကာကူရဲ့လစာကို အပြည့်အဝပေးချေဖို့နဲ့ အငှားကြေး ယူရို ၈ သန်း ချယ်လ်ဆီး အသင်းကို ပေးချေဖို့ သဘောတူညီထားတာပါ။လူကာကူဟာ ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်ရဲ့ အစီအစဉ် မှာ မပါဝင်တော့တာကြောင့် ကစားသမားနဲ့ သူ့ရဲ့ မန်နေဂျာတို့ဟာ လန်ဒန်ကလပ်ကနေ အငှားနဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ချယ်လ်ဆီးပိုင်ရှင်သစ် တောဒ့်ဘိုလီက လူကာကူကို အပြီးသတ် ရောင်းချဖို့ထက် အငှားချဖို့ ခွင့်ပြုခဲ့တာပါ။

အဲဒါကြောင့် ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ လူကာကူကို ချယ်လ်ဆီးအသင်းဟာ တစ်ရာသီအကြာမှာပဲ ထွက်ခွာခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။လူကာကူဟာ ချယ်လ်ဆီးအသင်းကို ရောက်လာကတည်းက နည်းပြတူချယ်လ်ရဲ့နည်းစနစ်နဲ့ အံ့မဝင်တာကြောင့် လန်ဒန် ကလပ်မှာ မပျော်ရွှင်ဘဲ အင်တာမီလန်အသင်းထံ ပြန်လာချင်တဲ့ဆန္ဒကို အင်တာဗျူးမှာ ထုတ်ပြောခဲ့တာပါ။

အခုအချိန်မှာတော့ လူကာကူရဲ့ ဆန္ဒပြည့်ဝသွားခဲ့တာဖြစ်ပေမယ့် အပြီးသတ်ဝယ်ယူခွင့်မပါတာကြောင့် ကစားသမားဟာ ရာသီအကုန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။လူကာကူဟာ အင်တာမီလန် အသင်းမှာ ကစားခဲ့တဲ့ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲမှာ ၆၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့တာပါ။တိုက်စစ်မှူးဟောင်းဟာ အင်တာမီလန်အသင်းကို နှစ်ပေါင်း ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် စီးရီးအေဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းအတွက် ၄၄ ပွဲပါဝင်ကစားခဲ့ပြီး ၁၅ ဂိုးသွင်းယူနိုင်ခဲ့ကာ ဖီဖာကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s
နေမာနဲ့ သီယာဂိုဆေးလ်ဗား တို့ကို တွေ့ရစဉ်(PSG Talk)

နေမာကို ချယ်လ်ဆီးထံ ပြောင်းလာဖို့ သီယာဂိုဆေးလ်ဗား ပြော

By CNI
CNI
Category: အားကစား
Hits: 1813

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

အခု နွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ရှိတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ နေမာကို ချယ်လ်ဆီးအသင်းထံ ပြောင်းလာဖို့ ဘရာဇီးလ် လက်ရွေးစင် အသင်းဖော် သီယာဂိုဆေးလ်ဗားက ပြောလိုက်ပါတယ်။

သီယာဂိုဆေးလ်ဗားက “နေမာ ချယ်လ်ဆီးကို လာရမှာပါ။ တကယ်လို့ သူ ပီအက်စ်ဂျီက ထွက်ခွာခဲ့မယ်ဆိုရင် အဲ့ဒီကို လာရမှာပါ။ ဖြစ်လာခဲ့ရင်တော့ ဒါဟာ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်လာနိုင်ပါတယ်။ နေမာရဲ့ စွမ်းဆောင်ရည်ကို ပြောဖို့တောင် မလိုပါဘူး။ သတင်းချည်းပဲ ဖြစ်မယ့်အစား တကယ်ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျနော်ဘာမှ မသိပါဘူး” လို့ Globo နဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ နေမာအတွက် ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုရရင် ရောင်းချသွားဖို့ စဉ်းစားနေပေမယ် နေမာကတော့ ပီအက်စ်ဂျီအသင်းမှာ သူ့ရဲ့ လုပ်ငန်းစဉ်တွေ မပြီးပြတ် သေးတာကြောင့် ထွက်ခွာဖို့ မစဉ်းစားထား သေးဘူးလို့ သိရပါတယ်။

လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ နေမာကို ခေါ်ယူဖို့ တက်နိုင်တဲ့အသင်း အနည်းငယ်ထဲမှာ ချယ်လ်ဆီး အသင်းလည်း တစ်သင်းအနေနဲ့ ပါဝင်နေတဲ့အတွက်ကြောင့် သီယာဂိုဆေးလ်ဗားက နေမာကို ချယ်လ်ဆီးအသင်းထံ လာဖို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

နေမာနဲ့ သီယာဂိုဆေးလ်ဗား တို့ကို တွေ့ရစဉ် (Sports)

နေမာနဲ့ သီယာဂိုဆေးလ်ဗားတို့ဟာ ပီအက်စ်ဂျီအသင်းမှာလည်း အတူတွဲကစားခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းမှာ လည်း အသင်းဖော်တွေအဖြစ် အခုအချိန်ထိ ရှိနေကြတာပါ။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တဲ့အတွက် နေမာဟာ အသင်းအားပေးသူ ပရိသတ်တွေရဲ့ အပြင်းအထန် ဝေဖန်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်က ထွက်ခဲ့ ရပြီးနောက် မကြာခဏ ဆိုသလို ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

နေမာဟာ ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းကို ဘာစီလိုနာ အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၄ ပွဲ ပါဝင်ကစားထားကာ ဂိုး ၁၀၀ သွင်းယူထားပါတယ်။

ဒီနောက်မှာတော့ နေမာဟာ ပီအက်စ်ဂျီ အသင်းနဲ့အတူ လီဂူးဝမ်းဖလား ၄ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၀ ခု ရယူထား ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ဆရီနာဝီလျံကို အနိုင်ရခဲ့တဲ့ ဟာမိုနီတန် (Reuters)

ဝင်ဘယ်လ်ဒန်အိုးပန်း ပထမအဆင့်က ထွက်ခွာခဲ့ရတဲ့ ဆရီနာဝီလျံ

By CNI
CNI
Category: အားကစား
Hits: 1480

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

နာမည်ကြီး အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ပထမအဆင့်အဖြစ် ပြင်သစ်တင်းနစ် မယ် ဟာမိုနီတန်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့နှစ်က ဒဏ်ရာရရှိခဲ့တဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး စိတ်အားထက်သန်မှု အပြည့်နဲ့ ကစားခဲ့ပေမယ့် ၅-၇၊ ၆-၁၊ ၆-၇ နဲ့ အရေးနိမ့်ခဲ့တာပါ။

ပွဲချိန် ၃ နာရီကျော် ကစားခဲ့ရတဲ့ ဒီပွဲမှာ အသက် ၄၀ အရွယ်ရှိ ဆရီနာဝီလျံဟာ အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာဖြစ်ပါ တယ်။ ဟာမိုနီတန်ကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဒီပွဲဟာ သူမရဲ့ နောက်ဆုံး ဝင်ဘယ်လ်ဒန်ပွဲစဉ်လားလို့ မေးခြင်းခံခဲ့ရပါတယ်။

ဆရီနာဝီလျံက “ဒါက ကျမ မဖြေနိုင်တဲ့ မေးခွန်းပါ။ ကျမ ဒါကို မသိပါဘူး။ ဘယ်သူသိနိုင်မှာလဲ၊ ကျမ ဘယ်အချိန် ပြန်လာနိုင် လဲဆိုတာ ဘယ်သူသိလဲ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဆရီနာဝီလျံဟာ ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာလည်း ပထမအဆင့်မှာပဲ ဒဏ်ရာကြောင့် အရေးနိမ့် သွားခဲ့ ပါတယ်။ အမေရိကန် တင်းနစ်မယ်ဟာ ဒီပြိုင်ပွဲမတိုင်ခင် ကျင်းပခဲ့တဲ့ Eastbourne international နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။

 

ဟာမိုနီတန်ကို ရှုံးနိမ့်သွားတဲ့ အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံ (RTHK)

အဲ့ဒီနောက်မှာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။

ကမ္ဘာ့အဆင့် ၁၁၅ မှာ ရပ်တည်နေတဲ့ ပြင်သစ်တင်းနစ်မယ် ဟာမိုနီတန် ကတော့ သူ့ရဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ဆရီနာဝီလျံကို အနိုင်ရခဲ့လို့ ပျော်ရွှင်ကြောင်း ပြောခဲ့ပါတယ်။

ဟာမိုနီတန် က “ကျမရဲ့ ပထမဆုံး ဝင်ဘယ်လ်ဒန်က အံသြဖို့ ကောင်းပါတယ်။ ကျမ ငယ်ငယ်လေးတုန်းက ဆရီနာကို တီဗီ မှာပဲ မြင်ဖူးတာပါ။ အဲ့ဒါကြောင့် ဒါဟာ အိမ်မက်ဆိုတာ ရှင်တို့သိပါတယ်။ သူမဟာ ဂန္တဝင် ကစားသမားပါ။ သူမနဲ့ ယှဉ်ပြိုင် ရတာကို ကြောက်မိပေမယ့် အနိုင်ရခဲ့လို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောပါတယ်။

ဆရီနာဝီလျံကို အနိုင်ရခဲ့တဲ့ ဟာမိုနီတန်ဟာ ဒုတိယအဆင့် ပွဲစဉ်အဖြစ် စပိန်တင်းနစ်မယ် တိုမိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဆရီနာဝီလျံဟာ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ၇ ကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပြီး ဂရမ်းဆလမ်း ချန်ပီယံဆုကို ၂၃ ကြိမ် ရယူထား သူ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

အစိုးရခွင့်ပြုချက်နဲ့ ၂၀၂၃ အာရှဖလားအိမ်ရှင်အဖြစ်လျှောက်မယ့် အင်ဒိုနီးရှား

By CNI
CNI
Category: အားကစား
Hits: 2077

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉

၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်မယ့် အင်ဒိုနီရှားဘောလုံးအဖွဲ့ချုပ်ရဲ့အဆိုပြုချက်ကို အစိုးရက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့ သတ်မှတ်ခြင်းခံထားရတဲ့ တရုတ်နိုင်ငံဟာ ကိုဗစ်ပျံ့နှံ့မှုတွေကြောင့် အိမ်ရှင် အဖြစ်ကနေ နှုတ်ထွက်သွားခဲ့တာပါ။ “အစိုးရက အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို အာရှဘောလုံးအဖွဲ့ချုပ်ထံ အဆိုပြုချက်တင်သွင်းဖို့ ခွင့်ပြုခဲ့တယ်” လို့ လူငယ်နဲ့အားကစားဝန်ကြီး ဇိုင်နူဒင်အမာလီက အင်္ဂါနေ့မှာ ပြုလုပ် ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဒုတိယ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးတို့ဟာ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ လူငယ်နဲ့ အားကစားဝန်ကြီးက ပြောခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရထားတာဖြစ်ကာ ဒီ ပြိုင်ပွဲအပြီး ကျင်းပမယ့် အာရှဖလားပြိုင်ပွဲကိုပါ အိမ်ရှင်အဖြစ်ပြုလုပ်ချင်နေတာဖြစ်ပါတယ်။၂၀၂၃ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲကို မေလကနေ ဇွန်လအထိ ကျင်းပသွားမှာဖြစ်ပြီး အာရှဖလားပြိုင်ပွဲကတော့ ဇွန်လကနေ ဇူလိုင်လ အထိ ကျင်းပဖို့ သတ်မှတ်ထားတာပါ။

လူငယ်နဲ့ အားကစားဝန်ကြီးက “ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အာရှဖလားကို ဆက်လက်ကျင်းပဖို့ ကျနော်တို့ရဲ့ အခြေခံအဆောက်အဦတွေဟာ အဆင်သင့်ဖြစ်နေဆဲဖြစ်ပြီး လူသားအရင်းအမြစ်တွေကိုလည်း ဆက်လက်အသုံး ချနိုင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။အဲဒါကြောင့် ၂၀၂၃ အာရှဖလားကို အိမ်ရှင်အဖြစ် အကောင်အထည်ဖော်ဖို့ ကျနော်တို့အတွက် ခက်ခဲမှာမဟုတ်ဘူး”လို့ ရှင်းပြခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွင်း ၆ ကွင်းကို အဓိကထားပြင်ဆင်ထားတာပါ။ဒါပေမယ့် လိုအပ်ချက်တွေရှိမယ်ဆိုရင် အစိုးရအနေနဲ့ နောက်ထပ်နေရာတွေ ပံ့ပိုးဖို့အသင့်ရှိနေတယ်လို့ ဝန်ကြီးက ပြောခဲ့ ပါတယ်။၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ အတွက် အင်ဒိုနီးရှားအပြင် တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျနဲ့ကာတာတို့ကလည်း ကြိုးစားနေကြတာပါ။အင်ဒိုနီးရှားဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ တရားဝင်အဆိုပြုထားတယ်လို့ အချက်အလက်အရ သိရပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်က ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပြုလုပ်မယ့် နိုင်ငံတွေအနေနဲ့ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထားပြီး လျှောက်ထားဖို့ ရက်သတ်မှတ်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

Source:En.antaranews.com

 

 

 

Share
Tweet
Share
Share
powered by social2s

စတာလင်ကိုခေါ်ယူဖို့ မန်စီးတီးအသင်းထံ တရားဝင်ဆက်သွယ်ခဲ့တဲ့ ချယ်လ်ဆီး

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

ရာသီသစ်အတွက် လေ့ကျင့်မှုတွေ စတင်နေတဲ့ ယူနိုက်တက်

By CNI
CNI
Category: Watch TV
Hits: 789

Share
Tweet
Share
Share
powered by social2s

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းအား ခန့်အပ်

By CNI
CNI
Category: အားကစား
Hits: 1636

CNI Sport News

၂၀၂၂ ခုနှစ်၊ဇွန်လ ၂၈

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ဦးတင်မြင့်အောင်ရဲ့ နေရာ မှာ လက်ရွေးစင်ဟောင်း ဒေါ်သက်သက်ဝင်းကို နည်းပြချုပ်အဖြစ်ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဒေါ်သက်သက်ဝင်းဟာ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းရဲ့နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ရတော့မှာပါ။ဒေါ်သက်သက်ဝင်းဟာ ဇွန်လ ၉ ရက် က စတင်ပြီး မြန်မာ့လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတာဖြစ်ပြီး ပဏာမကစားသမား ၃၅ ဦးနဲ့လေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲရဲ့အုပ်စု B မှာ ဗီယက်နမ်၊လာအို၊ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။

ဒီပြိုင်ပွဲကို ဇူလိုင်လ ၂ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းဟာ ၂၀၁၉ က နောက်ဆုံးကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ဖိလစ်ပိုင်အသင်းကို အနိုင်ရပြီး တတိယရရှိခဲ့တာပါ။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်တွေ တုန်းက ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးအာရှဖလားနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ တွေမှာ ရလဒ်တွေမကောင်းတာကြောင့် နည်းပြအပြောင်းအလဲပြုလုပ်ခဲ့ရတာပါ။အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ကြေးတံဆိပ်တောင်မရခဲ့ဘဲ ပြန်လာခဲ့ရတာ ဖြစ်ပါ တယ်။ဒေါ်သက်သက်ဝင်းဟာ အရင်ကလည်း လက်ရွေးစင်အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူ ခဲ့ပါသေးတယ်။

ဒေါ်သက်သက်ဝင်းဟာ ၂၀၁၆ က အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင်အမျိုးသမီးအသင်းကို ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပါတယ်။၂၀၁၈-၁၉ မှာ အသက် ၁၉ နှစ်အောက် အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့ပြီး အသက် ၁၉ နှစ်အောက် အာရှအမျိုးသမီးပြိုင်ပွဲ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ဒါ့အပြင် ဒေါ်သက်သက်ဝင်းဟာ လက်ရွေးစင်အမျိုးသမီးနည်းပြဟောင်းတွေဖြစ်တဲ့ ဂျပန်နည်းပြ ကုမာဒါနဲ့ နယ်သာလန် နည်းပြ ရော်ဂျာတို့လက်ထက်မှာလည်း လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားနိုင်ငံသားတွေမပါတဲ့ ဝင်ဘယ်လ်ဒန်ဟာ ထူးဆန်းတယ်လို့ ဂရိုင်ဂျီယို့စ် ပြော

By CNI
CNI
Category: အားကစား
Hits: 1502

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

သြစတြေးလျကစားသမား ဂရိုင်ဂျီယို့စ်က ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ရုရှားကစားသမားတွေ မပါဝင်ခြင်းနှင့် ရှိမနေခြင်းတို့အပေါ် ထူးဆန်းပြီး စိတ်ပျက်မိတယ်လို့ ပြောလိုက်ပါတယ်။

“ရိုးရိုးသားသားနဲ့ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ရုရုားကစားသမားတွေကို ပိတ်ပင်တာက ကောင်းတဲ့အကြံ မဟုတ်ဘူးလို့ ထင်ပါတယ်။မက်ဗီဒက်ဗ်ဆိုရင် လက်ရှိ ကျနော်တို့ရဲ့အားကစားမှာ အကောင်းဆုံးပါ။ ရုရှား ကစား သမားအချို့ကိုလည်း ခင်ဗျားတို့ကြည့်လိုက်ပါ။သူတို့ဟာ ကျနော်တို့ရဲ့ အားကစားကိုဆက်ပြီး တိုးတက်ကြီးပွား စေဖို့အတွက် အရေးကြီးတဲ့ လူငယ်ကစားသမားတွေဖြစ်ပါတယ်။ကျနော်က ပြိုင်ဘက်ကောင်းတွေနဲ့ ယှဉ်ပြိုင်ချင် တဲ့အတွက် သူတို့ဒီမှာမရှိလို့ စိတ်ပျက်မိပါတယ်။မက်ဗီဒက်ဗ်ကို ဒီမှာ မတွေ့ရတာ ကျနော့်အတွက် ထူးဆန်းပါ တယ်” လို့ မီဒီယာတွေနဲ့တွေ့ဆုံချိန် ပြောခဲ့တာပါ။

ဝင်ဘယ်ဒန်အိုးပန်းပြိုင်ပွဲ ပွဲစီစဉ်သူတွေဟာ ယူကရိန်းကို ရုရှားကျူးကျော်တဲ့လုပ်ရပ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေကို ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကို ကစားသမား အများအပြားက လည်း ဆန့်ကျင်ခဲ့ကြပေမယ့် ဝင်ဘယ်လ်ဒန်ကတော့ သူတို့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ဒီတိုင်းဆက်သွားခဲ့တာ ပါ။အဲဒါကြောင့်လည်း ATP နဲ့ WTA တို့က ဒီပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်ရမှတ်တွေကို ဖယ်ရှားဖို့ ပြန်လည် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ ဘယ်လာရုစ်ကစားသမားတွေကို ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲယှဉ်ပြိုင်ခွင့်ပိတ်ပင်ခဲ့ပေမယ့် ပြင်သစ်၊ အမေရိကန်အိုးပန်းနဲ့ အခြားပြိုင်ပွဲတွေကတော့ ကြားနေနိုင်ငံတွေအဖြစ် ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားခဲ့တာပါ။အခုနှစ်ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲကို ဇွန်လ ၂၇ ရက်က စတင်ကျင်းပနေခဲ့ပြီး ပထမအဆင့် ပွဲစဉ်အများအပြား ယှဉ်ပြိုင်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဂျိုကိုဗစ်နဲ့အန်ဒီမာရေး တို့လည်း နိုင်ပွဲတွေရယူနိုင်ခဲ့တာပါ။

ဂရိုင်ဂျီယို့စ်ဟာ ဒီပြိုင်ပွဲရဲ့ ပထမအဆင့်မှာ ဗြိတိန်နိုင်ငံသား ပေါလ်ဂျက်ဘ်နဲ့ ယှဉ်ပြိုင်ရမှာပါ။အသက် ၂၇ နှစ် အရွယ်ရှိ ဂရိုင်ဂျီယို့စ်ဟာ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ အအောင်မြင်ဆုံးအဖြစ် ၂၀၁၄ က ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Source:RT

 

 

 

Share
Tweet
Share
Share
powered by social2s
လေ့ကျင့်ရေး လုပ်နေကြတဲ့ မန်ယူအသင်းသားများ (Manchester United-19)

ရာသီသစ်အတွက် လေ့ကျင့်မှုတွေ စတင်နေတဲ့ ယူနိုက်တက်

By CNI
CNI
Category: အားကစား
Hits: 1622

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့် ရာသီသစ်အတွက် ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။

နည်းပြသစ် အဲရစ်တန်ဟတ်နဲ့အတူ နိုင်ငံတကာပွဲတွေ မကစားခဲ့ရတဲ့ ကစားသမားတွေဟာ အားလပ်ရက်အပြီးမှာ လာရောက် ပူးပေါင်းခဲ့ကြတာပါ။

ဒီဂီယာ၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်၊ ဖီးလ်ဂျုံးစ်၊ ဝမ်ဘစ်စကာ၊ လုပ်ခ်ရှော တို့နဲ့ အငှားသွားရောက် ကစားခဲ့ကြတဲ့ မာရှယ်၊ ဗန်ဒီဘိခ်၊ ဘရန်ဒန်ဝီလျံ၊ အာမတ်နဲ့ တွမ်ဇီဘီတို့လည်း လေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။

ဒါ့အပြင် လူငယ်ကစားသမားတွေ ဖြစ်တဲ့ အီသန်လာ့တ်၊ ရှိုလာတိုင်ရာ၊ ဂါနာချိုနဲ့ အယ်လ်ဗာရို ဖာနန်ဒတ်စ်တို့လည်း အသင်းကြီးနဲ့အတူ ပူးပေါင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရာသီက လူငယ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဂါနာချိုကတော့ အာဂျင်တီးနား ယူ-၂၀ နဲ့ ကစားထားလို့ အားလပ်ရက် ၃ ပတ်ရဖို့ ကျန်သေးပေမယ့် သူ့ရဲ့ ခြေစွမ်းတွေကို နည်းပြသစ်ကို ပြသဖို့ စောစီးစွာ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

လေ့ကျင့်ရေး လုပ်နေကြတဲ့ မန်ယူအသင်းသားများ (Manchester United)

ကစားသမားတွေဟာ အစုအဖွဲ့လိုက် လေ့ကျင့်မှု မပြုလုပ်ခင် အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ တစ်ဦးချင်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေကို ဇူလိုင် ၁၂ ရက်မှာ စတင် ယှဉ်ပြိုင် တော့မှာ ဖြစ်ပါတယ်။

ဒီပွဲကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက်ကြီး လီဗာပူးလ်အသင်းနဲ့ ဘန်ကောက်မှာ ကစားကြမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ သြစတြေးလျမှာ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေစ့်၊ အက်စတွန်ဗီလာ၊ အော်စလိုမှာ အသလက်တီကို မက်ဒရစ်တို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ရာသီကြို နောက်ဆုံး ခြေစမ်းပွဲအဖြစ် ဇူလိုင် ၃၁ ရက် အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်မှာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ခြေစမ်းပွဲမတိုင်ခင် ဘာစီလိုနာအသင်း ကွင်းလယ်လူ ဒီဂျောင်၊ အေဂျတ်စ် တောင်ပံကစားသမား အန်တိုနီနဲ့ ဘရန်ဖို့ဒ်အသင်း ကွင်းလယ်လူဟောင်း အဲရစ်ဆန်တို့ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင် နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာဆိုရင် လာမယ့်ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၇ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဒီဂျောင်အတွက် မက်ဂွဲယားကို မပေးဘူးလို့ ဘာစီလိုနာကို ယူနိုက်တက်ပြော

By CNI
CNI
Category: Watch TV
Hits: 764

Share
Tweet
Share
Share
powered by social2s

ထိုင်းလက်ဝှေ့မယ်ကို Thai Fight မှာ အလဲထိုးခဲ့တဲ့ ဘရော်နီကာ

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

မဟာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ရှမ်းယူနိုက်တက်

By CNI
CNI
Category: အားကစား
Hits: 1502

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁ ရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ မဟာ ယူနိုက်တက်နဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒီပွဲမှာတော့ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး - ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာပါ။ ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ပွဲက အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။ အပြန် အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပြီး ပထမပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။ ရှမ်းယူနိုက်တက်အတွက် ဂိုးတွေကို မာခ့်ဆာကီးနဲ့ စအောင်ပြည့်ကို တို့က သွင်းယူခဲ့ပြီး မဟာ ယူနိုက်တက်အတွက် ဂိုးကို သူရမင်းနိုင်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်ထက် ပိုပြီးဖိအားပေးခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ကစားအားလည်းတော်တော်လေး ကွာသွားခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ရှမ်းယူနိုက်တက်အသင်း ဟာ ဂိုးသွင်းနိုင်ခွင့် အခွင့်အရေးအများအပြားလည်း ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့တာကြောင့် ဂိုးသွင်း ခွင့်အများအပြားဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့် ရှမ်းယူနိုက်တက်အသင်း နောက်ထပ် ၃ ဂိုး ထပ်သွင်းနိုင်ခဲ့တာပါ။

ဒီဂိုးတွေကို ရဲမင်းသူ၊ တည်ငြိမ်မင်းနဲ့ မာခ့်ဆာကီးတို့က သွင်းယူခဲ့တာပါ။အဲဒါကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက် အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်မှာတော့ နောက်ထပ် ပွဲစဉ်တစ်ပွဲအဖြစ် ISPE FC နဲ့ ရခိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
ပီတာချက်ကိုတွေ့ရစဉ် (Goal)

ပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့ ဆွေးနွေးပြီးနောက် ပီတာချက် ချယ်လ်ဆီးမှ ထွက်ခွာ

By CNI
CNI
Category: အားကစား
Hits: 1555

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

ချယ်လ်ဆီးအသင်းကို ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လွှဲပြောင်းယူပြီးနောက် နည်းစနစ် ဒါရိုက်တာနဲ့ စွမ်းဆောင်ရည် ပိုင်းဆိုင်ရာ အကြံပေးဖြစ်တဲ့ ပီတာချက် ဟာ အသင်းက ထွက်ခွာတဲ့ နောက်ဆုံးဝန်ထမ်း အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

ပီတာချက် ဟာ ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာကြာ ကစားသမားအဖြစ် ဖြတ်သန်းခဲ့ပြီး အနားယူပြီးနောက်မှာ အသင်းထံ ပြန်လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် အေဘရာမိုဗစ်ချ် ဆီကနေ တော့ဒ်ဘိုလီ အပြီးသတ် လွှဲပြောင်းယူပြီးနောက်မှာတော့ ပီတာချက် အသင်းက ထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ဂိုးသမားဟောင်းဟာ ဇွန်လ ၃၀ ရက်မှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းကလည်း အတည်ပြုထားပါတယ်။

တော့ဒ်ဘိုလီကိုတွေ့ရစဉ်(Football London)

ပီတာချက်က “ချယ်လ်ဆီးမှာ ဒီအခန်းကဏ္ဍကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထမ်းဆောင်ခွင့် ရခဲ့တာက ကြီးမားတဲ့ အခွင့်ထူး ပါပဲ။ ပိုင်ရှင်အသစ် ရောက်လာတာနဲ့အတူ အခုအချိန်ဟာ အသင်းက ထွက်ခွာဖို့ မှန်ကန်တဲ့ အချိန်လို့ ကျနော် ခံစားခဲ့ရပါ တယ်။ ကလပ်က ပိုင်ရှင်အသစ်နဲ့အတူ ကောင်းမွန်တဲ့ အအနေအထားမှာ ရှိတဲ့အတွက် ကျေနပ်မိပါတယ်။ ကွင်းအတွင်းမှာ ရော ကွင်းပြင်ပမှာပါ အောင်မြင်မှု ရမယ်ဆိုတာ ကျနော်ယုံကြည်ကြောင်း” ကလပ်ရဲ့ မီဒီယာကို ပြောခဲ့ပါတယ်။

ပိုင်ရှင်အသစ်ဖြစ်သူ တော့ဒ်ဘိုလီက ပီတာချက် ကို ဘုတ်အဖွဲ့မှာ ဆက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဟောင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ က “ ပီတာက ချယ်လ်ဆီး မိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်ပါ။ ထွက်ခွာချင်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ နားလည်ပြီး အကြံပေးအဖြစ် အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေ အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်။ ကျနော်တို့ဘက်က သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးကြောင်း” ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီ လွှဲပြောင်းရယူပြီးနောက် အသင်းဥက္ကဋ္ဌ ဘရုစ်ဘတ် လည်း ထွက်ခွာခဲ့သလို မကြာသေး ခင်က အပြောင်းအရွှေ့ အများအပြားရဲ့ နောက်ကွယ်မှာရှိခဲ့တဲ့ မာရီနာ လည်း ထွက်ခွာခဲ့ပါတယ်။

Source: Mirror

 

 

Share
Tweet
Share
Share
powered by social2s
ဘလတ္တာနဲ့ အင်ဖန်တီနို ကိုတွေ့ရစဉ်

အင်ဖန်တီနိုက သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဘလတ္တာပြော

By CNI
CNI
Category: အားကစား
Hits: 1344

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာက လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဘလတ္တာက “ ကျနော်ဒီကို ရောက်တဲ့အချိန်မှာ ဘာမှမရှိခဲ့ပါဘူး။ ကျနော်ထွက်ခွာသွားတဲ့ အချိန်မှာတော့ စီးပွားရေးအရ၊ လှုမှုရေးအရ၊ ယဉ်ကျေးမှု အရရော နိုင်ငံရေးအရပါ ခိုင်မာတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် အင်ဖန်တီနိုက ကျနော့်ကို အလိုမရှိပါဘူး။ သူက ကျနော့်ကို အမှု အတုအယောင်ကိုတောင် ဖန်တီးဖို့ ကြိုးစားခဲ့ တာပါ။ သူက ကျနော့်ကို ဖြိုခွဲချင်နေတာပါ။ ကျနော်လုပ်ခဲ့သမျှ အရာအားလုံးထက် သူလုပ်တာက ပိုကောင်းတယ်လို့ ထင်နေ လို့ပါ။ ရာဇဝတ်မှု ဗီဇရှိတဲ့ သူလို့ရော သူခိုးလို့ရော စွပ်စွဲခံခဲ့ရပါတယ်။ ဒါဟာ လုံးဝ အဓိပ္ပါယ်မဲ့ပါတယ်” လို့ RTS နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဘလတ္တာဟာ လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီနဲ့အတူ လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု၊ အကျင့် ပျက် ခြစားမှု စွဲချက်တွေနဲ့ တရားရင်ဆိုင် နေရပါတယ်။ အစိုးရရှေ့နေတွေက သူတို့ နှစ်ဦးကို ထောင်ဒဏ် လ ၂၀ ချမှတ်ဖို့ တောင်းဆိုထားပြီး ဇူလိုင်လအစပိုင်းမှာ စီရင်ချက်ချမယ်လို့ ခန့်မှန်းထားပါတယ်။

ဘလတ္တာနဲ့ ပလာတီနီ ကိုတွေ့ရစဉ်

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီ ကတော့ စွဲချက်တွေ အားလုံးကို ဖီဆန်ခဲ့ပြီး နောက်ဆုံးအကြိမ် အထိ တိုက်ပွဲ ဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပလာတီနီက “မတရားမှုတွေကို အကာအကွယ် ခံနေရပါတယ်။ ဘောလုံးပွဲတွေ ကစားတဲ့အချိန် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် ကြောင့် အရေးနိမ့်ခဲ့ရတဲ့ ပွဲတွေမှာ ကျနော်တို့ အနည်းငယ် အကာအကွယ်တွေ ခံရပါတယ်။ ဒါပေမယ့် မတရားမှုတွေက ခင်ဗျား ချစ်ရတဲ့သူတွေ၊ ခင်ဗျားရဲ့ မိသားစု၊ ခင်ဗျားရဲ့ ကလေးတွေနဲ့ ခင်ဗျားရဲ့ မြေးတွေကို နာကျင်စေရပါတယ်။ ဘာကြောင့် လဲဆိုရင် သူတို့က ဒီလိုတွေခံရဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အရှုံးပေးမှာ မဟုတ်ဘဲ သွားနေမှာ”လို့ RTS ကို ပြောခဲ့ပါတယ်။

ဘလတ္တာ ဟာ ဖီဖာဥက္ကဋ္ဌရာထူးကို ၁၉၉၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့သလို ပလာတီနီကတော့ ယူအီးအက်ဖ် အေ ဥက္ကဋ္ဌရာထူးကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့ ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69

Page 65 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar