CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

မဟာယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ရှမ်းယူနိုက်တက်

By CNI
CNI
Category: အားကစား
Hits: 1271

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁ ရဲ့ တတိယမြောက်ပွဲစဉ်အဖြစ် ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ မဟာ ယူနိုက်တက်နဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ဒီပွဲမှာတော့ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး - ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာပါ။ ပထမပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ပွဲက အကြိတ်အနယ်ရှိခဲ့တာဖြစ်ပါတယ်။ အပြန် အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ခဲ့ရပြီး ပထမပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။ ရှမ်းယူနိုက်တက်အတွက် ဂိုးတွေကို မာခ့်ဆာကီးနဲ့ စအောင်ပြည့်ကို တို့က သွင်းယူခဲ့ပြီး မဟာ ယူနိုက်တက်အတွက် ဂိုးကို သူရမင်းနိုင်က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရှမ်းယူနိုက်တက်အသင်းက မဟာယူနိုက်တက်ထက် ပိုပြီးဖိအားပေးခြိမ်းခြောက်နိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ကစားအားလည်းတော်တော်လေး ကွာသွားခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ရှမ်းယူနိုက်တက်အသင်း ဟာ ဂိုးသွင်းနိုင်ခွင့် အခွင့်အရေးအများအပြားလည်း ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းခဲ့တာကြောင့် ဂိုးသွင်း ခွင့်အများအပြားဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့် ရှမ်းယူနိုက်တက်အသင်း နောက်ထပ် ၃ ဂိုး ထပ်သွင်းနိုင်ခဲ့တာပါ။

ဒီဂိုးတွေကို ရဲမင်းသူ၊ တည်ငြိမ်မင်းနဲ့ မာခ့်ဆာကီးတို့က သွင်းယူခဲ့တာပါ။အဲဒါကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက် အသင်းက မဟာယူနိုက်တက်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက်မှာတော့ နောက်ထပ် ပွဲစဉ်တစ်ပွဲအဖြစ် ISPE FC နဲ့ ရခိုင်ယူနိုက်တက်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါ တယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
ပီတာချက်ကိုတွေ့ရစဉ် (Goal)

ပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့ ဆွေးနွေးပြီးနောက် ပီတာချက် ချယ်လ်ဆီးမှ ထွက်ခွာ

By CNI
CNI
Category: အားကစား
Hits: 1327

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

ချယ်လ်ဆီးအသင်းကို ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လွှဲပြောင်းယူပြီးနောက် နည်းစနစ် ဒါရိုက်တာနဲ့ စွမ်းဆောင်ရည် ပိုင်းဆိုင်ရာ အကြံပေးဖြစ်တဲ့ ပီတာချက် ဟာ အသင်းက ထွက်ခွာတဲ့ နောက်ဆုံးဝန်ထမ်း အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

ပီတာချက် ဟာ ချယ်လ်ဆီးအသင်းမှာ နှစ်ပေါင်းများစွာကြာ ကစားသမားအဖြစ် ဖြတ်သန်းခဲ့ပြီး အနားယူပြီးနောက်မှာ အသင်းထံ ပြန်လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် အေဘရာမိုဗစ်ချ် ဆီကနေ တော့ဒ်ဘိုလီ အပြီးသတ် လွှဲပြောင်းယူပြီးနောက်မှာတော့ ပီတာချက် အသင်းက ထွက်ခွာဖို့ ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ဂိုးသမားဟောင်းဟာ ဇွန်လ ၃၀ ရက်မှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းကလည်း အတည်ပြုထားပါတယ်။

တော့ဒ်ဘိုလီကိုတွေ့ရစဉ်(Football London)

ပီတာချက်က “ချယ်လ်ဆီးမှာ ဒီအခန်းကဏ္ဍကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထမ်းဆောင်ခွင့် ရခဲ့တာက ကြီးမားတဲ့ အခွင့်ထူး ပါပဲ။ ပိုင်ရှင်အသစ် ရောက်လာတာနဲ့အတူ အခုအချိန်ဟာ အသင်းက ထွက်ခွာဖို့ မှန်ကန်တဲ့ အချိန်လို့ ကျနော် ခံစားခဲ့ရပါ တယ်။ ကလပ်က ပိုင်ရှင်အသစ်နဲ့အတူ ကောင်းမွန်တဲ့ အအနေအထားမှာ ရှိတဲ့အတွက် ကျေနပ်မိပါတယ်။ ကွင်းအတွင်းမှာ ရော ကွင်းပြင်ပမှာပါ အောင်မြင်မှု ရမယ်ဆိုတာ ကျနော်ယုံကြည်ကြောင်း” ကလပ်ရဲ့ မီဒီယာကို ပြောခဲ့ပါတယ်။

ပိုင်ရှင်အသစ်ဖြစ်သူ တော့ဒ်ဘိုလီက ပီတာချက် ကို ဘုတ်အဖွဲ့မှာ ဆက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဟောင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ က “ ပီတာက ချယ်လ်ဆီး မိသားစုရဲ့ အရေးပါတဲ့ အဖွဲ့ဝင်ပါ။ ထွက်ခွာချင်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ နားလည်ပြီး အကြံပေးအဖြစ် အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တဲ့ အရာတွေ အားလုံးအတွက် ကျေးဇူးတင်ရှိပါတယ်။ ကျနော်တို့ဘက်က သူ့ကို အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းပေးကြောင်း” ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို တော့ဒ်ဘိုလီ လွှဲပြောင်းရယူပြီးနောက် အသင်းဥက္ကဋ္ဌ ဘရုစ်ဘတ် လည်း ထွက်ခွာခဲ့သလို မကြာသေး ခင်က အပြောင်းအရွှေ့ အများအပြားရဲ့ နောက်ကွယ်မှာရှိခဲ့တဲ့ မာရီနာ လည်း ထွက်ခွာခဲ့ပါတယ်။

Source: Mirror

 

 

Share
Tweet
Share
Share
powered by social2s
ဘလတ္တာနဲ့ အင်ဖန်တီနို ကိုတွေ့ရစဉ်

အင်ဖန်တီနိုက သူ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဘလတ္တာပြော

By CNI
CNI
Category: အားကစား
Hits: 1157

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

ဖီဖာဥက္ကဋ္ဌဟောင်း ဘလတ္တာက လက်ရှိဥက္ကဋ္ဌဖြစ်သူ အင်ဖန်တီနို ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဘလတ္တာက “ ကျနော်ဒီကို ရောက်တဲ့အချိန်မှာ ဘာမှမရှိခဲ့ပါဘူး။ ကျနော်ထွက်ခွာသွားတဲ့ အချိန်မှာတော့ စီးပွားရေးအရ၊ လှုမှုရေးအရ၊ ယဉ်ကျေးမှု အရရော နိုင်ငံရေးအရပါ ခိုင်မာတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် အင်ဖန်တီနိုက ကျနော့်ကို အလိုမရှိပါဘူး။ သူက ကျနော့်ကို အမှု အတုအယောင်ကိုတောင် ဖန်တီးဖို့ ကြိုးစားခဲ့ တာပါ။ သူက ကျနော့်ကို ဖြိုခွဲချင်နေတာပါ။ ကျနော်လုပ်ခဲ့သမျှ အရာအားလုံးထက် သူလုပ်တာက ပိုကောင်းတယ်လို့ ထင်နေ လို့ပါ။ ရာဇဝတ်မှု ဗီဇရှိတဲ့ သူလို့ရော သူခိုးလို့ရော စွပ်စွဲခံခဲ့ရပါတယ်။ ဒါဟာ လုံးဝ အဓိပ္ပါယ်မဲ့ပါတယ်” လို့ RTS နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ဘလတ္တာဟာ လက်ရှိအချိန်မှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီနဲ့အတူ လိမ်လည်မှု၊ အလွဲသုံးစားလုပ်မှု၊ အကျင့် ပျက် ခြစားမှု စွဲချက်တွေနဲ့ တရားရင်ဆိုင် နေရပါတယ်။ အစိုးရရှေ့နေတွေက သူတို့ နှစ်ဦးကို ထောင်ဒဏ် လ ၂၀ ချမှတ်ဖို့ တောင်းဆိုထားပြီး ဇူလိုင်လအစပိုင်းမှာ စီရင်ချက်ချမယ်လို့ ခန့်မှန်းထားပါတယ်။

ဘလတ္တာနဲ့ ပလာတီနီ ကိုတွေ့ရစဉ်

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဟောင်း ပလာတီနီ ကတော့ စွဲချက်တွေ အားလုံးကို ဖီဆန်ခဲ့ပြီး နောက်ဆုံးအကြိမ် အထိ တိုက်ပွဲ ဝင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပလာတီနီက “မတရားမှုတွေကို အကာအကွယ် ခံနေရပါတယ်။ ဘောလုံးပွဲတွေ ကစားတဲ့အချိန် ဒိုင်လူကြီးရဲ့ အဆုံးအဖြတ် ကြောင့် အရေးနိမ့်ခဲ့ရတဲ့ ပွဲတွေမှာ ကျနော်တို့ အနည်းငယ် အကာအကွယ်တွေ ခံရပါတယ်။ ဒါပေမယ့် မတရားမှုတွေက ခင်ဗျား ချစ်ရတဲ့သူတွေ၊ ခင်ဗျားရဲ့ မိသားစု၊ ခင်ဗျားရဲ့ ကလေးတွေနဲ့ ခင်ဗျားရဲ့ မြေးတွေကို နာကျင်စေရပါတယ်။ ဘာကြောင့် လဲဆိုရင် သူတို့က ဒီလိုတွေခံရဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်တို့ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး အရှုံးပေးမှာ မဟုတ်ဘဲ သွားနေမှာ”လို့ RTS ကို ပြောခဲ့ပါတယ်။

ဘလတ္တာ ဟာ ဖီဖာဥက္ကဋ္ဌရာထူးကို ၁၉၉၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့သလို ပလာတီနီကတော့ ယူအီးအက်ဖ် အေ ဥက္ကဋ္ဌရာထူးကို ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူခဲ့ ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s

ဒီဂျောင်အတွက် မက်ဂွဲယားကို မပေးဘူးလို့ ဘာစီလိုနာကို ယူနိုက်တက်ပြော

By CNI
CNI
Category: အားကစား
Hits: 1245

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီဂျောင်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် မက်ဂွဲယားကို လိုချင်နေတဲ့ ဘာစီလိုနာရဲ့ ကြိုးပမ်းမှုကို ပယ်ချလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်ကိုခေါ်ယူဖို့ ဘာစီလိုနာ အသင်းနဲ့ပြောင်းရွှေ့ကြေး ညှိနှိုင်းနေပြီး သဘောတူညီမှုရယူနိုင်ခဲ့ပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ဘာစီလိုနာအသင်းဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဂျောင်ရဲ့အပြောင်းအရွှေ့ အစိတ် အပိုင်းအဖြစ် မက်ဂွဲယားကိုပါထည့်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ဒါကို ငြင်းပယ်သွားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီဂျောင်အတွက် သဘောတူညီမှုရရှိထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းကို ငွေသား ပေးချေသွားမှာဖြစ်ပြီး သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ပေးသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ နောက်ခံလူတွေဖြစ်တဲ့ ဘိုင်လီ၊ဖီးလ်ဂျုံးစ်၊တွမ်ဇီဘီနဲ့ ဝမ်ဘစ်စကာ တို့ကို ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ဟာ မက်ဂွဲယားနဲ့အတူ အလုပ် လုပ်ချင်တာကြောင့် ကလပ်အသင်းက အင်္ဂလန်နောက်ခံလူကို ရောင်းချဖို့ ဆန္ဒမရှိတာလည်း ဖြစ်ပါတယ်။

မက်ဂွဲယားဟာ ၂၀၁၉ က လက်စတာကနေ ပေါင်သန်း ၈၀ နဲ့ ရောက်ရှိလာခဲ့ပြီး ၆ လအကြာမှာပဲ အသင်း ခေါင်းဆောင်ဖြစ်ခဲ့တာပါ။အသက် ၂၉ နှစ်အရွယ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ စွမ်းဆောင်ရည် တွေကြောင့် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေက သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့တောင် တောင်းဆိုခဲ့ကြတာပါ။မက်ဂွဲယားအနေနဲ့ နည်းပြသစ်တန်ဟတ် လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူး ဆက်လက်ရယူဖို့ မသေချာတော့တာလည်းဖြစ်ပါတယ်။

တန်ဟတ်ကတော့ အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်ပြီး ကစားသမားတွေကို ရွေးချယ်ခိုင်းဖို့ရှိနေပြီး ဂိုးသမား ဒီဂီယာက အသင်းခေါင်းဆောင်သစ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ မက်ဂွဲ ယားဟာ ကာလကြာရှည်လက်တွဲဖော် ဖန်ဟော်ကင်းစ်နဲ့ မင်္ဂလာပွဲဆင်နွှဲထားပြီး နည်းပြရဲ့အထူးခွင့်ပြုချက်နဲ့ ဟန်းနီးမွန်းထွက်ဖို့ ရှိနေကာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေကို ပူးပေါင်းဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Source:Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ထိုင်းလက်ဝှေ့မယ်ကို Thai Fight မှာ အလဲထိုးခဲ့တဲ့ ဘရော်နီကာ

By CNI
CNI
Category: အားကစား
Hits: 2108

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇

မြန်မာလက်ဝှေ့မယ် ဘရော်နီကာဟာ ထိုင်းလက်ဝှေ့မယ် ပလာရီဖာကို အလဲထိုးကာ Thai Fight မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၆ ရက် ထိုးသတ်ခဲ့တဲ့ဒီပွဲမှာ ဘရော်နီကာဟာ ပလာရီဖာကို ဒုတိယအချီမှာ အနိုင်ရရှိခဲ့တာပါ။ ဘရော် နီကာဟာ ပထမအချီကတည်းက ပလာရီဖာကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယအချီအစပိုင်းမှာ သူ့ရဲ့ ထိုးချက်ကြောင့် ပြိုင်ဘက်လက်ဝှေ့မယ့် လဲကျသွားခဲ့ကာ အလဲထိုးနဲ့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဘရော်နီကာဟာ နိုင်ပွဲရပြီးနောက် ကယန်းအလံကို လွှမ်းခြုံပြီး အောင်ပွဲခံခဲ့တာကို တွေ့မြင်ခဲ့ရတာပါ။ ဘရော်နီကာအတွက်တော့ ဒီပွဲအပါအဝင် Thai Fight မှာ ပြိုင်ဘက်တိုင်းကို အလဲထိုးနဲ့ အနိုင်ယူနေခဲ့တာဖြစ်ပါတယ်။

 

ဘရော်နီကာဟာ ဒီနိုင်ပွဲကြောင့် ကမ္ဘာ့မွေထိုင်းအဖွဲ့အစည်းရဲ့ bantamweight အဆင့်သတ်မှတ်ချက် နံပတ် ၁ နေရာကို နိုင်ပွဲတွေနဲ့အတူ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။ ဘရော်နီကာရဲ့နိုင်ပွဲကို သူ့ရဲ့ကလပ်ဖြစ်တဲ့ တိုက်ဂါး မွေထိုင်းက ချီးကျုးဂုဏ်ပြုခဲ့ပြီး ပရိသတ်တွေအားလုံးကလည်း မြန်မာ့လက်ဝှေ့မယ်ကို ဝိုင်းပြီး ဂုဏ်ပြုကြောင်း မှတ်ချက်တွေရေးသားခဲ့ကြတာဖြစ်ပါတယ်။ ဘရော်နီကာကို တိုက်ဂါးမွေထိုင်းကလပ်ရဲ့ ဒါရိုက်တာဖြစ်သူက Thai Fight ရဲ့ ဘုရင်မလို့ တင်စားထားခဲ့တာပါ။

Thai Fight နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုထားတဲ့ ဘရော်နီကာရဲ့ အနာဂတ်ရည်မှန်းချက်က UFC ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူဖို့ ဖြစ်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ ဘရော်နီကာဟာ မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသမီး ရွှေခါးပတ် ဆုရှင်အဖြစ်လည်း မှတ်တမ်းတင်ထားနိုင်သူပါ။

ဇွန်လ ၂၆ ရက်က ကျင်းပခဲ့တဲ့ Thai Fight ပြိုင်ပွဲမှာ ဘရော်နီကာနဲ့ အတူ ရိုးရာလက်ဝှေ့သမားဖြစ်တဲ့ ထွန်းမင်းလတ်လည်း ဝင်ရောက်ထိုးသတ်ခဲ့ပါတယ်။ ဒါပေမယ့် ထွန်းမင်းလတ်ကတော့ ပြိုင်ဘက်လက်ဝှေ့သမား ကို ယှဉ်မထိုးနိုင်ဘဲ ပထမအချီမှာပဲ အလဲထိုးနဲ့ အရေးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဧရာဝတီယူနိုက်တက်ကို အနိုင်ရပြီး ဟံသာဝတီယူနိုက်တက်အဖွင့်လှခဲ့

By CNI News
CNI News
Category: အားကစား
Hits: 1484
 
CNI Sport News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆
 
၂၀၂၂ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ရဲ့ဒုတိယမြောက် ပွဲစဉ်အဖြစ် ဇွန်လ ၂၆ ရက် နေ့လည်ပိုင်းက ဟံသာဝတီယူနိုက်တက်နဲ့ ဧရာတီယူနိုက်တက်တို့ ကစားခဲ့ကြပါတယ်။  ဒီပွဲမှာ ဟံသာဝတီ ယူနိုက်တက် အသင်းက ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။
 
နောက်ဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ ဒုတိယနဲ့ တတိယ ရရှိခဲ့တဲ့ ၂ သင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဟံသာဝတီယူနိုက်တက်က ပိုပြီး အသာစီး ရယူနိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သွင်းဂိုး ၂ ဂိုးစလုံးကို ပထမပိုင်းမှာ ရယူနိုင်ခဲ့တာပါ။
 
ပွဲချိန် ၈ မိနစ်မှာ စိုးကျော်ကျော်က ပင်နယ်တီကနေ ဟံသာဝတီအတွက် ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမဂိုးရပြီး သိပ်မကြာခင် ပွဲချိန် ၁၃ မိနစ်မှာ ဟံသာဝတီအသင်း ညီညီအောင်ရဲ့ သွင်းဂိုးကြောင့် နောက်ထပ် ဂိုးရခဲ့ပါတယ်။
 
 
ဒုတိယပိုင်းမှာတော့ နှစ်ဖက် ကစားသမားတွေ ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် ဂိုးမရတော့တဲ့ အတွက် ပထမပိုင်း ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ပွဲစဉ် ၁ ရဲ့ အဖွင့်ပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်က မြဝတီအသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာပါ။
 
ဇွန်လ ၂၇ ရက်မှာတော့ ပွဲစဉ် ၁ ရဲ့ တတိယမြောက် ပွဲစဉ်အဖြစ် မဟာယူနိုက်တက်နဲ့ ရှမ်းယူနိုက် တက်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
 
 
Share
Tweet
Share
Share
powered by social2s

အင်္ကျီရောင်းချမှုမှာ ရော်နယ်ဒိုကို ကျော်ပြီးစံချိန်တင်နိုင်ခဲ့တဲ့ မက်ဆီ

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ဒါဘီနည်းပြရာထူးကနေ ဝိန်းရွန်နီ နှုတ်ထွက်

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s
ဆာလတ် ကိုတွေ့ရစဉ် (Eurosport)

ဆာလတ်ကို ရောင်းချဖို့ အံ့အားသင့်ဖွယ် စဉ်းစားနေတဲ့ လီဗာပူးလ်

By CNI
CNI
Category: အားကစား
Hits: 1264

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

လီဗာပူးလ်အသင်းဟာ ဆာလတ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာမှာ အဆင်မပြေမှုတွေ ရှိနေတာကြောင့် အခု နွေရာသီမှာ ရောင်းချဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ မကြာသေးခင် ရက်ပိုင်းကမှ အဓိကတိုက်စစ်မှူး မာနေးကို ဘိုင်ယန်မြူးနစ်အသင်းထံ ရောင်းချခဲ့ ပါတယ်။

ဆာလတ် ဟာ မာနေးလိုပဲ လီဗာပူးလ်အသင်းမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် အန်ဖီးလ် ကလပ်ဟာ အလွတ်နဲ့ ဆုံးရှုံးရမယ့်အစား ငွေကြေးရအောင် ရောင်းရဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဆာလတ် ဟာ ဗန်ဒိုက်နဲ့အတူ လီဗာပူးလ်အသင်းမှာ တစ်ပတ်ပေါင် ၂ သိန်း ၄ သောင်း ရရှိနေပြီး အသင်းရဲ့ လစာအများဆုံး ရတဲ့ ကစားသမားတွေအဖြစ် ရပ်တည်နေတာပါ။

ဒါပေမယ့် ဆာလတ် ကတော့ ပရီးမီးယားလိဂ် လစာ အများဆုံးရ ကစားသမားတွေနဲ့ လစာတန်းတူ ရရှိချင်နေတာ ဖြစ်ပါ တယ်။

ဆာလတ် ဟာဆိုရင် မန်စီးတီး၊ ချယ်လ်ဆီး တို့မှာရှိတဲ့ ထိပ်တန်း ကစားသမားတွေရဲ့ လစာတွေကို သတိပြုမိပြီး တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းဝန်းကျင် ရရှိချင်နေတာပါ။ ဒါဟာ လီဗာပူးလ်အသင်းရဲ့ လက်ရှိ လုပ်ခလစာ ဖွဲ့စည်းပုံကို ပျက်ပြားစေမယ့် အရာ ဖြစ်တယ်လို့ သိရပါတယ်။

မာနေးနဲ့ ဆာလတ် ကိုတွေ့ရစဉ် (GETTY IMAGES)

ဆာလတ် ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင်က လီဗာပူးလ်မှာ နောက်တစ်ရာသီ ဆက်နေမှာ သေချာတယ်လို့ ပြောခဲ့တာပါ။

The Sun သတင်းမှာ ရီးရယ်လ်အသင်းက ဆာလတ် ကို ခေါ်ယူဖို့ ပေါင်သန်း ၆၀ ပေးချေခဲ့မယ်ဆိုရင် လီဗာပူးအသင်းအနေနဲ့ ဆာလတ် ကို ရောင်းချဖို့ အလေးအနက်ထား စဉ်းစားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရင်တုန်းက ဆာလတ် ဟာ စပိန်မှာ ကစားချင်ကြောင်း ပြောခဲ့ဖူးပြီး ရီးရယ်လ်အသင်းက ဘတ်ပီ ကို လက်လွှတ်ခဲ့ရတဲ့ အတွက် အီဂျစ်အသင်း ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနိုင်တာပါ။

လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်စ် ကို အားဖြည့်ထား ပါတယ်။

၂၀၁၇ က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလတ် ဟာ လီဗာပူးလ် အသင်းအတွက် ပြိုင်ပွဲစုံ ၂၅၄ ပွဲ ပါဝင်ကစားထား ပြီး ၁၅၆ ဂိုး သွင်းယူထားတာပါ။

ဆာလတ် ဟာဆိုရင် လီဗာပူးလ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်း၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာ နေထိုင်ခဲ့တဲ့ နေအိမ်နဲ့ဟာလန်း (The Sun)

ပေါ့ဘာနေခဲ့တဲ့ အိမ်မှာ နေထိုင်သွားဖွယ်ရှိနေတဲ့ ဟာလန်း

By CNI
CNI
Category: အားကစား
Hits: 1379

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

မန်စီးတီးအသင်း တိုက်စစ်မှူးသစ် ဟာလန်း ဟာ မြို့ခံပြိုင်ဘက် ကစားသမားဟောင်း ပေါ့ဘာ နေထိုင်သွားခဲ့တဲ့ အိမ်ကို ကြည့်ရှုခဲ့ပြီး အဆိုပါအိမ်မှာ နေထိုင် သွားဖွယ်ရှိနေပါတယ်။

ဟာလန်း က မန်ချက်စတာမှာ နေထိုင်ဖို့ နေအိမ်တွေကို လိုက်လံကြည့်ရှုခဲ့တာမှာ ပေါ့ဘာ နေထိုင်ခဲ့တဲ့ နေအိမ်လည်း ပါဝင်ခဲ့ ပါတယ်။

ချက်ရှိုင်းယား ဟာလီဘန်းစ်ရှိ ပေါ့ဘာရဲ့ ပေါင် ၃ သန်းတန် နေအိမ်မှာ အိပ်ခန်း ၅ ခန်း ပါဝင်ပြီး ရေကူးကန်နဲ့ အိမ်တွင်း ဘောလုံးကွင်းလည်း ပါဝင်တာ ဖြစ်ပါတယ်။ အဆိုပါ ဘောလုံးကွင်းမှာ အသေးစား ဂိုးတိုင်၊ အီလက်ထရော်နစ် ဂိုးရလဒ်ဘုတ် တစ်ခု၊ LED မီးလုံးတွေနဲ့ အလယ်စက်ဝိုင်းမှာ ပေါ့ဘာရဲ့လိုဂို P စတဲ့အရာတွေ ပါဝင် နေပါတယ်။
ပေါ့ဘာ ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး အသင်းကနေ ဒုတိယအကြိမ်မြောက် အလွတ်နဲ့ ထွက်ခွာသွားခဲ့ ပါတယ်။

နေအိမ် အတွင်းခန်းကို တွေ့ရစဉ် (The Sun)

သတင်းရင်းမြစ် တစ်ခုက “ဟာလန်း ဟာ မန်စီးတီးအသင်း လေ့ကျင့်ရေးကွင်းနဲ့ နီးတဲ့နေရာမှာ အမြန်ဆုံး အခြေကျဖို့ စိတ် အား ထက်သန်နေပါတယ်။ အဲ့ဒါကြောင့် အိမ်အသစ်ရဖို့ အမြန်ဆုံး လုပ်ဆောင်နေပါတယ်။ သူနဲ့ ပေါ့ဘာက တစ်ဦးနဲ့ တစ်ဦး သိပြီး အဖွဲ့တစ်ခုက သူတို့နှစ်ဦးအတွက် အတူတူ အလုပ်လုပ်ပေးနေတာပါ။ ပေါလ်က ဗြိတိန်ကို ပြန်လာဖို့ မဖြစ်နိုင်တော့ပါ ဘူး။ အဲ့ဒါကြောင့် အိမ်ကိုရောင်းချဖို့ ပြင်ဆင်နေပြီး အငှားချဖို့လည်း အဆင်ပြေတယ်”လို့ ပြောခဲ့ပါတယ်။

ဟာလန်းရဲ့ ဖခင်ဖြစ်သူနဲ့ ကစားသမားရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဟာ ပေါ့ဘာရဲ့ နေအိမ်အပြင် အခြားအိမ်ကြီး သုံးလုံးကိုလည်း ပြီးခဲ့တဲ့အပတ်က ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဘယ်အိမ်မှာ နေထိုင်မလဲဆိုတာ မဆုံးဖြတ် ရသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ့မွန်အသင်းကနေ ပေါင် ၅၁.၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်း ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ အသင်းသစ်ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာလည်း ဖြစ်ပါတယ်။ ဟာလန်း ဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့တဲ့ အချိန် အတွင်း ပွဲပေါင်း ၈၉ ပွဲ ပါဝင်ကစားခဲ့ပြီး ၈၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာခဲ့တဲ့ ပေါ့ဘာ ကတော့ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး မကြာခင်မှာ စီးရီးအေကလပ်က အပြောင်းအရွှေ့ကို တရားဝင် ကြေညာသွားဖွယ် ရှိနေပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ဒါဘီနည်းပြရာထူးကနေ ဝိန်းရွန်နီ နှုတ်ထွက်

By CNI
CNI
Category: အားကစား
Hits: 1339

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

ဝိန်းရွန်နီဟာ ကလပ်စီမံခန့်ခွဲသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဒါဘီအသင်းရဲ့ နည်းပြရာထူးကနေ နှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ သို့ပေမယ့် ဝိန်းရွန်နီဟာ ဒါဘီအသင်းနဲ့ တစ်နှစ်စာချုပ်ကျန်ရှိနေတာပါ။

ဝိန်းရွန်နီက “ဒီနေ့မှာတော့ အသင်းက ထွက်ခွာဖို့ အချိန်တန်ပြီဆိုတာကို အသိပေးဖို့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။သူတို့က ဆုံးဖြတ်ချက်ပြောင်းဖို့ ကြိုးစားခဲ့ပေမယ့် ကျနော့်စိတ်က တည်ငြိမ်သွားပါပြီ။ပြီးခဲ့တဲ့ ၁၈ လအတွင်းဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ထိခိုက်မှုမရှိပေမယ့် ကလပ်ကို လန်းလန်းဆန်းဆန်းရှိတဲ့ သူတစ်ဦးက ဦးဆောင်ဖို့ လိုအပ်တယ်လို့ ခံစားမိနေပါတယ်။ကလပ်မှာ ရှိနေတဲ့အချိန်အတွင်းမှာ ရိုလာကိုစတာလို အနိမ့်ရော အမြင့်ရော ခံစားချက်တွေရှိခဲ့ပေမယ့် ကျနော်ဟာ စိန်ခေါ်မှုတွေကို နှစ်သက်တယ်လို့ ပြောရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဒါဘီအသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက စီမံအုပ်ချုပ်မှုအောက်ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး လိဂ်ဝမ်း ကို တန်းဆင်းခဲ့ရတာပါ။ဒါဘီအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရမှတ် ၂၁ မှတ်အနှုတ်ခံခဲ့ရတာကြောင့် တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ဝိန်းရွန်နီဟာ ဒါဘီအသင်းကို တန်းတင်ကျန်နိုင်ဖို့ အကောင်းဆုံးစွမ်းဆောင် ခဲ့ပေမယ့် နောက်ဆုံးမှာ တန်းဆင်းသွားခဲ့ရတာပါ။

 

ဝိန်းရွန်နီက “ခင်ဗျားတို့ကို ဘယ်တော့မှမေ့မှာမဟုတ်ဘဲ အနာဂတ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။ဒါဘီဟာ ကြီးကျယ်တဲ့သမိုင်းကြောင်းနဲ့ ကြီးကျယ်တဲ့ ပရိသတ်တွေရှိတဲ့ အသင်းကောင်း တစ်သင်းပါ။အနာဂတ်မှာ အောင်မြင်မှုတွေအများကြီးရပြီး အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းကြောင်း” ပြောခဲ့ပါတယ်။

အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဒေးဗစ်ကလိုဝက်စ်ဟာ ဒါဘီအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ကြောင်း ကြေညာတဲ့နေ့မှာပဲ ဝိန်းရွန်နီဟာ နည်းပြရာထူးကနေ နှုတ်ထွက်ခဲ့တာပါ။ဒါဘီအသင်းကို ဝယ်ယူဖို့ စီစဉ်ခဲ့တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ခရစ်ကာချာနာရဲ့ အစီအစဉ်ပျက်ပြယ်သွားခဲ့ပြီးနောက် ဒေးဗစ်ကလိုဝက်စ်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ဝိန်းရွန်နီဟာ ဧပြီလက အသင်းကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဝယ်ယူမှာကို ထောက်ခံခဲ့တာပါ။

ဝိန်းရွန်နီဟာ ဒါဘီအသင်းကို ၂၀၂၀ က ဒီစီယူနိုက်တက်ကနေ ရောက်လာခဲ့ပြီးနောက် ကစားသမားနည်းပြ အဖြစ်ကနေ တရားဝင်နည်းပြရာထူးကို ရယူခဲ့တာဖြစ်ပါတယ်။ဝိန်းရွန်နီ အတွက်တော့ ဒါဘီအသင်းဟာ သူ့ရဲ့ နည်းပြဘ၀ ပထမဆုံးကလပ်အသင်းဖြစ်ခဲ့ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

အင်္ကျီရောင်းချမှုမှာ ရော်နယ်ဒိုကို ကျော်ပြီးစံချိန်တင်နိုင်ခဲ့တဲ့ မက်ဆီ

By CNI
CNI
Category: အားကစား
Hits: 1947

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ကွင်းထဲမှာ ရုန်းကန်ခဲ့ရပေမယ့် သူ့ရဲ့ နာမည်ပါအင်္ကျီဟာ အများဆုံး ရောင်းချနိုင်ခဲ့ပြီး စံချိန်ပါတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဂျာစီ ၁ သန်းကျော်ကို ပထမဆုံးအကြိမ်ရောင်းချနိုင်ခဲ့ပြီး ဒီထဲမှာ မက်ဆီရဲ့ ကျောနံပတ် ၃၀ ပါအင်္ကျီရောင်းချမှုဟာ ကိန်းဂဏန်းတွေအရ ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့တာပါ။မက်ဆီရဲ့ အင်္ကျီ ရောင်းချမှုနှုန်းဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက်ကို ကစားသမားဘဝ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုထက် သာလွန်သွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက ရော်နယ်ဒို ရဲ့ အင်္ကျီရောင်းချမှုကနေ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါင် ၁၈၇ သန်း ရရှိခဲ့တာပါ။

ဒါပေမယ့် ပီအက်စ်ဂျီဟာ မက်ဆီရဲ့ အင်္ကျီရောင်းချမှုကနေ အခုထက်ပိုရပြီး ထိပ်ဆုံးနေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်း ထိပ်ဆုံးနေရာကို ရောက်ရှိသွားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်း ဟာ အင်္ကျီအများဆုံးရောင်းချရတဲ့အသင်း မဟုတ်တော့ပါဘူး။မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုပြီးနောက်မှာ နာရီပိုင်းအတွင်း အင်္ကျီရောင်းချမှု တစ်ခု တည်းကနေ ယူရို ၁ သန်းနီးပါး ရရှိခဲ့တာပါ။

 

အင်္ကျီရောင်းချမှုအဆမတန်မြင့်မားလာခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ တရားဝင်စတိုး မြေနေရာနဲ့ အရွယ်အစားကို ၂ ဆတိုးချဲ့ခဲ့ရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ မိတ်ဖက်အရာရှိချုပ် မာ့ခ်အမ်းစထရောင်းက “ဝယ်လိုအားတွေက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။နာမည်ကြီး ကစားသမားတွေကို ခေါ်ယူတဲ့အချိန်မှာ ဒီလိုတွေဖြစ်တတ်ပါတယ်။မက်ဆီရဲ့ အပိုအင်္ကျီတွေအများအပြားကို ကျနော်တို့မထုတ်နိုင်ခဲ့ ဘူး။အတိုင်းအတာကိုကျော်သွားလို့ ကျနော်တို့ မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ကျနော်တို့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြားအသင်းတွေထက် ဂျာစီအများအပြားကို ရောင်းချခဲ့ရတာပါ။မက်ဆီလို ကစားသမားကို ခေါ်မယ်ဆိုရင် ဝယ်လိုအားက ပိုပြီးတိုးလာပါတယ်”လို့ ပြောခဲ့တာပါ။

မက်ဆီ ရောက်လာပြီးနောက် ကလပ်ရဲ့ဈေးကွက်ရှာဖွေရေးနဲ့ စပွန်ဆာသဘောတူညီမှုတွေကို ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး မရေမတွက်နိုင်တဲ့ သဘောတူညီချက်တွေမှာ လတ်မှတ်ထိုးနိုင်ခဲ့တယ်လို့ မာ့ခ်အမ်းစထရောင်းက ထပ်မံပြောခဲ့ပါတယ်။ဒါ့အပြင် ဆိုရှယ်မီဒီယာအပိုင်းမှာလည်း တစ်ပတ်ကို ဖော်လိုဝါ ၁.၄ သန်းတိုးလာပြီး လက်မှတ်ရောင်းချမှုအပိုင်းမှာလည်း တိုးလာခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူပြီးနောက်မှာ ဝင်ငွေပေါင်သန်း ၆၀၀ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြ ထားတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို လီဝန်ဒေါစကီးနေရာ အစားထိုးဖို ဘိုင်ယန်မြူးနစ် စီစဉ်

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ကာတာကမ္ဘာ့ဖလားမှာ တစ်သင်းလျှင် ကစားသမား ၂၆ ဦးအထိ ဖီဖာခွင့်ပြု

By CNI
CNI
Category: Watch TV
Hits: 655

Share
Tweet
Share
Share
powered by social2s

ပြည်ပထွက်ကစားနေတဲ့ မြန်မာဘောလုံးသမား ဘယ်နှစ်ဦးရှိလဲ

By CNI
CNI
Category: Watch TV
Hits: 748

Share
Tweet
Share
Share
powered by social2s

အိန္ဒိယအက်ဖ်အေကို စက်တင်ဘာနောက်ဆုံးထားပြီး ရွေးကောက်ပွဲကျင်းပဖို့ ဖီဖာပြော

By CNI
CNI
Category: အားကစား
Hits: 1117

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အိန္ဒိယဘောလုံးအဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြခံဥပဒေ ပြောင်းလဲတာ ကို အပြီးသတ်ဖို့နဲ့ ပိတ်ပင်ခံရတာကနေ ရှောင်ရှားဖို့ စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထားပြီး ရာထူးသစ် အတွက် ရွေးချယ်တာတွေပြုလုပ်ဖို့ ပြောလိုက်ပါတယ်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲအချိန်မီကျင်းပဖို့နဲ့ သူတို့ရဲ့စည်းမျဉ်းတွေကို ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့ တာကြောင့် သူတို့ရဲ့ အမှုဆောင်ကော်မတီကို အိန္ဒိယအမြင့်ဆုံးတရားရုံးက ပြီးခဲ့တဲ့လထဲမှာ ဖျက်သိမ်းခဲ့တာပါ။

အဆိုပါတရားရုံးက အိန္ဒိယဘောလုံးအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့အတွက် အဖွဲ့ဝင် ၃ ဦးပါ ကော်မတီကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့ဥပဒေမှာ အဖွဲ့ဝင်ဘောလုံးအဖွဲ့ချုပ်တွေဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရားဥပဒေနဲ့ နိုင်ငံရေးဝင်ရောက် စွက်ဖက်မှုတွေ ကင်းဝေးရမယ်လို့ ပါရှိပါတယ်။ဒီလိုဖြစ်ရပ်တွေကြောင့် ဖီဖာဟာ အခြားနိုင်ငံအဖွဲ့ချုပ်တွေကို ဆိုင်းငံ့ထားတာတွေရှိပါတယ်။

ဒေလီအက်ဖ်အေအကြီးအကဲနဲ့ ဖီဖာရဲ့ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အရာရှိ ဟောင်း Shaji Prabhakaran က အိန္ဒိယဘောလုံးအဖွဲ့ချုပ်အနေနဲ့ စည်းမျဉ်းတွေကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားပြီး ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲကို စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီး ကျင်းပပေးဖို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့တာပါ။

“ဖီဖာနဲ့ အာရှဘောလုံးအဖွဲ့ချုပ်တို့က ကျနော်တို့ကို တင်းကြပ်တဲ့ အချိန်ဇယားပေးခဲ့ပြီး ဖီဖာရဲ့တားမြစ်ပိတ်ပင်မှု ကို ရှောင်ရှားနိုင်ဖို့က ကျနော်တို့အပေါ်မှာ မူတည်သွားပြီ”လို့ Shaji Prabhakaran က ပြောခဲ့တာဖြစ်ပါတယ်။ တားမြစ်ပိတ်ပင်ခံရမယ်ဆိုရင် အိန္ဒိယအနေနဲ့ အောက်တိုဘာလထဲကျင်းပမယ့် ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်ပြုလုပ်ခွင့် ဆုံးရှုံးသွားနိုင်တာပါ။အိန္ဒိယဘောလုံးအဖွဲ့ချုပ်ရဲ့ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာလ က ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ နှောင့်နှေးနေတဲ့အတွက် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရတာပါ။ လူဦးရေ ၁.၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံဟာ ခရစ်ကတ်ကို ပိုပြီးရူးသွပ်တာကြောင့် ဘောလုံးမှာကြီးမားတဲ့ အောင်မြင်မှုတွေ မရရှိတာလည်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ကြိမ်မှပါဝင်နိုင်ခြင်း မရှိသေးပါဘူး။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 60
  • 61
  • 62
  • 63
  • 64
  • 65
  • 66
  • 67
  • 68
  • 69

Page 65 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar