CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အဲရစ်ဆန်ကို တွေ့ရစဉ် (Manchester United)

အဲရစ်ဆန်ကို ခေါ်ယူလိုက်ကြောင်း ယူနိုက်တက်အသင်း တရားဝင်ကြေညာ

By CNI News
CNI News
Category: အားကစား
Hits: 1486

 

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဲရစ်ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

အဲရစ်ဆန်ဟာဆိုရင် ပြီးခဲ့တဲ့ ရာသီက ဘရန်ဖို့ဒ် အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခု မန်ချက်စတာ ယူနိုက်တက် အသင်းက အဲရစ်ဆန်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးတော့  ၂၀၂၅ အထိ ၃ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ဟာ သူတည်ဆောက်မယ့် အသင်းကွင်းလယ်ပိုင်းအတွက် အဲရစ်ဆန်ကို အမိအရ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆန်က " ကျနော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေ‌ဆဲပါ။ ကျနော် အောင်မြင်မှုတွေ ရယူနိုင်တယ်ဆိုတာကို သိထား တဲ့ ပမာဏတွေလည်း အများကြီး ရှိပါတယ်။ ဒါက ကျနော့်ရဲ့ ခရီးကို ဆက်ဖို့ ပြီးပြည့်စုံတဲ့ နေရာပါ။ ယူနိုက်တက်ဟာ အလွန် ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး သူတို့နဲ့ စတင်ဖို့ မစောင့်နိုင်တော့ဘူး"လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆန်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ ဒုတိယမြောက် ကစားသမား  ခေါ်ယူမှုပါ။ ပထမဆုံး ခေါ်ယူခဲ့တဲ့ ကစားသမားက ဖီယင်နုအသင်းရဲ့ နောက်ခံလူ မာလာစီယာ ဖြစ်ပါတယ်။

Source: BBC

 

 

Share
Tweet
Share
Share
powered by social2s
အင်တာမီလန် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ လူကာကူ

ချယ်လ်ဆီးကို ပြောင်းဖို့ အင်တာမီလန်က ထွက်ခဲ့တာဟာ အမှားပဲလို့ လူကာကူပြော

By CNI
CNI
Category: အားကစား
Hits: 1316

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

လူကာကူက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် အင်တာမီလန် အသင်းကနေ ထွက်ခွာခဲ့တာဟာ အမှားအယွင်း ပြုလုပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။

ရာသီသစ်အတွက် အင်တာမီလန်အသင်း ဂျာစီအသစ် မိတ်ဆက်တဲ့ပွဲမှာ လူကာကူက “ကျနော့် ကစားသမားဘဝရဲ့ အကြီး မားဆုံး စိန်ခေါ်မှုက ဒီရာသီမှာ ဖြစ်လာပါလိမ့်မယ်။ ကျနော် ထွက်ခွာသွားခဲ့တာက အမှားအယွင်း ပြုလုပ်ခဲ့မိတာပါ။ အခု ဒီဂျာစီကို ဝတ်ဆင်ရတာကို ပျော်ရွှင်မိပါတယ်။ အသင်းက ဘာလုပ်ရမလဲ ဆိုတာကို သိပြီး ဒါက ဒီရာသီရဲ့ ကြီးမားတဲ့ စိန် ခေါ်မှုကြီးဖြစ်ကာ ဒီလိုမျိုး ဆက်လုပ်နိုင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျနော် အင်္ဂလန်မှာရှိတဲ့အချိန် ကမ္ဘာပေါ်မှာ အင်တာမီလန် အသင်းက ဘယ်လောက်ထိ အရေးပါလဲဆိုတာကို နားလည်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက အင်တာမီလန် အသင်းကနေ ချယ်လ်ဆီး အသင်းကို ယူရို ၁၁၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူဟာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး တစ်ရာသီအကြာမှာပဲ အသင်းဟောင်း အင်တာမီလန် အသင်းထံ ရာသီအကုန်ထိ အငှားစာချုပ်ချုပ်ဆိုကာ ပြန်လည်ပြောင်းရွှေ့လာခဲ့ တာပါ။

အင်တာမီလန် အသင်းဟာ လူကာကူအတွက် အငှားကြေး ယူရို ၁၀ သန်းသာ ချယ်လ်ဆီးအသင်းကို ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းမှာ လူကာကူ ကစားစဉ်

ချယ်လ်ဆီး အသင်းဟာ လူကာကူ ထွက်ခွာသွားပြီးနောက် တိုက်စစ်နေရာမှာ မန်စီးတီးအသင်းက စတာလင်ကို ခေါ်ယူ အားဖြည့် ခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ်ဟာ အငှားစာချုပ် ကုန်ဆုံးချိန်မှာ လူကာကူ အသင်းထံ ပြန်လာ နိုင်ချေနဲ့ ပတ်သက်ပြီး Sky Sports နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ်။

တူချယ်လ်က “သူဟာ အငှားပဲ ရှိသေးတဲ့အတွက် သေချာပေါက် အခွင့်အရေးရှိပါတယ်။ ဒါက ဖြစ်လာနိုင်လား ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး ကြိုပြောဖို့တော့ အဆင်မပြေပါဘူး။ အခွင့်အရေးတော့ ရှိတယ်”လို့ ပြောခဲ့ပါတယ်။

လူကာကူဟာ အင်တာမီလန် အသင်းနဲ့ ရာသီအကုန်ထိသာ အငှားစာချုပ် ချုပ်ဆိုထားပြီး အပြီးသတ် ဝယ်ယူခွင့် မပါဝင်တာ ကြောင့် ကစားသမားဟာ စာချုပ် ကုန်ဆုံးချိန်မှာ ချယ်လ်ဆီးအသင်းထံ ပြန်လာရမှာ ဖြစ်ပါတယ်။

လူကာကူဟာ ချယ်လ်ဆီး အသင်းအတွက် ပြီးခဲ့တဲ့ ရာသီက ၄၄ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီ ယံ တိုက်စစ်မှူးဟာ အင်တာမီလန် အသင်းအတွက် ရာသီကြို ခြေစမ်းပွဲတွေမှာ တွဲဖက်ကစားသမား လော်တရိုမာတီနတ်စ်နဲ့ အတွဲညီကာ ခြေစွမ်းပြသနေခဲ့တာ ဖြစ်ပါတယ်။

Source: Football

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒို လေ့ကျင့်ခန်း လုပ်နေစဉ်

လေ့ကျင့်ရေးပုံကြောင့် ရော်နယ်ဒို ယူနိုက်တက်မှာပဲရှိမယ်လို့ ပရိသတ်တွေ ယုံကြည်

By CNI
CNI
Category: အားကစား
Hits: 1632

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေဟာ ရော်နယ်ဒို လေ့ကျင့်မှုတွေ ပြုလုပ်တာမှာ ဝတ်ဆင်ထားတဲ့ ဘောင်းဘီတိုကြောင့် အသင်းမှာပဲ ဆက်ရှိတော့မယ်လို့ ပိုမို ယုံကြည်လာပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားပြီး မိသားစုကိစ္စ အကြောင်းပြကာ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို လာရောက် ပူးပေါင်းခြင်း မရှိသေးတာပါ။

အဲ့ဒါကြောင့် ထိုင်း၊ သြစတြေးလျကို သွားရောက်ခဲ့တဲ့ အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူဖို့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်က ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် အသင်းတွေ အပါအဝင် အသင်းတချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါထိပ်သီး ၃ သင်းစလုံးက ရော်နယ်ဒိုကို ခေါ်ယူခွင့်ရမယ့် အခွင့်အရေးတွေကို ငြင်းဆန်ခဲ့ ကြပါတယ်။ ပေါ်တူဂီ ကစားသမားကို ခေါ်ယူဖို့ ဆော်ဒီကလပ် ၁ သင်းက တစ်ပတ်လုပ်ခ ပေါင် ၂ သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ ကစား သမားက ပယ်ချခဲ့တာပါ။

ဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရော်နယ်ဒို ဟာ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းထား တဲ့ပုံကို လှုမှုကွန်ယက်ပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ဒီလို လေ့ကျင့်မှု ပြုလုပ်တာမှာ ပြီးခဲ့တဲ့ ရာသီက ယူနိုက် တက်အသင်းရဲ့ လေ့ကျင့်ရေး ဘောင်းဘီတိုကို ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

 

ရော်နယ်ဒို လေ့ကျင့်ခန်း လုပ်နေပြီး၊ နည်းပြ အဲရစ်တန်ဟတ်၊ မန်ယူအသင်းသားများ လေ့ကျင့်ခန်းဆင်းနေ

ဒီအချိန်မှာ ပရိသတ်တွေ အားလုံးက ရော်နယ်ဒို ယူနိုက်တက်မှာပဲ ဆက်ရှိမယ်လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ရော်နယ်ဒိုက ယူနိုက်တက် ဘောင်းဘီတိုနဲ့ သူဒီမှာ ဆက်ရှိမှာပါ”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦး ကလည်း “ရော်နယ်ဒို ယူနိုက်တက်မှာ သေချာပေါက် ဆက်ရှိတော့မယ်”လို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

ရော်နယ်ဒိုဟာ အောင်မြင်မှုတွေ ရယူချင်တာကြောင့် အသင်းကနေ ထွက်ခွာချင်တဲ့ ဆန္ဒရှိနေပေမယ့် ယူနိုက်တက်ကတော့ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ အဲရစ်တန်ဟတ်ကလည်း ရာသီကြိုခရီးစဉ် မတိုင်ခင် ပြုလုပ် ထားတဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်း ဖြေဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ယူနိုက်တက်အသင်းထံ ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒို ဟာ မနှစ်က ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်း ယူခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်နဲ့ ယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁ နှစ် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

အန်ဒရီဂါဗယ်လ်အိုနဲ့ အောင်လအန်ဆန်း ONE Championship အထူးပွဲထိုးမည်

By CNI
CNI
Category: အားကစား
Hits: 2855


CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅

မြန်မာပြည်ဖွား တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ONE Championship က စီစဉ်တဲ့ အထူးပွဲစဉ်အဖြစ် ဘရာဇီးလ်သား နပန်းချန်ပီယံ အန်ဒရီဂါဗယ်လ်အိုနဲ့ ထိုးသတ်မယ်လို့ သိရပါတယ်။

လေးချီထိုးသတ်ရမယ့် အထူးပွဲစဉ်မှာ ပထမအချီနဲ့ တတိယအချီက MMA စည်းမျဉ်းတွေနဲ့ ထိုးသတ်ရမှာဖြစ်ပြီး ဒုတိယအချီနဲ့ စတုတ္တအချီကတော့ နပန်းစည်းမျဉ်းနဲ့ ထိုးသတ်ရမယ်လို့ ONE Championship က ထုတ်ပြန် ထားတာပါ။ဒီအထူးပွဲကို ဘယ်နေ့မှာ ထိုးသတ်မလဲဆိုတာကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။ အောင်လ အန်ဆန်းကတော့ “ဘယ်အချိန်ထိုးသတ်ရမလဲဆိုတာသာ ပြောလိုက်ပါ”လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားထား တာဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ မကြာသေးခင်က သူ့ရဲ့ ပိုကောင်းတဲ့ပုံစံအသစ်ကို မြင်တွေ့ရဖို့ ရှိတယ်လို့ ကြုံးဝါးထား သလို နပန်းပညာရပ်ကိုလည်း သင်ကြားနေခဲ့တာပါ။ONE Championship ဝိတ်တန်း ၂ ခုချန်ပီယံဟောင်းဖြစ်တဲ့ အောင်လအန်ဆန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီးကတည်းက ပြိုင်ပွဲတွေနဲ့ ဝေးကွာ နေပြီး လေ့ကျင့်မှုတွေကိုသာ ပြင်းပြင်းထန်ထန် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။အောင်လအန်ဆန်းဟာ ဒီပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်တွေ ရရှိခဲ့ပေမယ့် ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံဆုတွေကို လက်လွှတ်ခဲ့ရတာပါ။

အန်ဒရီဂါဗယ်လ်အိုကတော့ အခုနှစ် မတ်လကမှ ONE Championship ပြိုင်ပွဲရဲ့ အထူးပွဲစဉ်အဖြစ် ရိုင်နီယာနဲ့ နပန်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ပါတယ်။ဒီပွဲမှာ နှစ်ဦးစလုံအရှုံးအနိုင်မပေါ်တာကြောင့် သရေပွဲဖြစ်ခဲ့တာပါ။အသက် ၃၉ နှစ်အရွယ်ရှိ အန်ဒရီဂါဗယ်လ်အိုဟာ ကမ္ဘာ့နပန်းချန်ပီယံဆုအများအပြားကို ရယူထားနိုင်ခဲ့ပြီး ရှုံးပွဲအနည်းငယ် သာရှိခဲ့ကာ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။ အန်ဒရီဂါဗယ်လ်အိုဟာ MMA ပွဲစဉ် တွေလည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သေးတာပါ။

သူဟာ MMA ပွဲစဉ်ပေါင်း ၇ ပွဲထိုးသတ်ခဲ့ပြီး ၅ ပွဲအနိုင် ၂ ပွဲရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးထိုးသတ်ခဲ့တာမှာ ၂၀၁၀ က ဖြစ်တဲ့အတွက် ပွဲနဲ့ အနည်းငယ်ဝေးနေခဲ့တာဖြစ်ပါတယ်။အောင်လအန်ဆန်းကတော့ MMA ပွဲစဉ်ပေါင်း ၄၁ ပွဲ ထိုးသတ်ထားပြီး ၂၇ ပွဲအနိုင်ရကာ ၁၃ ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးနဲ့ LA မှာ စတာလင် ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်ခဲ့

By CNI
CNI
Category: Watch TV
Hits: 722

Share
Tweet
Share
Share
powered by social2s

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမယ့် မြန်မာ

By CNI
CNI
Category: Watch TV
Hits: 799

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုမရှိဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1229

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့ အသင်းဘက်က ပြောင်းလဲမှု မရှိဘူးလို့ မဲလ်ဘုန်းဗစ်ထရီအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ ကြေညာချက် ထုတ်ပြီးပါပြီ။ ဘာမှပြောင်းလဲခြင်း မရှိပါဘူး”လို့ ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ မေးခွန်းကို လိုရင်းတိုရှင်းပဲ ဖြေသွားခဲ့တာပါ။
ရော်နယ်ဒိုဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာခွင့် တောင်းဆိုထားပြီး အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ခြင်း မရှိသေးသလို ထိုင်း၊ သြစတြေးလျထံ ရာသီကြိုခြေစမ်းဖို့ ထွက်ခွာတဲ့ အသင်းလူစာရင်းမှာလည်း ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ယူနိုက်တက်အသင်းက ရော်နယ်ဒိုကို ထွက်ခွာခွင့်ပြုမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပေမယ့် ကစားသမား ဘက်က အသင်းနဲ့အတူ လာရောက် ပူးပေါင်းဖို့ အရိပ်အယောင်တောင် မပြသေးပါဘူး။

ထိုင်းမှာ လီဗာပူးလ်အသင်းကို ၄ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲ မတိုင်ခင်ကလည်း ရော်နယ်ဒိုရဲ့ အကြောင်းနဲ့ ပတ်သက် ပြီး နည်းပြ အဲရစ်တန်ဟတ် မေးမြန်းခံခဲ့ရ ပါသေးတယ်။ အဲ့ဒီ အချိန်တုန်းကလည်း နယ်သာလန် လူမျိုးနည်းပြက ရော်နယ်ဒို ကို ရောင်းချမှာ မဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်တယ်လို့ ဖြေခဲ့တာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်

ပြီးခဲ့တဲ့နှစ် နွေရာသီကမှ ဂျူဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ မနှစ်က ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူပြီး အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းဟာ လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် လုံလောက်မှု မရှိဘူးလို့ ရော်နယ်ဒိုက ယုံကြည် နေတာပါ။
အဲ့ဒါကြောင့်လည်း သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် သူ့ကို ထွက်ခွာခွင့်ပေးဖို့ အသင်းထံ ရော်နယ်ဒိုက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်ကလည်း သူ့ရဲ့ ကစားသမားအတွက် အသင်းသစ် ရှာဖွေပေးနိုင်ဖို့ ကြိုးစားနေပြီး အသင်းကြီးတချို့နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီး အသင်းတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။

ယူနိုက်တက်နဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ ရော်နယ်ဒိုကို ဆော်ဒီကလပ် တစ်သင်းက တစ်နှစ်ကို ပေါင် ၁၀၅ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သြစတြေးလျမှာ မဲလ်ဘုန်းဗစ်ထရီ၊ ပဲလေစ့်၊ အက်စတွန်ဗီလာတို့နဲ့ ခြေစမ်းပွဲ ၃ ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ အော်စလိုမှာ အသလက်တီကို၊ အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနို အသင်းတို့နဲ့ ခြေစမ်းပွဲကစားပြီး ရာသီကြိုပြင်ဆင်မှုကို အဆုံးသတ်မှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
အန်ဒီမာရေးကို တွေ့ရစဉ် (Fox News)

တင်းနစ်ကစားသမားဘဝ အဆုံးသတ်တော့မယ်လို့ အန်ဒီမာရေးဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1379

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမားဟောင်း အန်ဒီမာရေးက သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်တော့မယ်လို့ ပြောလိုက်ပါတယ်။

အန်ဒီမာရေးက “ခင်ဗျား ဘယ်အချိန်မှာ အဆုံးသတ်မလဲဆိုတာ မသိပေမယ့် ကျနော်ကတော့ ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်ကို ရောက်နေပြီဆိုတာ သိပါတယ်။ ဒါကြောင့်လည်း ကျနော်ကစားရမယ့် ပြိုင်ပွဲတိုင်းရဲ့ ပွဲစဉ်တိုင်းကို အကောင်း ဆုံး ဖြစ်အောင် လုပ်ချင်ပါတယ်”လို့ ပြောပါတယ်။

ဂရမ်းဆလမ်း ချန်ပီယံဆု ၉ ကြိမ် ရရှိထားတဲ့ အန်ဒီမာရေးဟာ လက်ရှိကမ္ဘာ့အဆင့် ရပ်တည်မှု ၅၂ နေရာမှာ ရပ်တည်နေပြီး အခုနှစ်အတွင်း ကစားခဲ့တဲ့ ATP ပြိုင်ပွဲ ဗိုလ်လုပွဲ ၂ ကြိမ် အရေးနိမ့်ထားခဲ့တာပါ။

ဗြိတိန် ကစားသမားဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ဒဏ်ရာတွေကြောင့် လက်စွမ်း တည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရပြီး ဝင်ဘယ်လ် ဒန် အိုးပန်းပြိုင်ပွဲမှာလည်း ဒုတိယအဆင့်က ထွက်ခွာခဲ့ရပါတယ်။ အန်ဒီမာရေးဟာ ဂရိတ်ဗြိတိန်အတွက် ၂၀၁၂ နဲ့ ၂၀၁၆ အိုလံပစ် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ရယူပေးနိုင်ခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ အန်ဒီမာရေးဟာ သြဂုတ်လမှာ စတင်မယ့် အမေရိကန် အိုးပန်းပြိုင်ပွဲအတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ အန်ဒီမာရေးဟာ အခုနှစ်ကို ထိပ်ဆုံး ၁၃၀ ပြင်ပကနေ စတင်ခဲ့ရတာကြောင့် အမှတ်တွေ ရသလောက်ယူပြီး ပိုမိုကောင်းမွန်တဲ့အဆင့် တက်လှမ်းနိုင်အောင် ပြိုင်ပွဲ အများအပြားကို ဝင်ရောက် ယှဉ်ပြိုင်ချင်နေတာပါ။

အန်ဒီမာရေးကို တွေ့ရစဉ် (Tennis)

“လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းက ကျနော့်ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ပါ။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ကျနော်ဟာ ပိုပြီးကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။ အကြီးမားဆုံး ပြိုင်ပွဲတွေမှာ ဒီထက် ကောင်းမွန်အောင် သွားချင်ရင် တော့ ဆီဒင်အဆင့် သတ်မှတ်ချက် ကောင်းဖို့လိုပါတယ်။ ဒါကြောင့် ကျနော်အစွမ်းကုန် ကြိုးစားနေတယ်”လို့ အန်ဒီမာရေးက ပြောခဲ့ပါတယ်။

ဝင်ဘယ်လ်ဒန် အိုးပန်းချန်ပီယံ ဂျိုကိုဗစ်က လန်ဒန်ရှိ The O2 မှာ ဖက်ဒဲရား၊ နာဒယ်လ်၊ အန်ဒီမာရေးတို့နဲ့ အတူ ပြန်လည် ဆုံစည်းချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောထားပါတယ်။

သူတို့ ၄ ဦးဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ အန်ဒီမာရေး၊ နာဒယ်လ်နဲ့ ဖက်ဒဲရားတို့ဟာ စက်တင်ဘာလထဲမှာ Laver Cup ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး ဂျိုကိုဗစ်ကလည်း ဝင်ရောက်ပူးပေါင်း နိုင်ခြေ ရှိနေပါတယ်။

ဂျိုကိုဗစ်က “ဒါဟာ အလွန်ထူးခြားပါလိမ့်မယ်။ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ ကျနော့်ရဲ့ အေးဂျင့်က Laver Cup အသင်းနဲ့ ဆက်သွယ်မှု ရှိပါတယ်။ ဝင်ဘယ်လ်ဒန် အိုးပန်းအပြီးမှာ ဆုံးဖြတ်ချက်ချဖို့ ကျနော်တို့ သဘောတူညီချက် ရှိခဲ့ပါ တယ်။ Laver Cup က ပြိုင်ဘက်ကြီးတွေ အတူတူ တစ်သင်းထဲမှာ ပါဝင်နိုင်တဲ့ တစ်ခုတည်းသော ပြိုင်ပွဲပါ”လို့ ပြောခဲ့ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးနဲ့ LA မှာ စတာလင် ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1674

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

စတာလင်ဟာ ချယ်လ်ဆီးအသင်းကို မန်စီးတီးအသင်းကနေ ပေါင်သန်း ၅၀နဲ့ ပြောင်းရွှေ့ကြောင်း အတည်ပြုပြီး တာနဲ့ နာရီဝက်အကြာမှာပဲ အသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်သွားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ စတာလင်ဟာ ပိုင်ရှင်သစ်တော့ဒ်ဘိုလီလက်ထက် ချယ်လ်ဆီးအသင်းရဲ့ ပထမဆုံး ခေါ်ယူတဲ့ ကစားသမားဖြစ်ခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၃ သိန်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။စတာလင်ဟာ အမေရိကန်ကို ရာသီကြိုခရီးစဉ်ထွက်ခွာခဲ့တဲ့ ချယ်လ်ဆီးအသင်းထံကို သွားရောက်ပူးပေါင်းခဲ့ပြီး လော့စ်အိန် ဂျလိစ်နေရောင်အောက်မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်း နည်းပြ တူချယ်လ်က စတာလင်ကို အသင်းဖော်အသစ်တွေနဲ့ မိတ်ဆက်မှုတွေ ပြုလုပ်ပေးခဲ့တာပါ။

တူချယ်လ်က “ရာဟင်မ်က ကျနော်တို့ရဲ့ ကစားသမားသစ်ပါ။ကျနော်တို့ အားလုံးသူ့ကို နွေးထွေးစွာကြိုဆို ပါတယ်။သူဒီမှာရှိနေလို့ ကျနော်တို့အားလုံးပျော်ရွှင်ပါတယ်။ပထမဆုံးအကြိမ်လေ့ကျင့်မှုကို ကောင်းမွန်စွာ လုပ်ဆောင်ပါ”လို့ ပြောခဲ့တဲ့ ဗီဒီယိုဖိုင်ကို အသင်းရဲ့တရားဝင်တွစ်တာအကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။

စတာလင်ဟာ အသင်းဖော်သစ်တွေနဲ့အတူ အပြေးလေ့ကျင့်မှု၊ ဘောလုံးပေးပို့မှု အစရှိတဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို ပြုလုပ်ကာ အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ရီစီဂျိမ်းစ်၊ အိုဒွိုင်းတို့နဲ့လည်း စကားပြောဆိုနေခဲ့တာပါ။မန်စီးတီးကစားသမားဟောင်းဟာ လေ့ကျင့်မှုမစတင်ခင်မှာ ချယ်လ်ဆီးအသင်း ပရိသတ်တွေကို လတ်မှတ်ထိုးပေးခဲ့ပါသေးတယ်။စတာလင်ဟာ ကလပ်အမေရိကအသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ ချယ်လ်ဆီးအတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားဖို့ ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာ အမေရိကန်ခရီးစဉ်မှာ ချာလော့တီ၊ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်တို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။စတာလင်က “ဒီမှာ ရှိနေရတာကို အလွန်ဝမ်းသာပါတယ်။ကျနော့်ရဲ့ ကစားသမားဘဝမှာ အခုအချိန်ထိ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့ပေမယ့် အောင်မြင်မှုအများကြီး ရဖို့ ကျန်နေသေးတာကို ချယ်လ် ဆီးဂျာစီနဲ့ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။

စတာလင်ဟာ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့ ၇ ရာသီကြာအတွင်း ပွဲပေါင်း ၃၀၀ ကျော်ပါဝင်ကစားပြီး ၁၃၁ ဂိုး သွင်းယူကာ ဆုဖလားပေါင်း ၁၁ လုံးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ထိုင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမယ့် မြန်မာ

By CNI
CNI
Category: အားကစား
Hits: 2345

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄

မြန်မာအသင်းဟာ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ဒီပွဲ အရေးနိမ့် ခဲ့တဲ့အတွက် မြန်မာအသင်းဟာ အုပ်စုတွင်း ဒုတိယနေရာသာ ရရှိခဲ့ပြီး တစ်ဖက်အုပ်စုမှာ ထိပ်ဆုံးရရှိခဲ့တဲ့ ထိုင်းအသင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဗီယက်နမ်အသင်းကတော့ တစ်ဖက်အုပ်စုက ဒုတိယရရှိတဲ့ အိမ်ရှင်ဖိလစ်ပိုင်အသင်းနဲ့ ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရမှာပါ။မြန်မာအသင်းနည်းပြကတော့ ဗီယက်နမ်နဲ့ပွဲမှာ လူငယ် ကစားသမားတွေအများစု အသုံးပြုခဲ့လို့ အခုလို ရလဒ်ထွက်ပေါ်ခဲ့တာလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မြန်မာအသင်းနည်းပြ ဒေါ်သက်သက်ဝင်းက “ဒီပွဲအတွက် ပွဲထွက်လူစာရင်းမှာ အသက် ၁၉ နှစ်အောက်အသင်းက လူငယ်တွေကိုအများစု အသုံးပြုခဲ့ပါတယ်။ကလေးတွေ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အတွေ့အကြုံပိုင်းမှာသာ တဲ့ ဗီယက်နမ်ကစားသမားတွေက ပွဲကိုအပြောင်းအလဲလုပ်ပြီး အသာရသွားတယ်လို့ မြင်မိပါတယ်။ ခွင့်ပြုခဲ့ရတဲ့ ၄ ဂိုးမှာ လူကျွံအနေအထား၊ ပင်နယ်တီတွေပါဝင်လာလို့ ဒီလိုရလဒ်မျိုးဖြစ်သွားတယ်လို့ ထင်ကြောင်း” ပြောခဲ့တာပါ။

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမယ့် ထိုင်းအသင်းနဲ့ ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမှာပါလို့ မြန်မာ နည်းပြက ထပ်ပြီး ပြောခဲ့ပါတယ်။မြန်မာအသင်းဟာ အုပ်စုတွင်း ၄ ပွဲမှာ တီမောကို ၇ ဂိုး- ဂိုးမရှိ၊ ကမ္ဘောဒီးယားကို ၃ ဂိုး- ဂိုးမရှိ၊ လာအိုကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗီယက်နမ်အသင်းကို အရေးနိမ့်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့တုန်းက ၁ ဂိုးစီ သရေကျ ခဲ့တာဖြစ်ပါတယ်။

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ်ရရှိထားတဲ့ မြန်မာအသင်းဟာ ၂၀၁၉ က နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲမှာတော့ တတိယနေရာရရှိခဲ့တာပါ။အခုနှစ်ပြိုင်ပွဲအတွက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင်လ ၁၅ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ပရိသတ်မပါဘဲ ယူကရိန်းပရီးမီးယားလိဂ် သြဂုတ်လတွင် ပြန်လည်စတင်မည်

By CNI
CNI
Category: Watch TV
Hits: 992

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုအား ခေါ်ယူနိုင်မည့် အခွင့်အရေး ပီအက်စ်ဂျီ ပယ်ချ

By CNI
CNI
Category: Watch TV
Hits: 817

Share
Tweet
Share
Share
powered by social2s
ဖက်ဒဲရားကိုတွေ့ရစဉ် (Forbes)

တင်းနစ်ကစားသမားဘဝကနေ အနားယူဖွယ်ရှိကြောင်း ရော်ဂျာဖက်ဒဲရား ပြော

By CNI
CNI
Category: အားကစား
Hits: 1573

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

တင်းနစ်ဂန္တဝင် ကစားသမား ရော်ဂျာဖက်ဒဲရားဟာ ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ပြီးနောက် အနားယူမယ့်အကြောင်း အရိပ်အမြွက် ပြောလိုက်ပါတယ်။

ဖက်ဒဲရားက “ ရိုးရိုးသားသားပြောရရင် အိမ်မှာနေရတာ အလွန်ပျော်ပါတယ်။ မိသားစုနဲ့ ခရီးသွားရတာကို လွမ်းသလို အားကစားကိုလည်း လွမ်းပါတယ်။ ဒါပေမယ့် အိမ်မှာနေရတဲ့ ဘဝက ပိုကောင်းပါတယ်။ တင်းနစ်ခရီးစဉ်က တစ်ခါတရံ အလွန်များပြီး အခု အနားယူနေရတာ ကောင်းပါတယ်။ ခရီးသွားရတာကို လွမ်းနေပေမယ့် ကလေးတွေအတွက် ကောင်း ပါတယ်”လို့ ဒတ်ချ်သတင်းစာ Algemeen Dagblad ကို ပြောပါတယ်။

ဖက်ဒရားဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရလို့ ကလေး ၄ ဦးကို အချိန် ပိုပေးနိုင်နေတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမားဟာ ကစားပွဲတွေနဲ့ ဝေးကွာနေတာကြောင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ATP အဆင့် သတ်မှတ်ချက်မှာ မပါဝင်တော့ပါဘူး။

ဖက်ဒဲရားနဲ့ သူ့ရဲ့မိသားစု (Yahoo News)

ဖက်ဒဲရားဟာ ဒူးကို ၃ ကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး စက်တင်ဘာလ Laver Cup ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေ တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ဘေဆဲလ်မှာ ကျင်းပမယ့် ATP ပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဖက်ဒဲရားက ပစ်မှတ် ထားနေပါတယ်။

ဖက်ဒဲရားဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဝင်ဘယ်လ်ဒန် အိုးပန်း ကွာတားဖိုင်နယ်မှာ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒဲရား အနေနဲ့ ဝင်ဘယ်လ်ဒန်အိုးပန်း ချန်ပီယံဆုကို ၈ ကြိမ် ရရှိထားပြီး ဂရမ်းဆလမ်း ချန်ပီယံဆုကို အကြိမ် ၂၀ ရရှိထားပါတယ်။

ဖက်ဒဲရားက “တင်းနစ်ဟာ ကျနော့်အတွက် အစိတ်အပိုင်း တစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင် အရာအားလုံး မဟုတ်ပါဘူး။ ဒီမှာ ဆက်ရှိချင်သလို အောင်မြင်မှုတွေလည်း ရယူချင်ပါတယ်။ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်း တစ်ခုဟာ ထာဝရ မတည်မြဲနိုင်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်”လို့ ပြောခဲ့ပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဖက်ဒဲရားဟာ ကစားသမားဘဝ တစ်လျှောက်မှာ ATP တစ်ဦးချင်း ဆုဖလား ၁၀၃ ကြိမ်၊ ဂရမ်းဆလမ်း အကြိမ် ၂၀ နဲ့ အိုလံပစ် ငွေတံဆိပ်ဆုတို့ ရယူနိုင်ခဲ့ပြီး အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

အီရန်နည်းပြရာထူးအတွက် ကမ်းလှမ်းမှု ဆိုးလ်ရှား ငြင်းပယ်

By CNI
CNI
Category: အားကစား
Hits: 1204

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ အီရန်လက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

အီရန်အသင်းဟာ နည်းပြဖြစ်သူ ဒရာဂန်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၄ လအလိုမှာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီး မန်ယူနည်းပြဟောင်း ဆိုးလ်ရှားကို ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အာရှကလပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ခရိုအေးရှားလူမျိုး ဒရာဂန်ဟာ အီရန်အသင်းကို ၁၈ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၁၅ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ ရတာပါ။

Foot Mercato က အီရန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အမျိုးသားအသင်းကို ဦးဆောင်ပေးနိုင်ဖို့ ဆိုးလ်ရှားထံ ချဉ်းကပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါပေမယ့် ဆိုးလ်ရှားဟာ သရဲနီကြယ်ပွင့်ဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရ မယ့် လက်ရွေးစင်နည်းပြရာထူး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အခြားနေရာတွေမှာ ရေတိုဦးစားပေးရမှာတွေ ရှိနေတာကြောင့် ဒီလိုကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အဆိုပါသတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားကို နည်းပြလောကထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် ကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေလည်း ရှိနေတာပါ။ပြီးခဲ့တဲ့ နိုဝင်ဘာလက အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာခဲ့တဲ့ ဆိုးလ်ရှားကို အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကလပ်က ချဉ်းကပ်ခဲ့သလို ဥရောပတစ်ဝှမ်းမှာရှိတဲ့ ကလပ် အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အရန်အသင်းကနေ နည်းပြ ဘဝအစပြုခဲ့တဲ့ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ကိုင်တွယ်ထားခဲ့တာပါ။

ဆိုးလ်ရှားဟာ နည်းပြဘဝမှာ မိုလ်ဒီအသင်းနဲ့ ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့တော့ ယူရိုပါလိဂ် ဒုတိယသာ ရရှိခဲ့တာဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုအား ခေါ်ယူနိုင်မည့် အခွင့်အရေး ပီအက်စ်ဂျီ ပယ်ချ

By CNI
CNI
Category: အားကစား
Hits: 1395

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

ပီအက်စ်ဂျီအသင်းဟာ ရော်နယ်ဒိုအတွက် အသင်းမှာ နေရာမရှိတာကြောင့် ခေါ်ယူနိူင်မယ့်အခွင့်အရေးကို ပယ်ချလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဆုဖလားတွေကိုင်မြှောက်ချင်တဲ့ ရည်မှန်းချက်ကြောင့် အခုနွေရာသီအပြောင်းအရွှေ့မှာ မန်ချက် စတာယူနိုက်တက်ကနေ ထွက်ခွာချင်ကြောင်း ပြောထားခဲ့တာပါ။ဒါပေမယ့် သူ့ရဲ့ လုပ်ခလစာအား တစ်ပတ်ပေါင် ၅ သိန်းကို ပေးနိုင်တဲ့အသင်းအရေအတွက် အနည်းငယ်သာရှိပြီး ဒီထဲမှာ ပီအက်စ်ဂျီအသင်းလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီနဲ့ အေးဂျင့် ဂျော့ချ်မန်ဒတ်စ်တို့ ဆွေးနွေးအပြီးမှာတော့ ရော်နယ်ဒိုကို ခေါ်ယူခွင့်ပယ်ချခဲ့တယ်လို့ ESPN သတင်းဌာနက ဖော်ပြခဲ့တာပါ။

အယ်လ်ခီလိုင်ဖီနဲ့ ဂျော့ချ်မန်ဒတ်စ်တို့ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့အတွက် တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ရော်နယ်ဒိုနဲ့ လိုက်လျောညီထွေဖြစ်မယ့် လုပ်ခဘတ်ဂျတ် သူတို့ဆီမှာ အလုံအလောက်မရှိသလို ဘတ်ပီ၊ နေမာနဲ့ မက်ဆီတို့လို နာမည်ကြီးကစားသမားတွေရှိနေတာ ကြောင့် အသင်းမှာအံမဝင်နိုင်မှာကို စိုးရိမ်မှုတွေရှိနေတာပါ။ဒါ့အပြင် အခုအချိန်ဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ အတွက် မှန်ကန်တဲ့အချိန်မဟုတ်ဘူးလို့လည်း ပြင်သစ်ကလပ်က ယုံကြည်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း ရော်နယ်ဒိုကို ခေါ်ယူလို့ရမယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် ပေါ်တူဂီကစားသမားအတွက် ရွေးချယ်စရာတွေဟာ လျော့နည်းလာခဲ့တာပါ။

ရော်နယ်ဒို ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေပေမယ့် နည်းပြတူချယ်လ်ရဲ့နည်းစနစ်နဲ့ အံဝင်နိုင်မလားဆိုပြီး စိုးရိမ်မှုတွေရှိနေတာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ အသင်းကထွက်ခွာချင်တဲ့ဆန္ဒကြောင့် မန်ချက်စတာယူနိုက်တက် နဲ့ လေ့ကျင့်မှုပြုလုပ်ခြင်းမရှိသလို ရာသီကြိုခရီးစဉ်လည်း လိုက်ပါခြင်းမရှိပါဘူး။

မန်ချက်စတာကလပ်ကတော့ ရာသီကြိုခြေစမ်းပွဲမှာ လီဗာပူးလ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုကို ရောင်းချ သွားမှာမဟုတ်ဘဲ သူ့ရဲ့အစီအစဉ်မှာပါဝင်တယ်လို့ ပြောခဲ့တာပါ။

ကလပ်ကလည်း စာချုပ်ကျန်ရှိနေတဲ့ ရော်နယ်ဒို ကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တာဖြစ်ပါတယ်။မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီအကုန်က အဓိက ကစားသမားအများအပြားကို ဆုံးရှုံးခဲ့တာကြောင့် ရော်နယ်ဒိုကို ထပ်ပြီးလက်လွှတ် ရမှာ စိုးရိမ်နေတာပါ။

အခုအချိန်ထိ အပြောင်းအရွှေ့မှာ မာလာစီယာတစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်သေးတာကြောင့် မန်ချက်စတာ ကလပ်ဟာ ကစားသမားအချို့ကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရိသတ်မပါဘဲ ယူကရိန်းပရီးမီးယားလိဂ် သြဂုတ်လတွင် ပြန်လည်စတင်မည်

By CNI
CNI
Category: အားကစား
Hits: 1493

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို ပရိသတ်မပါဘဲ သြဂုတ်လ ၂၃ ရက်မှာ ပြန်လည်စတင်မယ်လို့ နိုင်ငံရဲ့ အားကစားဝန်ကြီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ယူကရိန်းအားကစားဝန်ကြီးက “ယူကရိန်းမှာ တခြားနိုင်ငံတွေရဲ့ ချန်ပီယံပြိုင်ပွဲတွေလိုပဲ ဘောလုံးပြန် ကစား နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ယူကရိန်းအားကစားဟာ နယ်ပယ်ပေါင်းစုံမှာ အောင်ပွဲခံနိုင်ပြီး တိုးတက်မှုတွေ ကနေ ရပ်တန့်လို့ မရပါဘူး။ကျနော်တို့ အနိုင်ရဖို့ ဆက်လက်ပြီး တိုက်ပွဲဝင်နေပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ဒါပေမယ့် အားကစားကွင်းတွေမှာ ဘယ်လိုလေကြောင်းတိုက်ခိုက်မှုအတွက်မဆို အမိုးအကာတွေ တပ်ဆင်ပြီး ကျင်းပသွားမှာပါ။အားကစားဝန်ကြီးကတော့ ပွဲတွေမှာ လုံခြုံရေးအပြင် တခြားဘေးကင်းစီမံမှုတွေပါရှိရမယ်လို့ ပြောထားပါတယ်။

သြဂုတ်လ ၂၃ ရက်ဟာ ယူကရိန်းနိုင်ငံရဲ့ အမျိုးသားအလံထူတဲ့နေ့နဲ့ တိုက်ဆိုင်တယ်လို့ သတင်း မှာ ဖော်ပြထားတာပါ။

ရုရှားရဲ့ကျူးကျော်မှုကိုခံရတဲ့ ဖေဖော်ဝါရီလကတည်းက ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်တန့်ခဲ့တာပါ။ လိဂ်ပြိုင်ပွဲကို ဒီဇင်ဘာလက နောက်ဆုံးကစားခဲ့ပြီး ဆောင်းရာသီအားလပ်ရက်အဖြစ် ၃ လကြာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။

ရှက်တာဒိုးနတ်အသင်းဟာ ၁၈ ပွဲကစားပြီး ၄၇ မှတ်နဲ့ ဒုတိယနေရာက ဒိုင်နမိုကိဗ်အသင်းထက် ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တာပါ။ ရှက်တာဒိုးနတ်အသင်းဟာ အခုလာမယ့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရှက်တာဒိုးနတ်အသင်းအားကစားဒါရိုက်တာ ဒါရီဂျိုဆာနာက သူတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ပိုလန်မြို့တော် ဝါဆောမှာ ကစားမယ်လို့ ပြီးခဲ့တဲ့အပတ်က အတည်ပြုထားခဲ့တာပါ။

ဒိုင်နမိုကိဗ်ကလည်း ချန်ပီယံလိဂ်ဒုတိယ အဆင့် ခြေစစ်ပွဲအဖြစ် ဖီနာဘာချီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အိမ်ကွင်းပွဲစဉ်အဖြစ် ဇူလိုင်လ ၂၀ ရက် ပိုလန် နိုင်ငံမှာပဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ဇူလိုင်လ ၂၉ ရက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဒိုင်နမိုအသင်းနဲ့ ကစားဖို့ ရှိနေပြီး ရရှိလာမယ့် ငွေကြေးတွေကို ယူကရိန်းပြည်သူတွေကို ထောက်ပံ့ကူညီနေတဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပရဟိတအဖွဲ့တွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 55
  • 56
  • 57
  • 58
  • 59
  • 60
  • 61
  • 62
  • 63
  • 64

Page 60 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar