CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ကုသမှုခံယူနေတဲ့ ဟော်လာ

အကျိတ်ခွဲစိတ်ကုသမှုခံယူပြီး လအနည်းငယ်ကြာ အနားယူရမယ့် ဟော်လာ

By CNI
CNI
Category: အားကစား
Hits: 1636

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ဒေါ့မွန်အသင်း တိုက်စစ်မှူးသစ် ဟော်လာဟာ ဝှေးစေ့အတွင်း အကျိတ်တွေ့ရှိမှုကို ခွဲစိတ်ကုသမှု ခံယူပြီးနောက် လအနည်း ငယ်ကြာ အနားယူရဦးမယ်လို့ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းက ဇူလိုင်လ ၂၇ ရက်မှာပဲ ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဟော်လာဟာ ဒေါ့မွန်အသင်းနဲ့ စခန်းသွင်း လေ့ကျင့်မှုတွေ ပြုလုပ်နေချိန် မှာ အကျိတ် တွေ့ခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။

ဒေါ့မွန်အသင်း အားကစားဒါရိုက်တာ ဆီဘတ်စတီယန်ခါးလ်က ကုသမှု အစီအစဉ်တွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာတော့ ရက်သတ်မှတ်ထားခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဟော်လာဟာ အခုနွေရာသီ အပြောင်းအရွှေ့ ကမှ အေဂျတ်စ်အသင်းကနေ ၄ နှစ်စာချုပ်နဲ့ ဒေါ့မွန်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။

ဆီဘတ်စတီယန်ခါးလ်က “ပြီးခဲ့တဲ့အပတ်က အောင်မြင်စွာ ခွဲစိတ်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ကုထုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု တွေ ပြုလုပ်နေကာ ရွေးချယ်စရာ အမျိုးမျိုးရှိနေပါတယ်။ ဟော်လာက လအနည်းငယ်ကြာ အနားယူရမှာပါ။ ဒါနဲ့ပတ်သက်ပြီး အတိအကျ သိရရင်တော့ အားလုံးကို ပြောပြပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့အတူ တွေ့ရတဲ့ ဟော်လာ 

ဒေါ့မွန်အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ ဟာလန်း မန်စီးတီးအသင်းထံ ပြောင်းသွားတာကြောင့် သူ့နေရာ အစားထိုးဖို့ ဟော်လာကို ခေါ်ယူခဲ့တာပါ။

ဒေါ့မွန်အသင်းဟာ ဟော်လာရဲ့ စွမ်းဆောင်မှုနဲ့ ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်း ကြီးစိုးနေတာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေကြောင့် ဒေါ့မွန်အသင်းဟာ ပြင်ဆင်မှု အများအပြား ပြန်လုပ် နေရတယ်လို့ ပြောခဲ့ပါတယ်။

ဆီဘက်စတီယန်ခါးလ်က “ကျနော်တို့ ဒါနဲ့ ပတ်သက်ပြီး ရက်အတော်ကြာအောင် လုပ်ဆောင်နေပါတယ်။ ရွေးချယ်စရာတွေ အတွက် လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်မှာတော့ တိတိကျကျ ဘာမှမရှိသေးပါဘူး။ သူဟာ အနည်းဆုံး ၂ လလောက် အနားယူရမှာဖြစ်သလို ကျနော်တို့မှာလည်း နိုဝင်ဘာလအထိ ခက်ခဲတဲ့ ပွဲအချိန် ဇယားတွေ ရှိနေပါတယ်။ ဒါပေမယ့် အသင်း ရဲ့ လူစာရင်းက ရွေးချယ်စရာတွေ ပေးပါတယ်”လို့ ပြောခဲ့တာပါ။

ဒေါ့မွန်အသင်းဟာ ဇူလိုင်လ ၃၀ ရက်မှာ ပိုကယ်လ်ဖလား ပထမအဆင့်ပွဲစဉ်အဖြစ် ၁၈၆၀ မြူးနစ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာအပြောင်းအရွှေ့အတွက် လိမ်လည်မှုနဲ့ နေမာ တရားရင်ဆိုင်ရ

By CNI
CNI
Category: အားကစား
Hits: 1692

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

နေမာဟာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လိမ်လည်မှုစွဲချက်တွေကြောင့် အောက်တိုဘာလမှာ ရုံးတင်စစ်ဆေးခံရမှာဖြစ်တယ်လို့ တရားရေးဆိုင်ရာသတင်းရင်းမြစ်တွေက ဇူလိုင်လ ၂၇ ရက်က ပြောကြားခဲ့ပါတယ်။

နေမာ၊ သူ့ရဲ့ မိဘတွေနဲ့ ဘာစီလိုနာဥက္ကဌဟောင်း ရော့ဆဲလ်၊ ဘာတိုမြူတို့ဟာ ၂၀၁၃ က ဆန်းတို့စ်ကနေ ဘာစီလိုနာကို ပြောင်းခဲ့တဲ့ အပြောင်းအရွှေ့အတွက် အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ တရားရင်ဆိုင်ရမှာပါ။ ရော့ဆဲလ်နဲ့ ဘာတိုမြူတို့ဟာ အောက်တိုဘာ ၁၇ ရက်ကနေ ၃၁ ရက်အထိ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရုံးချိန်းမှာ လိမ်လည်မှုစွဲချက်တွေနဲ့လည်း ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။နေမာဟာ ၂၀၁၇ က ဘာစီလိုနာကနေ ပီအက်စ်ဂျီ အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အခုလို အငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒီအမှုဟာ နေမာရဲ့ လုပ်ပိုင်ခွင့် ရာခိုင်နှုန်းတစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ပိုင်ဆိုင်သူဟောင်း DIS ရဲ့ တိုင်ကြားမှုကနေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဘာစီလိုနာအသင်းဟာ နေမာရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကစားသမားရဲ့ မိသားစုထံ ယူရိုသန်း ၄၀ နဲ့ ဆန်းတို့စ်အသင်းထံ ယူရို ၁၇.၁ သန်းပေးခဲ့ရတာကြောင့် ပြောင်းရွှေ့ကြေး ကုန်ကျစရိတ် ယူရို ၅၇.၁ သန်းရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် စပိန်အစိုးရရှေ့နေတွေက အမှန် တကယ်ကုန်ကျစရိတ်က ယူရို ၈၃.၃ သန်းရှိတယ်လို့ နောက်ပိုင်းမှာ ပြောခဲ့တာပါ။

DIS က ဆန်းတို့စ်ထံ ပေးချေတဲ့ ယူရို ၁၇.၁ သန်းထဲက ၆.၈ သန်းသာရရှိခဲ့တဲ့အတွက် ပြောင်းရွှေ့ကြေးရဲ့ အမှန်တကယ်ပမာဏကို ဖုံးကွယ်ဖို့ ဘာစီလိုနာနဲ့ နေမာတို့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။နေမာကို ထောင်ဒဏ် ၂ နှစ်ချမှတ်ဖို့ တောင်းဆိုထားပေမယ့် ကစားသမားကတော့ သူဟာ ဘောလုံးကိုပဲ အာရုံစိုက် နေတယ်လို့ ပြောခဲ့တာပါ။

ဘာစီလိုနာကတော့ ၂၀၂၀ က လိမ်လည်မှုနဲ့ စွဲချက်တွေအတွက် အားကစားခုံရုံးကနေ ဖြေရှင်းပြီးသွားပြီလို့ ပြောခဲ့ပါတယ်။

နေမာဟာ စပိန်အာဏာပိုင်တွေရဲ့ အမည်ပျက်စာရင်းမှာလည်း ပါဝင်ခဲ့ဖူးပြီး ဘရာဇီးလ်အခွန်အာဏာပိုင်တွေနဲ့ လည်း ပြဿနာရှိခဲ့ကာ အခွန်ရှောင်မှုနဲ့ ဒဏ်ရိုက်ခြင်းလည်း ခံခဲ့ရပါတသေးတယ်။သူဟာ လက်ရှိအချိန်မှာ ပြင်သစ်ဖလားပွဲစဉ်အဖြစ် နန့်တက်စ်အသင်းနဲ့ ယှဉ်ပြိုင်ဖို့ ပီအက်စ်ဂျီအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျာမနီ အမျိုးသမီးအသင်း နည်းပြ မာတီနာဗော့စ်

ယူရိုဗိုလ်လုပွဲက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးပွဲကြီးဖြစ်မယ်လို့ ဂျာမနီနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1604

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၈

ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ရမယ့် အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ အမျိုးသမီးယူရို ၂၀၂၂ ဗိုလ်လုပွဲက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးပွဲကြီး ဖြစ်လိမ့်မယ်လို့ ဂျာမနီအသင်းနည်းပြ မာတီနာဗော့စ်က ပြောလိုက်ပါတယ်။

မာတီနာဗော့စ်က “ ဒါဟာ အကောင်းဆုံး ပွဲတစ်ပွဲပါ။ မယုံနိုင်လောက်စရာ ကောင်းမွန်တဲ့ ဗိုလ်လုပွဲ ဖြစ်လာမှာပါ။ အင်္ဂလန်နဲ့ ဂျာမနီက လူတွေလိုပဲ ဒီပွဲကို အသင်းက စောင့်မျှော်နေတာပါ။ ဝင်ဘာလေကွင်းရဲ့ ပရိသတ် ၉၀,၀၀၀ ရှေ့မှာ ကစားရမှာ ဖြစ် ပြီး အများစုက အင်္ဂလန်ကို အားပေးမှာ ဖြစ်ပေမယ့် ဒါကို နားလည်ပြီး စိန်ခေါ်မှုတွေကို လက်ခံပါတယ်။ အင်္ဂလန်ဟာ ဒီပြိုင်ပွဲ မှာ မယုံနိုင်ဖွယ် ကောင်းလောက်အောင် စွမ်းဆောင်ပြထားပြီး ယုံကြည်မှုတွေလည်း ရှိနေကြပါတယ်။ ဒီပွဲက ကြီးကျယ် ခမ်းနားတဲ့ ဘောလုံးပွဲကြီး ဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ယူရို ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ အိမ်ရှင် အင်္ဂလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၁ ကြိမ်မှ ဗိုလ်စွဲခြင်း မရှိသေးဘဲ အမြင့်ဆုံး ဒုတိယနေရာသာ ရယူနိုင်ခဲ့တာပါ။ ဂျာမနီ အသင်းကတော့ ဒီပြိုင်ပွဲမှာ ၈ ကြိမ် ဗိုလ်စွဲထားပြီး ၂၀၁၃ မှာ နောက်ဆုံးအကြိမ် ဗိုလ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဂျာမနီအသင်းတို့ဟာ ၂၀၁၉ က ဝင်ဘာလေကွင်းမှာ တွေ့ဆုံထားခဲ့တုန်းက ဂျာမနီက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဂျာမနီ အမျိုးသမီးအသင်း

ဒါပေမယ့် အခုနှစ်ထဲမှာ တွေ့ဆုံထားခဲ့တဲ့ ခြေစမ်းပွဲမှာတော့ အင်္ဂလန်အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ နည်းပြ ဝီဂ်မန်း ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက အကောင်းဆုံးပုံစံ ရနေပြီး ပြိုင်ပွဲစုံ ရှုံးပွဲမရှိ သေးပါဘူး။

ဝီဂ်မန်းဟာ နယ်သာလန်အသင်းနဲ့ ယူရိုအမျိုးသမီး ချန်ပီယံဆုကို ၂၀၁၇ က ရယူနိုင်ခဲ့ပါတယ်။

မာတီနာဗော့စ်က “ဆာရီနာက မယုံနိုင်လောက်အောင်ကောင်းတဲ့ နည်းပြဆိုတာ သိပါတယ်။ တစ်ယောက်နဲ့ တစ်ယောာက် အားသာချက်တွေကိုလည်း သိပြီး အမှားနည်းအောင် လုပ်ပါတယ်။ သူမဟာ နယ်သာလန်နဲ့ ဆုဖလားတွေ ဆွတ်ခူးထားနိုင် တယ်ဆိုတာ သက်သေပြထားပြီးသားပါ။ သူမအနေနဲ့ ဒီဆုဖလား တစ်ခုတည်းနဲ့ပဲ ဆက်ရှိနိုင်ဖို့ မျှော်လင့်ကြောင်း” ပြောခဲ့တာ ပါ။

အမျိုးသမီး ယူရိုပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံး နေရာမှာ အင်္ဂလန်က မိဒ်နဲ့ ဂျာမနီက ပေါ့ပ်တို့ဟာ ၆ ဂိုးစီ သွင်းယူထားပြီး ရပ်တည်နေပါတယ်။ အမျိုးသမီး ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင်လ ၃၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ဒိုင်ဘားလားကို ရိုးမားပရိသတ် ထောင်ပေါင်းများစွာ ကြိုဆို

By CNI
CNI
Category: Watch TV
Hits: 777

Share
Tweet
Share
Share
powered by social2s

ဆွီဒင်ကို အနိုင်ရပြီး အင်္ဂလန်အမျိုးသမီးအသင်း ယူရိုဗိုလ်လုပွဲတက်

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s
ဆွာရတ်စ်ကိုတွေ့ရစဉ်

ကစားသမားဘဝ စတင်ခဲ့တဲ့ အသင်းထံ ပြောင်းရွှေ့မယ့် ဆွာရတ်စ်

By CNI
CNI
Category: အားကစား
Hits: 1174

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

လီဗာပူးလ်နဲ့ ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း ဆွာရတ်စ်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဥရုဂွေးကလပ် နေစီယွန်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ၂၀၀၁ ကတည်းက နေစီယွန်နယ် လူငယ်အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၂၀၀၅ မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့တာပါ။

ဥရုဂွေးတိုက်စစ်မှူးဟာ နေစီယွန်နယ် အသင်းကြီးမှာ ၁ ရာသီကြာသာ ကစားခဲ့ကာ နယ်သာလန်ကလပ် ဂရိုနင်ဂျန်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဆွာရတ်စ်ဟာ အသလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်ကုန်ဆုံး သွားပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

ဆွာရတ်စ်ကို ခေါ်ယူဖို့ ဥရောပကလပ် အသင်းတွေအပြင် မေဂျာလိဂ်ကလပ် အသင်းတွေကပါ ကမ်းလှမ်းမှုတွေ ရှိခဲ့ပေမယ့် ကစားသမားကတော့ နေစီယွန်နယ်အသင်းကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေးကလပ် ပရိသတ်တွေဟာ မကြာသေးခင်က ကစားခဲ့တဲ့ ပွဲမှာ ဆွာရတ်စ်ပုံပါတဲ့ မျက်နှာဖုံးတပ်ဆင်ပြီး ကစားသမား ဟောင်းကို အသင်းထံ ပြန်လာဖို့ တောင်းဆိုခဲ့ကြတာပါ။ ဆွာရတ်စ်ကတော့ နေစီယွန်နယ် ပရိသတ်တွေကို ကျေးဇူးတင် ကြောင်း ပြောခဲ့ပါတယ်။

နေစီယွန်နယ်အသင်း ပရိသတ်များ ဆွာရတ်စ်ပုံ မျက်နှာဖုံးများ တပ်ကာ အားပေးနေကြစဉ်

ဆွာရတ်စ်က “မကြာသေးခင် ရက်ပိုင်းအတွင်းက ကျနော်နဲ့ ကျနော့်မိသားစု ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ အတွက် ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ်။ ကျနော့်အနေနဲ့ ဆုံးဖြတ်ချက် ချရမယ့်အချိန်မှာ ဒီအခိုက်အတန့်က ကျနော့် နှလုံးသားကို ထိသွားခဲ့ပါတယ်။ နေစီယွန်နယ် အသင်းအတွက် ပြန်ကစားခွင့်ရတဲ့ အခွင့်အရေးကို ငြင်းပယ်ဖို့ ဆိုတာ မဖြစ်နိုင်တာကြောင့် ကလပ်အသင်းနဲ့ အကြိုသဘောတူညီမှုရ ယူနိုင်ခဲ့ပါတယ်။ မကြာခင်မှာ အားလုံးနဲ့ တွေ့ဆုံနိုင်မယ်လို့ မျှော်လင့်ကြောင်း” တွစ်တာမှာ ရေးသားခဲ့တာပါ။

ဆွာရတ်စ်ဟာ နေစီယွန်နယ် အသင်းအတွက် ပထမအကြိမ် ကစားခဲ့တဲ့ ၁ ရာသီအတွင်း ၃၄ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူ နိုင်ခဲ့ကာ အမှတ်ပေးလိဂ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပဘောလုံးလောကမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ဆွာရတ်စ်ဟာ ၆၈ ဂိုး သွင်းယူထားပြီး နိုင်ငံရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အမေရိကန် အမျိုးသမီးအသင်း ဂိုးသမားဟောင်း ဟုပ်ဆိုလို

အရက်သောက်ပြီး ကားမောင်းမှုမှာ အပြစ်ရှိကြောင်း ဟုပ်ဆိုလို ဝန်ခံ

By CNI
CNI
Category: အားကစား
Hits: 1434

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

အမေရိကန်အသင်း ဂိုးသမားဟောင်း ဟုပ်ဆိုလိုက အရက်သောက် ထားချိန်မှာ ကားမောင်းခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံ လိုက်ပါတယ်။

ဟုပ်ဆိုလိုက “ကျမဘဝရဲ့ အပျက်အဆီး တစ်ခုဖြစ်တဲ့ အရက်ကို လျှော့တွက်မိခဲ့ပါတယ်။ကျမဟာ ကြီးမားတဲ့ အမှားကို လုပ်ခဲ့မိပါတယ်။ လွယ်လွယ်ကူကူနဲ့ကို ကျမဘဝရဲ့ အဆိုးရွားဆုံးအမှားကို ပြုလုပ်ခဲ့မိတာပါ။ သွားရမယ့် လမ်းက ရှည်လျား နေပေမယ့် ဖြည်းဖြည်းချင်း ပြန်လာခဲ့တာပါ။ အမှားလုပ်ခဲ့မိတဲ့ နောက်ဆက်တွဲကတော့ ခက်ခဲတဲ့ သင်ခန်းစာတွေကို မြန်မြန် ဆန်ဆန် သင်ယူနိုင်ခဲ့တာပါပဲ။ ဒီသင်ခန်းစာတွေကို သင်ယူရတာ ခက်ခဲပြီး တစ်ခါတလေဆို အလွန်နာကျင်ရပါတယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

မတ်လ ၃၁ ရက်က မြောက်ကာရိုလိုင်းနားရှိ ကားရပ်နားရာ နေရာတွင် ဟုပ်ဆိုလိုဟာ အရက်မူးပြီး ရပ်နားထားတဲ့ သူမရဲ့ ကားပေါ်ကနေ ပြုတ်ကျသွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကလေး နှစ်ဦးဟာ ကားထဲမှာ ရှိနေခဲ့ပါတယ်။ ဒီနောက်မှာတော့ ရဲတွေ ရောက်လာပြီး ဟုတ်ဆိုလိုကို အရက်သောက် ထားချိန်မှာ ကားမောင်းနှင်မှု၊ ဖမ်းဆီးတာကို ခုခံမှု၊ ကလေးသူငယ်ညှင်းပန် နှိပ်စက်မှုတို့နဲ့ စွဲချက်တင် ဖမ်းဆီးခဲ့ ပါတယ်။

အမေရိကန် အမျိုးသမီးအသင်း ဂိုးသမားဟောင်း ဟုပ်ဆိုလို

ဆေးစစ်ချက်တွေအရ သူမမှာရှိတဲ့ သွေးတွင်းအယ်လ်ကိုဟော ပါဝင်မှုဟာ တရားဝင် ကန်သတ်မှုထက် ၃ ဆကျော် ရှိနေခဲ့ တယ်လို့ ပြသခဲ့ပါတယ်။

အဲ့ဒါကြောင့် တရားရုံးက အသက် ၄၀ အရွယ်ရှိ ဟုပ်ဆိုလိုကို ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

ဟုပ်ဆိုလိုဟာ သူမရဲ့ ယာဉ်မောင်းလိုင်စင်ကို စွန့်လွှတ်ခဲ့ရပြီး ဒဏ်ငွေ ဒေါ်လာ ၂၅၀၀ ပေးဆောင်ခဲ့ရကာ မူးယစ်ဆေးဝါး သုံးစွဲတာ အကဲဖြတ်မှုကိုလည်း ရယူရမှာပါ။

သူမရဲ့ အသနားခံ သဘောတူညီမှု အစိတ်အပိုင်းအဖြစ် ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးတာကို ခုခံတဲ့ စွဲချက်တွေ ကို ရုပ်သိမ်းပေးလိုက်တယ်လို့ New Yorks Times ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဟုပ်ဆိုလိုဟာ အမေရိကန် လက်ရွေးစင်အသင်းနဲ့ ၂၀၀၈၊ ၂၀၁၂ အိုလံပစ်ရွှေတံဆိပ်ဆု၊ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလားဆုတို့ ကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

Source: The Athletic

 

 

 

Share
Tweet
Share
Share
powered by social2s
ဒိုင်ဘားလားကို ရိုးမား ပရိသတ်တွေ ကြိုဆိုနေ

ဒိုင်ဘားလားကို ရိုးမားပရိသတ် ထောင်ပေါင်းများစွာ ကြိုဆို

By CNI
CNI
Category: အားကစား
Hits: 1525

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

ရိုးမားအသင်းဟာ ကစားသမားသစ် ဒိုင်ဘားလားကို မိတ်ဆက်တဲ့ အခမ်းအနား ကျင်းပခဲ့တာမှာ ပရိသတ် ထောင်ပေါင်းများ စွာ တက်ရောက်ပြီး ကြိုဆိုခဲ့ ကြပါတယ်။

ဂျူဗင်တပ်စ် အသင်းမှာ ၇ ရာသီကြာ ကစားပြီးနောက် ထွက်ခွာလာခဲ့တဲ့ ဒိုင်ဘားလားဟာ ရိုးမား ပရိသတ်တွေရဲ့ ကြိုဆိုပုံ ကြောင့် မျက်ရည် ကျလုနီးပါး ဖြစ်ခဲ့တာပါ။ မြို့တော်ရှိ အီတလီ ယဉ်ကျေးမှု နန်းတော်အပြင်ဘက်မှာ ရိုးမား ပရိသတ် ခန့်မှန်း ခြေ ၈၀၀၀(ရှစ်ထောင်)ခန့်ဟာ ကလပ်သီချင်းကို သီဆိုရင်း ဒိုင်ဘားလားကို ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ သူ့ကို ကြိုဆိုခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောရင်းနဲ့ အဆိုပါ နန်းတော်ရဲ့ လှေကားထစ်မှာ ထိုင်နေခဲ့တာပါ။

ဒိုင်ဘားလားဟာ ဂျူဗင်တပ်စ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးမှုကို ငြင်းပယ်ခဲ့ပြီးနောက် ဥရောပအသင်းတွေ အများအပြားနဲ့ ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ရိုးမားနည်းပြ မော်ရင်ဟိုက ဒိုင်ဘားလားကို ခေါ်ယူဖို့ ကြိုးစားခဲ့တာကြောင့် ကစားသမားဟာ ရိုးမားအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဂျင်တီးနား တိုက်စစ်မှူးဟာ ရိုးမားအသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘားလားကိုတွေ့ရစဉ်

ဒိုင်ဘားလားက “ဒီစာချုပ်မှာ လတ်မှတ်ရေးထိုးနိုင်ဖို့ ကျနော့်အတွက် ဖြစ်ပေါ်လာတဲ့ နေ့ရက်တွေဟာ ခံစားချက်များစွာနဲ့ ပြည့်နှက် နေခဲ့ပါတယ်။ ရိုးမားက ကျနော့်ကို ဘယ်လောက်ထိ အလိုရှိခဲ့လဲဆိုတာ ပြသခဲ့တဲ့ အရှိန်အဟုန်နဲ့ စိတ်ပိုင်းဖြတ်မှု တွေဟာ ကွဲပြားမှုအားလုံးကို ဖြစ်စေခဲ့ပါတယ်။ ကျနော်က အရှေ့ကို သွားနေတဲ့ အသင်းတစ်သင်း၊ အနာဂတ်အတွက် ခိုင်မာ တဲ့ အုတ်မြစ်တွေနဲ့ တည်ဆောက်နေတဲ့ အသင်းတစ်သင်း၊ နည်းပြ မော်ရင်ဟိုတို့နဲ့ အလုပ်တွဲ လုပ်ရတော့မှာပါ။ ပြိုင်ဘက် တစ်ယောက် အနေနဲ့ ရိုးမားပရိသတ်တွေ ဖန်တီးထားတဲ့အရာကို အမြဲတမ်း သဘောကျခဲ့တယ်”လို့ ပြောခဲ့တာပါ။

ဒိုင်ဘားလားဟာ ရိုးမားအသင်းကို ရောက်ချိန်မှာ ဂန္တဝင်ကစားသမား တော်တီက ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက ကျောနံပါတ် ၂၁ ဂျာစီကိုပဲ ရွေးချယ်ခဲ့တာပါ။

ဒီဂျာစီနံပါတ်ဟာ တော်တီနဲ့ပဲ ထိုက်တန်တဲ့အတွက် သူငြင်းပယ်ခဲ့တာလို့လည်း ဒိုင်ဘားလားက ပြောခဲ့ပါတယ်။ ရိုးမား အသင်းဟာ ဒိုင်ဘားလားကို အသင်းရဲ့ ကစားသမားအဖြစ် ကြေညာပြီး ၂၄ နာရီအကြာမှာ အသင်းဟာ ကျောနံပါတ် ၂၁ ဂျာစီ ၅ သိန်းကျော်အထိ ရောင်းချခဲ့ရပြီး ရော်နယ်ဒိုရဲ့ စံချိန်ကိုပါ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Star

 

 

 

Share
Tweet
Share
Share
powered by social2s

ဆွီဒင်ကို အနိုင်ရပြီး အင်္ဂလန်အမျိုးသမီးအသင်း ယူရိုဗိုလ်လုပွဲတက်

By CNI
CNI
Category: အားကစား
Hits: 1319

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇

အင်္ဂလန်အသင်းဟာ ဇူလိုင်လ ၂၇ ရက်က ကစားခဲ့တဲ့ အမျိုးသမီးယူရိုဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆွီဒင်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်အတွက်ဂိုးတွေကို မိဒ်၊ ဘရုန်းဇ်၊ ရက်ဆိုနဲ့ ခါဘီတို့က သွင်းယူခဲ့ကြတာပါ။အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲ ကြောင့် ၂၀၀၉ နောက်ပိုင်း ပထမဆုံးအကြိမ် အဓိကအမျိုးသမီးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းဟာ နည်းပြ ဝီဂ်မန်းလက်အောက်မှာ အစွမ်းကုန်ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၉ ပွဲ ဆက်တိုက်ရှုံးပွဲမရှိဖြတ်သန်းနေခဲ့တာပါ။ဒီပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့ မိဒ်ဟာ အခုနှစ် အမျိုးသမီးယူရိုပြိုင်ပွဲမှာ ၆ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဝီဂ်မန်းက ဆွီဒင်ကို အနိုင်ရတဲ့ပွဲက စွမ်းဆောင်ရည်က အလွန်ကောင်းမွန်တဲ့ စွမ်းဆောင် ရည်ပဲလို့ ပြောခဲ့တာပါ။ဝီဂ်မန်းက “သူတို့ ခံစစ်ကစားပုံကြောင့် အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် ပိုကောင်းသထက် ပိုကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။

ကွင်းထဲမှာ ကစားသမားတွေက အဖြေရှာတွေ့ခဲ့ပြီး ဂိုးသွင်းလိုက်တဲ့အချိန်မှာ တော့ သိသိသာသာကို အများကြီးအထောက်အကူဖြစ်စေခဲ့ပါတယ်။တစ်တိုင်းပြည်လုံးက အသင်းအတွက် ဂုဏ်ယူ နေကြတယ်”လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ နိုင်ပွဲအတွက် ပီယာမော်ဂန်စ်၊ ဝိန်းရွန်နီ၊ ကမ်းဘရစ်ချ် မြို့စားနဲ့ မြို့စားကတော်တို့က ချီးကျူးမှု တွေ ပြုလုပ်ခဲ့ကြတာပါ။ဒါ့အပြင် လက်ရှိအင်္ဂလန်အမျိုးသားအသင်းခေါင်းဆောင် ဟာရီကိန်း၊ ဂယ်ရီလိုင်နီကာ တို့ကလည်း ဂုဏ်ယူကြောင်း သူတို့ရဲ့တွစ်တာမှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်း အတွက်တော့ ပထမဆုံးအကြိမ် အဓိကပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲဖို့ အကောင်းဆုံး အခွင့်အရေး ပိုင်ဆိုင်နေခဲ့သလို နိုင်ငံအတွက် ၅၆ နှစ်အကြာမှ ပထမဆုံးဆုဖလားရယူပေးနိုင်မယ့် အခြေအနေကိုလည်း ပိုင်ဆိုင်နေခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဂျာမနီ၊ ပြင်သစ်တို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဇူလိုင်လ ၃၁ ရက် ဝင်ဘာလေ အားကစား ကွင်းကြီးမှာ အမျိုးသမီးယူရိုပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

အဲရစ်တန်ဟတ်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ရော်နယ်ဒို အင်္ဂလန်ကို ပြန်လာ

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

ဒီဂျောင်အနေနဲ့ ဘာစီလိုနာကို တရားစွဲဆိုဖို့ စဉ်စားသင့်တယ်လို့ ဂယ်ရီနဗီးလ်ပြော

By CNI
CNI
Category: အားကစား
Hits: 1273

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဒီဂျောင်အနေနဲ့ သူ့ကို အနိုင်ကျင့်နေတဲ့ ဘာစီလိုနာကို တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ ဂယ်ရီနဗီးလ်က ပြောလိုက်ပါတယ်။

ဂယ်ရီနဗီးလ်က “ဒီဂျောင်အနေနဲ့ ဘာစီလိုနာကို တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ စဉ်းစားသင့်ပြီး ကစားသမားတွေ အားလုံးက သူ့နောက်မှာ ရှိသင့်ပါတယ်။ကလပ်အသင်းဟာ ကစားသမားသစ်ဝယ်ဖို့အတွက် ငွေကြေးသုံးစွဲပြီး အသင်းမှာရှိတဲ့ ကစားသမားတွေကိုကျ ငွေကြေးအပြည့်အဝမပေးချေတာဟာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက် တာပါပဲ။FIFPRO အနေနဲ့ ဒီလိုအနိုင်ကျင့်တာတွေကို ရပ်တန့်သင့်ပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး သဘောတူညီမှု ရခဲ့ပြီလို့တောင် အရင်က သတင်းတွေထွက်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာဥက္ကဋ္ဌက ဒီဂျောင်အတွက် ကမ်းလှမ်း မှုတွေကို ပယ်ချထားပြီး ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ငွေကြေးပိုင်းဆိုင်ရာ ဖိအားတွေကိုလျော့နည်းသွားစေဖို့အတွက် ဒီဂျောင်ကို ရောင်းချဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်ကို ပေးချေဖို့ ယူရို ၁၇ သန်း အကြွေးကျန်ရှိနေတဲ့အတွက် အခြေအနေတွေဟာ ပိုပြီးရှုပ်ထွေးနေခဲ့တာပါ။

နည်းပြ ဇာဗီက ဒီဂျောင်အနေနဲ့ လုပ်ခလစာလျှော့ယူမယ်ဆိုရင် အသင်းမှာဆက်နေနိုင်ကြောင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။နယ်သာလန်ကစားသမားဟာ လုပ်ခလစာလျှော့မယူချင်ပေမယ့် ရရှိမယ့် အကြွေးကျန်ရှိနေတာကြောင့် အသင်းကထွက်ခွာဖို့ ခက်ခဲနေတာပါ။

ဒီလိုအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ဂယ်ရီနဗီးလ်က ဒီဂျောင် အနေနဲ့ ဘာစီလိုနာကို တရားစွဲဆိုဖို့နဲ့ FIFPRO အနေနဲ့လည်း ကြားဝင်ဆောင်ရွက်ပေးဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကတ်ဆီနဲ့ ခရစ်တန်ဆန် တို့ကို ခေါ်ယူထားပြီး ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးထားတာပါ။ဒါ့အပြင် စပိန်ကလပ်ဟာ ဆီဗီလာနောက်ခံလူ ကွန်ဒီ အပါအဝင် ကစားသမားတချို့ကိုလည်း ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပတ်ကွီအိုနဲ့ DK Yoo ကိုတွေ့ရစဉ်

DK Yoo နဲ့ ထိုးသတ်မယ့် သရုပ်ပြပွဲက ပရဟိတအတွက်သာလို့ ပတ်ကွီအိုပြော

By CNI
CNI
Category: အားကစား
Hits: 1561

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ဖိလစ်ပိုင် လက်ဝှေ့ အကျော်အမော် ပတ်ကွီအိုက သူ့ရဲ့ ပထမဆုံးအကြိမ် ထိုးသတ်မယ့် သရုပ်ပြပွဲက ပြပွဲအတွက်ပဲ မဟုတ် ဘူးလို့ ပြောလိုက်ပါတယ်။

ပတ်ကွီအိုက “ဒီသရုပ်ပြပွဲက ပရဟိတပွဲတစ်ခုပါ။ နေအိမ်မရှိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို နေအိမ်တွေ ဆောက်လုပ် နိုင်ဖို့နဲ့ လိုအပ်နေတဲ့ သူတွေကို ကူညီနိုင်ဖို့ပါ။ တခြားသူတွေကို ကူညီနိုင်ဖို့က ကျနော့်ရဲ့ အမြဲတမ်း အိမ်မက်ပါပဲ”လို့ ပြောခဲ့တာပါ။

ပတ်ကွီအိုဟာ တောင်ကိုရီးယားနိုင်ငံက YouTuber DK Yoo နဲ့ သရုပ်ပြပွဲ ထိုးသတ်တာမှာ ရရှိလာမယ့် ဝင်ငွေ အစိတ်အပိုင်း ကို ဆင်းရဲနွမ်းပါးပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ မိသားစုတွေအတွက် ခိုလှုံရာ နေရာအဖြစ် အသုံးပြုသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

DK Yoo ကတော့ သူ့ရဲ့ ဝင်ငွေအများစုကို ယူကရိန်းနိုင်ငံအတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။ ပတ်ကွီအိုဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လက အူဂတ်စ်ကို အရေးနိမ့်ပြီး ကတည်းက လက်ဝှေ့ကြိုးဝိုင်းထဲကို ဝင်ရောက်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ပတ်ကွီအိုက “ ကျနော် စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာလို့ မဟုတ်ပါဘူး။ ကျနော် စိတ်လှုပ်ရှားနေတဲ့ အကြောင်းအရာက ဒီထိုးသတ်ပွဲကြောင့် ကူညီနိုင်မယ့် လူအရေအတွက်နဲ့ မိသားစုတွေ ကြောင့်ပါလို့” ပြောခဲ့တာပါ။

ဒီဇင်ဘာလ ၁၁ ရက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ ထိုးသတ်မယ့် ဒီသရုပ်ပြပွဲက ၆ ချီ ကစားမှာဖြစ်ပြီး ဒီပွဲမှာ ကိုယ်အလေးချိန် ကန့်သတ်ထားခြင်းမရှိပဲ ၁ ချီကို ၂ မိနစ်ကြာမြင့်မယ်လို့ သိရပါတယ်။

မတူညီတဲ့ ဝိတ်တန်း ၈ ခုမှာ ထိုးသတ်ခဲ့တဲ့ ပတ်ကွီအိုဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ သမားဘဝမှာ ပွဲပေါင်း ၇၂ ပွဲ ထိုးသတ်ခဲ့တာမှာ ၆၂ ပွဲ အနိုင်ရပြီး ၈ ပွဲ အရေးနိမ့်ခဲ့ကာ ၂ ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Source: Sports

 

 

 

Share
Tweet
Share
Share
powered by social2s

ဒူးဒဏ်ရာကြောင့် ပေါ့ဘာ ၂ လကြာအနားယူရဖွယ်ရှိနေ

By CNI
CNI
Category: အားကစား
Hits: 2099

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်အပြီး ၁၄ ရက်အကြာမှာပဲ ဒူးဒဏ်ရာခံစားနေရတာကြောင့် ၂ လ ကြာအနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။

ပြင်သစ်ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဂျူဗင်တပ်စ်အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ပေါ့ဘာဟာ မက္ကဆီကိုကလပ် ဂွာဒလာဟာရာအသင်းနဲ့ ကစား ခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျူဗင်တပ်စ်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြုလုပ် ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပေါ့ဘာဟာ ဒဏ်ရာရသလိုခံစားနေရတာကြောင့် ဂျူဗင်တပ်စ်အသင်းက ဆေး စစ်မှုတွေ ပြုလုပ်ခဲ့တာပါ။အီတလီကလပ်က ပေါ့ဘာရဲ့ ညာဘက်ဒူးဟာ နာကျင်မှုတွေခံစားနေရတယ်လို့ အတည် ပြုခဲ့ပါတယ်။

ပေါ့ဘာက ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး အရိုးအထုးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်ပြီး ကုသမှုဆက်လက်ခံယူဖို့ ရှိနေတာကြောင့် ဒါးလတ်စ်သွားမယ့်ခရီးစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ ဂျူဗင်တပ်စ် က ထုတ်ပြန်ထားတာပါ။ဂါဇတ်တာဒယ်လိုစပေါ့က ပေါ့ဘာဟာ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်ပြီး ၂ လကြာ အနားယူ ရမယ်လို့ ဖော်ပြထားပါတယ်။အဲဒါကြောင့် ပြင်သစ်ကစားသမားဟာ စီးရီးအေ ရာသီသစ်အစပိုင်းပွဲတွေကို ပါဝင် နိုင်တော့မှာမဟုတ်ပါဘူး။

စီးရီးအေချန်ပီယံဆုကို ၂ နှစ်ဆက်တိုက်လက်လွှတ်ခဲ့ရတာကြောင့် ဒီရာသီမှာ ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေ တဲ့ ဂျူဗင်တပ်စ်အတွက်တော့ ပေါ့ဘာရဲ့သတင်းဟာ သတင်းဆိုးဖြစ်ခဲ့တာပါ။နည်းပြ အယ်လီဂရီကတော့ ပေါ့ဘာ အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းမှာ ၂၀၁၂ ကနေ ၂၀၁၆ အထိ ပထမအကြိမ်ကစားခဲ့တုန်းက အသင်းနဲ့အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့တဲ့ ပေါ့ဘာဟာ ၆ နှစ်အကြာမှ အသင်းထံ ဒုတိယအကြိမ်မြောက် ပြန်လည်ရောက်ရှိလာခဲ့တာပါ။

စီးရီးအေရာသီသစ်ဟာ သြဂုတ်လ ၁၆ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင် မှာ လာလီဂါထိပ်သီး ၂ သင်းဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရယ်လ်တို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source:The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

အဲရစ်တန်ဟတ်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ရော်နယ်ဒို အင်္ဂလန်ကို ပြန်လာ

By CNI
CNI
Category: အားကစား
Hits: 1786

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အင်္ဂလန်ကို ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မိသားစုကိစ္စ အကြောင်းပြပြီး ထိုင်း၊ သြစတြေးလျကို သွားရောက်ခဲ့တဲ့ အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို မပါဝင်နိုင်ခဲ့တာကြောင့် အဲရစ်တန်ဟတ် လက်အောက်မှာ အလုပ်မလုပ်ရသေးပါဘူး။

ရော်နယ်ဒို ကတော့ သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် သူ့ကိုထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုဟာ နည်းပြအပါအဝင် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားဖို့ ရှိနေတာပါ။

ယူနိုက်တက်ကတော့ ရော်နယ်ဒိုဟာ ရာသီသစ်မှာ အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ရောင်းချ သွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ အဲရစ်တန်ဟတ် ကိုတွေ့ရစဉ်

ရော်နယ်ဒို အနေနဲ့ မန်ချက်စတာကို ပြန်ရောက်ချိန်မှာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်သွားမလား ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ရော်နယ်ဒိုရဲ့ ပြန်လာမှုကို အသင်းဘက်ကတော့ အပေါင်း လက္ခဏာဆောင်တဲ့ အရာအဖြစ် ရှုမြင်နေခဲ့ပါတယ်။ သတင်း ရင်းမြစ်တွေကတော့ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာပဲ ဆက်ရှိဖို့ အလားအလာ ပိုများနေတယ်လို့ ပြောနေကြပေမယ့် နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူနိုက်တက်အသင်းနဲ့ ရော်နယ်ဒိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်း တိုးခွင့် ရှိနေပြီး ဒီအချက်ကို ကလပ်အသင်းဘက်က အသက်သွင်းဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားချင်နေပြီး ဆုဖလားအောင်မြင်မှုတွေ ရယူချင်နေတာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာ ချင်နေခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကလည်း သူ့ရဲ့ ကစားသမားအတွက် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးစတဲ့ အသင်းကြီးတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆိုပါအသင်းတွေက ခေါ်ယူဖို့ စိတ်မဝင် စားကြတာ တွေ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ သြဂုတ်လ ၇ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ မကစားခင်မှာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံး ၂ ပွဲအဖြစ် အသလက်တီကို၊ ဗယ်လက်ကာနို အသင်းတို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: The Athletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို မခေါ်ယူဖို့ အသလက်တီကိုပရိသတ်တွေ အွန်လိုင်းမှာကန့်ကွက်

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s

ချင်းမိုင်နဲ့ ခြေစမ်းပွဲမှာ ပခုံးညှပ်ရိုးကျိုးဒဏ်ရာရရှိခဲ့တဲ့ မောင်မောင်လွင်

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60

Page 56 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar