CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရော်နယ်ဒိုကိုတွေ့ရစဉ်

အဲရစ်တန်ဟတ်နဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးဖို့ ရော်နယ်ဒို အင်္ဂလန်ကို ပြန်လာ

By CNI
CNI
Category: အားကစား
Hits: 1586

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၆

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အင်္ဂလန်ကို ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မိသားစုကိစ္စ အကြောင်းပြပြီး ထိုင်း၊ သြစတြေးလျကို သွားရောက်ခဲ့တဲ့ အသင်းရဲ့ ရာသီကြို ခရီးစဉ်ကို မပါဝင်နိုင်ခဲ့တာကြောင့် အဲရစ်တန်ဟတ် လက်အောက်မှာ အလုပ်မလုပ်ရသေးပါဘူး။

ရော်နယ်ဒို ကတော့ သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် သူ့ကိုထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းထံ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုဟာ နည်းပြအပါအဝင် အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားဖို့ ရှိနေတာပါ။

ယူနိုက်တက်ကတော့ ရော်နယ်ဒိုဟာ ရာသီသစ်မှာ အသင်းရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ရောင်းချ သွားမှာ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ အဲရစ်တန်ဟတ် ကိုတွေ့ရစဉ်

ရော်နယ်ဒို အနေနဲ့ မန်ချက်စတာကို ပြန်ရောက်ချိန်မှာ အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်သွားမလား ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ရော်နယ်ဒိုရဲ့ ပြန်လာမှုကို အသင်းဘက်ကတော့ အပေါင်း လက္ခဏာဆောင်တဲ့ အရာအဖြစ် ရှုမြင်နေခဲ့ပါတယ်။ သတင်း ရင်းမြစ်တွေကတော့ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာပဲ ဆက်ရှိဖို့ အလားအလာ ပိုများနေတယ်လို့ ပြောနေကြပေမယ့် နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယူနိုက်တက်အသင်းနဲ့ ရော်နယ်ဒိုတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်ရာသီသာ ကျန်ရှိတော့ပေမယ့် နောက်ထပ် တစ်နှစ် သက်တမ်း တိုးခွင့် ရှိနေပြီး ဒီအချက်ကို ကလပ်အသင်းဘက်က အသက်သွင်းဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ကစားချင်နေပြီး ဆုဖလားအောင်မြင်မှုတွေ ရယူချင်နေတာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာ ချင်နေခဲ့တာပါ။ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်ကလည်း သူ့ရဲ့ ကစားသမားအတွက် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးစတဲ့ အသင်းကြီးတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အဆိုပါအသင်းတွေက ခေါ်ယူဖို့ စိတ်မဝင် စားကြတာ တွေ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ သြဂုတ်လ ၇ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ မကစားခင်မှာ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံး ၂ ပွဲအဖြစ် အသလက်တီကို၊ ဗယ်လက်ကာနို အသင်းတို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: The Athletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို မခေါ်ယူဖို့ အသလက်တီကိုပရိသတ်တွေ အွန်လိုင်းမှာကန့်ကွက်

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s

ချင်းမိုင်နဲ့ ခြေစမ်းပွဲမှာ ပခုံးညှပ်ရိုးကျိုးဒဏ်ရာရရှိခဲ့တဲ့ မောင်မောင်လွင်

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s

အခုနှစ်ဘောလွန်းဒီအောဆုအတွက် ဘန်ဇီမာကို ဟာဇတ် ထောက်ခံ

By CNI
CNI
Category: အားကစား
Hits: 1231

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

ရီးရယ်လ်အသင်းတောင်ပံကစားသမား ဟာဇတ်က အခုနှစ်အတွက်ဘောလွန်းဒီအောဆုကို အသင်းဖော် ဘန်ဇီမာ က ရရှိမယ်လို့ ထောက်ခံလိုက်ပါတယ်။

ဟာဇတ်က “သူနဲ့ပဲ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ခင်ဗျားတို့လည်း သိပါတယ်။ဒါနဲ့ ပတ်သက်ပြီး လုံးဝသံသယမရှိပါဘူး။ဒါက ဒီရာသီအတွက်ပဲ ထိုက်တန်တာမဟုတ်ဘဲ သူ့ဘဝတစ်ခုလုံးအတွက် ထိုက်တန်တယ် လို့ ထင်ပါတယ်။သူဟာ ထိပ်တန်းအဆင့်မှာရှိတာ ၁၅ နှစ်ကြာရှိပါပြီ။သူက ကျနော်တို့ရဲ့အသင်းခေါင်းဆောင် ဖြစ်သလို တကယ်လည်းတော်တဲ့သူပါ။သူဟာ ကွင်းထဲမှာ စကားသိပ်မပြောဘဲ သူလုပ်ချင်တဲ့အရာတွေကို လုပ်တယ်။ဘောလွန်းဒီအောဆုအတွက် ကျနော်တို့ သူ့ကိုတွန်းအားပေးခဲ့တယ်”လို့ ESPN ကို ပြောခဲ့တာပါ။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ၄၆ ပွဲကစားခဲ့ပြီး ၄၄ ဂိုးသွင်းယူနိုင်ခဲ့ကာ ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလားတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲမှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာအပါအဝင် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၂ ပွဲမှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ မနှစ်က ရာသီ က ထူးချွန်တဲ့စွမ်းဆောင်ရည်တွေကြောင့် အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ဘန်ဇီမာပဲ ရယူသွားနိုင်မယ် လို့ သုံးသပ်မှုတွေရှိနေတာ ဖြစ်ပါတယ်။

ဘန်ဇီမာဟာ အခုနှစ်အတွက်ဘောလွန်းဒီအောဆုကို ဆာလတ်၊ မာနေးတို့နှင့် ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။ ဆာလတ်နဲ့ မာနေးတို့ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းနဲ့ ဆုဖလား ၂ လုံးရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲလည်း တက်နိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆာလတ်ဟာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး မာနေးက ဆီနီဂေါလက်ရွေးစင်နဲ့ အာဖရိကဖလားကို ရယူထားနိုင်ခဲ့တာပါ။

ဘန်ဇီမာဟာ မနှစ်ကကျင်းပခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာလည်း ဆုရယူနိုင်ဖို့ ရေပန်းစားခဲ့ပေမယ့် မက်ဆီ၊ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟိုတို့ရဲ့နောက် စတုတ္တနေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိ ဘောလွန်း ဒီအောပိုင်ရှင်မက်ဆီကိုယ်တိုင်ကလည်း အခုနှစ်အတွက် ဘောလွန်းဒီအောဆုဟာ ဘန်ဇီမာအတွက်ပဲလို့ ပြောထားခဲ့ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
အိုလံပစ်ပြိုင်ပွဲ ငွေတံဆိပ်ရခဲ့တဲ့ ချိုပရာ

ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရဖို့ ၁၉ နှစ်ကြာစောင့်ခဲ့ရတာကို အိန္ဒိယ အဆုံးသတ်

By CNI
CNI
Category: အားကစား
Hits: 1322

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

အိုလံပစ်ချန်ပီယံ ချိုပရာက ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲမှာ ၁၉ နှစ်ကြာ ဆုတံဆိပ်ရဖို့ စောင့်ဆိုင်းနေရတဲ့ အိန္ဒိယနိုင်ငံဟာ ဆုတံဆိပ် ရယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ချိုပရာဟာ လှံတံပစ်ပြိုင်ပွဲမှာ ၈၈.၁၃ မီတာ အကွာအဝေး ရောက်ရှိအောင် ပစ်လွှတ်နိုင်ခဲ့ပေမယ့် အန်ဒါဆန်ပီတာစ်က ၉၀.၅၄ မီတာအထိ ပစ်လွှတ်နိုင်ခဲ့တာကြောင့် ငွေတံဆိပ် ရရှိခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံအတွက်တော့ အောင်မြင်မှုဖြစ်ခဲ့လို့ ချိုပရာကို အိန္ဒိယအားကစား အသိုင်းအဝိုင်းက ချီးကျူးခဲ့ကြပါတယ်။ ကမ္ဘာ့ ပြေးခုန်ပစ် ပြိုင်ပွဲမှာ အိန္ဒိယအတွက် နောက်ဆုံး ဆုတံဆိပ် ရရှိခဲ့တာကတော့ ၂၀၀၃ က အန်ဂျူဘော်ဘီဂျော့ချ် ဖြစ်ပြီး ကြေးတံဆိပ် ရယူနိုင်ခဲ့တာပါ။

“အိန္ဒိယနိုင်ငံအတွက် ငွေတံဆိပ် ရယူပေးနိုင်ခဲ့ပြီးနောက် အလွန်ကောင်းမွန်တယ်လို့ ခံစားနေရပါတယ်။ လာမယ့်နှစ်မှာလည်း နောက်ထပ် ကမ္ဘာ့ချန်ပီယံ ရှစ်ပြိုင်ပွဲရှိတဲ့အတွက် အဲ့ဒီမှာ ပိုမိုကောင်းမွန်အောင် ကျနော်ကြိုးစားသွားမယ်”လို့ အိန္ဒိယ အားကစားအဖွဲ့ချုပ်က မျှဝေခဲ့တဲ့ ဗွီဒီယိုမှာ ချိုပရာက ပြောခဲ့တာ ဖြစ်ပါတယ်။

အိုလံပစ်ပြိုင်ပွဲ ငွေတံဆိပ်ရခဲ့တဲ့ ချိုပရာ

ချိုပရာဟာ ပြီးခဲ့တဲ့နှစ်က အိုလံပစ်ပြိုင်ပွဲမှာ တစ်ဦးချင်း ပြေးခုန်ပစ် ရွှေတံဆိပ်ရ ပထမဆုံး အိန္ဒိယနိုင်ငံသား အဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။

၂၀၀၃ က ပြေးခုန်ပစ်ပြိုင်ပွဲမှာ အိန္ဒိယအတွက် ဆုတံဆိပ် ရယူပေးနိုင်ခဲ့တဲ့ အန်ဂျူဘော်ဘီဂျော့ချ်က “၁၉ နှစ်ကြာ စောင့်ဆိုင်း ခဲ့ရပြီးနောက် ကျမတို့ရဲ့ ကမ္ဘာ့ပြေးခုန်ပစ် ဒုတိယဆုတံဆိပ်ကို ရယူနိုင်ခဲ့လို့ တကယ်ကို ဝမ်းသာပြီး စိတ်လှုပ်ရှားမိပါတယ်။ ဒါဟာ အိုလံပစ် စွမ်းဆောင်ရည်ကနေ ဆက်လုပ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံးပုံစံကို ပုံဖော်နိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့ ပြိုင်ဆိုင်မှု၊ ခက်ခဲတဲ့ကွင်းမှာ ဖိအားတွေကို ကိုင်တွယ်ကာ ဆုတံဆိပ် ရယူနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီပုံစံအတိုင်းသာ ဆက် သွားရင် ဘူဒါပတ်စ်မှာ ကျင်းပမယ့် နောက်လာမယ့် ပြိုင်ပွဲမှာလည်း အောင်မြင်မှု ရယူနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ချိုပရာဟာ အာရှအားကစားပြိုင်ပွဲ၊ ဓနသဟာယပြိုင်ပွဲ၊ အာရှချန်ပီယံရှစ်၊ တောင်အာရှ အားကစား ပြိုင်ပွဲနဲ့ ကမ္ဘာ့အငယ်တန်း ပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ်ဆုရပြီး အောင်မြင်မှုတွေ ရယူထားတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို မခေါ်ယူဖို့ အသလက်တီကိုပရိသတ်တွေ အွန်လိုင်းမှာကန့်ကွက်

By CNI
CNI
Category: အားကစား
Hits: 1195

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

အသလက်တီကိုအသင်းပရိသတ်တွေဟာ ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖွယ်ရှိတဲ့အသင်းရဲ့အခြေအနေကို ရပ်တန့် ဖို့အတွက် အွန်လိုင်းမှာ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ပေါ်တူဂီကစားသမားဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းထံ တောင်းဆို ထားခဲ့တာပါ။ရော်နယ်ဒိုဟာ မိသားစုကိစ္စအကြောင်းပြချက်နဲ့ လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့သလို အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်ကိုလည်း လိုက်ပါခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ မကြာသေးခင်က အပြောင်း အရွှေ့အတွက် ချယ်လ်ဆီး၊ နာပိုလီ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ အသလက်တီကိုအသင်းတွေနဲ့ ချိတ်ဆက်ခဲ့ပြီး အနာဂတ်နဲ့ပတ်သက်တဲ့ ထင်ကြေးတွေပိုပြီးတိုးလာစေခဲ့တာပါ။

ရော်နယ်ဒိုဟာ မက်ဒရစ်မှာ ၉ နှစ်ကြာရှိခဲ့ပြီး ချန်ပီယံလိဂ်ကစားချင်တာကြောင့် အခုရက်ပိုင်းမှာ ရော်နယ်ဒိုနဲ့ အသလက်တီကိုတို့ သတင်းတွေဟာ ပိုမိုထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။စပိန်ကလပ်အနေနဲ့ ရော်နယ်ဒိုကိုခေါ်ယူ ဖို့ဆိုရင် လာလီဂါဘဏ္ဍာရေးစည်းမျဉ်းတွေကိုလိုက်နာဖို့အတွက် သူတို့ရဲ့ လုပ်ခလစာတွေကို သိသိသာသာ လျှော့ချရမှာဖြစ်သလို နောက်ထပ်အတားအဆီးတွေလည်း ရှိနိုင်တာပါ။ရော်နယ်ဒိုဟာ အသလက်တီကိုအသင်းရဲ့ မဟာပြိုင်ဘက် ရီးရယ်လ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၈ အထိကစားခဲ့ပြီး အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ ပါတယ်။

အဲဒါကြောင့် အသလက်တီကိုပရိသတ်တွေက ရော်နယ်ဒိုကို အသင်းအတွက် ခေါ်ယူဖို့ စိတ်အားထက်သန်မှု မရှိကြတာပါ။ဒေါသထွက်နေကြတဲ့ အသင်းပရိသတ်တွေကတော့ တွစ်တာပေါ်မှာ ရော်နယ်ဒိုအား ခေါ်ယူမှာကို ဆန့်ကျင်တဲ့ စာသားတွေရေးတင်ခဲ့ကြပြီး သူတို့ရဲ့ မကျေနပ်မှုတွေကို ထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် သူတို့လုပ်ဆောင်မှုတွေဟာ ကလပ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကြီးမားစွာလွှမ်းမိုးမှု ရှိနိုင်ဖို့လည်း မျှော်လင့်ခဲ့ကြ တာပါ။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ တစ်နှစ်ကျန်ရှိနေသေးပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေပါတယ်။ယူနိုက်တက်အသင်းဟာ ဒီစာချုပ်ပါအချက်ကို အသက်သွင်းပြီး ရော်နယ်ဒိုကို စာချုပ်သက်တမ်းတိုးကာ အသလက်တီကိုအသင်းထံ အငှားပြန်ချဖို့ စီစဉ်နေတယ်လို့လည်း သတင်းတချို့မှာ ဖော်ပြထားတာပါ။အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ တစ်ဦးတည်းလေ့ကျင့်မှုတွေ ပြုလုပ်နေပြီး သူ့ရဲ့ကြံ့ခိုင်မှုအပိုင်းကို ထိန်းသိမ်းနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ရာသီသစ်ဟာ မကြာခင်မှာ ပြန်လည်စတင်တော့မှာ ဖြစ်တာကြောင့် ရော်နယ်ဒိုအနေနဲ့ အနာ ဂတ်အတွက် မဖြေရှင်းနိုင်သေးရင် ယူနိုက်တက်ရဲ့ ရာသီအစပွဲတွေကို လွဲချော်ဖွယ် ရှိနေတာဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၃)

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ် (Reuters)

ရော်နယ်ဒိုကို ယူနိုက်တက်တို့ လက်လွှတ်သင့်ပြီလား

By CNI
CNI
Category: ဆောင်းပါး
Hits: 1423

CNI Article News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄

ဒီအကြောင်းအရာက အခုနွေရာသီ အပြောင်းအရွှေ့မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့တဲ့ အရာတွေထဲက တစ်ခုဖြစ်သလို အားလုံး လည်း စိတ်ဝင်စားနေတဲ့ အရာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်း အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ရော်နယ်ဒို အတွက်တော့ အောင်မြင်မှု ခြေ လှမ်းတွေ ပိုင်ဆိုင်နိုင်မှုအစက ယူနိုက်တက်အသင်းနဲ့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၇-၀၈ ဘောလုံးရာသီမှာ ယူနိုက်တက်နဲ့ အတူ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ စွန့်ခွာပြီး ရီးရယ်လ်၊ ဂျူဗင်တပ်စ် အသင်းတွေမှာ သွားရောက်ကစားခဲ့ကာ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ယူနိုက်တက်အသင်းထံ တကျော့ပြန် ရောက်ရှိလာခဲ့ပါတယ်။ ပေါ်တူဂီ ကစားသမားက ယူနိုက်တက်အသင်းနဲ့အတူ နောက်ထပ် အောင်မြင်မှုတွေ ထပ်မံရရှိချင်တာကြောင့် ပြန်လာခဲ့တာလို့ ပြောခဲ့ပါတယ်။

 ဆိုးရှားလ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် 

ဒါပေမယ့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ဒုတိယအကြိမ်မြောက် ကစားခဲ့တဲ့ အချိန်မှာ တာထွက် လှခဲ့ပေမယ့် နောက်ပိုင်းမှာ မန်ချက်စတာကလပ်ရဲ့ ရလဒ်ဆိုးတွေနဲ့အတူ သူလည်း အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

သို့သော်လည်းပဲ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ပါဝင်ခွင့်ရတဲ့ မိနစ်တိုင်းမှာ အကောင်းဆုံး ပေးဆပ်ခဲ့တာတော့ အားလုံး လည်း မြင်တွေ့ရမှာပါ။ ယူနိုက်တက်အသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီး ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင် ရည်၊ ရလဒ်ပိုင်းတွေဟာ ကောင်းမွန်လာခြင်း မရှိခဲ့ပါဘူး။

ဒီလိုနဲ့ ယူနိုက်တက်အသင်းဟာ ၅ ရာသီဆက်တိုက် ဖလားလက်မဲ့ အဖြစ်နဲ့ ဖြတ်သန်းခဲ့ရပြီး ရာသီအကုန်မှာ အဆင့် ၆ နေရာ မှာသာ ရပ်တည်ကာ ရာသီ အဆုံးသတ် သွားခဲ့ပါတယ်။

ရော်နယ်ဒိုလို အောင်မြင်မှုရချင်တဲ့ ကစားသမား တစ်ယောက်အနေနဲ့ ဒီလို အခြေအနေတွေကို မျှော်လင့်ထားခြင်း မရှိဘူးဆို တာ အသေအချာပါပဲ။ အသက် ၃၇ နှစ်အရွယ်ရှိ ကစားသမား တစ်ယောက်ဟာ ပြီးခဲ့တဲ့ရာသီက ၂၄ ဂိုးအထိ သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အဖွဲ့အစည်းရဲ့ တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ဆန်ကာတင် စာရင်းမှာတောင် ရော်နယ်ဒို ပါဝင်ခဲ့တာပါ။ ဒီအချိန်မှာ ယူနိုက်တက် အသင်းက အေဂျတ်စ်နည်းပြ အဲရစ်တန်ဟတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

 

မန်ယူနည်းပြ အဲရစ်တန်ဟတ် (The Times) 

ရော်နယ်ဒိုဟာ နည်းပြသစ်နဲ့ အလုပ် အတူတူ တွဲလုပ်ချင်တယ်လို့ ပြောခဲ့ပေမယ့် ယူနိုက်တက်အသင်း ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တာက ရော်နယ်ဒိုရဲ့ အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ အားလုံးကလည်း ဒီအချက်ကို စိုးရိမ်မှုရှိခဲ့ပါတယ်။

အကြောင်းရင်းကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ တစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲပဲ ကစားခဲ့ရလို့ပါ။ ဒီလိုနဲ့ အားလပ်ရက် အပန်းဖြေ အနားယူရပြီး အသင်းထံ ပြန်လာဖို့ သတင်းပို့ရမယ့် အချိန်မှာ ရော်နယ်ဒိုဟာ လာရောက်ခြင်း မရှိတော့ပါဘူး။

နည်းပြသစ်နဲ့အတူ လက်တွဲ အလုပ်လုပ်ဖို့ ကစားသမားအားလုံး ပူးပေါင်းခဲ့ပေမယ့် ရော်နယ်ဒိုကတော့ မိသားစုကိစ္စ အကြောင်းပြပြီး လာရောက်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်းရက်တွေမှာလည်း ဒီအကြောင်းပြချက်နဲ့ပဲ လေ့ကျင့်မှုတွေ လာရောက် ပြုလုပ်ခြင်း မရှိခဲ့တာကို ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကလည်း လက်ခံခဲ့ကြတာပါ။

ရော်နယ်ဒို အနေနဲ့ သင့်လျော်တဲ့ ကမ်းလှမ်းမှုရရင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ယူနိုက်တက်အသင်းကို တောင်းဆိုလာ ပါတော့တယ်။ ယူနိုက်တက် အသင်းကလည်း ရော်နယ်ဒိုကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

ရော်နယ်ဒို ယူနိုက်တက်ကနေ ထွက်ခွာချင်တဲ့ အကြောင်းပြချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအချက်တွေကတော့ ရော်နယ်ဒိုဟာ ကစားသမားဘဝ ကုန်ဆုံးဖို့ နီးကပ်လာပြီ ဖြစ်တာကြောင့် အောင်မြင်မှုတွေကို ရယူချင်နေပြီး ယူနိုက်တက် အသင်းဟာ ချန်ပီယံဆုတွေ ရယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေမရှိဘူးလို့ ယူဆခဲ့တာပါ။

ဒါ့အပြင် ချန်ပီယံလိဂ် ကစားချင်တာကလည်း ထွက်ခွာချင်တဲ့ အကြောင်းပြချက်တွေထဲမှာ တစ်ချက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ မန်ချက်စတာကလည်း ဘယ်လို အကြောင်းပြချက်ပေးပေး ရော်နယ်ဒိုကို ထွက်ခွာခွင့် မပေးဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

 မန်ယူကစားသမားများ ခြေစွမ်းပွဲ ကစားနေစဉ် (Sports Brief)

ဒီလိုနဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေး အစီအစဉ်တွေကိုလည်း လာရောက် မပူးပေါင်းခဲ့သလို ရာသီကြို ခြေစမ်းပွဲစဉ်အဖြစ် ထိုင်း၊ သြစတြေးလျကို သွားရောက်မယ့် အသင်းရဲ့ လူစာရင်းမှာလည်း မပါဝင်ခဲ့ပါဘူး။ နည်ပြ အဲရစ်တန်ဟတ်ကလည်း ရော်နယ်ဒို မပါဝင်တဲ့ ကစားကွက်၊ နည်းစနစ်တွေကို တည်ဆောက်နေခဲ့ပါတယ်။

အေဂျတ်စ်နည်းပြဟောင်း ကိုယ်တိုင်ကလည်း သတင်းစာ ရှင်းလင်းပွဲတွေမှာ ရော်နယ်ဒိုကို ရောင်းချသွားမှာ မဟုတ်ဘဲ သူ့ရဲ့ အစီအစဉ်မှာ ပါဝင်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့တာ တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေရခဲ့ပြီး တိုက်စစ် အတွဲအဖက် ဖြစ်တဲ့ မာရှယ်၊ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ် တို့ဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နည်းစနစ်အောက်မှာ အတွဲညီစွာ ကစားနိုင်ခဲ့ပါတယ်။

ဒီအချိန်မှာ ရော်နယ်ဒို မရှိလည်း ရပြီဆိုတဲ့ ပြောဆိုမှုတွေလည်း ကြားခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာ ရော်နယ်ဒို မရှိ တော့ရင် ရပြီလားဆိုတဲ့ အချက်ဟာ စဉ်းစားစရာ ရှိလာခဲ့ပါပြီ။ ဘယ်ကစားသမားကမှ အသင်းရဲ့ အထက်မှာ ရှိမနေရဘူး ဆိုတဲ့ လက်စွဲကို အသင်းတိုင်းက အသုံးပြုကြပါတယ်။

တကယ်လို့ ရော်နယ်ဒို ထွက်သွားရင် စတင်ထိခိုက်မှုက ယူနိုက်တက်အသင်းရဲ့ အကျိုးစီးပွားပါ။ ပြီးခဲ့တဲ့ ရာသီက ရော်နယ်ဒို ရောက်လာချိန်မှာ သူ့ရဲ့ ဂျာစီရောင်းအားနှုန်းကနေ ယူနိုက်တက်အသင်း ဝင်ငွေ အများအပြား ရရှိသွားခဲ့ပါတယ်။ ဒါက ဂျာစီ ရောင်းအားကပဲ ရှိပြီး နောက်ထက် အခြားဝင်ငွေတွေလည်း ရှိနိုင်ပါသေးတယ်။

 

 ရော်နယ်ဒိုကိုတွေ့ရစဉ်(Bleacher Reports)

အခု ရာသီကြို ခြေစမ်းခရီးစဉ်မှာ ရော်နယ်ဒို မပါဝင်တာက ယူနိုက်တက်အတွက် နစ်နာစရာ အချို့ရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် လည်း ရော်နယ်ဒိုလို ပုံရိပ်မြှင့် ကစားသမားကို ယူနိုက်တက်အသင်းက လက်မလွှတ်ခံချင်ပဲ ဖြစ်နေခဲ့ပါတယ်။

နည်းပြက လည်း အသင်းရဲ့ အလိုကျ ရော်နယ်ဒိုကို မထွက်ခွာစေချင်ပေမယ့် ရာသီကြိုက စတင်ပြီး သူ့ရဲ့ နည်းစနစ်နဲ့ ကစားသမားတွေ အားလုံးကို အံ့ဝင်မှုရှိအောင် မောင်းနှင်ခဲ့ရတဲ့ သူ့အတွက်တော့ ပေါ်တူဂီကစားသမား မပူးပေါင်းတာကို စိတ်ပျက်နေနိုင် ပါ တယ်။

ရော်နယ်ဒိုလို အတွေ့အကြုံရင့်ပြီး ဘောလွန်းဒီအောဆု ၅ ကြိမ်ရတဲ့ ကစားသမား အတွက်တော့ ဘယ်နည်းပြရဲ့ နည်းစနစ် ပိုင်းမှာမဆို အံ့ဝင်မှုရှိအောင် ကစားနိုင်တဲ့ အနေအထားမှာ ရှိနေတာပါ။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ကိစ္စက လက်ရှိသွားနေတဲ့ အသင်းအပေါ်မှာတော့ အနည်းနဲ့အများ သက်ရောက်မှု ရှိနေနိုင်တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုရဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ အရာတွေကို ယူနိုက်တက် အသင်းအနေနဲ့ အမြန်ဆုံးဖြေရှင်းဖို့ လိုအပ်နေ တာပါ။ ပရီးမီးယားလိဂ် ရာသီသစ်ကလည်း မကြာခင်မှာ စတင်တော့မှာ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ အသင်းမှာ မနေချင်တော့တဲ့ ကစားသမားကို စာချုပ်ကုန်တဲ့အထိ ဆက်ထားမလား ဒါမှမဟုတ် ရောင်းချမလားဆိုတာ ဆုံးဖြတ်ရတော့ မှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့သူလာခဲ့လို့ ဘစ်ဒက်ရှ်ကို အနိုင်ရအပြီး ရိုင်နီယာပြော

By CNI
CNI
Category: Watch TV
Hits: 651

Share
Tweet
Share
Share
powered by social2s

ငြိမ်းချမ်းကို ထိုင်းလိဂ် ၂ ကလပ် ရနောင်းယူနိုက်တက် ခေါ်ယူ

By CNI
CNI
Category: Watch TV
Hits: 645

Share
Tweet
Share
Share
powered by social2s
ဟံသာဝတီယူနိုက်တက်နဲ့ ဂျီအက်ဖ်အေ အသင်းတို့ ယှဉ်ပြိုင်နေစဉ်

ဂျီအက်ဖ်အေကို ၁၀ ဂိုးပြတ်နဲ့ ဟံသာဝတီယူနိုက်တက် အနိုင်ရ

By CNI
CNI
Category: အားကစား
Hits: 2133

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲစဉ်တွေထဲက အစောဆုံးပွဲအဖြစ် ယနေ့ (ဇူလိုင် ၂၃ ရက်)မှာ ဟံသာဝတီယူနိုက်တက်နဲ့ ဂျီအက်ဖ်အေတို့ ကစားခဲ့ကြတာမှာ ဟံသာဝတီယူနိုက်တက်က ၁၀ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာ ဂျီအက်ဖ်အေ အသင်းကို ပထမပိုင်း ၅ ဂိုး၊ ဒုတိယပိုင်း ၅ ဂိုး သွင်းယူခဲ့တာပါ။ ဟံသာဝတီ ယူနိုက်တက်အတွက် ဂိုးတွေကို စိုးကျော်ကျော်နဲ့ အောင်မြတ်သူက ၃ ဂိုးစီ၊ ကျော်ကျော်ဇင်ဟိန်းက ၂ ဂိုး၊ ရဲလင်းထက်နဲ့ ညီညီအောင်တို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဟံသာဝတီယူနိုက်တက် အသင်းသားများ အောင်ပွဲခံနေစဉ်

ဒီပွဲဟာ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တာပါ။

ဟံသာဝတီ ယူနိုက်တက် အသင်းဟာ ဒီပွဲ အပါအဝင် အခုနှစ်ရာသီ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၅ ပွဲကစား အပြီးမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ် ရရှိထားတာပါ။ ဂျီအက်ဖ်အေ အသင်းကတော့ ၅ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၄ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါ တယ်။

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်း အမှတ်တံဆိပ်ကိုတွေ့ရစဉ်

ဟာရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ ပြော

By CNI
CNI
Category: အားကစား
Hits: 1616

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

ဘိုင်ယန်မြူးနစ် အသင်းနည်းပြ နာဂျယ်လ်စမန်းက အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းကို အသင်းထံ ခေါ်ယူချင် ကြောင်း ဝန်ခံလိုက်ပါတယ်။

နာဂျယ်လ်စမန်းက “ ဟာရီကိန်းက ဈေးကြီးတယ်။ အဲ့ဒါက ပြဿနာပါ။ ဒါပေမယ့် သူက အလွန်ထက်မြတ်တဲ့ ကစားသမား ပါ။ သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ နံပတ် ၁၀ ဖြစ်ခဲ့ပေမယ့် ဗဟိုတိုက်စစ်မှူးအဖြစ် ကစားနိုင်တဲ့ ၂ ဦး ဒါမှ မဟုတ် ၃ ဦးထဲက ၁ ဦး ဖြစ်နိုင်ပါတယ်။ သူဟာ အလွန်သန်မာပြီး ခေါင်းရော ခြေထောက်ရော အလွန်ကောင်းမွန်တယ်။ သူက ဘွန်ဒစ်လီဂါမှာ ဂိုးတွေ အများကြီး သွင်းယူနိုင်မှာ။ သူ့ရဲ့ ဈေးနှုန်းကို မသိပေမယ့် ဒါက ဘိုင်ယန်အတွက် တကယ် ခက်ခဲပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်မလဲ ဆိုတာတော့ မြင်တွေ့ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝန်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ ရောင်းချခဲ့ပြီးနောက် တိုက်စစ်မှူး အစားထိုးဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။ အမှုဆောင်ချုပ် အိုလီဗာခန်းကလည်း ဟာရီကိန်းကို ခေါ်ယူဖို့က အိမ်မက်တစ်ခုလို ပါပဲလို့ မကြာသေးခင်က ပြောခဲ့ပါသေးတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်
မနှစ်က ရာသီက မန်စီးတီးအသင်းဟာ အင်္ဂလန် အသင်းခေါင်းဆောင်ကို ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းခဲ့ ပေမယ့် စပါးအသင်းက မရောင်းချခဲ့ပါဘူး။
ဂျာမနီကလပ်ဟာ လီဗာပူးလ်အသင်း တိုက်စစ်မှူး မာနေးကို ခေါ်ယူထားပေမယ့် လီဝန်ဒေါစကီးနေရာ အစားထိုးဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။ လီဝန်ဒေါစကီး ထွက်ခွာသွားခဲ့တာကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ပွဲအတွက် အစီအစဉ်တွေကို ပြန်တွေးတောရမယ်လို့ နာဂျယ်လ်စမန်းက ပြောခဲ့ပါတယ်။

နာဂျယ်လ်စမန်းက “ကျနော်အသင်းနဲ့ အလုပ်တွေ အများကြီး လုပ်ရမှာဖြစ်ပြီး အသင်းရဲ့ ဖွဲ့စည်းမှုနဲ့အတူ အရာတွေလည်း ပြောင်းလဲသွားမှာပါ။ ကစားသမားတိုင်းက မတူညီတဲ့ ပုံစံတွေနဲ့ ကစားနေရလို့ သူတို့အတွက် မလွယ်ပါဘူး။ တချို့ အရာ တွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့” ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ရာသီသစ်အတွက် ပြင်ဆင်နေပြီး ရာသီကြို ခြေစမ်းပွဲအဖြစ် ဒီစီယူနိုက်တက်နဲ့ ကစားခဲ့တာမှာ ၆ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂျာမန်ကလပ်ဟာ ဇူလိုင်လ ၂၄ ရက်မှာတော့ မန်စီးတီးအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဒီပွဲအပြီးမှာ ဂျာမန်စူပါဖလားပွဲစဉ်အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ အသင်းကားကိုတွေ့ရစဉ်

လာလီဂါရုပ်သံမူပိုင်ခွင့် ၁၅ ရာခိုင်နှုန်းကို Sixth Street ထံ ဘာစီလိုနာရောင်းချ

By CNI
CNI
Category: အားကစား
Hits: 1469

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

ဘာစီလိုနာအသင်းဟာ လာလီဂါ ရုပ်သံမူပိုင်ခွင့် ၁၅ ရာခိုင်နှုန်းကို လာမယ့် ၂၅ နှစ်အတွင်း Sixth Street ထံ ရောင်းချခဲ့တယ် လို့ စပိန်ကလပ်က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Financial Times ရဲ့ ဖော်ပြချက်အရ အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ ယူရိုသန်း ၃၀၀ ကျော် တန်ဖိုး ရှိတယ်လို့ သိရပါတယ်။ Sixth Street ဟာ လာလီဂါ ရုပ်သံမူပိုင်ခွင့်ကနေ ရရှိတဲ့ ဘာစီလိုနာအသင်းရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အဖွဲ့အစည်းဟာ ဇွန်လ ၃၀ ရက်ကလည်း ယူရို ၂၀၇.၅ သန်းနဲ့ ၁၀ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တာပါ။ ဘာစီလိုနာ အသင်းဟာ Sixth Street ရဲ့ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု အပြီးမှာ လိဒ်စ်အသင်းက ရာဖင်ဟာနဲ့ ဘိုင်ယန်မြူးနစ်အသင်းက လီဝန်ဒေါစကီးတို့ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက် ရီးရယ်လ်အသင်းနဲ့ အဆက်အသွယ် ရှိနေခဲ့တာပါ။

ဘာစီလိုနာကွင်းအရှေ့ကို တွေ့ရစဉ်

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ လာပေါ်တာက “ကျနော်တို့ဟာ အသင်းရဲ့ နည်းဗျူဟာအတိုင်း ဆက်သွားနေပြီး Sixth Street နဲ့ နောက်ထပ် သဘောတူညီမှု ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ ရေရှည် လက်တွဲမှုကိုလည်း မျှော်လင့် နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အအောင်မြင်ဆုံး ကာလတွေထဲက တစ်ခုကို ဦးဆောင်နိုင်ခဲ့တဲ့ လာပေါ်တာက အသင်းမှာ ကြွေးမြီ စုစုပေါင်း ယူရို ၁.၃၅ ဘီလီယံရှိပြီး ဘဏ်တွေမှာ အကြွေး ၆၇၃ သန်းရှိတယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပြောခဲ့တာပါ။

စပိန်ကလပ်ဟာ ပြီးခဲ့တဲ့ မတ်လက Spotify နဲ့ ဂျာစီ၊ အားကစားကွင်း စပွန်ဆာစာချုပ်ကို ယူရိုသန်း ၂၈၀ နဲ့ သဘောတူ စာချုပ် လတ်မှတ် ရေးထိုးခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘဏ္ဍာရေး အခက်အခဲတွေကြောင့် မက်ဆီကို လက်လွှတ်ခဲ့ရသလို အသင်းဟာ လည်း ရုန်းကန်ခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ ရာသီသိမ်းခဲ့ရပါတယ်။ အဲ့ဒါကြောင့် အခု အပြောင်းအရွှေ့မှာ လီဝန်ဒေါစကီး၊ ရာဖင်ဟာ၊ ကတ်ဆီနဲ့ ခရစ်တန်ဆန်တို့ကို ခေါ်ယူထားပြီး နောက်ထပ် ကစားသမား တချို့ကိုလည်း ခေါ်ယူဖွယ်ရှိတယ်လို့ လာပေါ်တာက ပြောခဲ့ပါတယ်။

Source: CNA

Share
Tweet
Share
Share
powered by social2s
ရနောင်းယူနိုက်တက်နဲ့ စာချုပ်လိုက်တဲ့ ငြိမ်းချမ်း

ငြိမ်းချမ်းကို ထိုင်းလိဂ် ၂ ကလပ် ရနောင်းယူနိုက်တက် ခေါ်ယူ

By CNI
CNI
Category: အားကစား
Hits: 1998

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

မြန်မာ့လက်ရွေးစင် နောက်ခံလူဖြစ်တဲ့ ငြိမ်းချမ်းကို ထိုင်းလိဂ်၂ ကလပ် ရနောင်းယူနိုက်တက်က တစ်ရာသီစာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။

ငြိမ်းချမ်းဟာ ရနောင်းယူနိုက်တက် အသင်းနဲ့ ပူးပေါင်းတာ ၃ ပတ် ဝန်းကျင်ရှိပြီဖြစ်ပေမယ့် အခုမှ အပြောင်းအရွှေ့ကို တရားဝင် ကြေညာခဲ့တာပါ။ မြန်မာ့လက်ရွေးစင် နောက်ခံလူကို ခေါ်ယူဖို့ ကာဆာ့ဆတ် အသင်းကလည်း ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောထားပါတယ်။

ရနောင်းမြို့မှာ မြန်မာနိုင်ငံသားတွေ အများအပြားရှိလို့ မြန်မာပရိသတ်တွေ အနေနဲ့ ဒီခေါ်ယူမှုအပေါ် ပျော်ရွှင်နိုင်မယ်လို့ အသင်းဘက်က မျှော်လင့်နေတာပါ။

ငြိမ်းချမ်းအတွက်တော့ ရနောင်းယူနိုက်တက်ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပကလပ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်း ကတော့ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ ကစားဖို့ အိမ်မက်တွေက အမှန်တကယ် ဖြစ်လာပြီလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့တာပါ။

 ငြိမ်းချမ်းရဲ့ ကစားဟန်

ငြိမ်းချမ်းဟာ ရနောင်းယူနိုက်တက်အသင်းမှာ ကျောနံပတ် ၄ ဂျာစီ ဝတ်ဆင်သွားမှာလည်း ဖြစ်ပါတယ်။ လက်ရွေးစင် နောက်ခံလူဟာ မြန်မာနေရှင်နယ်လိဂ် ကလပ်တွေဖြစ်တဲ့ နေပြည်တော်၊ ရခိုင်ယူနိုက်တက်နဲ့ ရှမ်းယူ

နိုက်တက်အသင်းတွေမှာ ကစားခဲ့ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ရှမ်းယူနိုက်တက် အသင်းနဲ့အတူ ၂၀၁၉ က မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ငြိမ်းချမ်းဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုး သွင်းယူထားပါတယ်။ ငြိမ်းချမ်း ဟာ ရနောင်းယူနိုက်တက် အသင်းမှာ လက်ရွေးစင် ကစားသမားဟောင်း အောင်ကျော်နိုင်နဲ့ တွဲဖက်ကစားရမှာပါ။ အောင်ကျော်နိုင် ဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ရနောင်းယူနိုက်တက်မှာ ကစားခဲ့တာ ဖြစ်ပါတယ်။

ရနောင်းယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ ထိုင်းလိဂ် ၂ ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့သူလာခဲ့လို့ ဘစ်ဒက်ရှ်ကို အနိုင်ရအပြီး ရိုင်နီယာပြော

By CNI
CNI
Category: အားကစား
Hits: 1664

CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃

နယ်သာလန်ဖိုက်တာ ရိုင်နီယာက ONE Championship ပြိုင်ပွဲရဲ့ 159 ပွဲစဉ်မှာ ဘစ်ဒက်ရှ်ကို အနိုင်ရအပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့သူလာခဲ့လို့ စိန်ခေါ်လိုက်ပါတယ်။

ရိုင်နီယာက “ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ့ကိုမဆို ကျနော် အဆုံးသတ်ပေးလိုက်မယ်။ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူ့ကိုမဆို လည်ပင်းကို ညှစ်ပြီး ချုပ်ပြမယ်”လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဇူလိုင်လ ၂၂ ရက်က ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲမှာ လက်ရှိချန်ပီယံ ရိုင်နီယာက ဘစ်ဒက်ရှ်ကို ပထမအချီမပြီးဆုံးခင်မှာပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။အစပိုင်းမှာ ဘစ်ဒက်ရှ်က ချုပ်ကွက်နဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ နောက်ပိုင်းမှာ ရိုင်နီယာက အသာစီးရရှိသွားခဲ့တာပါ။ပထမအချီ ၃ မိနစ် ၂၉ စက္ကန့်မှာ ရိုင်နီယာက ဘစ်ဒက်ရှ် ခေါင်းကို ခြေထောက်နဲ့ချုပ်ကာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ရိုင်နီယာဟာ ဒုတိယအကြိမ်မြောက် ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းသွားနိုင် ခဲ့တာပါ။

ရိုင်နီယာဟာ အောင်လအန်ဆန်းကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုတွေကို ရယူထားနိုင်တာ ဖြစ်ပါတယ်။နယ်သာလန်ဖိုက်တာဟာ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ပြီးပြည့်စုံတဲ့ နိုင်ပွဲရ မှတ်တမ်းကောင်းကို လည်း ရယူထားနိုင်တာပါ။ရိုင်နီယာဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ဆုကြေးအမေရိကန် ဒေါ်လာ ၅ သောင်း ရရှိခဲ့ပါတယ်။ရိုင်နီယာက သူထင်ထားတာထက် အနည်းငယ်စောပြီး ပွဲသိမ်းနိုင်ခဲ့တယ်လို့ လည်း ပြောခဲ့ပါသေးတယ်။

ONE Championship ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းတွေမှာ ပြိုင်ဘက်မရှိ အနိုင်ရနေတဲ့ ရိုင်နီယာ ဟာ နောက်ဆုံးအနိုင်ရခဲ့တဲ့ ၄ ပွဲမှာ မတူညီတဲ့ ချုပ်ကွက် ၃ ခုကို အသုံးပြုသွားခဲ့တာပါ။ စင်ကာပူနိုင်ငံမှာ ကျင်းပ ခဲ့တဲ့ 159 ပွဲစဉ်မှာ ရိုင်နီယာနဲ့ ဘစ်ဒက်ရှ်တို့ ပွဲအပါအဝင် ပွဲစဉ်ပေါင်း ၉ ပွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

 

 

Share
Tweet
Share
Share
powered by social2s

ဒါဝင်နူနက်စ်က ဝေဖန်သူတွေကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှုပေးနိုင်ခဲ့တယ်လို့ ကလောပ့်ပြော

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s
  • 51
  • 52
  • 53
  • 54
  • 55
  • 56
  • 57
  • 58
  • 59
  • 60

Page 56 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar