CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ရက်စောပြီး အိမ်ရှင်ကာတာပွဲနဲ့ စတင်မယ်

By CNI
CNI
Category: Watch TV
Hits: 750

Share
Tweet
Share
Share
powered by social2s
မက်ဆီကိုတွေ့ရစဉ် (PSG Talk)

၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအော ဆန်ကာတင်စာရင်းမှာ မက်ဆီ မပါဝင်

By CNI
CNI
Category: အားကစား
Hits: 1646

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၃

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး မက်ဆီဟာ ပြင်သစ်ဘောလုံးက သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ဘောလွန်းဒီအောဆုအတွက် ဆန်ကာတင် ကစားသမား ၃၀ ဦး စာရင်းမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီအတွက်တော့ ဒါဟာ ၂၀၀၅ နောက်ပိုင်း နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ဘောလွန်းဒီအော ဆန်ကာတင် စာရင်းမှာ မပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဂျင်တီးနား ကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကမှ ဘောလွန်းဒီအောဆုကို စံချိန်တင် ၇ ကြိမ်မြောက် ရယူနိုင်ခဲ့ ပေမယ့် မနှစ်ကရာသီ ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်း မပြသနိုင်ခဲ့တဲ့အတွက် ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

မက်ဆီဟာ ပြင်သစ်ကလပ်အတွက် မနှစ်ကရာသီက ၁၁ ဂိုးသွင်းပြီး ၁၄ ဂိုး ဖန်တီးနိုင်ခဲ့ကာ ပြင်သစ်လီဂူးဝမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘောလွန်းဒီအောဆုအတွက် ပြောင်းလဲလိုက်တဲ့ အချက်အလက်တွေ ကြောင့်လည်း မက်ဆီဟာ အခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာ မပါဝင်တော့ခြင်း ဖြစ်ပါတယ်။

ဘန်ဇီမာကိုတွေ့ရစဉ် (Getty Images)

မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းဖော် နေမာလည်း ဒီစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ပြိုင်ဘက်ကြီး ရော်နယ်ဒိုကတော့ ပါဝင်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံဆုဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် အချက်အလက်တွေအရ ပါဝင်ခဲ့တာပါ။

၂၀၂၂ အတွက် ဆုကိုတော့ ရီးရယ်လ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ ရယူနိုင်ဖို့ ရေပန်းစားနေပြီး ရရှိဖို့လည်း သေချာတယ်လို့ သုံးသပ်သူတွေက ပြောထားကြပါတယ်။

ပြင်သစ်ဘောလုံးက ထုတ်ပြန်တဲ့ ဆန်ကာတင် ၃၀ ဦး စာရင်းမှာတော့ ကော့တွိုက်စ်၊ ဆာလတ်၊ ရာဖေးလ် လီယာ အို၊ အန်ကန်ကူ၊ ကင်မစ်ရှ်၊ အာနိုးလ်၊ ဗီနီစီးယက်စ်၊ ဘာနာဒိုဆေးလ်ဗား၊ လူးဝစ်ဒီယတ်ဇ်တို့ ပါဝင်ခဲ့ပါတယ်။

နောက်ထပ် ပါဝင်တဲ့သူတွေကတော့ လီဝန်ဒေါစကီး၊ မာရတ်ဇ်၊ ကတ်စမဲရိုး၊ ဆွန်ဟောင်မင်၊ ဖာဘင်ဟို၊ မိုက်ဂန်၊ ဟာရီကိန်း၊ ဒါဝင်နူနက်စ်၊ ဖိုဒန်၊ မာနေး၊ ဟော်လာတို့ ဖြစ်ပါတယ်။ ဒါ့အပြင် မိုဒရစ်၊ ရူဒီဂါ၊ ဒီဘရိုင်း၊ ဗလာဟိုဗစ်၊ ဗန်ဒိုက်၊ ကန်ဆယ်လို၊ ဟာလန်းနဲ့ ဘတ်ပီတို့ဖြစ်ပါတယ်။

ဆုရတဲ့သူကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ ကြေညာသွားမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရက်ရှ်ဖိုဒ့်ကိုခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း ဆက်သွယ်မှုပြုလုပ်

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ ကစားသမား အဟောင်းနဲ့အသစ် (GETTY IMAGES)

ရောင်းချမယ့် ကစားသမားတွေနဲ့ လာလီဂါအဖွင့်ပွဲ ဘာစီလိုနာ ကစားရဖွယ်ရှိ

By CNI
CNI
Category: အားကစား
Hits: 1143

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂

ဘာစီလိုနာအသင်းဟာ ကစားသမားသစ်တွေကို အဖွင့်ပွဲစဉ်မတိုင်ခင် စာရင်းသွင်း မှတ်ပုံတင်နိုင်ခြင်း မရှိလို့ ရောင်းချဖို့ စီစဉ်နေတဲ့ ကစားသမားတွေနဲ့ ရာသီသစ် လာလီဂါပွဲဦးထွက်ကို ကစားရဖွယ် ရှိနေပါတယ်။

ဒီဂျောင်နဲ့ ဒီပိုင်းတို့ကို ဘာစီလိုနာအသင်းဟာ ရောင်းချချင်နေပေမယ့် ကစားသမားသစ် ၅ ဦးစလုံးကို အသုံးပြုလို့ မရတဲ့အတွက် နည်းပြ ဇာဗီဟာ အဖွင့်ပွဲမှာ သူတို့ ၂ ဦးကို အသုံးပြုရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုအချိန်ထိ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် စပိန် ကလပ်ဟာ သြဂုတ်လ မကုန်ဆုံးခင်မှာ လီဝန်ဒေါစကီး၊ ဒမ်ဘီလီ၊ ရာဖင်ဟာ၊ ခရစ်တန်ဆန်၊ ကတ်ဆီနဲ့ ကွန်ဒီတို့ ကို အသုံးပြုလို့ ရမယ်လို့ ယုံကြည်ထားပါတယ်။

ဘာစီလိုနာအသင်းဟာ စနေနေ့ည အိမ်ကွင်းမှာ ကစားရမယ့် ဗယ်လက်ကာနိုနဲ့ ပွဲမှာတော့ ကစားသမားသစ်တွေ အားလုံးကို မှတ်ပုံတင်နိုင်ဖို့ ခက်ခဲနေပါတယ်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက “ကျနော်တို့ လတ်မှတ်ထိုး ခေါ်ယူထားတဲ့ ကစားသမားတွေ အားလုံးကို စာရင်းသွင်း မှတ်ပုံတင်နိုင်ဖို့ ပြဿနာရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါ တယ်”လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

ဘာစီလိုနာက ရောင်းချချင်နေတဲ့ ဒီဂျောင်နဲ့ ဒီပိုင်း (Football Espana)

လာပေါ်တာဟာ လာလီဂါရဲ့ ဘဏ္ဍာရေး မျှခြေစည်းမျဉ်းကို ပျက်ကွက်ပြီးနောက် ဘာစီလိုနာရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ သူ့ရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။

ဘာစီလိုနာအသင်း အခုနှစ်ရာသီမှာ ရရှိထားတဲ့ ဝင်ငွေအသစ်ရဲ့ တန်ဖိုးဟာ လာလီဂါရဲ့ တန်ဖိုးထက် ကျော်လွန် သွားခဲ့တာက အသင်းပြဿနာတွေရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ အနာဂတ် တီဗွီမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ၂၅ ရာခိုင်နှုန်း ရောင်းချခဲ့ပေမယ့် ငွေကြေးရယူခဲ့တာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ သဘော ထား ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

ယူရို ၆၆၇ သန်း ရရှိကြောင်း ကြေညာခဲ့ပေမယ့် လာလီဂါက ယူရို ၅၁၇ သန်းသာ လက်ခံခဲ့တာပါ။ ဘာစီလိုနာ အသင်းဟာ လက်ရှိအချိန်မှာ ဒီဂျောင်ကို ရောင်းချဖို့ ဒါမှမဟုတ် ဘာကာစတူဒီယိုရဲ့ ၂၅ ရာခိုင်နှုန်းကို ရောင်းချဖို့ လိုအပ်နေပြီး အခုအချိန်ထိ ဒါကို မလုပ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

ဒီလို အခြေအနေတွေကြောင့် ပီကေးဟာ လုပ်ခလစာ လျှော့ယူခဲ့ပြီး တခြား ဝါရင့် ကစားသမားတွေကလည်း ဒီလို လုပ်ဆောင်ဖို့ ရှိပေမယ့် လာလီဂါကို ကျေနပ်အောင် မလုပ်ဆောင်နိုင်သေးပါဘူး။

ဘာစီလိုနာအသင်းဟာ သောကြာနေ့မှာ စာရွက်စာတမ်းတွေ ပေးပို့ဖို့ရှိနေပြီး လာလီဂါဘက်က မီးစိမ်းပြဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ ဘက်တစ်၊ အသလက်တီကို မက်ဒရစ်တို့ အပါအဝင် အသင်းတချို့လည်း ဘာစီလိုနာလိုပဲ ကစားသမား အသစ်တွေကို စာရင်းသွင်း မှတ်ပုံတင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
နံပါတ် ၆ ဂျာစီ၀တ်ဆင်ထားသော ရက်ဆဲလ်ကိုတွေ့ရစဉ်

ကွယ်လွန်သူ ရက်ဆဲလ်ရဲ့ ဂျာစီနံပတ် ၆ ကို NBA အသင်းအားလုံး အနားပေးမယ်

By CNI
CNI
Category: အားကစား
Hits: 1281

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၂

NBA ဟာ ပြိုင်ပွဲဝင် အသင်းတွေအားလုံးရဲ့ နံပါတ် ၆ ဂျာစီကို အနားပေးပြီး ကွယ်လွန်သွားခဲ့သူ ဂန္တဝင် ကစားသမားဖြစ်တဲ့ ချန်ပီယံဆု ၁၁ ကြိမ်ရယူနိုင်ခဲ့သူ ရက်ဆဲလ်ကို ဂုဏ်ပြုသွားမှာ ဖြစ်ပါတယ်။

ဘော်စတွန်ဆဲလ်တစ်စ် ဂန္တဝင် ရက်ဆဲလ်ဟာ ပြီးခဲ့တဲ့လက အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

နာမည်ကျော် လီဘရွန်ဂျိမ်းစ် အပါအဝင် လက်ရှိ နံပါတ် ၆ ဝတ်ဆင်နေတဲ့ ကစားသမားတွေဟာ ဒီနံပါတ်ကို ဆက်လက် အသုံးပြုနိုင်ပေမယ့် ကစားသမားသစ်တွေကတော့ ဝတ်ဆင်လို့ရတော့မှာ မဟုတ်ပါဘူး။

ရက်ဆဲလ်ဟာ ဆဲလ်တစ်စ် အသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ၁၃ ရာသီအတွင်းမှာ NBA ဆုဖလား စံချိန်တင် ၁၁ ကြိမ်၊ NBA တန်ဖိုးအရှိဆုံး ကစားသမားဆု ၅ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရက်ဆဲလ်ဟာ အမေရိကန်အသင်းကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ၁၉၅၆ က အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိ အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး လိဂ်ပြိုင်ပွဲရဲ့ ပထမဆုံး လူမည်းနည်းပြနဲ့ တန်းတူအခွင့်အရေး ရရှိဖို့အတွက် သိသာ ထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေရှိအောင် ပြုလုပ်နိုင်ခဲ့တာပါ။

ရက်ဆဲလ်ကိုတွေ့ရစဉ်

“NBA အသင်းတိုင်းမှာ ကျောနံပါတ် ၆ ကို အပြီးအပိုင် အနားပေးခြင်းဖြင့် သူ့ရဲ့ ထူးခြားတဲ့ ကစားသမားဘဝကို အမြဲတမ်း အသိအမှတ် ပြုနေမှာပါ”လို့ NBA ပြိုင်ပွဲရဲ့ အကြီးအကဲ အဒမ်ဆေးလ်ဗားက ပြောခဲ့ပါတယ်။

ရက်ဆဲလ်ဟာ NBA ပြိုင်ပွဲတစ်လျှောက်မှာ ဂျာစီနံပါတ်ကို အနားပေးခံခဲ့ရတဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ ပြီး ဆဲလ်တစ်စ် အသင်းကတော့ သူ့နံပါတ်ကို အနားပေးထားပြီးသား ဖြစ်ပါတယ်။

NBA ဟာ ၂၀၂၂-၂၃ ရာသီတစ်လျှောက်လုံး ရက်ဆဲလ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကစားသမားတွေ ဂျာစီရဲ့ ညာဘက် ပခုံးပေါ်မှာ အထိမ်းအမှတ်တစ်ခုကို တပ်ဆင်ပြီး ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ရက်ဆဲလ်ဟာ အမေရိကန်နဲ့ ကနေဒါရှိ သူတို့ရဲ့ အဓိက အားကစားပြိုင်ပွဲ ၄ ခုမှာ နံပါတ်ကို အနားပေးခံရတဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။

မေဂျာလိဂ် ဘေ့စ်ဘောက ဘရွတ်ကလင်းဒေါ့ဂျာ ဂန္တဝင် ရော်ဘင်ဆင်ရဲ့ နံပတ် ၄၂ ဂျာစီကို ၁၉၉၇ ခုနှစ် လိဂ်ပြိုင်ပွဲ တစ်လျှောက်လုံး အနားပေးခဲ့ပါတယ်။ ရေခဲပြင်ဟော်ကီရဲ့ နာမည်ကြီး ဝိန်းဂရီဇကီးရဲ့ နံပတ် ၉၉ ဂျာစီကို ၂၀၀၀ ခုနှစ်မှာ NHL အသင်းတွေ အားလုံးက အနားပေးခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ရက်ရှ်ဖိုဒ့်ကိုခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း ဆက်သွယ်မှုပြုလုပ်

By CNI
CNI
Category: အားကစား
Hits: 1225

CNI Sport News

၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၂

ပီအက်စ်ဂျီအသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ ရက်ရှ်ဖိုဒ့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အကောင်းဆုံးပုံစံပြန်ရဖို့ ကြိုးစားနေခဲ့တာပါ။

ရက်ရှ်ဖိုဒ့်နဲ့ ယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ ဇွန်လမှာကုန်ဆုံးမှာ ဖြစ်ပေမယ့် နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။လီဂူးဝမ်းချန်ပီယံ အသင်းဟာ ရှေ့တန်းရဲ့နေရာစုံမှာ ကစားနိုင်တဲ့ တိုက်စစ်မှူးကို လိုချင်နေတာပါ။

ပီအက်စ်ဂျီအသင်းနည်းပြ ဂယ်လ်တီယာက အပြောင်းအရွှေ့မပိတ်ခင် တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်တဲ့ သူ့ရဲ့ဆန္ဒကို သတင်းစာ ရှင်းလင်းပွဲ မှာ ပြောထားခဲ့ပါတယ်။

ပြင်သစ်အားကစားသတင်းစာ l'Equipe က ပီအက်စ်ဂျီအသင်းဟာ ရက်ရှ်ဖိုဒ့်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှု တွေ စတင်ပြုလုပ်နေပြီဖြစ်ပေမယ့် ယူနိုက်တက်နဲ့တော့ ဆက်သွယ်မှုတွေမပြုလုပ်ရသေးကြောင်း ဖော်ပြထား တာပါ။

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာလီမူအန်ဒိုက ရီးနတ်စ်ကို ပြောင်းရွှေ့မှာဖြစ်ပြီး အိုင်ကာဒီကလည်း ထွက်ခွာဖို့ ရှိနေတာဖြစ်ပါတယ်။ရက်ရှ်ဖိုဒ့်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဆွေးနွေးမှုဟာ တိုးတက်မှုရှိပြီး အပြုသဘောဆောင်တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းကို အသက် ၇ နှစ်အရွယ်ကတည်းက ရောက်လာပြီး ကလပ်နဲ့ ၁၇ နှစ်တာ ကာလကြာရှည် ရှိခဲ့တဲ့ ဆက်ဆံရေးကို ရက်ရှ်ဖိုဒ့်ဘက်က အဆုံးသတ်ချင်လားဆိုတာတော့ မသိရသေးပါဘူး။

အပြောင်းအရွှေ့သာ ဖြစ်ခဲ့ရင် ရက်ရှ်ဖိုဒ့်ဟာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့နဲ့ ပီအက်စ်ဂျီအသင်းမှာ အတူတွဲကစားရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးပုံစံတွေပျောက်ဆုံးခဲ့ပြီး ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ကြောင့် လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။

ရက်ရှ်ဖိုဒ့်အနေနဲ့ ကမ္ဘာ့ဖလားဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပါဝင်ချင်တယ်ဆိုရင် ဒီထက်တိုးတက် အောင်လုပ်ဖို့လိုတယ်လို့ နည်းပြ ဆောက်ဂိတ်က သတိပေးထားပါတယ်။ရက်ရှ်ဖိုဒ့်ဟာ ဘရိုက်တန်ကို အရေးနိမ့် ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ယူနိုက်တက်အတွက် ပွဲထွက်ခွင့်ရခဲ့ပေမယ့် လုံလောက်တဲ့ ခြေစွမ်းမျိုးမပြသ နိုင်ခဲ့ပါဘူး။

ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အတွက် ၂၀၁၆ ဖေဖော်ဝါရီမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲပေါငး ၃၀၄ ပွဲပါဝင်ကစားကာ ၉၃ ဂိုးသွင်းယူထားတာပါ။သူဟာ အသင်းနဲ့အတူ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူ နတီဒိုင်းတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကို တစ်ရက်စောပြီး အိမ်ရှင်ကာတာပွဲနဲ့ စတင်မယ်

By CNI
CNI
Category: အားကစား
Hits: 1153

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၂

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို မူလကစီစဉ်ထားတဲ့ ရက်ထက် တစ်ရက်စောပြီး နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ကာတာနဲ့ အီကွေဒေါအသင်းတို့က ကစားသွားမှာဖြစ်တယ်လို့ ဖီဖာက အတည်ပြုလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အရင်က နိုဝင်ဘာလ ၂၁ ရက်မှာကျင်းပဖို့ သတ်မှတ်ထားတာဖြစ်ပြီး အိမ်ရှင်ကာတာရဲ့ ပွဲစဉ် ဟာ တတိယမြောက်ပွဲစဉ်ဖြစ်ခဲ့ပြီး ဆီနီဂေါနဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်နဲ့ပြိုင်ပွဲကို စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။အခုအချိန်မှာတော့ ပရိသတ် ၆၀,၀၀၀(ခြောက်သောင်း) ဦးရေဆံ့တဲ့ Al Bayt အားကစားကွင်းမှာ ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးနောက် အိမ်ရှင်ကာတာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပွဲဦးထွက်အဖြစ် ကစားခွင့် ရသွားခဲ့ပြီ ဖြစ်တာပါ။

နယ်သာလန်နဲ့ ဆီနီဂေါအသင်းတို့ ကစားရမယ့် ပွဲစဉ်ကို အချိန်ပြန်လည်ရွှေ့ဆိုင်းခဲ့ရပြီး အုပ်စု B က အင်္ဂလန်နဲ့ အီရန်၊ အမေရိကန်နဲ့ ဝေးလ်စ်တို့ရဲ့ ပွဲစဉ်ကတော့ အပြောင်းအလဲတွေကြောင့် ထိခိုက်မှုမရှိခဲ့တာဖြစ်ပါတယ်။

ဖီဖာရဲ့ ဒေသဆိုင်ရာအဖွဲ့ချုပ် ၆ ခုရဲ့ အကြီးအကဲတွေနဲ့ ဥက္ကဌ အင်ဖန်တီနိုပါဝင်တဲ့ ကော်မတီတို့က ဒီအစီအစဉ် တွေကို လက်မှတ်ရေးထိုးပြီးပြီလည်း ဖြစ်ပါတယ်။

“ဒီဆုံးဖြတ်ချက်ဟာ ပြိုင်ဆိုင်မှုဆိုင်ရာ အကဲဖြတ်မှုတွေနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ သက်ရောက်မှုတွေအပြင် စေ့စပ်ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်တွေ၊ အဓိကပါဝင်ပတ်သက်တဲ့သူတွေ၊ အိမ်ရှင်နိုင်ငံနဲ့ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း” ဖီဖာက ထုတ်ပြန်ခဲ့တာပါ။အခုအချိန်ထိ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ် ပေါင်း ၁.၈ သန်း ရောင်းချထားပြီးဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောထားပါတယ်။

ဖီဖာက “လက်မှတ်ကိုင်ဆောင်ထားတဲ့သူတွေထံ သက်ဆိုင်ရာပွဲစဉ်တွေကို ရက်ချိန်းပေးပြီးဖြစ်ကြောင်း အီမေးလ် ကနေ အကြောင်းကြားပါမယ်။ဒီလက်မှတ်တွေဟာ နေ့ရက် အချိန်အသစ်တွေနဲ့ မသက်ဆိုင်ဘဲ တရားဝင်အဖြစ် ဆက်လက်ရှိနေမှာပါ။ဒီပြောင်းလဲမှုကနေ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ကိစ္စရပ်တစ်ခုချင်းစီအလိုက်ဖြေရှင်းဖို့ လုပ်ဆောင်သွားမယ်လို့” လည်း ပြောခဲ့ပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး နွေရာသီရဲ့ အပူဒဏ်ကို ရှောင်ရှားနိုင်ဖို့ အတွက် ပုံမှန်ကျင်းပနေကြဖြစ်တဲ့ ဇွန်လကနေ ဇူလိုင်လအထိ ကျင်းပခြင်းမပြုဘဲ နိုဝင်ဘာလကနေ ဒီဇင်ဘာလ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s

လုပ်ခလစာလျှော့ယူဆိုပြီး ဘာကာပရိသတ်တွေရဲ့ တိုက်ခိုက်မှု ဒီဂျောင်ခံရ

By CNI
CNI
Category: Watch TV
Hits: 755

Share
Tweet
Share
Share
powered by social2s

ဥရောပစူပါဖလား ရီးရယ်လ်မက်ဒရစ်အသင်း ၅ ကြိမ်မြောက်ရယူ

By CNI
CNI
Category: Watch TV
Hits: 889

Share
Tweet
Share
Share
powered by social2s

တင်းနစ်လောကက အနားယူမယ်လို့ပြောပြီး ပထမဆုံးပွဲမှာ ဆရီနာဝီလျံ အရေးနိမ့်

By CNI
CNI
Category: အားကစား
Hits: 1093


CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁

ဆရီနာဝီလျံဟာ တင်းနစ်လောကကနေ အနားယူတော့မယ်လို့ ပြောပြီး ပထမဆုံးကစားခဲ့တဲ့ ကနေဒါအိုးပန်း ဒုတိယအဆင့်ပွဲမှာ ဘန်ဆစ်ကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။

တိုရွန်တိုမှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ ဆရီနာဝီလျံဟာ ဘန်ဆစ်ကို ၆-၂၊ ၆-၄ နဲ့ အရေးနိမ့်ခဲ့တာပါ။အသက် ၄၀ အရွယ်ရှိ ဆရီနာဝီလျံဟာ ဒီပွဲမှာ ပရိသတ်တွေရဲ့ မတ်တပ်ရပ် လက်ခုပ်တီးဂုဏ်ပြုမှုကို ခံခဲ့ရပြီး ပွဲချိန် တစ်လျှောက်လုံး အားပေးမှုကို ရခဲ့တာဖြစ်ပါတယ်။

ဆရီနာဝီလျံက “ခံစားချက်တွေ အများကြီးရှိတယ်ဆိုတာ အလွန်သိသာထင်ရှားပါတယ်။ဒီမှာရှိရတာကို နှစ်သက် သလို ကစားရတာကိုလည်း အမြဲတမ်း နှစ်သက်ပါတယ်။ဒီနေ့မှာ ပိုကောင်းအောင်ကစားနိုင်ပါစေလို့ ဆန္ဒပြုခဲ့ပေ မယ့် ဘန်ဆစ်ရဲ့ ကစားပုံက ပိုပြီးတော့ကောင်းပါတယ်။၂၄ နာရီလုံးလုံးစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ကျမ ဆောင်းပါးမှာ ပြောခဲ့သလိုပါပဲ၊ နှုတ်ဆက်ရတာကို အလွန်ကြောက်ပါတယ်။ဒါပေမယ့် နှုတ်ဆက်ပါတယ် တိုရွန်တို”လို့ ပြောခဲ့ပါတယ်။

ဆရီနာဝီလျံဟာ Vogue မှာ “ကျမအတွက်အရေးကြီးတဲ့ အခြားအရာတွေထံ ရွေ့လျားနေပြီး အနားယူတယ်ဆိုတဲ့ စကားလုံးကို မနှစ်သက်ကြောင်း” ရေးသားခဲ့တာပါ။ပွဲအပြီးမှာ တိုရွန်တို ဘတ်စကတ်ဘောအသင်း Raptors နဲ့ တိုရွန်တိုရေခဲပြင်ဟော်ကီအသင်း Maple leaves တို့ဟာ ဆရီနာဝီလျံနဲ့ သမီးဖြစ်သူ အိုလံပီယာတို့အတွက် ဂျာစီ တွေ လက်ဆောင်ပေးခဲ့ပြီး ဆရီနာဝီလျံဟာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

ဆရီနာဝီလျံက “ဒီနေ့ အားလုံးရှေ့မှောက်မှာ ကစားရတာ အလွန်ပျော်ရွှင်ပါတယ်။အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာပါ။ဆရီနာဝီလျံဟာ ကစားသမားဘ၀ ပထမဆုံး ဂရမ်းဆလမ်းအဖြစ် ၁၉၉၉ က အမေရိကန်အိုးပန်းမှာ ရခဲ့တာဖြစ်ပြီး နောက်ဆုံး ဂရမ်းဆလမ်းကိုတော့ ၂၀၁၇ က သြစတြေးလျအိုးပန်းမှာ ရခဲ့တာဖြစ်ပါတယ်။ဆရီနာဝီလျံဟာ နောက်ဆုံးကစားမယ့် အမေရိကန်အိုးပန်း မတိုင်ခင် စင်စင်နတီမှာ ကျင်းပ မယ့် ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s

မုဒိမ်းမှုနောက်ထပ်စွဲချက်အတွက် အပြစ်မရှိကြောင်း မန်ဒီငြင်းဆို

By CNI
CNI
Category: အားကစား
Hits: 1719


CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁

မန်စီးတီးအသင်းနောက်ခံလူ မန်ဒီဟာ မုဒိမ်းမှုနောက်ထပ်စွဲချက်အတွက် အပြစ်မရှိကြောင်း ပြောလိုက်ပါတယ်။

မန်ဒီဟာ တနင်္လာနေ့ Chester Crown တရားရုံးမှာ စတင်မယ့် ရုံးချိန်းမတိုင်ခင် အယူခံဝင်ခဲ့တာပါ။ ပြင်သစ် နောက်ခံလူဟာ အခုအချိန်မှာ မုဒိမ်းမှု ၈ မှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ၁ မှုနဲ့ မုဒိမ်းပြုကျင့်ဖို့ ကြိုးပမ်းမှု ၁ မှုတို့ကို ငြင်းဆိုခဲ့တာဖြစ်ပါတယ်။အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်တဲ့ ဂျူရီအဖွဲ့ဟာ ရုံးချိန်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီး ၃ လ ကျော်ကြာမြင့်မယ်လို့ မျှော်လင့်ရတာပါ။၂၀၁၈ အောက်တိုဘာကနေ ၂၀၂၁ သြဂုတ်လအတွင်း မန်ဒီရဲ့နေအိမ်မှာ အမျိုးသမီးငယ် ၇ ဦးကို ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲထားတာ ဖြစ်ပါတယ်။

မန်ဒီဟာ တွဲဖက်တရားခံ အသက် ၄၀ အရွယ်ရှိ မတ်တူရီနဲ့အတူ ရုံးတင်စစ်ဆေးခံရမှာပါ။မတ်တူရီဟာ မုဒိမ်းမှု ၈ မှု၊ အမျိုးသမီးငယ် ၈ ဦးနဲ့ပတ်သက်တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု ၄ မှုကို ငြင်းဆန်ထားပါတယ်။ ဂျူရီအဖွဲ့ဝင် တွေ ထိုင်ဖို့ မဲစနစ်နဲ့ အရွေးမခံရခင် ဖြစ်နိုင်ဖွယ်ရှိတဲ့ တရားသူကြီးတွေကို မေးခွန်းများစွာ ဖြေဆိုဖို့ တောင်းဆို ခဲ့တာပါ။တရားသူကြီးတွေဟာ တရားခွင်အတွင်းမှာ သက်သေဖြစ်နိုင်သူ ဒါမှမဟုတ် ရည်ညွှန်းနိုင်တဲ့သူ စာရင်းကို ကြားသိခဲ့ရပြီး သူတို့နဲ့ ဆက်စပ်မှုရှိမရှိ ဒါမှမဟုတ် သူတို့ကို ပုဂ္ဂိုလ်ရေးအရ သိရှိခြင်း ရှိမရှိ မေးမြန်းခဲ့ပါတယ်။

ဒီထဲမှာ ပရီးမီးယားလိဂ်ဘောလုံးသမားတွေဖြစ်တဲ့ စတာလင်၊ မာရတ်ဇ်၊ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်နဲ့ ဂရီလစ်ရှ်တို့ ပါဝင်ပြီး သူတို့တွေဟာ မန်စီးတီးအသင်းမှာ မန်ဒီနဲ့အတူတွဲ ကစားခဲ့တာပါ။မန်ဒီဟာ ၂၀၁၇ က မိုနာကိုအသင်း ကနေ ရောက်ရှိလာခဲ့ပြီး မန်စီးတီးအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၅၀ နဲ့ ပြင်သစ်လက်ရွေးစင်အတွက် ၁၀ ပွဲ ပါဝင်ကစားထားကာ ကမ္ဘာ့ဖလားချန်ပီယံဆု ရယူထားတာဖြစ်ပါတယ်။မန်ဒီဟာ အမှုတွေနဲ့ ပတ်သက်ပြီး စွဲချက် တင်ခံရပြီးကတည်းက မန်စီးတီးအသင်းက ပါဝင်ကစားခွင့် ဆိုင်းငံ့ထားတာပါ။

အခုအချိန်မှာ မန်ဒီရော မက်တူရီရောပါ အာမခံနဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။

Source:BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ဘာစီလိုနာ ကစားသမား ဒီဂျောင် (101 Great Goals)

လုပ်ခလစာလျှော့ယူဆိုပြီး ဘာကာပရိသတ်တွေရဲ့ တိုက်ခိုက်မှု ဒီဂျောင်ခံရ

By CNI
CNI
Category: အားကစား
Hits: 1692

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁

ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဒီဂျောင်ဟာ လုပ်ခလစာလျှော့ယူဖို့ ငြင်းဆန်ထားတဲ့ သတင်းတွေကြောင့် အသင်း ပရိသတ်တွေက လေ့ကျင့်ရေးကွင်း အပြင်ဘက်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်နဲ့ ချယ်လ်ဆီး အသင်းတို့ရဲ့ ကြီးမားတဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဒီဂျောင်ဟာ ဘာစီလိုနာကနေ ထွက်ခွာ ဖို့လည်း ငြင်းဆန်ထားသလို လုပ်ခလစာ လျှော့ယူမှာလည်း မဟုတ်ဘူးလို့ အားကစားသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလို သတင်းတွေကြောင့် ဘာစီလိုနာ ပရိသတ်တွေဟာ ဒေါသထွက်ပြီး ဒီဂျောင်ကို ကလပ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာရောက်တဲ့ အချိန်မှာ တိုက်ခိုက် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “လုပ်ခလစာ လျှော့ယူဆိုပြီး” အော်ဟစ်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေအရ သိရတာပါ။

နယ်သာလန် ကစားသမားကို ချယ်လ်ဆီးအသင်းက ပေါင် ၆၈ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီလို့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီဂျောင်ကို ဘာစီလိုနာ ပရိသတ်လှောင်ပြောင်နေစဉ်(Twitter)

အဲ့ဒါကြောင့် ကစားသမားအနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာမလား ဒါမှမဟုတ် လုပ်ခလစာ လျှော့ယူမလားဆိုတာ ဆုံးဖြတ်ချက် ချရတော့မှာပါ။ မကြာသေးခင်ကတော့ ဘာစီလိုနာအသင်းဟာ ၂၀၁၉ က ဒီဂျောင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အသစ်ပြန်ချုပ်ချင်ကြောင်း ကစားသမားကို အသိပေးထားတယ်လို့ သတင်းထွက်ခဲ့ ပါသေးတယ်။

ကလပ်ဘုတ်အဖွဲ့ဝင်ဟောင်းနဲ့ ဒီဂျောင်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ရာဇဝတ်မှု မြောက်တယ်လို့ ဘာစီလိုနာက ပြောထား တာပါ။

ဘာစီလိုနာအသင်းဟာ ဒီဂျောင်ကို အကြွေး ပေါင် ၁၇ သန်းပေးရဖို့ ရှိနေပြီး ကစားသမားဘက်က ဒါကို ရယူဖို့ ကြိုးစားနေ တာကြောင့် စပိန်ကလပ်က အခုလို အကြပ်ကိုင် လာခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ဒီဂျောင်အနေနဲ့ ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရင် လစာလျှော့ယူ ဒါမှမဟုတ် အရန်ခုံမှာ ထိုင်ရမယ်လို့ သတိပေးထားကြောင်းလည်း သိရပါတယ်။ စပိန်ကလပ်ဟာ ဘဏ္ဍာရေးခက်ခဲမှုတွေ ရှိနေပေမယ့် မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဒီဂျောင်ကို ရောင်းချနိုင်မယ်ဆိုရင် ဒီစာချုပ်အတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ဘာစီလိုနာအသင်းက ယုံကြည်နေပါ တယ်။ ဘာစီလိုနာ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘရိတ်ဝိတ် ဟာလည်း လစာလျှော့ယူဖို့ ငြင်းဆန်ထားတာကြောင့် ပြီးခဲ့တဲ့ ပူးမတ်စ်နဲ့ ခြေစမ်းပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါသေးတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဉရောပစူပါဖလား ရရှိခဲ့တဲ့ ရီးရယ်လ်အသင်း (Reuters)

ဥရောပစူပါဖလား ရီးရယ်လ်မက်ဒရစ်အသင်း ၅ ကြိမ်မြောက်ရယူ

By CNI
CNI
Category: အားကစား
Hits: 1540

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁

ရီးရယ်လ်မက်ဒရစ် အသင်းဟာ သြဂုတ်လ ၁၁ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၅ ကြိမ်မြောက် ရယူသွားနိုင်ခဲ့ပါတယ်။

ရီးရယ်လ်အတွက် ဂိုးတွေကို အလာဘာနဲ့ ဘန်ဇီမာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ်အသင်းဟာ အခုတစ်ကြိမ် ဥရောပစူပါဖလားကို ရယူနိုင်ခဲ့တာကြောင့် ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ အေစီမီလန် အသင်း တို့နဲ့ ဆုဖလားအောင်မြင်မှု အရေအတွက် ၅ ကြိမ်စီ တူညီသွားခဲ့ပါတယ်။

ဒီပွဲမှာ ၁ ဂိုးသွင်းယူခဲ့တဲ့ ဘန်ဇီမာဟာ ရီးရယ်လ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားစာရင်း ဒုတိယနေရာကို ရောက်ရှိ လာခဲ့ပါတယ်။ ဘန်ဇီမာဟာ ဂန္တဝင်တိုက်စစ်မှူး ရာအူးလ်ရဲ့ သွင်းဂိုး ၃၂၃ ဂိုးကို ၁ ဂိုးအသာ ၃၂၄ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားကတော့ ခရစ္စတီယာနို ရော်နယ်ဒို ဖြစ်ပြီး ဂိုး ၄၅၀ သွင်းယူထားတာပါ။

ရီးရယ်လ်အသင်းနည်ပြ အန်ဆယ်လော့တီ (AP)

အိုဝင်ဟားဂရေ့ဗ်စ်က “ဘန်ဇီမာဟာ အံ့သြဖွယ်ကောင်းတဲ့ တိုက်စစ်မှူးပါ။ ကစားသမား ကောင်းတွေဟာ ဒီလိုအချိန်အခါမျိုး မှာ ပေါက်ဖွားလာ ကြပါတယ်။ ဘန်ဇီမာကို လိုအပ်တဲ့အချိန်မှာ သူကလည်း အကောင်းဆုံး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှ ဘောလွန်းဒီအော မရရင် ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ပါဘူး။ သူက အစားထိုးလို့ရတဲ့သူ မဟုတ်ပါဘူး။ သူက အမြဲတမ်း ထက်မြက်နေတဲ့ ကစားသမား ဖြစ်တာကြောင့် အသက်ကြီးလာလေ ပိုကောင်းလာလေပဲ”လို့ BT Sports ကို ပြောခဲ့ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားခဲ့တာမှာ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်း ကို ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပုံစံကောင်းကိုလည်း အခုထိ ဆက်ထိန်းထား နိုင်ခဲ့ ပါတယ်။

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက “ကျနော်တို့ ပထမဂိုး သွင်းယူအပြီးမှာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ဘယ်လို စွန့်စားမှုမျိုးကိုမှ မလုပ်ခဲ့ပါဘူး။ သူတို့တွေဟာ အတူတွဲ ကစားခဲ့တဲ့ အချိန်မှာ သက်တောင့်သက်သာရှိသလို တစ်ဦးအကြောင်း တစ်ဦး သိကြပါတယ်။ အဲ့ဒါကြောင့် ကစားတဲ့ အချိန်မှာလည်း ရိုးရှင်းပြီး မှန်ကန်တဲ့ အချိန်တွေကို ရှာဖွေနိုင်ပါတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီကလည်း ဥရောပစူပါဖလားကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ပထမဆုံး နည်းပြအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ရီးရယ်လ်အသင်းဟာ သြဂုတ်လ ၁၄ ရက်မှာ လာလီဂါ အဖွင့်ပွဲစဉ်အဖြစ် အယ်လ်မားရီးယား အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်သာ အလိုရှိရင် အလကားကစားပေးမယ်လို့ ဟာနန်ဒက်စ်ပြော

By CNI
CNI
Category: Watch TV
Hits: 762

Share
Tweet
Share
Share
powered by social2s
တာဒစ်ကို တွေ့ရစဉ် (Sport)

လက်နက်ကိုင်ဓါးပြနှစ်ဦးရဲ့ တိုက်ခိုက်မှုခံခဲ့ရတဲ့ တာဒစ်

By CNI
CNI
Category: အားကစား
Hits: 1232

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၀

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း တာဒစ်ဟာ ပြီးခဲ့တဲ့လက အမ်စတာဒမ်ရှိ သူ့ရဲ့ နေအိမ် အပြင်ဘက်မှာ လက်နက်ကိုင် ဓါးပြ နှစ်ဦးရဲ့ တိုက်ခိုက် ခံခဲ့ရကြောင်း သိရပါတယ်။

နယ်သာလန်သတင်းစာ De Telegraaf က အေဂျတ်စ် တိုက်စစ်မှူးဟာ ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်ကျော် အိမ်ပြန် ရောက်ချိန်မှာ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

တာဒစ်ဟာ ကားပေါ်ကနေ ဆင်းလာချိန်မှာ ဦးထုပ်ဆောင်းထားတဲ့ လက်နက်ကိုင် နှစ်ဦးက သူ့ထံ ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ အခင်းဖြစ်ပွားရာ နေရာကနေ ချက်ချင်းထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် အဆိုပါ ဓါးပြတွေနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ တာဒစ်ဟာ အဆိုပါ ဓါးပြတွေနဲ့ တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် တာဒစ်ဟာ လက်မှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အဝတ်အစားတွေလည်း ဆုတ်ပြဲသွားခဲ့တာပါ။ ဓါးပြတိုက်ဖို့ ကြိုးစားတဲ့ ရက်မတိုင်ခင်က ပီဇာ ပို့ဆောင်တဲ့ သူတွေပုံစံမျိုး ဟန်ဆောင်ကာ အဆိုပါ ဦးထုပ်ဆောင်း ထားတဲ့သူ နှစ်ဦးဟာ တာဒစ်ရဲ့အိမ်ကို တံခါးလာရောက် ခေါက်ခဲ့တယ်လို့လည်း သိရပါတယ်။

တာဒစ်ကို တွေ့ရစဉ် (JOE.coe.uk)

ဒီအချိန်မှာ တာဒစ်ကလည်း အိမ်မှာမရှိတဲ့အတွက် ဇနီးဖြစ်သူဟာ သံသယရှိပြီး တံခါးဖွင့် မပေးခဲ့ပါဘူး။ ဆားဘီးယား ကစားသမားဟာ တိုက်ခိုက်မှု ခံရအပြီး ရက်ပိုင်းအကြာ ပီအက်စ်ဗွီအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို ဝင်ရောက် ကစားခဲ့ပါတယ်။

သူ့ရဲ့ ညာဘက်လက်မှာ ပလာစတာတွေနဲ့ ဝင်ရောက် ကစားခဲ့ပြီး ပွဲချိန်ပြည့် ကစားခဲ့ပေမယ့် ဒီပွဲမှာ အေဂျတ်စ်အသင်းက အရေးနိမ့် သွားခဲ့ပါတယ်။ တာဒစ်ဟာ အယ်လ်မာရီစီးတီးနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲနဲ့ ဖော်ကျူနာစစ်တာ့ဒ်ကို အနိုင်ရခဲ့တဲ့ လိဂ်ပွဲ အဖွင့်ပွဲစဉ်မှာလည်း ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဗွီ အသင်းတိုက်စစ်မှူး ဇဟာဗီရဲ့ ဇနီးနဲ့ ကလေး ၃ ဦးတို့ဟာ နေအိမ် ဖောက်ထွင်းခံရချိန်အတွင်းမှာ ကြိုးနဲ့ ချည်နှောင်ခံ ရပြီးနောက် တစ်နှစ်အကြာမှာ အခုလို အဖြစ်အပျက် ဖြစ်လာခဲ့တာပါ။

ဇဟာဗီရဲ့ ဇနီးဖြစ်သူက သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ အားလုံး ကောင်းမွန်ခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်ဖို့က ကြာဦးမယ်လို့ ပြောခဲ့ပါတယ်။ ဘာဂျ့်ဝင်းနဲ့ ဆီယမ်ဒီဂျောင် တို့ကလည်း ပြီးခဲ့တဲ့နှစ်က ပစ်မှတ်ထား ခံခဲ့ရတယ်လို့ သတင်း တွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

ရိုင်ယန်ဂစ်က ရည်းစားဟောင်းကို ကိုယ်လုံးတီးနဲ့ ဟိုတယ်ခန်းအပြင်ကို ထုတ်ခဲ့ကြောင်း တရားရုံးပြော

By CNI
CNI
Category: အားကစား
Hits: 1253

CNI Sport News

၂၀၂၂ ခုနှစ်၊ဩဂုတ် ၁၀

ယူနိုက်တက်နဲ့ ဝေးလ်စ်ကြယ်ပွင့်ဟောင်း ရိုင်ယန်ဂစ်ဟာ ရည်စားဟောင်းဖြစ်သူကို ကိုယ်လုံးတီးနဲ့ ဟိုတယ်အခန်း ထဲကနေ အပြင်ကို ဆွဲထုတ်ခဲ့ကြောင်း တရားရုံးမှာ ကြားနာခဲ့ပါတယ်။

“ရိုင်ယန်ဂစ်က ကျမရဲ့ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ကိုယ်လုံးတီးနဲ့ ဟိုတယ်အခန်း အပြင်ကို ဆွဲခေါ်သွားခဲ့ပါတယ်။အဝတ်အစားတွေကိုလည်း သူလွှင့်ပစ်ခဲ့ပါတယ်။ဒါဟာ ကျမကို အရှက်တကွဲ ဖြစ်ခဲ့ပြီး အရှက်ရစေခဲ့တယ်လို့” ကိတ်ဂရီဗီလီက ပြောခဲ့ပါတယ်။

တရားရုံးကို သက်သေအထောက်အထားတွေ တင်သွင်းခဲ့တဲ့ ကိတ်ဂရီဗီလီက ၂၀၂၀ ဖေဖော်ဝါရီလက သူမရဲ့ လက်ကောက်ဝတ်နဲ့ ဒူးတို့မှာ ဒဏ်ရာတွေရရှိခဲ့တဲ့ အဖြစ်အပျက်ကို ဖော်ပြခဲ့တာပါ။

ရိုင်ယန်ဂစ်ဟာ ရည်းစားဟောင်းဖြစ်သူ ကိတ်ဂရီဗီလီနဲ့ သူမရဲ့ ညီမဖြစ်သူ အမ်မာတို့ကို ကိုယ်ထိ လက်ရောက် ကျူးလွန်စော်ကားမှုတို့အတွက် တရားရင်ဆိုင်နေရတာပါ။ဂျူရီလူကြီးတွေဆီကနေ ကြားသိခဲ့ရတဲ့ အင်တာဗျူးမှာ ကိတ်ဂရီဗီလီက ဂစ်ဟာ သူမရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့ ချစ်သူအဖြစ် ရှိခဲ့ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း ဖြစ်လာခဲ့ တယ်လို့ စုံထောက်တွေကို ပြောခဲ့ပါတယ်။ရိုင်ယန်ဂစ်ကတော့ ဒီစွဲချက်တွေအားလုံးကို ငြင်းဆန်ထားတာပါ။ ယူနိုက်တက်ကစားသမားဟောင်းဟာ ကိတ်ဂရီဗီလီကို ၂၀၁၇ သြဂုတ်လကနေ ၂၀၂၀ နိုဝင်ဘာလကြားအထိ ချုပ်ကိုင်ပြီး၊ အတင်းအကျပ်အပြုအမူတွေအတွက် စွဲချက်တင်ခံထားရပါတယ်။

ကိတ်ဂရီဗီလီဟာ သူမရဲ့ ခန္ဓာကိုယ်ကို အမှန်တကယ်ထိခိုက်နစ်နာစေတဲ့ ကျူးလွန်မှုနဲ့လည်း ရိုင်ယန်ဂစ်ကို စွဲချက်တင်ထားသေးတာပါ။ရိုင်ယန်ဂစ်ဟာ လွန်ခဲ့တဲ့ ၆ နှစ်အတွင်းမှာ အခြားအမျိုးသမီး ၈ ဦးနဲ့ ဆက်ဆံရေး တွေရှိတဲ့ အထောက်အထားတွေ ရှိကြောင်းလည်း ကိတ်ကရီဗီလီက စုံထောက်တွေကို ပြောခဲ့ပါတယ်။ ကိတ်ဂရီ ဗီလီက တစ်ဘဝလုံး အလိမ်အညာတွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း ရဲတွေကို ပြောခဲ့သလို ရိုင်ယန်ဂစ်ဟာ အခြား အမျိုးသမီးတစ်ဦးကို မက်ဆေ့ချ်ပို့နေတာ တွေ့မြင်ခဲ့တုန်းကလည်း သူမကို ဟိုတယ်အခန်းမှာ တွန်းလှဲခဲ့ ကြောင်းလည်း ပြောခဲ့တာပါ။

ရိုင်ယန်ဂစ်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ စွဲချက်တွေကြောင့် ဝေးလ်စ်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။တနင်္လာနေ့ကတည်းက ပြုလုပ်ခဲ့တဲ့ ရုံးချိန်းကို ဗုဒ္ဓဟူးနေ့မှာ ဆက်လက်စစ်ဆေး သွားမယ်လို့ သိရပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52
  • 53
  • 54
  • 55

Page 51 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar