CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ကိုဗစ်ကာကွယ်ဆေးမထိုးလို့ အမေရိကန်အိုးပန်း ဂျိုကိုဗစ် မပါဝင်နိုင်

By CNI
CNI
Category: အားကစား
Hits: 1441

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၆

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ကိုဗစ်စည်းမျဉ်းတွေကြောင့် အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခြင်း မရှိတဲ့အတွက် အမေရိကန်အိုးပန်းပြိုင်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဂျိုကိုဗစ်က “ဝမ်းနည်းစရာကောင်းတာက အမေရိကန်အိုးပန်းယှဉ်ပြိုင်ဖို့ ဒီတစ်ကြိမ်မှာ နယူးယောခ့်ကို သွားရောက်လို့ မရတာပါ။ကျနော်ဟာ ကောင်းမွန်တဲ့ပုံစံတွေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့စိတ်ဓါတ်ကို ဆက်ထိန်းပြီး နောက်တစ်ကြိမ်ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကိုစောင့်မျှော်နေမှာပါ။ မကြာခင် တင်းနစ်လောကနဲ့ ပြန်တွေ့ ပါမယ်” လို့ ကြာသပတေးနေ့က သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့တာပါ။

ဂျိုကိုဗစ်ဟာ ရာသီအစ ဂရမ်းဆလမ်းပွဲစဉ်ဖြစ်တဲ့ သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့ အတွက်ကြောင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရပါတယ်။အမေရိကန်ကလည်း ကိုဗစ်ကာကွယ်ဆေးမထိုးတဲ့ ခရီးသွားတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်မပြုတာကြောင့် ဆားဘီးယားတင်းနစ်သမားဟာ ဒီရာသီ ဒုတိယမြောက် ဂရမ်း ဆလမ်းပြိုင်ပွဲကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

 ဂျိုကိုဗစ်ဟာ အစောပိုင်းက အမေရိကန်အိုးပန်းပြိုင်ပွဲရဲ့ ဝင်ခွင့်ရ ကစားသမားစာရင်းမှာ ပါဝင်နေတာကြောင့် ဝင်ပြိုင်ခွင့်ရခဲ့မယ်ဆိုရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဇူလိုင် ၃၀ ရက်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲ ပြီး ကတည်းက ပြိုင်ပွဲတွေယှဉ်ပြိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။သူဟာ အဲ့ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီး ကစားသမားဘ၀ ဂရမ်းဆလမ်းဆုဖလား ၂၁ ကြိမ်မြောက်ကို ရယူနိုင်ခဲ့တာပါ။

လက်ရှိဂရမ်းဆလမ်းဆုဖလားအများဆုံးရထားတဲ့ အမျိုးသားကစားသမားက နာဒယ်လ်ဖြစ်ပြီး သူဟာ ၂၂ ကြိမ် ရယူထားတာကြောင့် ဂျိုကိုဗစ်ကတော့ နာဒယ်လ်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဂျိုကိုဗစ်ဟာ ကပ်ရောဂါအမြင့်ဆုံးဖြစ်နေတဲ့ ၂၀၂၀ နဲ့ ၂၀၂၁ အချိန် နယူးယော့ခ်မှာကျင်းပတဲ့ အမေရိကန်အိုးပန်းမှာ ပါဝင်ခွင့် ရခဲ့တာကြောင့် အခုတစ်ကြိမ်ပိတ်ပင်မှုဟာ ဟာသပဲလို့ တင်းနစ်အကျော်အမော်ဟောင်း ဂျွန်မက်အင်ရိုးက ပြော ထားတာပါ။

ဒီရာသီနောက်ဆုံး ဂရမ်းဆလမ်းပြိုင်ပွဲဖြစ်တဲ့ အမေရိကန်အိုးပန်းကို သြဂုတ်လ ၂၉ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

 

Share
Tweet
Share
Share
powered by social2s

၁၂ နှစ်အကြာမှ ချန်ပီယံလိဂ်အုပ်စုအဆင့် ရိန်းဂျားစ်အသင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရ

By CNI
CNI
Category: Watch TV
Hits: 778

Share
Tweet
Share
Share
powered by social2s

ဘောလုံးပွဲပြန်စတာဟာ ယူကရိန်းက အရှုံးမပေးဘူးဆိုတာ ပြတာလို့ ဇင်ချန်ကိုပြော

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ကစားသမားတွေကို အပြစ်ပေးမှုမှာ အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပါဝင်

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s

ကျူးကျော်စစ်ကို တိုက်နေတဲ့ ယူကရိန်းမှာ ဘောလုံးပွဲတွေ ပြန်ကျင်းပ

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

၁၂ နှစ်အကြာမှ ချန်ပီယံလိဂ်အုပ်စုအဆင့် ရိန်းဂျားစ်အသင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရ

By CNI
CNI
Category: အားကစား
Hits: 1144

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅

ရိန်းဂျားစ်အသင်းဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲပလေးအောဖ့်အဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဗွီအသင်းကို အနိုင်ရပြီး အုပ်စုအဆင့်ကို ၁၂ နှစ်အကြာမှ ပထမဆုံးအကြိမ်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

ဒုတိယအကျော့အဖြစ် ပီအက်စ်ဗွီအသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ရိန်းဂျားစ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့တာပါ။ပထမအကျော့အဖြစ်ကစားခဲ့တုန်းက ၂ ဂိုးစီသရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ၂ ဂိုးနဲ့ ရိန်းဂျားစ်အသင်း အနိုင်ရပြီး အုပ်စုအဆင့်ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရိန်းဂျားစ်အတွက်တော့ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်ချန်ပီယံလိဂ် အုပ်စုအဆင့်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။ ဒါ့အပြင် စကော့တလန် ကလပ်အသင်းတွေဖြစ်တဲ့ ရိန်းဂျားစ်နဲ့ ဆဲလ်တစ်အသင်းတို့ဟာ ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် အုပ်စုအဆင့်ကို အတူတူယှဉ်ပြိုင်ခွင့်ရရှိသွားတာဖြစ်ပါတယ်။

ရိန်းဂျားစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးရယ်လ်မက်ဒရစ်၊မန်စီးတီး၊လီဗာပူးလ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန် မြူးနစ်စတဲ့ အသင်းကြီးတွေနဲ့ တစ်အုပ်စုတည်းကျရောက်နိုင်တာပါ။ရိန်းဂျားစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ဗန်ဘရွန်ခရော့စ်ကိုင်တွယ်မှုနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအထိတက်နိုင်ခဲ့ပြီး အခုနှစ်မှာ ချန်ပီယံလိဂ်ယှဉ်ပြိုင် ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဗန်ဘရွန်ခရော့စ်က “လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ကျနော်တို့ဟာ ကျနော်တို့သမိုင်းရဲ့ အနိမ့်ဆုံးမှာရှိခဲ့ပါတယ်။ ကလပ်ကိုအခုအောင်မြင်နေတဲ့ အဆင့်ရောက်ရှိအောင် ပြန်လည်တည်ဆောက်ဖို့ ကျနော်တို့ တကယ်ကို ကြိုးစား ခဲ့ရတာပါ။အသင်းကိုကောင်းမွန်စွာပြင်ဆင်ထားပြီး ဒီရာသီမှာ ချန်ပီယံလိဂ်သီချင်းကို ပြန်နားထောင်နိုင်ဖို့က ကျနော်နဲ့ ဒီကလပ်မှာရှိတဲ့သူတိုင်းအတွက် စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ အကောင်းဆုံးအသင်းတွေနဲ့ ကစားရတာက ကျနော်တို့အတွက် ဂုဏ်ယူစရာအကောင်းဆုံး အခိုက်အတန့်ပါပဲ” လို့ ပြောခဲ့တာပါ။

ရိန်းဂျားစ်အသင်းနဲ့အတူ ဗစ်တိုးရီးယားပလာဇန်၊ ဒိုင်နမိုဇာဂရက်၊ မက္ကာဘီဟိုင်ဖာ၊ ကိုပင်ဟေဂင်နဲ့ ဘင်ဖီကာ အသင်းတို့ဟာ ပလေးအောဖ့်အဆင့်ကနေ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
စစ်ပွဲနဲ့အတူ ယူကရိန်းအမှတ်ပေးလိဂ်ပြိုင်ပွဲ ကျင်းပ (AFP)

ကျူးကျော်စစ်ကို တိုက်နေတဲ့ ယူကရိန်းမှာ ဘောလုံးပွဲတွေ ပြန်ကျင်းပ

By CNI
CNI
Category: အားကစား
Hits: 1394

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

ရှက်တာဒိုးနတ်နဲ့ မီတာလစ်အသင်းတို့ရဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲရဲ့ ရာသီသစ်ပွဲစဉ်နဲ့အတူ ကျူးကျော်စစ်ကို တိုက်နေပြီး စစ်ဘေးသင့်နေတဲ့ ယူကရိန်းနိုင်ငံမှာ သြဂုတ်လ ၂၃ ရက်က ဘောလုံးပြိုင်ပွဲတွေ ပြန်လည်ပြီးတော့ ကျင်းပ နေပါတယ်။

ကိဗ်အိုလံပစ် အားကစားကွင်းမှာ ပရိသတ်မပါဘဲ ကစားခဲ့တဲ့ ဒီပွဲစဉ်ကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါ တယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရုရှားရဲ့ကျူးကျော်မှုကြောင့် ပြိုင်ပွဲ ဆက်မကျင်းပ နိုင်တော့ဘဲ ရပ်နားခဲ့ရတဲ့ ယူကရိန်း ပရီးမီးယားလိဂ်ဟာ အခုမှ ပြန်လည် ကျင်းပနိုင်တာ ဖြစ်ပါတယ်။

ဒီပွဲဟာ ရှက်တာဒိုးနတ်နဲ့ မီတာလစ်အသင်း ၂ သင်းစလုံးအတွက် ၉ လတာ ကာလအတွင်း ပြိုင်ပွဲအသွင်အဖြစ် ပထမဆုံး ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။

ယူကရိန်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဗုံးဒဏ် ကာကွယ်ရေး အမိုးကာတွေ ပါဝင်တဲ့ နေရာတွေမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပွဲစဉ်အများစုကို ကိဗ်မြို့အနီးကို ဗဟိုပြု ကျင်းပသွားမှာဖြစ်ပါတယ်။

 ဇာလန်းစကီး မိန့်ခွန်းပြောနေတာကို ပြသထား (GETTY IMAGES)

ဒါပေမယ့် ပရိသတ်တွေကိုတော့ အားကစားကွင်းထဲ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ချာနီဟစ်ဗ်နဲ့ မာရီပေါလ် အသင်းတို့ မပါဝင်ဘဲ အသင်း ၁၆ သင်းနဲ့ အမှတ်ပေးလိဂ်ပြိုင်ပွဲကို စတင်ကျင်းပနေတာ ဖြစ်ပါတယ်။

ရှက်တာဒိုးနတ်နည်းပြ ဂျိုဗီဆီဗစ်က “ဒါက ကျနော်တို့ရဲ့ အလုပ်ပါ။ ယူကရိန်းဟာ ရပ်တန့်မနေဘဲ ဆက်လက် တည်ရှိနေတယ်ဆိုတာကို ကမ္ဘာကြီးကို ပြသနိုင်ဖို့အတွက် အလွန်ကြီးမားတဲ့ တာဝန်တစ်ရပ်လို့ ကျနော်တို့ ခံယူ ထားပါတယ်။ ဘောလုံးဆိုတာ နိုင်ငံတစ် ဝှမ်းလုံးနဲ့ ကျနော်တို့ အားလုံးအတွက် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေ ကို စိတ်ခံစားမှုဖြစ်စေတဲ့ အချက်ပါ။ ဒါဟာ ရှက်တာအတွက် သာမကဘဲ ယူကရိန်းပရီးမီးယားလိဂ်နဲ့ ကျနော်တို့ အတွက် အလွန်အရေးကြီးပါတယ်”လို့ ပွဲမတိုင်ခင် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီပွဲမှာ ရှက်တာဒိုးနတ်အသင်းနဲ့ မီတာလစ်အသင်းတို့ရဲ့ ကစားသမားတွေ အပါအဝင် တာဝန်ရှိသူတွေဟာ ယူကရိန်း အလံကို လွှမ်းခြုံပြီး ဥမင်လှိုဏ်ခေါင်းကနေ ထွက်လာကာ အားကစားကွင်းကြီးရဲ့ ကြီးမားတဲ့ မျက်နှာ ပြင်ပေါ်မှာ သမ္မတ ဇာလန်းစကီးပြောတဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

ရာသီသစ်ရဲ့ ပွဲစဉ်တိုင်း လိုလိုမှာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ဝေဟင်ကနေ တိုက်ခိုက်တဲ့ ဥသြသံတွေ ကြားရရင် ကစားသမားတွေနဲ့ တာဝန်ရှိသူတွေကို ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းဖို့ အဆင်သင့် ရှိနေကြပါတယ်။

အခုနှစ်ရာသီ ယူကရိန်းလိဂ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃ ရက်အထိ ကျင်းပဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Source: BBC/CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
အိန္ဒိယဘောလုံးအဖွဲ့ချုပ်နဲ့ တရားရုံးကိုတွေ့ရစဉ် (News Waali)

ဖီဖာရဲ့ ဆိုင်းငံ့မှုကို ရုပ်သိမ်းပေးဖို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ် တောင်းဆို

By CNI
CNI
Category: အားကစား
Hits: 965

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

နိုင်ငံတွင်း အားကစားကို အုပ်ချုပ်နိုင်ဖို့ တရားရုံးကခန့်ထားတဲ့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ဒီအပတ်ထဲမှာ ရပ်စဲ လိုက်ပြီးနောက် အိန္ဒိယဘောလုံးအဖွဲ့ချုပ်က သူတို့ကို ချမှတ်ထားတဲ့ ဆိုင်းငံ့မှုကို ရုပ်သိမ်းပေးဖို့ ဖီဖာထံ တောင်းဆိုခဲ့ပါတယ်။

အိန္ဒိယရဲ့ အမြင့်ဆုံး တရားရုံးဟာ မေလက အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ပြီး ဒါကို အုပ်ချုပ်နိုင်ဖို့ အတွက် အဖွဲ့ဝင် ၃ ဦးပါ ကော်မတီတစ်ရပ်ကို ခန့်အပ်ခဲ့ပါတယ်။ ဒီ ၃ ဦးပါ ကော်မတီဟာ အဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့နဲ့ ၁၈ လကြာ ဆိုင်းငံ့ထားတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

ဖီဖာက တတိယအဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုကြီးမားတာကြောင့် အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို အခုလထဲမှာ ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် အဖွဲ့ချုပ်အနေနဲ့ သူတို့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်တာနဲ့ ဆိုင်းငံ့ထားတာကို ရုပ်သိမ်းပေးမယ်လို့ ဖီဖာက ပြောပါတယ်။

အိန္ဒိယဘောလုံးအသင်းကိုတွေ့ရစဉ် (Goal)

တနင်္လာနေ့မှာ အိန္ဒိယတရားရုံးချုပ်က ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ရပ်စဲဖို့နဲ့ နိုင်ငံရဲ့ ဘောလုံးရေးရာစီမံခန့်ခွဲမှုကို အိန္ဒိယဘောလုံးအဖွဲ့ချုပ်ထံ ပြန်လည်လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ တရားရုံး ရဲ့ စီရင်ချက်ချမှုနဲ့ ပတ်သက်ပြီး ဖီဖာ အထွေထွေအတွင်းရေးမှူးထံ အင်္ဂါနေ့က စာပေးပို့ကာ လျှောက်ထားခဲ့ပါတယ်။

ဖီဖာကတော့ အိန္ဒိယဘောလုံးအဖွဲ့ချုပ် ပေးပို့တဲ့စာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုတာကို ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်ကနေ ၃၀ ရက်အထိ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိထားပြီး အခုလို ဆိုင်းငံ့ထားတာကြောင့် အိမ်ရှင်ဖြစ်ခွင့် အခွင့်အရေး ဆုံးရှုံးရဖွယ် ရှိနေတာပါ။

အရင်က ဖီဖာကောင်စီအဖွဲ့ဝင် ပါတယ်လ်က ဦးဆောင်ပြီး အိန္ဒိယဘောလုံးအဖွဲ့ချုပ် ရွေးကောက်ပွဲကို ၂၀၂၀ ဒီဇင်ဘာလက ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ဖို့ အဆင်မပြေခဲ့လို့ ရွှေ့ဆိုင်းခဲ့ရပါတယ်။

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို လာမယ့်လ အစောပိုင်းမှာ ကျင်းပဖို့ စီစဉ် ထားတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
မန်ယူကစားသမားများနဲ့အတူ တွေ့ရတဲ့ အဲရစ်တန်ဟတ် (GETTY IMAGES)

ကစားသမားတွေကို အပြစ်ပေးမှုမှာ အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပါဝင်

By CNI
CNI
Category: အားကစား
Hits: 1142

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၄

အဲရစ်တန်ဟတ်ဟာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က စွမ်းဆောင်ရည်ကို အပြစ်ပေးတဲ့ အနေနဲ့ ယူနိုက်တက် ကစားသမားတွေကို ၁၃.၈ ကီလိုမီတာ ပြေးခိုင်းတာမှာ သူကိုယ်တိုင်လည်း ပါဝင် လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းကို အိုးထရက်ဖို့ဒ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက် ကစားသမားတွေဟာ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်က စွမ်းဆောင်ရည်နဲ့ ဆန့် ကျင်ပြီး အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတွေဟာ ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်အပြီး နောက်တစ်ရက်မှာ စွမ်းဆောင်ရည်ကို အပြစ်ပေးတဲ့အနေနဲ့ ၁၃.၈ ကီလိုမီတာ အပြေးလေ့ကျင့်မှု ပြုလုပ်ခံရတာပါ။

အဲရစ်တန်ဟတ် ကိုယ်တိုင်လည်း ပူပြင်းတဲ့ နေရောင်အောက်မှာ ကစားသမားတွေနဲ့အတူ ပါဝင်ပြေးခဲ့တာကြောင့် ကစားသမားတွေရဲ့ အထင်ကြီးမှုကို ရခဲ့တယ်လို့ မေရာသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

လေ့ကျင့်ရေးဆင်းနေတဲ့ မန်ယူကစားသမားများ(Manchester United)

“ကစားသမားတွေဟာ အခုလို ပြေးခိုင်းတဲ့အတွက် အဲရစ်တန်ဟတ်ကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် မန်နေဂျာကပါ သူတို့နဲ့အတူ ပါဝင်လုပ်ဖို့ စီစဉ်လာတဲ့အတွက် ကစားသမားတွေက အံ့သြတုန်လှုပ်သွား ခဲ့ကြ ပါတယ်။ သူကိုယ်တိုင်လည်း ဒီမှာ အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် ပါဝင်ခဲ့တယ်”လို့ ယူနိုက်တက် လေ့ကျင့် ရေးကွင်းမှ သတင်းရင်းမြစ်က မေရာကို ပြောခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ခဲ့တာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ အလွန် ကောင်းမွန် ခဲ့ပြီး နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူးလ်နဲ့ ပွဲအပြီး နောက်တစ်ရက်မှာ လည်း အပြေးလေ့ကျင့်မှုတွေ၊ ဂိုးကန်သွင်းမှုအတွက် လေ့ကျင့်တာတွေကိုပါ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ဆောက်သမ်တန်အသင်းရဲ့ အိမ် ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရူနိုဖာနန်ဒက်စ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ယူနိုက်တက်ကနေ ရော်နယ်ဒို ထွက်ခွာဖို့ ကြိုးစားနေဆဲလို့ ဘရူနိုဖာနန်ဒက်စ်ပြော

By CNI
CNI
Category: အားကစား
Hits: 1205


CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃

ဘရူနိုဖာနန်ဒက်စ်က ရော်နယ်ဒိုဟာ အပြောင်းအရွှေ့ မပိတ်ခင် ယူနိုက်တက်ကနေ ထွက်ခွာဖို့အတွက် ကြိုးစား နေဆဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “သူနဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ အများကြီး ရှိနေပေမယ့် ဒီအကြောင်းကို ပြောဖို့အတွက် ရော်နယ်ဒိုထက် ပိုကောင်းတဲ့သူ တစ်ဦးမှ မရှိပါဘူး။ ကျနော်က တစ်ခု၊ နှစ်ခုလောက်တော့ သိပေမယ့် ပြောရမယ့် သူ မဟုတ်ပါဘူး။ ခရစ္စတီယာနိုဟာ အေးဆေးတည်ငြိမ်ပြီး သူ့အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်။ သူဟာ အခုအချိန်မှာ ယူနိုက်တက် ကစားသမားပါ။ သူ့ အနာဂတ်ကို ကျနော်မသိပါဘူး။ သူပြောထားတဲ့ အတိုင်း မကြာခင်မှာ သူစကားပြောပါလိမ့်မယ်။ သူပြောတာတွေကို ကြားရမယ့် အချိန်ကို ရောက်လာမှာပါ”လို့ Eleven Sports ကို ပြောပါတယ်။

ရော်နယ်ဒိုဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖို့ တောင်းဆိုထားပြီး အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ် ကလည်း အသင်းရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

ဒါပေမယ့် ထိပ်တန်း အသင်းကြီးတွေက ရော်နယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ပယ်ချထားတာကြောင့် ကစားသမားဟာ ယူနိုက်တက် အသင်းနဲ့အတူ ဆက်လက် ဖြတ်သန်းနေရပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ် 

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ရော်နယ်ဒိုနဲ့အတူ ပေါ်တူဂီ လက်ရွေးစင် အသင်းမှာလည်း အတူတွဲကစားနေတာကြောင့် ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ ပရိသတ်တွေကို တိုက်တွန်းခဲ့ပါသေးတယ်။

ဘရူနိုဖာနန်ဒက်စ်က “ သူဟာ ကျနော်တို့အတွက် ဂိုးတွေ အများကြီး သွင်းနိုင်ပေမယ့် ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်ပါ။ သူလုပ်ချင်တာကို ကျနော်တို့ဘက်က လေးစားရပါမယ်။ သူဆက်နေမယ်ဆိုရင် ကျနော်တို့ ပျော်ရွှင်မှာပါ။ သူ့ အတွက် အကောင်းဆုံး ဖြစ်မယ်ထင်လို့ ထွက်သွားမယ်ဆိုရင်လည်း သူ့အတွက် ကျနော်ပျော်ရွှင်မိမှာပါ။ အရေးအ ကြီးဆုံးက သူအဆင်ပြေဖို့ပါပဲ”လို့ ထပ်မံ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အစောပိုင်းက ရော်နယ်ဒိုကို ရောင်းချမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပေမယ့် တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်မယ်ဆိုရင် ကစားသမားရဲ့ ဆန္ဒကို ခွင့်ပြုပေးသွားဖို့ ရှိနေပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s

စင်ကာပူရှိပိုင်ဆိုင်မှုအပေါ် လိမ်လည်မှုစွဲချက် ဖော်မြူလာဝမ်းအကြီးအကဲဟောင်း ငြင်းဆို

By CNI
CNI
Category: အားကစား
Hits: 1358

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃

ဖော်မြူလာဝမ်းအကြီးအကဲဟောင်း အယ်ကလက်စတုန်းဟာ ပေါင်သန်းပေါင်းများစွာ လိမ်လည်မှုစွဲချက်နဲ့ လန်ဒန်တရားရုံးမှာ အမှုရင်ဆိုင်ရချိန် အပြစ်မရှိကြောင်း ဝန်ခံခဲ့ပါတယ်။

အသက် ၉၁ နှစ်အရွယ်ရှိ အယ်ကလက်စတုန်းဟာ ပြည်ပပိုင်ဆိုင်မှု ပေါင်သန်း ၄၀၀ ကျော်ကို ဗြိတိန်အစိုးရထံ ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဇူလိုင်လမှာ တရားစွဲဆိုခံခဲ့ရတာပါ။အယ်ကလက်စတုန်းဟာ လန်ဒန်မြို့လယ်ရှိ Westminster Magistrates တရားရုံးကို ရောက်ရှိလာချိန်မှာ ဓါတ်ပုံသမားတွေနဲ့ ရိုက်ကူးရေး သမားတွေ အများကြီးရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ အယ်ကလက်စတုန်းရဲ့ အသက်အရွယ် ကြောင့် တရားရုံးအပြင်ဘက်မှာ လူစုလူဝေးမပြုလုပ်ဖို့ သူတို့ကို သတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။

စွဲဆိုချက်စာရွက်စာတမ်းတွေအရ ဒေါ်လာသန်း ၆၅၀ ခန့်ရှိတဲ့ ဘဏ်အကောင့်တစ်ခုနဲ့ စင်ကာပူမှာ ယုံကြည် စိတ်ချရမှုကို ကြေညာဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။အယ်ကလက်စတုန်းဟာ တရားရုံးမှာ သူ့ရဲ့နာမည်နဲ့ မွေးသက္ကရာဇ်ကို အတည်ပြုဖို့၊ လန်ဒန်အနောက်ပိုင်းရှိ Knightbridge မှာ လိပ်စာတစ်ခုပေးဖို့ကို သာ ပြောခဲ့တာပါ။အစိုးရရှေ့နေ ရောဘတ်ဆင်ပဆင်က ဒီစုံစမ်းစစ်ဆေးမှုအတွင်း သူနဲ့ပတ်သက်တဲ့ နိုင်ငံခြား မှာရှိတဲ့ အရာမှန်သမျှကို မေးမြန်းခဲ့ကြောင်း တရားရုံးကို ပြောခဲ့ပါတယ်။

တရားသူကြီး ပေါလ်ဂိုးလ်စပရင်းက စက်တင်ဘာ ၁၉ ရက် လန်ဒန်တောင်ပိုင်း Southwark တရားရုံးမှာ နောက် ထပ်ရုံးချိန်းကိုကြားနားမှုမတိုင်ခင်အထိ သူ့ကို ခြွင်းချက်မရှိ အာမခံပေးခဲ့တာပါ။ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၃ ဘီလီယံခန့်ရှိတဲ့ အယ်ကလက်စတုန်းဟာ ဖော်မြူလာဝမ်းပြိုင်ပွဲကို စီးပွားဖြစ် အသွင်ပြောင်းခဲ့တာကြောင့် ချီးကျူး မှုအများအပြားရရှိခဲ့တာပါ။

အယ်ကလက်စတုန်းဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ရုပ်သံမူပိုင်ခွင့် ရောင်းချတာကနေ ဖော်မြူလာဝမ်းပြိုင်ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖော်မြူလာဝမ်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် ၂၀၁၇ ဇန်နဝါရီအထိ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s
တိုင်ဆန်ဗျူရီနဲ့ ဖရန့်ခ်ဝါရမ်ကိုတွေ့ရစဉ်

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ ထိုးသတ်ပွဲဖြစ်လိမ့်မယ်လို့ ပွဲစီစဉ်သူ ပြော

By CNI
CNI
Category: အားကစား
Hits: 1563

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ သမိုင်းဝင်ဟဲဗီးဝိတ်တန်း ပေါင်းစည်းရေးထိုးသတ်ပွဲကို ကျင်းပဖြစ်လိမ့်မယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဗျူရီရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က ပြောပါတယ်။

ဖရန့်ခ်ဝါရမ်က “တိုင်ဆန်နဲ့ အူဆက်ခ်တို့က အလွန်ကောင်းမွန်တဲ့ ထိုးသတ်ပွဲဖြစ်မှာပါ။သူတို့ရဲ့ နှစ်ဘက်စလုံးက လည်း ဒီပွဲဖြစ်ချင်တာကို မြင်ချင်တာကြောင့် ဒီထိုးသတ်ပွဲဖြစ်မယ်လို့ ကျနော်ထင်တယ်” လို့ BBC Radio 5 Live ကို ပြောခဲ့တာပါ။

အူဆက်ခ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုးသတ်ခဲ့တဲ့ မကျေပွဲမှာ အန်တိုနီဂျိုရွှာကို အနိုင်ရခဲ့တာကြောင့် WBA, WBO,IBF နဲ့ The Ring ဟဲဗီးဝိတ်ခါးပတ်တွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလထဲမှာပဲ WBC ချန်ပီယံ တိုင်ဆန်ဗျူရီဟာ လက်ဝှေ့လောကကနေ အနားယူတယ်ဆိုတာကို ထပ်မံအတည်ပြုခဲ့တာပါ။အူဆက်ခ်ကတော့ တိုင်ဆန်ဗျူရီနဲ့မှ မထိုးသတ်ရင် ဘယ်သူနဲ့မှ မထိုးသတ်ချင်ကြောင်းကို ဂျိုရွှာနဲ့ ပွဲအပြီးမှာ ပြောထားခဲ့ပါတယ်။

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်ကိုတွေ့ရစဉ်

ဖရန့်ခ်ဝါရမ်က “အူဆက်ခ်က ဒီပွဲဟာ သူစိတ်ဝင်စားတဲ့ တစ်ခုတည်းသောပွဲဖြစ်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ တိုင်ဆန်လည်း အတူတူပါပဲ။ဒါက ထူးခြားတဲ့ ထိုးသတ်ပွဲနဲ့ သမိုင်းဝင်ထိုးသတ်ပွဲဖြစ်တာကြောင့် ဝင်ငွေအများဆုံး ရနိုင်မယ့်ကိစ္စပါ။ခါးပတ်လေးခုက ဘယ်လောက်ကြာကြာလိုင်းပေါ်မှာရောက်နေလဲဆိုတာကို ဘုရားသခင် သိတာ လည်း ဒါက ပထမဆုံးအကြိမ်ပါပဲ။သူတို့နှစ်ဦးစလုံးက အခုထိ ရှုံးပွဲမရှိသေးပါဘူး။ဒီပွဲက လက်ဝှေ့လောက တစ်ခု လုံးကို စွဲလန်းသွားစေနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဗြိတိန်နိုင်ငံသား လူးဝစ်ဟာ ဟိုလီဖီးလ်ကို ၁၉၉၉ က အနိုင်ရပြီးနောက် အငြင်းပွားဖွယ်ရာမရှိ နောက်ဆုံး ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။၂၀၀၇ ကတည်းက ဒီအငြင်းပွားဖွယ်ရာမရှိ ချန်ပီယံဆုမှာ WBO ခါးပတ် ကိုပါထည့်သွင်းခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ချန်ပီယံခါးပတ် ၄ ခုစလုံးအတွက် ထိုးသတ်ပွဲ မဖြစ်ခဲ့ပါဘူး။ တိုင်ဆန်ဗျူရီ ရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က အန်သိုနီဂျိုရွှာအနေနဲ့ ရလဒ်တွေဆိုးရွားနေပေမယ့် ဗြိတိန်လူမျိုးနှစ်ဦးရဲ့ ထိုးသတ်ပွဲ က ဖြစ်နိုင်သေးတယ်လို့ ပြောခဲ့တာပါ။

“ဂျိုရွှာအနေနဲ့ သူ့ရဲ့ ခါးပတ်အောက်မှာ နောက်ထပ်နှစ်ပွဲလောက်အနိုင်ရခဲ့ရင် တိုင်ဆန်နဲ့ ထိုးပွဲက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဂျိုရွှာအနေနဲ့ ဒီလိုပွဲတွေအကြောင်းမတွေးခင်မှာ သူ့ကိုယ်သူပြန်လည်ထူထောင်ဖို့ လိုပါတယ်”လို့ ဖရန့်ခ်ဝါရမ်က ပြောခဲ့ပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်နဲ့ပွဲလို ပွဲတိုင်းကစားဖို့ ကစားသမားတွေကို အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: အားကစား
Hits: 1391

CNI Sport News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲကလိုပုံစံမျိုး ပွဲတိုင်းယူဆောင်လာဖို့ ကစားသမားတွေကို ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “နိုင်ပွဲရလို့ ကျနော်ပျော်ရွှင်ပါတယ်။ဒါပေမယ့် ဒီတစ်ပွဲတည်းတင်မဟုတ်ဘဲ ပွဲတိုင်းကို ဒီလို ပုံစံမျိုးယူဆောင်လာရမှာပါ။ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရုံနဲ့တင်မပြီးသေးပါဘူး။ပရီးမီးယားလိဂ်ပွဲတိုင်းက ခက်ခဲပါ တယ်။ပွဲတိုင်းကို ဒီလိုအဖွဲ့အစည်းစိတ်ဓါတ်တွေနဲ့ ပြင်းပြမှုတွေကို ယူဆောင်လာရမှာပါ”လို့ Sky Sports နဲ့ ပွဲအပြီးပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ သြဂုတ်လ ၂၃ ရက် မနက်ပိုင်း က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ယူနိုက် တက်အသင်းအတွက် ဂိုးတွေကို ဆန်ချိုနဲ့ ရက်ရှ်ဖိုဒ့်တို့က သွင်းယူခဲ့ပြီး ဆာလတ်က လီဗာပူးလ်အတွက် ချေပဂိုး သွင်းယူခဲ့တာပါ။ဒီပွဲမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ပွဲထွက်လူစာရင်းကနေ အသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး ရော်နယ်ဒိုကို လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့တာ ဖြစ်ပါ တယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ နည်းဗျူဟာအကြောင်း ပြောနိုင်ပေမယ့် အရာအားလုံးက စိတ်နေသဘော ထားပါပဲ။ကျနော်တို့ ကွင်းထဲမှာ ဒါကိုယူဆောင်လာနိုင်ခဲ့ပါတယ်။ဆက်သွယ်မှုတွေ၊ တိုက်ပွဲဝင်စိတ်ဓါတ်တွေနဲ့ သူတို့အောင်မြင်မှုရနိုင်တာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် သူတို့ဟာ အလွန်ကောင်းမွန် စွာ ကစားနိုင်ခဲ့လို့ပါပဲ”လို့ ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲသရေရလဒ်နဲ့ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်နည်းပြ ကလောပ့်က “ကျနော်တို့ ဒီပွဲအနိုင်ရခဲ့သင့်ပါတယ်။ ဒါက ရယ်စရာကြီးဆိုတာ သိပေမယ့် ဒါကို ကျနော်မြင်တွေ့ခဲ့ရတာပါ။ကျနော်တို့ရဲ့ အခြေအနေအတွက် စိုးရိမ်မိပေမယ့် ဒါက ဒီလိုပါပဲ”လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်း၊ လီဗာပူးလ်အသင်း က ဘုန်းမောက်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goa

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာအတွက် ဂိုးသွင်းပြီး မိနစ်တိုင်းရဲ့ ဂိုးသွင်းရှင်ဖြစ်လာတဲ့ လီဝန်ဒေါစကီး

By CNI
CNI
Category: Watch TV
Hits: 730

Share
Tweet
Share
Share
powered by social2s

၈ စက္ကန်နဲ့ဂိုးသွင်းပြီး လီဂူးဝမ်းရဲ့ အမြန်ဆုံးဂိုးသွင်းရှင် ဖြစ်လာတဲ့ ဘတ်ပီ

By CNI
CNI
Category: Watch TV
Hits: 738

Share
Tweet
Share
Share
powered by social2s
လီဝန်ဒေါစကီး ကိုတွေ့ရစဉ်(Sports)

ဘာစီလိုနာအတွက် ဂိုးသွင်းပြီး မိနစ်တိုင်းရဲ့ ဂိုးသွင်းရှင်ဖြစ်လာတဲ့ လီဝန်ဒေါစကီး

By CNI
CNI
Category: အားကစား
Hits: 1033

CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂

လီဝန်ဒေါစကီးဟာ ဆိုစီဒက်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးသွင်းပြီး မိနစ်တိုင်း မှာ ဂိုးသွင်းနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ လီဝန်ဒေါစကီးဟာ ပွဲချိန် ၁ မိနစ် မပြည့်ခင်နဲ့ ၆၈ မိနစ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒီဂိုးတွေကြောင့် ပိုလန်တိုက်စစ်မှူးဟာ ပွဲချိန် ၁ မိနစ်ကနေ မိနစ် ၉၀ အထိ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး မတိုင်ခင် မိနစ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေကတော့ ရော်နယ်ဒို၊ အီဘရာ ဟီမိုဗစ်နဲ့ ဆွာရတ်စ်တို့ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ မိနစ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ စတုတ္တမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ဒီပွဲမှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးဂိုးနဲ့ ဒုတိယဂိုးကို ရယူနိုင်ခဲ့ပြီး အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ အခုလို စံချိန်မှတ်တမ်းကောင်းတွေကို ရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (DS)

ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာအတွက် နောက်ထပ်ဂိုးတွေကို ဒမ်ဘီလီနဲ့ အန်ဆုဖာတီတို့က သွင်းယူခဲ့ ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့လို့ ဝေဖန်ခြင်း ခံခဲ့ရပေမယ့် ဒုတိယပွဲမှာ တော့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဝန်ဒေါစကီးကတော့ ဘာစီလိုနာ ကစားသမားဘဝ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို ရည်စူးခဲ့ပါတယ်။

လီဝန်ဒေါစကီးက “ပထမဆုံးသွင်းဂိုးက ကျနော့်ရဲ့ ဖခင်အတွက်ပါ။ အသင်းတစ်သင်းလုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အတူ ကျနော်တို့ရဲ့ ဆန္ဒပြင်းပြမှုတွေကြောင့် အနိုင်ရလဒ် ရရှိခဲ့တာပါ။ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦးပိုပြီး နားလည်မှု ကောင်းလာပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက “ပြီးခဲ့တဲ့အပတ်က သရေကျခဲ့တာက ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲကြောင့် ကျနော်တို့ကို ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေပါတယ်။ ဒါမှလည်း စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကြီးမားတဲ့ တွန်းအားပေးမယ့် ဆန္ဒတွေရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုလာမယ့် ကြားရက်မှာ မန်စီးတီးအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး လာလီဂါပွဲစဉ် အဖြစ် ဗယ်လာဒိုးလစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Sport/Reddit

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 43
  • 44
  • 45
  • 46
  • 47
  • 48
  • 49
  • 50
  • 51
  • 52

Page 48 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar