- By CNI
- Category: Watch TV
- Hits: 589
- By CNI
- Category: အားကစား
- Hits: 801
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
လီဝန်ဒေါစကီးဟာ ဆိုစီဒက်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးသွင်းပြီး မိနစ်တိုင်း မှာ ဂိုးသွင်းနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ လီဝန်ဒေါစကီးဟာ ပွဲချိန် ၁ မိနစ် မပြည့်ခင်နဲ့ ၆၈ မိနစ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးတွေကြောင့် ပိုလန်တိုက်စစ်မှူးဟာ ပွဲချိန် ၁ မိနစ်ကနေ မိနစ် ၉၀ အထိ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး မတိုင်ခင် မိနစ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေကတော့ ရော်နယ်ဒို၊ အီဘရာ ဟီမိုဗစ်နဲ့ ဆွာရတ်စ်တို့ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ မိနစ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ စတုတ္တမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ဒီပွဲမှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးဂိုးနဲ့ ဒုတိယဂိုးကို ရယူနိုင်ခဲ့ပြီး အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ အခုလို စံချိန်မှတ်တမ်းကောင်းတွေကို ရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (DS)
ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာအတွက် နောက်ထပ်ဂိုးတွေကို ဒမ်ဘီလီနဲ့ အန်ဆုဖာတီတို့က သွင်းယူခဲ့ ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့လို့ ဝေဖန်ခြင်း ခံခဲ့ရပေမယ့် ဒုတိယပွဲမှာ တော့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကတော့ ဘာစီလိုနာ ကစားသမားဘဝ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို ရည်စူးခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ပထမဆုံးသွင်းဂိုးက ကျနော့်ရဲ့ ဖခင်အတွက်ပါ။ အသင်းတစ်သင်းလုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အတူ ကျနော်တို့ရဲ့ ဆန္ဒပြင်းပြမှုတွေကြောင့် အနိုင်ရလဒ် ရရှိခဲ့တာပါ။ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦးပိုပြီး နားလည်မှု ကောင်းလာပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက “ပြီးခဲ့တဲ့အပတ်က သရေကျခဲ့တာက ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲကြောင့် ကျနော်တို့ကို ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေပါတယ်။ ဒါမှလည်း စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကြီးမားတဲ့ တွန်းအားပေးမယ့် ဆန္ဒတွေရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုလာမယ့် ကြားရက်မှာ မန်စီးတီးအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး လာလီဂါပွဲစဉ် အဖြစ် ဗယ်လာဒိုးလစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sport/Reddit
- By CNI
- Category: အားကစား
- Hits: 1281
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂
ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကို အဝေးကွင်းမှာ ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ် မှာ ဘတ်ပီဟာ ပွဲအစ ၈ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာ စပေးဘောကနေ မက်ဆီတင်ပေးလိုက်တဲ့ ဘောလုံးကို ရှေ့တက်လာတဲ့ လိုင်လီဂိုးသမားကို ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်ခဲ့ကာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ အမြန်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့တာပါ။
ဘတ်ပီဟာ လိုင်လီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ဟတ်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် နောက်ထပ် သွင်းဂိုးတွေကို နေမာက ၂ ဂိုးနဲ့ မက်ဆီ၊ ဟာကီမီတို့က ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ သွင်းဂိုး ၂ ဂိုးအပြင် ဒီပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ် ဂယ်လ်တီယာ လက်ထက်မှာ ရာသီစတင်ကတည်းက ခြေစွမ်းပြသနေပြီး လီဂူးဝမ်း ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အနိုင်ရကာ သွင်းဂိုး ၁၇ ဂိုးအထိ ရယူထားနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်း နည်းပြ ဂယ်လ်တီယာ (Four News)
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းအဝေးကွင်း ၆ ပွဲဆက်တိုက် ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး အသင်း အဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ လိုင်လီအသင်းကတော့ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ၇ ဂိုး အထိပေးပြီး ကြီးမားတဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
နည်းပြ ဂယ်လ်တီယာကတော့ ပီအက်စ်ဂျီအသင်းရဲ့ ရာသီအစ ကောင်းမွန်မှုအပေါ်မှာ အံ့အားသင့်ခဲ့ခြင်း မရှိပါဘူး။
ဂယ်လ်တီယာက “ ဒါတွေဟာ ဇူလိုင်လကတည်းက ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကြောင့်ပါ။ ရာသီအစ မှာ အလွန် ပြင်းပြင်းထန်ထန် ကစားခဲ့တဲ့ ကစားသမားတွေကို မြင်တွေ့ခဲ့တာကြောင့်လည်း ကျနော် အံ့အားသင့်ခြင်း မရှိပါဘူး။ ပြိုင်ပွဲတိုင်းမှာ လူတိုင်း ပါဝင်လုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ အဝတ်စားလဲခန်းမှာ ပျော်ရွှင်ပြီး စိတ်အားထက်သန်တဲ့ ကစားသမားတွေဖြစ်ဖို့ လိုတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ နေမာနဲ့ ဘတ်ပီတို့အကြား အနည်းငယ်တင်းမာမှု ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လိုင်လီအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ၂ ဦးစလုံး အတွဲညီစွာနဲ့ ခြေစွမ်းပြသခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းပွဲစဉ် ၄ အဖြစ် မိုနာကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: ဆောင်းပါး
- Hits: 2661
CNI Article
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
“ခါကိဗ်အကြောင်း တွေးလိုက်တဲ့အချိန်မှာ ကျနော့်ရဲ့ နှလုံးသားက နာကျင်ရပါတယ်။ ဒုံးကျည်တစ်စင်းက ကျနော်တို့ လေ့ကျင့်ရေးကွင်းကို ထိမှန်သွားခဲ့ပါတယ်။ ဒီတော့ ကျနော်တို့ ကစားတဲ့နေရာက ဘာမှ မရှိတော့ ဘူး”လို့ ဂိုးသမားဖြစ်သူ ဆစ်ဒရန်ကိုက ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဆစ်ဒရန်ကိုရဲ့ အသင်းဖြစ်တဲ့ မီတာလစ် ၁၉၂၅ ခါကိဗ်အသင်းဟာ ယူကရိန်း ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ချိန် အတွင်းမှာ ပုံမှန်အတိုင်း လေ့ကျင့်ရေး အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။ ၂ ရက်အကြာမှာတော့ ရုရှားရဲ့ ကျူးကျော်မှုကြောင့် အရာအားလုံးက ရပ်တန့်သွားခဲ့ရပါတယ်။
အခုဆိုရင် စစ်ပွဲကာလဟာ ၆ လအတွင်း ရောက်ရှိနေပါပြီ၊ ဒီကာလအတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားပြီး အန္တရာယ် ဆက်လက်ရှိနေခဲ့ပေမယ့် ယူကရိန်းဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေပါတယ်။
၂၀၂၁-၂၂ ရာသီပြိုင်ပွဲကိုတော့ ဆက်လက် မကျင်းပတော့ဘဲ ဖျက်သိမ်းခဲ့ပါတယ်။ ယူကရိန်းလိဂ်ကို ရှက်တာဒိုး နက်အသင်းက ၂ မှတ်အသာနဲ့ ဦးဆောင်ခဲ့တာပါ။ သမ္မတ ဇာလန်းစကီးရဲ့ အမိန့်အရ ယူကရိန်း နိုင်ငံတော် အလံနေ့ဖြစ်တဲ့ သြဂုတ်လ ၂၃ ရက်မှာ ရာသီသစ်ကို ဆက်လက် လုပ်ဆောင်သွားဖို့ ဇူလိုင်လမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပျက်စီးနေသော ယူကရိန်း ဘောလုံးကွင်း
“ဘောလုံး ပြန်လည်စတင်တာက နိုင်ငံအတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ”လို့ ယူကရိန်းဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ပါဗယ်လ်ကိုက ပြောခဲ့တာပါ။
“ယူကရိန်းက လုပ်နိုင်တယ်၊ ယူကရိန်းက အနိုင်ရမယ်ဆိုတာ ကမ္ဘာတစ်ခုလုံးကို သက်သေပြသလိုက်တာပါ။ ဒါက ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းအတွက် ယုံကြည်မှုရှိတဲ့ လက္ခဏာတစ်ခုလည်း ဖြစ်တယ်”လို့ ပါဗယ်လ်ကိုက ပြောခဲ့တာ ဖြစ်ပါတယ်။
ရုရှားကျူးကျော်မှု နောက်ပိုင်းမှာ ကလပ်အသင်းတွေဟာ နိုင်ငံအနောက်ဘက်ရှိ အယ်လ်ဗစ်စတဲ့ မြို့တွေကို ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး ဒါဟာ သူတို့အတွက် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ ဒေသထက် ပိုပြီးလုံခြုံတယ် လို့ ယူဆခဲ့တာပါ။
ဒိုင်နမိုကိဗ်လို အသင်းကြီးလည်း ပါဝင်ခဲ့ပါတယ်။ ဆစ်ဒရန်ကိုရဲ့ အသင်းဟာ ဆလိုဗားကီးယား နယ်စပ်ရှိ အူဇဟောရုဒ်မှာ လေ့ကျင့်မှု ပြုလုပ်ခဲ့ကြပြီး ဒါဟာ မြို့ကနေ ကီလိုမီတာ ၁,၃၀၀ ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။
ခါကိဗ်ရဲ့ အစိတ်အပိုင်းတွေဟာ စစ်ပွဲကြောင့် လုံးဝပျက်စီးခဲ့ပြီး ဒေသခံတွေဟာ ဒါကို ချာနိုဘိုင်းနဲ့ ခိုင်းနှိုင်းထားတာပါ။
“ကစားသမားတွေ ပြန်ဆုံတဲ့ အချိန်မှာ အားလုံးက စစ်ပွဲ စတင်တဲ့အချိန်၊ သူတို့ဘာတွေ လုပ်နေလဲစတဲ့ အကြောင်းအရာတွေကို ပြောခဲ့ကြတယ်”လို့ ဖေဖော်ဝါရီလမှာ ရည်းစားဖြစ်သူနဲ့အတူ ယူကရိန်း အနောက်ပိုင်း ကို ထွက်ပြေးခဲ့တဲ့ အသက် ၃၃ နှစ်အရွယ်ရှိ ဆစ်ဒရန်ကိုက ပြောပါတယ်။
သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြပါတယ်။
“အခုလေ့ကျင့်ရေးကို ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျနော်တို့ရဲ့ ပရိသတ်တွေကို ပျော်ရွှင်စေချင်ပြီး ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်”လို့ ဆစ်ဒရန်ကိုက သူ့ရဲ့ ဆန္ဒကို ပြောပြလာပါတယ်။
ယူကရိန်းအက်ဖ်အေဥက္ကဋ္ဌ ဖြစ်သူဟာ ဒီရာသီပွဲတွေကို အကောင်းဆုံး ကျင်းပနိုင်ဖို့အတွက် ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေခဲ့ကြတာပါ။ အခုအချိန်မှာ ပရိသတ်တွေ ဝင်ခွင့်ရမှာ မဟုတ်သလို ကျင်းပဖို့ ခွင့်ပြုခံထားရတဲ့ အားကစားကွင်းတွေမှာ လေကြောင်း တိုက်ခိုက်ရေး ဥသြတွေနဲ့ ဗုံး အမိုးအကာအရံတွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဗုံးဒဏ်ခံထားရတဲ့ ယူကရိန်းဘောလုံးကွင်း
ဒိုင်နမိုကိဗ် အမျိုးသမီးအသင်းမှာ ကစားနေတဲ့ မိုင်ရွန်ချုပ်ခ်က သူမရဲ့အသင်း ဘောလုံး ပြန်ကစားခွင့်ရမယ့် အလားအလာအတွက် ပီတိဖြစ်ရသလို စစ်ပွဲတွေကနေ သူမရဲ့စိတ်ကို လွတ်မြောက်စေတယ်လို့ ပြောခဲ့ပါတယ်။
မိုင်ရွန်ချုပ်ခ်က “ကွင်းထဲပြန်ဝင်ဖို့၊ ကစားဖို့၊ ဂိုးသွင်းယူဖို့နဲ့ အနိုင်ရယူဖို့က ကစားသမားတိုင်းအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုပါပဲ။ ဒါပေမယ့် ဖုန်းတွေပြန်ရချိန်မှာ သတင်းကြည့်ပြီး ဘယ်လိုဖြစ်သွားမှာလဲ”လို့ ပြောခဲ့ပါတယ်။
ရုရှားကျူးကျော်မှုအပြီးမှာ မိုင်ရွန်ချုပ်ခ်ရဲ့ အသင်းဖော် အများအပြားဟာ ကဒုတ်ကျင်းမှာ နှစ်ပတ်ကြာ နေထိုင်ခဲ့ ရပါတယ်။
“ဘောလုံးမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့ ဒါရိုက်တာက ကျမတို့ကို မပစ်ထားပါဘူး။ ကျမတို့ကို လုပ်အားခတွေလည်း ပေးပါတယ်။ Zoom ကနေ သင်ခန်းစာတွေရခဲ့ပြီး ကစား သမားတွေကို တစ်ဦးချင်း အလုပ်တွေ ပေးခဲ့ပါတယ်။ ကျမတို့မှာ ယောဂဆရာ တစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ လေ့ကျင့်ရေး တစ်ခုနဲ့တော့ မတူပါဘူး”လို့ ဒိုင်နမို အမျိုးသမီးအသင်းနည်းပြ ပီထရန်ကိုက ပြောပါတယ်။
အဲ့ဒီနောက်ပိုင်း လတွေမှာ ဒိုင်နမို အမျိုးသား အသင်းအပြင် ရှက်တာဒိုးနက်အသင်းနဲ့ နိုင်ငံအသင်းတို့ဟာ “ Global Tour For Peace” ဆိုပြီး ထောက်ပံ့ငွေတွေ ရှာဖွေဖို့ နိုင်ငံရဲ့ အပြင်ဘက်မှာ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားခဲ့ပါတယ်။
ယူကရိန်းအတွက် ၂ ပွဲ ကစားခဲ့ဖူးတဲ့ ရှက်တာဂိုးသမား ထရူဘင်က “နိုင်ငံတော် သီချင်း သီဆိုပြီးချိန်မှာ ကျနော်တို့ တချို့ဟာ ငိုကြွေးခဲ့ကြပါတယ်။ ရှက်တာက ကျနော့်ကို ပြုစုပျိုးထောင်ပေးပါတယ်။ ရှက်တာအသင်း ရဲ့ အင်္ကျီကို ဝတ်ခွင့်ရတဲ့ အချိန်တိုင်း အမြဲတမ်း ပျော်ရွှင်ရပါတယ်”လို့ ပြောပါတယ်။
ရှက်တာဟာ ၂၀၁၄ က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲြုဖစ်ပွားခဲ့ပြီး အရှေ့ဘက် ဒိုးနက်မြို့ ကနေ ထွက်ခွာဖို့ တွန်းအားပေး ခံခဲ့ရကာ ပဋိပက္ခကြောင့် ၈ နှစ်ကြာ ပြည်နှင်ဒဏ် ပေးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒိုးနက်ဟာ အခုအချိန် ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ ရှေ့တန်းမှာ ရှိနေတာပါ။ ရှက်တာဟာ ပြီးခဲ့တဲ့ ရာသီက ဖျက်သိမ်းခဲ့တဲ့ လိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရှိတာကြောင့် အခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုဝင်ခွင့် တစ် နေရာကို ရရှိထားပါတယ်။

ယူကရိန်းစစ်အတွင်းက အပျက်အစီးများ
ဒိုင်နမိုကိဗ် အသင်းကလည်း ချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားနေပြီး နီပရိုအသင်းကတော့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိ ထားပါတယ်။ ယူကရိန်းကလပ်တွေဟာ ဥရောပပွဲစဉ်တွေကို နိုင်ငံပြင်ပမှာ ကစားဖို့ လိုအပ်နေပါတယ်။
ယူကရိန်းလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အသင်းတွေဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေပေမမယ့် နှစ်သင်းကတော့ ပြန်လာနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ယူကရိန်းလိဂ် အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်ခဲ့တဲ့ ချာနီဟစ်ဗ် အသင်းကတော့ သူတို့မြို့ကို ရုရှားတပ်တွေက ဝိုင်းရံခဲ့ပြီး မတ်လမှာ အပြီးသိမ်းပိုက်ခဲ့တာပါ။
မြို့ကို နေ့ရောညပါ ဝိုင်းရံခဲ့ပြီး လူထောင်ပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။ ဒီနောက် အရပ်သား အဆောက်အ အုံ တွေနဲ့ လူနေရပ်ကွက်တွေကို တမင် ပစ်မှတ်ထားတယ်ဆိုပြီး ပြောနေခဲ့ကြပါတယ်။ အဲ့ဒါကြောင့် သူတို့ရဲ့ အိမ်ကွင်းဟာ ဆိုးရွားစွာ ပျက်ဆီးသွားခဲ့ပါတယ်။
နည်းပြအဖွဲ့ဝင်တွေဟာ လက်နက်ကိုင်ဆောင်ကာ အဆိုပါမြို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ပါဝင်ခဲ့ကြတာပါ။ ရုရှားဟာ ဧပြီလ အစောပိုင်းမှာ ထွက်ခွာသွားခဲ့ပေမယ့် ပြန်လည်တည်ဆောက်နိုင်ဖို့ လုပ်ဆောင်ရမယ့် အလုပ်တွေ အများအပြားရှိနေပါသေးတယ်။
အိုလက်ခ်ဆန်ဒါဟာ မာရီပေါလ်အသင်းမှာ ကစားနေချိန်အတွင်း ကျူးကျော်မှု ခံခဲ့ရပါတယ်။ တိုက်ခိုက်မှု ၃ လ ကြာပြီးနောက်မှာ မြို့ဟာ အပျက်အဆီးများစွာနဲ့ ကျန်ရစ်ပြီး အခု ရုရှားရဲ့ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ မာရီပေါလ် အသင်းဟာ အခုမရှိတော့ဘူးလို့ ရှက်တာကို အငှားချခံထားရတဲ့ အသက် ၂၁ နှစ်အရွယ်ရှိ အိုလက်ခ်ဆန်ဒါက ပြောခဲ့တာပါ။

ယူကရိန်းစစ်သားများ
အိုလက်ခ်ဆန်ဒါဟာ ဖေဖော်ဝါရီလက နယ်စပ်ကို ရုရှားတင့်ကားတွေ ပထမဆုံး ဝင်ရောက်လာချိန် နိုင်ငံရပ် ခြားမှာ ရှိနေခဲ့ပြီး ယူကရိန်းကို ပြန်မယ့် လေယာဉ်ပေါ် မတက်ခင် ၁၅ မိနစ်အလိုမှာ သူ့နိုင်ငံကို ကျူးကျော်ခဲ့ တယ်လို့ ပြောပြလာပါတယ်။
အခြားအသင်းဖော်တွေက သူတို့နေအိမ်အနီးရှိ အဆောက်အအုံတွေမှာ ဒုံးကျည်တွေနဲ့ ထိမှန်ခဲ့ကြောင်း မက်ဆေ့ချ်တွေ စတင် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ ပြန်သွားတော့မှာ မဟုတ်ပါဘူး။ အသင်း သစ်ရှာဖို့ ပြောခဲ့ပြီး ဘယ်လ်ဂျီယံကလပ် ဝါရီဂျန်အသင်းမှာ အငှားကစားနေခဲ့ပေမယ့် အသင်းဟောင်းအတွက် ကစားပေးချင် စိတ်ရှိနေသေးတာပါ။
“ကျနော့်ရဲ့ နှလုံးသားထဲကနေ မာရီပေါလ်ကို လွမ်းဆွတ်နေပါတယ်။ ဒီမြို့ကို အလွန်ချစ်ပြီး ကျနော်တို့မှာ လှပတဲ့ ကွင်းတစ်ကွင်း ရှိပါတယ်။ မကြာသေးခင်ကမှ မြက်ခင်းအသစ်တွေ ခင်းပြီးသွားခဲ့ပါတယ်။ ဒီမှာ မာရီပေါလ်ရဲ့ ဂျာစီကို ယူဆောင်လာပြီး ဝတ်ဆင်ပါတယ်။ ယူကရိန်းမှာ ဘောလုံးပွဲ ပြန်စရတာက ရဲရင့်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒီအတွက် ကျနော်ပျော်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျနော် အလွန်စိုးရိမ်နေပါတယ်”လို့ အိုလက်ခ်ဆန်ဒါက ပြောခဲ့ပါတယ်။
Source: BBC
- By CNI News
- Category: အားကစား
- Hits: 1249
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်တွေအတွက် မကျေပွဲအဖြစ် ဆော်ဒီမှာ ထိုးသတ်ခဲ့တဲ့ အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာတို့ ပွဲမှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့ပါတယ်။
၁၂ ချီ ပြည့်မြောက်တဲ့အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူတာ မှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ ဒိုင်လူကြီး ၂ ဦးက အူဆက်ခ်ကို ၁၁၅ - ၁၁၃ ၊ ၁၁၆ - ၁၁၂ မှတ်တို့နဲ့ အနိုင် ပေးခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီး ၁ ဦးက ဂျိုရွှာကို ၁၁၅ - ၁၁၃ မှတ်နဲ့ အနိုင်ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ယူကရိန်းနိုင်ငံသား အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ အဲ့ဒါကြောင့် အူဆက်ခ်ဟာ WBA(Super) ၊ IBF၊ WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် တွေကို ဆက်ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာ ထိုးသတ်နေစဉ်
ဒါ့အပြင် တိုင်ဆန်ဗျူရီ အနားယူသွားတာကြောင့် လစ်လပ်ခဲ့တဲ့ The Ring ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်လာခဲ့ တာပါ။ အူဆက်ခ်ကတော့ ဒီနိုင်ပွဲကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၂၀ ထိုးသတ်ခဲ့တာမှာ ရာနှုန်းပြည့် အနိုင်ရတဲ့ စံချိန်မှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အန်သိုနီဂျိုရွှာကတော့ နောက်ဆုံး ၂ ပွဲဆက်တိုက် အူဆက်ခ်ကို အရေးနိမ့်ခဲ့ကာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ၃ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ အူဆက်ခ်ဟာ ဒီနိုင်ပွဲကို သူ့နိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံအတွက် ရည်ရွယ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
Source: BBC Sport
- By CNI
- Category: အားကစား
- Hits: 831
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၂၀
ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုက အာဆင်နယ်အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ရာသီအဆုံးသတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ရော်နယ်ဒင်ဟိုက “အာဆင်နယ်အသင်းဟာ သူတို့ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ လုပ်ဆောင်မှုနဲ့အတူ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ပြန်လည်ဝင်ရောက်သွားမှာပါ။သူတို့ဟာ ဒီထက်ပိုပြီးအောင်မြင်ရင် ဆုဖလား အတွက် စိန်ခေါ်မှုတောင် ဖြစ်နိုင်ပါတယ်။မန်စီးတီးကတော့ အလွန်ကောင်းမွန်ပြီး ရေပန်းအစားဆုံး ဖြစ်ပါ တယ်။ဒါပေမယ့် ဘောလုံးမှာတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ The Mirror ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ်မစတင်ခင် ရာသီကြိုမှာကတည်းက အကောင်းဆုံးခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်အနိုင်ရထားပါတယ်။

ကစားသမားသစ်တွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ကလည်း အသင်းသစ်မှာ လျင်မြန်စွာအသားကျခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။တိုက်စစ်မှူး ဂျီးဆပ်စ်ဆိုရင် လက်စတာအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုက ဂျီးဆပ်စ်နဲ့ပတ်သက်ပြီး “မန်စီးတီးကို သူပြောင်းရွှေ့လာခဲ့တုန်းက ကမ္ဘာ့အကောင်းဆုံး တွေထဲက တစ်ယောက်ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။အခွင့်အရေးရလာတဲ့အချိန်မှာ သူလုပ်နိုင်တာကို ပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အရည်အသွေးနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာမျိုး မန်စီးတီးက သူ့ကို မပြခဲ့ဖူးပါဘူး။အာဆင်နယ်မှာတော့ သူဟာ နည်းပြနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့ပြီး သူကလည်း ဒါကို ပြန်ပေးဆပ်နေပါပြီ။ဒီရာသီမှာ သူ့ဆီကနေ ကျနော် ကြီးမားတဲ့အရာတွေကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်က ထိပ်ဆုံး ၄ သင်းထဲဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲတွေကြုံတွေ့ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1081
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တီဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ကန်တီဟာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲ ခံခဲ့ရတာဖြစ်ပြီး နည်းပြ တူချယ်လ် က ရက်အနည်းငယ်အတွင်းမှာ ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့တာပါ။
တူချယ်လ်က “ကျနော်တို့ အခုပြောမယ့်အရာက သတင်းကောင်းတစ်ခု မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး စိတ်ပျက် မိသလို ဝမ်းလည်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုရင် ကန်တီက အသင်းအတွက် အရေးပါတဲ့သူ ဖြစ်တာကြောင့် ပါ”လို့ ပြောခဲ့ပါတယ်။
တိုက်စစ်မှူး ဘရိုဂျာနဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်တို့ကလည်း ဒဏ်ရာတွေကြောင့် လိဒ်စ်နဲ့ ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာမီလန်အသင်း ကွင်းလယ် ကစား သမား ကာဆာဒီကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၂.၆ သန်းနဲ့ ၆ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲယား၊ လက်စတာနောက်ခံလူ ဖိုဖာနာနဲ့ ဘာစီလိုနာ တိုက်စစ် မှူး အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

နည်းပြ တူချယ်လ်ကို တွေ့ရစဉ် (FotMob)
ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဝါနာ၊ နောက်ခံ လူတွေဖြစ်တဲ့ ရူဒီဂါ၊ ခရစ်တန်ဆန်နဲ့ အလွန်ဆို တို့ကို အသင်းပြောင်းရွှေ့ခွင့် ပေးခဲ့ပါတယ်။
အားဖြည့်မှုအဖြစ် မန်စီးတီးအသင်းက စတာလင်၊ နာပိုလီအသင်းက ကူလီဘာလီနဲ့ ဘရိုက်တန်အသင်းက ကူကူရယ်လ်လာတို့ကို ခေါ်ယူထားခဲ့တာပါ။ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာ စက်တင်ဘာလ ၁ ရက်မှာ ပိတ်မှာ ဖြစ်ပါတယ်။
တူချယ်လ်က “အပြောင်းအရွှေ့ ဖွင့်ထားတဲ့ အချိန်ထိ ဖြစ်နိုင်ခြေတွေ အမြဲတမ်းရှိပါတယ်။ အာရုံစူးစိုက်မှုက ကျနော်တို့ဆီမှာ အပြည့်ရှိပါတယ်။ ကျနော်တို့ဟာ ကစားသမား ၁၈ ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး တစ်ပတ် ၁ ပွဲ ကစားရတာ ပြဿနာမဟုတ်ပါဘူး။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်ဖို့ အတွက်ဆိုရင် အရည်အသွေးရှိတဲ့ ကစားသမား တွေ အများကြီး လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် အပြောင်းအရွှေ့ မပိတ်ခင် ကစားသမားသစ်တွေ အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: Watch TV
- Hits: 603
- By CNI
- Category: Watch TV
- Hits: 594
- By CNI
- Category: အားကစား
- Hits: 961
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၉
ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ကူကူရယ်လ်လာကို စပါးအသင်း နောက်ခံလူ ရိုမဲရိုးက ဆံပင်ဆွဲခဲ့ပြီးနောက် ကွင်းလယ် ဒိုင်လူကြီး အန်တိုနီတေလာကို ကွင်းဘေးရှိ မော်နီတာမှာ စစ်ဆေးဖို့ မတောင်းဆိုခဲ့တာက သူ့အမှား ဖြစ်တယ်လို့ မိုက်ဒိန်းက ဝန်ခံလိုက်ပါတယ်။
VAR တာဝန်ရှိသူအဖြစ် ဆောင်ရွက်ခဲ့တဲ့ မိုက်ဒိန်းက “စက္ကန့်အနည်းငယ်အတွင်းမှာ ရိုမဲရိုးက ကူကူရယ်လ်လာ ကို ဆံပင်ဆွဲခဲ့တာကို ပြန်လေ့လာခဲ့ရပါတယ်။ ဒါကို ကြမ်းတမ်းတဲ့လုပ်ရပ်လို့ မယူဆခဲ့ပါဘူး။ ကျနော်က VAR ဖြစ်နေတော့ ပြစ်ဒဏ်ဘော ကန်ခွင့်ပေးလို့ မရဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အနီကတ် ပြသလို့ရအောင် ပြန်သုံးသပ်ဖို့ ဒိုင်လူကြီး တေလာကို အကြံပေးလို့တော့ ရပါတယ်။ ဒီရုပ်သံဖိုင်ကို ပြန်လေ့လာပြီး တခြားဒိုင်လူကြီး တွေနဲ့ စကား ပြောတဲ့အခါမှာ ဒိုင်လူကြီးကို မော်နီတာ သွားရောက်ကြည့်ဖို့ တောင်းဆိုခဲ့သင့်ပါတယ်”လို့ The Mail ကော်လံမှာ ရေးသားခဲ့တာပါ။
ဒီအဖြစ်အပျက်မှာ VAR က အရေးမယူဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဟာရီကိန်းက စပါးအတွက် အရေးပါတဲ့ ချေပဂိုး ကို သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ဟာ တစ်ဖက် ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးက တူချယ်လ်ကို အနီကတ်ပြနေစဉ် (SPORTbible)
ဒီပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ တူချယ်လ်ဟာ ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး နောက်လာမယ့် ချယ်လ်ဆီးပွဲမှာ သူ့ကို တာဝန်မပေးဖို့အထိ ပြောခဲ့ပါတယ်။
ဒီလိုပြောခဲ့တာကြောင့် တူချယ်လ်ကို အက်ဖ်အေက အရေးယူဖို့ စုံစမ်းစစ်ဆေးနေပါတယ်။ ဒါ့အပြင် တူချယ်လ်နဲ့ ကွန်တီတို့ဟာ ပွဲအပြီး လက်ဆွဲနှုတ်ဆက်တာမှာ ပြဿနာဖြစ်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက သူတို့နှစ်ဦးစလုံးကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
အက်ဖ်အေကလည်း ဒီလို အပြုအမူတွေဟာ မလုပ်သင့်တဲ့ အပြုအမူတွေဆိုပြီး တူချယ်လ်နဲ့ ကွန်တီကို စွဲချက် တင် ထားပါတယ်။ ဒါ့အပြင် စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင် ထောင့်ကန်ဘော ကန်ဖို့သွားတဲ့ အချိန်မှာ လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့လို့ ချယ်လ်ဆီးအသင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
မိုက်ဒိန်းက “ခင်ဗျား ဘယ်လောက်ပဲ အတွေ့အကြုံရှိပါစေ၊ ပရီးမီးယားလိဂ် တာဝန်ရှိသူ အနေနဲ့ ဆယ်စုနှစ် ၂ ခု ကျော် ဖြတ်သန်းခဲ့တာတောင် အမြဲတမ်း သင်ယူနေရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော့်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ဒိုင်လူကြီးရဲ့ဘဝပါပဲ”လို့ ရေးသားခဲ့ပါတယ်။
Source: Metro
- By CNI
- Category: Watch TV
- Hits: 624
- By CNI
- Category: အားကစား
- Hits: 1099
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈
ပြီးခဲ့တဲ့ အပတ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆွန်ဟောင်မင်ကို ရည်ရွယ်တဲ့ လူမျိုးရေး ခွဲခြားမှုနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါ တယ်။
ဆွန်ဟောင်မင်ဟာ ဒုတိယပိုင်း ထောင့်ကန်ဘော ကန်သွင်းမှု ပြုလုပ်ခဲ့ချိန်မှာ ဒီဖြစ်ရပ်ဟာ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ပါတယ်။
The Athletic က ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားနေတဲ့ အမူအရာပြ ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့တယ်လို့ ဖော်ပြခဲ့ ပါတယ်။ ဆွန်ဟောင်မင်ဟာ အရင်ကလည်း အင်္ဂလန်မှာ လူမျိုးရေး ခွဲခြားမှုတွေ ခံခဲ့ရပါသေးတယ်။
ယူနိုက်တက်အသင်းက စပါးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ ဆွန်ဟောင်မင်ကို အွန်လိုင်းပေါ်မှာ လူမျိုးရေး ခွဲခြားမှု ပြုလုပ်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ယူနိုက်တက်ရဲ့ တစ်ရာသီစာ လက်မှတ် ကိုင် ဆောင် ထားတဲ့သူ ၃ ဦးကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ဒီမတိုင်ခင် ၂ နှစ်လောက်ကလည်း ဝက်စ်ဟမ်း ပရိသတ်တစ်ဦးဟာ ကာရာဘောင်း ဖလားပွဲစဉ်မှာ ဆွန်ဟောင်မင် ကို လူမျိုးရေး ခွဲခြားမှုပြုလုပ်ခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတာပါ။

ဆွန်ဟောင်မင် ဒေါင့်ကန်ဘော ကန်ဖို့အသွား လူမျိုးရေးခွဲခြားခံရ
ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ၂ ဂိုးစီ သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ နည်းပြ တွေဖြစ်တဲ့ တူချယ်လ်နဲ့ ကွန်တီတို့ဟာ ပွဲချိန်အတွင်းမှာ အချင်းများခဲ့ကြသလို ပွဲအပြီး လက်ဆွဲ နှုတ်ဆက်တာ မှာလည်း ပြဿနာတက်ခဲ့ကြလို့ ကွင်းလယ်ဒိုင်လူကြီးက အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။
ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုရ ပထမဆုံး အာရှ ကစား သမား အဖြစ်လည်း မှတ်တမ်းဝင် ထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ၂၀၂၂ ဘောလွန်းဒီအောဆုရဲ့ ဆန်ကာတင် စာရင်းမှာ ပါဝင်ထားပါတယ်။
တောင်ကိုရီးယား ကစားသမားဟာ ဒီရာသီမှာလည်း ပုံစံကောင်းတွေကို ဆက်ထိန်းထားပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၁ ပွဲ သရေရလဒ် ရရှိထားတဲ့ စပါးအသင်းဟာ ဒီတစ်ပတ်မှာတော့ ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: The Sun
- By CNI
- Category: အားကစား
- Hits: 840
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၈
ဂျပန်နိုင်ငံရဲ့ အစိုးရရှေ့နေတွေဟာ လာဘ်ပေးလာဘ်ယူမှု သံသယနဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ဘုတ်အဖွဲ့ဝင် ဟောင်း တာကာဟာရှီကို ဖမ်းဆီးခဲ့တယ်လို့ Asahi Shimbun သတင်းစာမှာ ဖော်ပြထားပါတယ်။
တာကာဟာရှီဟာ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲအတွက် ဝတ်စုံလက်လီ ရောင်းချသူနဲ့ စပွန်ဆာပေးသူ Aoki Holdings ထံကနေ ယန်းငွေဘီလီယံ ရာနဲ့ချီတဲ့ လာဘ်ငွေကြေးတွေ ရရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခဲ့တာလို့ Asah Shimbun က ရေးသား ဖော်ပြထားပါတယ်။
တာကာဟာရှီ အပြင် အစိုးရရှေ့နေတွေဟာ Aoki Holdings ဥက္ကဋ္ဌဟောင်း ဟီရိုနိုရီနဲ့ အခြားနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဇူလိုင်လကုန်ပိုင်းက စုံစမ်းစစ်ဆေးသူတွေဟာ တာကာဟာရှီရဲ့ နေအိမ်နဲ့ ဂျပန်ကြောငြာ ကုမ္ပဏီ Dentsu Group ရဲ့ ရုံးခန်းကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။
တာဟာဟာရှီဟာ Dentsu Group ရဲ့ အမှုဆောင်ဟောင်း ဖြစ်တယ်လို့ သိရပါတယ်။ Aoki Holdings က တာကာဟာရှီကို ဒေါ်လာ ၁ သန်းကျော် ပေးချေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး တိုကျိုရှိ အစိုးရ ရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။

တိုကျိုအိုလံပစ်ပြိုင်ပွဲ (JRT Post)
Aoki ဟာ ၂၀၁၇ က Dentsu လက်အောက်ခံ ကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁.၇ သန်းပေးချေခဲ့ပြီး ဒီငွေတွေကို တာကာဟာရှီ လည်ပတ်နေတဲ့ ကုမ္ပဏီထံ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ Nikkei စီးပွားရေး နေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။
ယန်း သန်းပေါင်းများစွာကို အားကစားအဖွဲ့အစည်း နှစ်ခုထံ အမှန်အကန် လွှဲပြောင်း ပေးခဲ့ပေမယ့် တာကာဟာရှီ ရဲ့ ကုမ္ပဏီက လက်ကျန် ဒေါ်လာ ၁.၁ သန်းကို သိမ်းဆည်းထားတယ်လို့ Nikkei က ဖော်ပြခဲ့ပါတယ်။
တာကာဟာရှီဟာ ၂၀၁၃ နဲ့ ၂၀၁၄ မှာ ထုတ်ဖော် ပြသခြင်း မရှိတဲ့ လှုပ်ရှားမှုတွေအတွက် ၂၀၂၀ တိုကျိုအိုလံပစ် ပြိုင်ပွဲ လေလံကော်မတီထံကနေ အမေရိကန်ဒေါ်လာ ၈ သန်းကျော် ရရှိခဲ့တယ်လို့ ၂၀၂၀ ခုနှစ်၊ မတ်လမှာ ရိုက်တာက ဖော်ပြခဲ့ပါတယ်။
တာကာဟာရှီရဲ့ အရှုပ်တော်ပုံနဲ့ အခုသတင်းပတ်အတွင်း ဖမ်းဆီးမှုဟာ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ အမွေအနှစ်ကို ညှိုးနွမ်းစေခဲ့ပါတယ်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ မှာ ကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်နောက်ကျပြီးမှ ကျင်းပခဲ့ရပါတယ်။
Source: အာတီ
- By CNI
- Category: အားကစား
- Hits: 1214
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
စနေနေ့ညမှာ ထိုးသတ်မယ့်ပွဲစဉ်မှာ အူဆက်ခ်ကိုထပ်ပြီး အရေးနိမ့်ခဲ့မယ်ဆိုရင် လက်ဝှေ့ကနေ အနားယူမယ် ဆိုတဲ့ ထင်ကြေးတွေကို အန်သိုနီဂျိုရွှာက ငြင်းဆန်လိုက်ပါတယ်။
အန်သိုနီဂျိုရွှာက “ကျနော်အနားယူဖို့ မစဉ်းစားထားပါဘူး။ကျနော့်ဘဝရဲ့ အကြီးမားဆုံး ထိုးသတ်ပွဲတွေ ကြုံတွေ့ ခဲ့ရပြီး အနားယူဖို့ စဉ်းစားနေခဲ့တယ်ဆိုရင် စိတ်ထဲမှာ သံသယကြီးကြီးမားမား ဖြစ်သွားပါလိမ့်မယ်။ ကမ္ဘာ့ အကောင်းဆုံးတိုက်ခိုက်ရေးသမားကို ရှုံးနိမ့်တဲ့အချိန်မှာ အနားယူမယ်လို့ ပြောတာက မိုက်မဲရာကျပါတယ်။ လူတွေရဲ့ထင်မြင်မှုကိုတော့ ကျနော်လေးစားပေမယ့် အနားယူမှာမဟုတ်ဘူးလို့” ပြောခဲ့တာပါ။
ဆော်ဒီမှာထိုးသတ်မယ့် ဂျိုရွှာနဲ့ အူဆက်ခ်တို့ရဲ့ မကျေပွဲအတွက် ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ပထမအကြိမ်အဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လန်ဒန်မှာ ထိုးသတ်ခဲ့တုန်းက အူဆက်ခ်က အမှတ်နဲ့အနိုင်ရပြီး အန်သိုနီဂျိုရွှာဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ဒုတိယမြောက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ဗြိတိန်ဟဲဗီးဝိတ်သမားဟာ ရှုံးပွဲနဲ့အတူ IBF, WBO နဲ့ WBA ချန်ပီယံခါးပတ်တွေပါ အူဆက်ခ်ကို ပေးခဲ့ရတာဖြစ်ပါတယ်။

အန်သိုနီဂျိုရွှာကတော့ ချန်ပီယံခါးပတ်တွေ ပြန်ရအောင်ယူဖို့ အာရုံစိုက်နေခဲ့ပေမယ့် ဒီပွဲရှုံးနိမ့်ခဲ့ရင် လက်ဝှေ့လော က ကနေ ထွက်ခွာရနိုင်ကြောင်း ကမ္ဘာ့ချန်ပီယံဟောင်းတွေက ပြောထားကြတာပါ။
ဒါပေမယ့် အန်သိုနီဂျိုရွှာ ကတော့ လက်ဝှေ့ကြိုးဝိုင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားခြင်းမရှိပါဘူး။ “ဒါက ကျနော့်ရဲ့ ၁၂ ကြိမ် ဆက်တိုက် ကမ္ဘာ့ချန်ပီယံထိုးသတ်ပွဲဖြစ်ပြီး ဒါက ကမ္ဘာ့အဆင့်ဖြစ်လို့ ကမ္ဘာ့အဆင့်ရှိတဲ့ ပြိုင်ဘက်တွေနဲ့ ထိုးသတ်ရမှာပါပဲ။ ဒါက ကျနော့်အတွက် တတိယမြောက်အိုလံပစ်ရွှေတံဆိပ်ဆုဖြစ်ပေမယ့် ဒီနေရာမှာ ဖျော်ဖြေသွားမှာပါ” လို့ အန်သိုနီဂျိုရွှာက ပြောခဲ့တာပါ။
အူဆက်ခ်က “ဒီပွဲမှာ ကျနော်ပိုပြီးကောင်းမွန်လာမှာပါ။ပထမပွဲတုန်းက ကျနော်တို့ အချင်းချင်းသင်ယူခဲ့ကြရ တယ်။သူကလည်း ကျနော့်ဆီကသင်ယူပြီး၊ ကျနော်ကလည်း သူ့ဆီက သင်ယူပါတယ်။ကျနော်တို့ဟာ တိုက်ခိုက် ရေးသမားအသစ်တွေမဟုတ်သလို ပြိုင်ဆိုင်မှုအသစ်လည်း မဟုတ်ပါဘူး။စာကျက်ဖို့ အချိန်အလုံအလောက် ရထားပြီးဖြစ်လို့ စနေနေ့ညဟာ ကောင်းမွန်တဲ့ည ဖြစ်ပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။
ဒီပွဲကို သြဂုတ်လ ၂၀ ရက်မှာ ထိုးသတ်သွားမှာဖြစ်ပြီး အနိုင်ရတဲ့သူဟာ တိုင်ဆန်ဗျူရီအနားယူသွားလို့ လစ်လပ် ခဲ့တဲ့ The Ring ဟဲဗီးဝိတ်ခါးပတ်ကိုလည်း ရရှိမှာဖြစ်ပါတယ်။
Source:Metro
Page 48 of 81
