CNI Sport News

၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ သမိုင်းဝင်ဟဲဗီးဝိတ်တန်း ပေါင်းစည်းရေးထိုးသတ်ပွဲကို ကျင်းပဖြစ်လိမ့်မယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဗျူရီရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က ပြောပါတယ်။

ဖရန့်ခ်ဝါရမ်က “တိုင်ဆန်နဲ့ အူဆက်ခ်တို့က အလွန်ကောင်းမွန်တဲ့ ထိုးသတ်ပွဲဖြစ်မှာပါ။သူတို့ရဲ့ နှစ်ဘက်စလုံးက လည်း ဒီပွဲဖြစ်ချင်တာကို မြင်ချင်တာကြောင့် ဒီထိုးသတ်ပွဲဖြစ်မယ်လို့ ကျနော်ထင်တယ်” လို့ BBC Radio 5 Live ကို ပြောခဲ့တာပါ။

အူဆက်ခ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုးသတ်ခဲ့တဲ့ မကျေပွဲမှာ အန်တိုနီဂျိုရွှာကို အနိုင်ရခဲ့တာကြောင့် WBA, WBO,IBF နဲ့ The Ring ဟဲဗီးဝိတ်ခါးပတ်တွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလထဲမှာပဲ WBC ချန်ပီယံ တိုင်ဆန်ဗျူရီဟာ လက်ဝှေ့လောကကနေ အနားယူတယ်ဆိုတာကို ထပ်မံအတည်ပြုခဲ့တာပါ။အူဆက်ခ်ကတော့ တိုင်ဆန်ဗျူရီနဲ့မှ မထိုးသတ်ရင် ဘယ်သူနဲ့မှ မထိုးသတ်ချင်ကြောင်းကို ဂျိုရွှာနဲ့ ပွဲအပြီးမှာ ပြောထားခဲ့ပါတယ်။

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်ကိုတွေ့ရစဉ်

ဖရန့်ခ်ဝါရမ်က “အူဆက်ခ်က ဒီပွဲဟာ သူစိတ်ဝင်စားတဲ့ တစ်ခုတည်းသောပွဲဖြစ်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ တိုင်ဆန်လည်း အတူတူပါပဲ။ဒါက ထူးခြားတဲ့ ထိုးသတ်ပွဲနဲ့ သမိုင်းဝင်ထိုးသတ်ပွဲဖြစ်တာကြောင့် ဝင်ငွေအများဆုံး ရနိုင်မယ့်ကိစ္စပါ။ခါးပတ်လေးခုက ဘယ်လောက်ကြာကြာလိုင်းပေါ်မှာရောက်နေလဲဆိုတာကို ဘုရားသခင် သိတာ လည်း ဒါက ပထမဆုံးအကြိမ်ပါပဲ။သူတို့နှစ်ဦးစလုံးက အခုထိ ရှုံးပွဲမရှိသေးပါဘူး။ဒီပွဲက လက်ဝှေ့လောက တစ်ခု လုံးကို စွဲလန်းသွားစေနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။

ဗြိတိန်နိုင်ငံသား လူးဝစ်ဟာ ဟိုလီဖီးလ်ကို ၁၉၉၉ က အနိုင်ရပြီးနောက် အငြင်းပွားဖွယ်ရာမရှိ နောက်ဆုံး ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။၂၀၀၇ ကတည်းက ဒီအငြင်းပွားဖွယ်ရာမရှိ ချန်ပီယံဆုမှာ WBO ခါးပတ် ကိုပါထည့်သွင်းခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ချန်ပီယံခါးပတ် ၄ ခုစလုံးအတွက် ထိုးသတ်ပွဲ မဖြစ်ခဲ့ပါဘူး။ တိုင်ဆန်ဗျူရီ ရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က အန်သိုနီဂျိုရွှာအနေနဲ့ ရလဒ်တွေဆိုးရွားနေပေမယ့် ဗြိတိန်လူမျိုးနှစ်ဦးရဲ့ ထိုးသတ်ပွဲ က ဖြစ်နိုင်သေးတယ်လို့ ပြောခဲ့တာပါ။

“ဂျိုရွှာအနေနဲ့ သူ့ရဲ့ ခါးပတ်အောက်မှာ နောက်ထပ်နှစ်ပွဲလောက်အနိုင်ရခဲ့ရင် တိုင်ဆန်နဲ့ ထိုးပွဲက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဂျိုရွှာအနေနဲ့ ဒီလိုပွဲတွေအကြောင်းမတွေးခင်မှာ သူ့ကိုယ်သူပြန်လည်ထူထောင်ဖို့ လိုပါတယ်”လို့ ဖရန့်ခ်ဝါရမ်က ပြောခဲ့ပါတယ်။

Source:BBC