CNI Sport News
၂၀၂၂ ခုနှစ်၊ ဧပြီီ ၂၄
 
ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ ဗြိတိန် တစ်နိုင်ငံတည်းသား ဒီလီယန်ဝှိုက်ကို ခြောက်ချီမြောက်မှာ အနိုင်ရပြီး WBC ချန်ပီယံဆုကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
 
တိုင်ဆန်ဗျူရီဟာ ဒီပွဲအပြီးမှာ လက်ဝှေ့လောက ကနေ အနားယူပြီလို့ ပြောလိုက်ပါတယ်။
 
တိုင်ဆန်ဗျူရီဟာ IBF၊ WBOနဲ့ WBA တို့ကိုလည်း ရရှိထားတာကြောင့် သူ့ရဲ့ကျော်ကြားတဲ့ လက်ဝှေ့ကစားသမားဘဝမှာ အဓိက ချန်ပီယံဆု(၄)ခုလုံးကို ရယူနိုင်ခဲ့တာပါ။
 
တိုင်ဆန်ဗျူရီက “ဒါဟာ Gypsy King အတွက် နောက်ဆုံးကန့်လန့်ကာ ဖြစ်နိုင်ပါတယ်။ကျနော် ဟာ လမ်းပေါ်မှာ အချိန်တွေအများကြီး ကုန်ဆုံးခဲ့ပါတယ်။အဝေးကို ရောက်နေတာကြာပါပြီ။လိုချင်တဲ့ အရာအားလုံးကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ကျနော်ဟာ မာစီယာနိုပြီးရင် ရှုံးပွဲမရှိအနားယူမယ့် ဒုတိယမြောက် ဟဲဗီးဝိတ်သမားဖြစ်လာတော့မှာပါ"လို့ ပြောခဲ့ပါတယ်။
 
တိုင်ဆန်ဗျူရီကို တွေ့ရစဉ် (Twitter) 
 
တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း(၃၃)ပွဲ ထိုးသတ်ခဲ့ပြီး (၃၂)ပွဲ အနိုင်ရကာ (၁)ပွဲ သရေကျခဲ့တာပါ။
 
တိုင်ဆန်ဗျူရီက ဒီပွဲဟာ သူ့ရဲ့နောက်ဆုံးပွဲဖြစ်တယ်ဆိုတာကို ဇနီးသည်ကို ကတိပေးခဲ့ကြောင်းလည်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
 
Source: BBC