CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မန်စီးတီးတိုက်စစ်မှူး ဟာလန်းကိုတွေ့ရစဉ် (Sportskeeda)

ဒေါ့မွန်အသင်းက သူ့ကို မရပ်တန့်နိုင်ခဲ့ဘူးလို့ ဟာလန်းပြော

By CNI
CNI
Category: အားကစား
Hits: 1548

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅

မန်စီးတီးအသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်းရဲ့ နောက်ခံ လူတွေက သူ့ကို မရပ်တန့်နိုင်ခဲ့ဘူးလို့ ဟာလန်းက ပြောလိုက်ပါတယ်။

ဟာလန်းက “ သူတို့ ကျနော့်ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ကျနော် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူတို့ ကောင်းမွန်စွာ ကစားခဲ့သလို ကောင်းလည်းကောင်းပါတယ်။ သူတို့နည်းပြ တာဇစ်က ကျနော့်အကြောင်း ကောင်းကောင်းသိလို့ တစ်ပွဲလုံး လူကပ် ကစားခံရမယ်ဆိုတာကို သိပြီးသားပါ။ ဒီနေ့ ဒေါ့မွန်အသင်းက တကယ်ကို ကောင်းတာပါ။ ဒါပေမယ့် ၃ မှတ်ရဖို့က အရေးကြီးပါတယ်”လို့ ပြောပါတယ်။

ဒီပွဲမှာ ဘယ်လင်ဂမ်က ဒေါ့မွန်အတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ဂျွန်စတုန်းစ်က မန်စီးတီးအတွက် ချေပဂိုး သွင်းယူခဲ့ပြီး ဟာလန်းက အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နော်ဝေလက်ရွေးစင် တိုက်စစ်မှူးလည်းဖြစ်တဲ့ ဟာလန်းဟာ ဒီဂိုးသွင်းယူခဲ့တာမှာ ကန်ဆယ်လို ပေးပို့လိုက်တဲ့ ဘောလုံးကို လေပေါ်မှာ ခုန်ပြီး ခြေထောက်နဲ့ လမ်းကြောင်း ပြောင်းပေးခဲ့တာပါ။ ဟာလန်းဟာ ဂိုးသွင်းပြီးချိန်မှာ အသင်းဟောင်းကို လေးစားမှုပြတဲ့ အနေနဲ့ အောင်ပွဲခံခဲ့ခြင်း မရှိပါဘူး။

ဒေါ့မွန်အသင်းဘက်ကို ဂိုးသွင်းနေတဲ့ ဟာလန်း (Football365)

ဟာလန်းက “ အဆုံးသတ်မှာ ကျနော်တို့က ဘာလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဒါကိုပဲ ကျနော်တို့ လိုချင်ခဲ့တာ ပါ။ နောက်ဆုံး ၂၅ မိနစ်အတွင်းမှာ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိပါတယ်။ ကန်ဆယ်လိုရဲ့ ဖြတ် တင်ပေးမှုက အလွန်ကောင်းမွန်ပါတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ နိုင်ပွဲပါ”လို့ ပွဲအပြီး BT Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဟာလန်းရဲ့ သွင်းဂိုးကို ဂန္တဝင် ကစားသမားကြီး ဂျိုဟန်ခရိုက်ဖ်ရဲ့ သွင်းဂိုးနဲ့ နှိုင်းယှဉ် သွားခဲ့ပါတယ်။

“ကျနော့်ဘဝမှာ ဂျိုဟန်ခရိုက်ဖ်ရဲ့ လွှမ်းမိုးမှုကို ခင်ဗျားတို့လည်း သိမှာပါ။ လူပုဂ္ဂိုလ်အနေနဲ့ရော၊ နည်းပြပိုင်းရော၊ အရာအားလုံးပါပဲ။ အသလက်တီကိုနဲ့ပွဲမှာ သွင်းတဲ့ ဂျိုဟန်ခရိုက်ဖ်ရဲ့ ဂိုးက ဟာလန်းနဲ့ တော်တော်လေးကို တူတာ ပါ။ ဟာလန်း ဂိုးသွင်းတဲ့အချိန်မှာ ကျနော် ဂျိုဟန်ခရိုက်ဖ် အကြောင်းကို တွေးမိခဲ့ပါတယ်။ အလွန်ကောင်းမွန်တဲ့ ဂိုးပါ”လို့ ပြောပါတယ်။

ဟာလန်းကတော့ ဒီရာသီ မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ကစားအပြီးမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။

Source: The Athletic

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံတော်သီချင်းဖွင့်ပေးဖို့ ဗြိတိန်ကလပ် ၃ သင်းရဲ့တောင်းဆိုမှုကို UEFA ပယ်ချ

By CNI
CNI
Category: Watch TV
Hits: 729

Share
Tweet
Share
Share
powered by social2s

ဘိုင်ယန်ထက်ပိုကောင်းခဲ့ပြီး အနိုင်ရခဲ့သင့်တာလို့ ဘာစီလိုနာနည်းပြ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 751

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 812

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 870

Share
Tweet
Share
Share
powered by social2s
စတီပန်တိုမတ်စ်နဲ့ ယူနိုက်တက်အသင်းနည်းပြ တန်ဟတ် (GETTY IMAGES)

ပြီးခဲ့တဲ့နှစ်က ရီးရယ်လ်ကို အနိုင်ရခဲ့တယ်လို့ ယူနိုက်တက်ကို ရှရစ်ဖ်နည်းပြ သတိပေး

By CNI
CNI
Category: အားကစား
Hits: 1004

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ရှရစ်ဖ်နည်းပြ စတီပန်တိုမတ်စ်က သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ရီးရယ်လ်ကို အနိုင်ရခဲ့တယ်လို့ ယူရိုပါလိဂ်ပွဲ မတိုင်ခင် ယူနိုက်တက်အသင်းကို သတိပေးလိုက်ပါတယ်။

စတီပန်တိုမတ်စ်က “ ယူနိုက်တက်က ကမ္ဘာ့အကျော်ကြားဆုံး အသင်းတစ်သင်းပါ။ ကျနော်တို့ဟာ ဒီပွဲအတွက် ပြင်ဆင် ပြီးသွားပြီ ဖြစ်ပြီး ရလာမယ့် အခွင့်အရေးတွေကို အရယူဖို့ ကြိုးစားသွားမှာပါ။ ခံစစ်ကစားပုံ ကောင်းအောင်လုပ်ဖို့က အရေး ကြီးပါတယ်။ ကျနော်တို့အတွက် အခိုက်အတန့်တွေ အများကြီးရှိမှာ မဟုတ်ပေမယ့် ရလာမယ့် အခွင့်အရေးတွေကိုတော့ ရအောင် အသုံးချရမယ်”လို့ ပြောပါတယ်။

မော်လ်ဒိုဗာကလပ် ရှရစ်ဖ်အသင်းဟာ ယူနိုက်တက်အသင်းကို ကြာသပတေးနေ့ အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ရှရစ်ဖ်အသင်းကိုတွေ့ရစဉ် (UEFA)

ရှရစ်ဖ်အသင်းဟာဆိုရင် အုပ်စုအဖွင့်ပွဲစဉ်မှာ အိုမိုနီးယားအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက် အသင်း ကတော့ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ရှရစ်ဖ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အုပ်စု အဆင့် မှာတုန်းက ရီးရယ်လ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

စတီပန်တိုမတ်စ်က “ ဒီလိုအသင်းနဲ့ ကစားရတာက ကြီးမားတဲ့ တွန်းအားတစ်ခုပါ။ ရော်နယ်ဒို ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာ မသိပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းကို အနိုင်ရခဲ့ပါတယ်။ အခု ကျနော်တို့က အတွေ့အကြုံ ရှိတဲ့ အသင်းတစ်သင်း ဖြစ်နေပါပြီ။ ကျနော်တို့ဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲတွေအများကြီး ကစားပြီးသွားပါပြီ။ ကျနော်တို့ အတွေ့အကြုံ ရှိတယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

ရှရစ်ဖ်ဟာ မော်လ်ဒိုဗာ စူပါလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ၇ ပွဲ ကစားအပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင် ၂ ပွဲရှုံး ရလဒ် ထွက် ပေါ်ထားတာ ဖြစ်ပါတယ်။

Source: Sport

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ အီကွေဒေါ ရင်ဆိုင်နေရ

By CNI
CNI
Category: အားကစား
Hits: 1003


CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ညာနောက်ခံလူ ကတ်စတီလိုက မွေးစာရင်းအတုပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်တာကြောင့် အီကွေဒေါ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အီကွေဒေါအသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန်ကနေ ခြေစစ်ပွဲ အောင်မြင်ထားတာပါ။ချီလီဘောလုံးအဖွဲ့ချုပ်ဟာ ဧပြီလက ဖီဖာထံ တရားဝင်တိုင်ကြားမှုတစ်ခု စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကတ်စတီလိုဟာ မွေးစာရင်းအတုပြုလုပ်ကာ တရားမဝင်ရွှေ့ပြောင်း နေထိုင်သူဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်၊ ကိုလံဘီယာနိုင်ငံ တူမာကိုမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၈ ခုနှစ်၊ အီကွေဒေါမှာ မွေးဖွားခဲ့တာမဟုတ်ဘူးလို့ ချီလီဘောလုံးအဖွဲ့ချုပ်က သက်သေအထောက်အထားတွေ ပြသခဲ့တာပါ။

ဖီဖာဟာ ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ချီလီရဲ့တိုင်ကြားမှုကို ပယ်ချခဲ့ကာ ကစားသမားဟာ အီကွေဒေါ က ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် ဒေးလီးမေးလ်သတင်းဌာနက ကတ်စတီလိုဟာ ကိုလံ ဘီယာနိုင်ငံသား ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို ချပြလိုက် တာပါ။၂၀၁၈ ဒီဇင်ဘာလက FEF စုံစမ်းစစ်ဆေးရေးကော်မရှင်အကြီးအကဲနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အသံဖိုင်မှာ ကတ်စတီလိုဟာ ၁၉၉၅ ခုနှစ်မှာ မွေးဖွားခဲ့ကြောင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကတ်စတီလိုက “ကျနော်နယ်စပ်ကို ဖြတ်သွားခဲ့တာပါ။ဘာကြောင့်လဲဆိုရင် တူမာကိုက အသင်းတွေက ဆန်လော်ရန်ဇိုမှာ ကစားနေတယ်ဆိုတာ ခင်ဗျားတို့လည်း သိနေတာပါပဲ။ကျနော် ဆန်လော်ရန်ဇိုမှာ အစမ်းသပ်ခံချင်ခဲ့ပါတယ်။ဒါကိုတော့ ကောင်းကောင်းမှတ်မိပါတယ်။ဒီအစမ်းသပ်ခံရမှုမှာ ဘယ်အသင်း ကမှ မရွေးချယ်ခဲ့ပါဘူး”လို့ ပြောထားပါတယ်။

အီကွေဒေါမွေးစာရင်းမှာ သူ့ရဲ့ နာမည်အပြည့်အစုံက ဘိုင်ရွန်ဒေးဗစ်ကတ်စတီလိုဆီဂူယာ ဖြစ်ပြီး ကိုလံဘီယာစာရွက်စာတမ်းမှာတော့ ဘိုင်ရွန်ဂျာဗီယားကတ်စတီလိုဆီဂူယာ ဖြစ်တယ်လို့ သိရတာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်မှာ အဆင့် ၄ နေရာရပ်တည်ကာ ခြေစစ်ပွဲအောင်ခဲ့တဲ့ အီကွေဒေါအတွက် ကတ်စတီလိုဟာ ပွဲပေါင်း ၈ ပွဲပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။သူဟာ ချီလီနဲ့ ကစားခဲ့ တဲ့ ခြေစစ်ပွဲ ၂ ပွဲစလုံးပါဝင်ကစားခဲ့တာပါ။

အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ နယ်သာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာ ဖြစ်ပါတယ်။ဖီဖာဟာ ကတ်စတီလိုနဲ့ပတ်သက်ပြီး ကြာသပတေးနေ့ မှာ အပြီးသတ် ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။

Source:Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးမှာ အဆုံးသတ်ခဲ့ရလို့ ဝမ်းနည်းကြောင်း တူချယ်လ်ပြော

By CNI
CNI
Category: Watch TV
Hits: 845

Share
Tweet
Share
Share
powered by social2s

လာမယ့်ပွဲတွေကို ကွင်းလဲလှယ်ပြီးကျင်းပဖို့ ပရီးမီးယားလိဂ်စဉ်းစား

By CNI
CNI
Category: Watch TV
Hits: 754

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

ယူနိုက်တက်က ထွက်ဖို့ ဇန်နဝါရီမှာ ရော်နယ်ဒိုလုပ်ဆောင်ဦးမယ်လို့ ယုံကြည်နေကြ

By CNI
CNI
Category: အားကစား
Hits: 1212

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ယူနိုက်တက်ကြယ်ပွင့်တွေက ရော်နယ်ဒိုဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။

ရော်နယ်ဒိုဟာ ရာသီသစ် မစတင်ခင်ကတည်းက ယူနိုက်တက်ကနေ ထွက်ခွာချင်ကြောင်း အသိပေးထား ခဲ့တာပါ။ ဒါပေမယ့် အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒတ်စ်က ရော်နယ်ဒိုကို ခေါ်ယူမယ့်အသင်းကို ရှာဖွေခဲ့တာမှာ အဆင်မပြေ ခဲ့လို့ ကစားသမားဟာ အသင်းမှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ အသလက်တီကိုနဲ့ ပီအက်စ်ဂျီ အသင်းတို့ အခွင့် အရေး ရခဲ့ပေမယ့် သူတို့က ပယ်ချခဲ့တာပါ။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရော်နယ်ဒိုထက် ရက်ရှ်ဖို့ဒ်ကိုသာ အဓိကဦးစားပေး အသုံးပြုချင်နေပြီး အင်္ဂလန်ကစားသမားရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

 နည်းပြ တန်ဟတ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ပွဲသာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲစလုံး လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။ ဒါပေမယ့် ဆိုစီဒက်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ တော့ ပေါ်တူဂီကစားသမားဟာ ပွဲစကတည်းက ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တစ်ခုက “ ရော်နယ်ဒို ယူနိုက်တက်ကို ပြန်လာတာ အားလုံးက သဘောကျခဲ့ပေမယ့် ရာသီကြို ခြေစမ်းပွဲ မပါဝင်ခဲ့လို့ စိတ်ပျက်နေကြပါတယ်။ မန်နေဂျာကလည်း အသင်းအတွက် သူလုပ်ချင်တာနဲ့ ဘယ်လို ကစားချင်လဲဆိုတာကို အသေးစိတ် အချက်အလက်တွေပေးဖို့ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ တန်ဟတ်နဲ့ ကစားသမားတွေက ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကို အလွန်သဘောကျပေမယ့် သူဟာ နည်းစနစ်မှာ အလုပ်မဖြစ် ပါဘူး။ ရော်နယ်ဒို အနေနဲ့ တန်ဟတ်ရဲ့ အစီအစဉ် ၁၀ ခုအတိုင်းလိုက်ပြီး လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒါက အလုပ် ဖြစ်မယ်ဆိုတာကို သူသဘောပေါက်ရမယ်”လို့ ပြောပါတယ်။

ရော်နယ်ဒိုဟာဆိုရင် ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၃၈ ပွဲကစားပြီး ၂၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီ ၇ ပွဲကစားအပြီးမှာ ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်ကိုတွေ့ရစဉ်

US Open မှာ ဗိုလ်စွဲပြီး အသက်အငယ်ဆုံး ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1035

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

စပိန်ဆယ်ကျော်သက် တင်းနစ်သမား အယ်လ်ကာရတ်ဇ်ဟာ နော်ဝေတင်းနစ်သမား ကတ်စပါရုဒ်ကို အနိုင်ရပြီး အမေရိကန်အိုးပန်းမှာ ချန်ပီယံဖြစ်ခဲ့သလို အသက်အငယ်ဆုံး ကမ္ဘာ့နံပတ် ၁ ဖြစ်လာခဲ့ပါတယ်။

အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်း ဗိုလ်လုပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ၆-၄၊ ၂-၆၊ ၇-၆၊ ၆-၃ နဲ့ အနိုင်ရပြီး ပထမဆုံး ဂရမ်းဆလမ်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ်ရှိ အယ်လ်ကာရတ်ဇ်ဟာ ၂၀၀၅ ခုနှစ်က ပြင်သစ်အိုးပန်းမှာ ဗိုလ်စွဲခဲ့တဲ့ ရာဖေးလ်နာဒယ်လ် နောက်ပိုင်း အသက်အငယ်ဆုံး ဂရမ်းဆလမ်း ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။ အယ်လ်ကာရတ်ဇ်ဟာ အဓိကပြိုင်ပွဲ ၂ ခုရဲ့ ဗိုလ်လုပွဲမှာ အရေးနိမ့် ထားခဲ့ပေမယ့် ဒီပွဲအနိုင်ရခဲ့လို့ ကမ္ဘာ့နံပတ် ၁ နေရာကို ရယူနိုင်ခဲ့တာပါ။

အယ်လ်ကာရတ်ဇ်ဟာ မက်ဗီဒက်ဗ်နေရာ အစားဝင်ပြီး ကမ္ဘာ့နံပတ် ၁ နေရာကို ရယူခဲ့တာဖြစ်ပြီး ATP အဆင့် သတ်မှတ်ချက် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့တဲ့ ပထမဆုံး ဆယ်ကျော်သက် တင်းနစ်သမားအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။

ကမ္ဘာ့နံပတ် ၁ အယ်လ်ကာရတ်ဇ်နဲ့ ပြိုင်ဘက်ကိုတွေ့ရစဉ် 

အယ်လ်ကာရတ်ဇ်ဟာ အမေရိကန်အိုးပန်းမှာ ဗိုလ်စွဲနိုင်ဖို့အတွက် ပွဲစဉ် ၇ ပွဲ စုစုပေါင်းကို ၂၃ နာရီ မိနစ် ၄၀ ကြာ ကစားခဲ့ရတယ်လို့ အချက်အလက်တွေအရ သိရတာပါ။

အယ်လ်ကာရတ်ဇ်က “ ကမ္ဘာ့နံပတ် ၁ ဖြစ်ဖို့နဲ့ ဂရမ်းဆလမ်းမှာ ချန်ပီယံဖြစ်ဖို့ အတွက်က ကျနော် ငယ်ငယ်လေး ကတည်းက အိမ်မက်မက်ခဲ့ရတဲ့ အရာပါ။ ဒီလိုဖြစ်လာဖို့ ကျနော့်မိသားစု၊ အသင်းနဲ့အတူ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ တာပါ။ ကျနော့်ဟာ အခုမှ အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတာကြောင့် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေဟာ မိသား စု၊ အသင်းနဲ့အတူတူ ရှိနေတာပါ။ ဒါက ကျနော့်အတွက်တော့ တကယ်ကို ထူးခြားတဲ့အရာတွေပါ” လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကတ်စပါရုဒ်ကလည်း ထိပ်တန်းပြိုင်ပွဲမှာ အောင်ပွဲခံနိုင်တဲ့ ပထမဆုံး နော်ဝေလူမျိုး ဖြစ်လာဖို့ ကြိုးစားခဲ့ပေမယ့် အယ်လ်ကာရတ်ဇ်ကို အရေးနိမ့်သွားခဲ့တာပါ။ ကတ်စပါရုဒ်ဟာ ဒီပွဲ အရေးနိမ့်ခဲ့ပေမယ့် ကမ္ဘာ့အဆင့် ၇ ကနေ ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကတ်စပါရုဒ်က “ ကျနော် ဘာအတွက်ကြောင့် ကစားနေလဲဆိုတာ ကျနော်တို့ သိပါတယ်။ နံပတ် ၂ ဆိုတာ အရမ်းကြီးဆိုးတာ မဟုတ်ပါဘူး။ကျနော့်အတွက် ပထမဆုံး ဂရမ်းဆလမ်းနဲ့ နံပတ် ၁ နေရာကို ရယူနိုင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကွယ်လွန်သွားတဲ့ ဘုရင်မကြီး အဲလိဇဘတ်ကို ပရီးမီးယားလိဂ်အသင်းတွေက ဝမ်းနည်းကြောင်း ဖော်ပြ

လာမယ့်ပွဲတွေကို ကွင်းလဲလှယ်ပြီးကျင်းပဖို့ ပရီးမီးယားလိဂ်စဉ်းစား

By CNI
CNI
Category: အားကစား
Hits: 1114

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ပရီးမီးယားလိဂ်ဟာ လာမယ့်အပတ်မှာ ကစားမယ့် ပွဲစဉ်တွေအတွက် ကွင်းနေရာတွေ လဲလှယ်ပြီး ကျင်းပသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ကြာသပတေးနေ့က ဘုရင်မကြီး အဲလိဇဘတ် ၂ ကွယ်လွန်ခဲ့တာကြောင့် ပြီးခဲ့အပတ်က ကစားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ဘုရင်မကြီးရဲ့ ဈာပန အခမ်းအနားကို ကျင်းပသွားဖို့ ရှိနေတာကြောင့် လန်ဒန်ကို လာရောက်မယ့် သူတွေများနေပါတယ်။ ဒါကြောင့် လာမယ့် အပတ်မှာ ကျင်းပမယ့် ပွဲတွေအပေါ် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

ဒီနောက်မှာတော့ မြို့တော်မှာ စီစဉ်ထားတဲ့ ပွဲတွေအပေါ် စိုးရိမ်မှုတွေ ရှိလာပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အခြေအနေတွေကြောင့် စပါးနဲ့ လက်စတာ၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ်၊ ဘရန်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်တွေအပေါ်မှာ သံသယတွေ ရှိစေခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးပွဲ ပရိသတ်များ လက်မှတ်၀ယ်နေစဉ်

ပရီးမီးယားလိဂ် ကလပ်တွေဟာ လာမယ့်အပတ်မှာ ပွဲစဉ်တွေကို ကျင်းပနိုင်ဖို့ မျှော်လင့်နေကြပေမယ့် ပွဲကျင်းပ မယ့် နေရာနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲလွဲမှုတွေ ရှိနိုင်တယ်လို့ The Athletic သတင်းဌာနက ဖော်ပြ ထားပါတယ်။

ဆွေးနွေးမှုတွေမှာ လန်ဒန်ကလပ်တွေဖြစ်တဲ့ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ အိမ်ကွင်းအစား လက်စတာ၊ လီဗာပူးလ် အသင်းတို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားဖို့ဆိုတဲ့ အချက် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန် ၂ သင်း ထိပ်တိုက်တွေ့ဆုံမယ့် ဘရန်ဖို့ဒ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ကတော့ ဘယ်လိုဖြစ်မလာဆိုတာ စောင့်ကြည်ရမယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

“ပွဲတွေဆက်လုပ်မလားဆိုတာ ဘောလုံးတာဝန်ရှိသူတွေရဲ့ ကိစ္စပါ။ ပြိုင်ပွဲတွေ ရှိလာပြီဆိုရင်တော့ ရဲတပ်ဖွဲ့က သက်ဆိုင်ရာအဖွဲ့တွေနဲ့ လက်တွဲပြီး အစီအစဉ်တွေ ထားရှိသွားမယ်လို့” Metropolitan ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဘုရင်မကြီးရဲ့ လန်ဒန်မြို့ အပြင်ဘက်ရှိ ပွဲတွေကိုတော့ ထိခိုက်နိုင်ဖွယ် မရှိဘူးလို့ သိရတာပါ။

အဲ့ဒါကြောင့် ဝုလ်ဗ်စ်နဲ့ လိဒ်စ်တို့ဟာ မန်စီးတီး၊ ယူနိုက်တက်တို့နဲ့ ကစားဖို့ မန်ချက်စတာကို သွားရောက်မယ့် ခရီးစဉ်အတွက် အနှောက်အယှက် နည်းပါးနိုင်တာလည်း ဖြစ်ပါတယ်။ EFL အောက်က ပွဲစဉ်တွေဖြစ်တဲ့ ချန်ပီယံ ရှစ်၊ လိဂ်ဝမ်းနဲ့ လိဂ်တူး ပွဲစဉ်တွေကိုတော့ ကျင်းပနိုင်ဖွယ် ရှိ/မရှိဆိုတာ အချိန်မီ ထုတ်ပြန်ပေးမယ်လို့လည်း သိရပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၁၀)

By CNI
CNI
Category: Watch TV
Hits: 849

Share
Tweet
Share
Share
powered by social2s
ဘုရင်မကြီး အယ်လိဇဘတ်

ဘုရင်မကြီး အယ်လိဇဘတ်(၂)နဲ့ လှပတဲ့ ဘောလုံးအခိုက်အတန့်များ

By CNI
CNI
Category: ဆောင်းပါး
Hits: 2859

CNI Article

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၁

ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်(၂)ဟာ အသက် ၉၆ နှစ်အရွယ်မှာ ကံကုန်သွားခဲ့ပါပြီ။ ဘုရင်မကြီးဟာဆိုရင် ဗြိတိန်မှာ ဘောလုံး အပါအဝင် ယဉ်ကျေးမှု ကဏ္ဍအားလုံးကို ထိထိမိမိ ကိုင်တွယ်ခဲ့ကာ နှစ်ပေါင်း ၇၀ ကြာ စိုးစံမှု ကို အဆုံးသတ်ခဲ့ပါတယ်။

ဘုရင်မကြီးဟာ ဗြိတိန်ဘောလုံးလောကရဲ့ အကြီးမားဆုံး အခိုက်အတန့်တွေမှာ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်ရဲ့ တစ်ခုတည်းသော ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဘုရင်မကြီးက ၁၉၆၆ ခုနှစ်မှာ ဆာဘော်ဘီမိုးဆီ ပေးအပ်ခဲ့ပါတယ်။

သူမဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပုံမှန်တက်ရောက်ခဲ့ပြီး ချန်ပီယံဆုရ အသင်းကို ဂုဏ်ပြုခဲ့ပါတယ်။ ဂိုးလ်ကွန်းက ဘုရင်မကြီး အယ်လိဇဘတ်(၂)နဲ့ ဘောလုံးလောကရဲ့ လှပတဲ့ အခိုက်အတန့်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၆၆ ကမ္ဘာ့ဖလားဆုဖလားကို ပေးအပ်ခြင်း
******************************************
နန်းတက်ပြီး ၁၃ နှစ်အကြာမှာ ဘုရင်မကြီး အယ်လိဇဘတ်ဟာ ဂျူလတ်စ်ရီမတ်ဆုဖလားကို ၁၉၆၆ ကမ္ဘာ့ဖလားရ ခဲ့တဲ့ အင်္ဂလန်အသင်းကို ပေးခဲ့ရခြင်းအတွက် အလွန်ကျေနပ် ပျော်ရွှင်နေခဲ့တာပါ။

၂၀၂၀ ဥရောပချန်ပီယံရှစ် ဗိုလ်လုပွဲ မတိုင်ခင်မှာ “လွန်ခဲ့တဲ့ ၅၅ နှစ်က ဘော်ဘီမိုးကို ကမ္ဘာ့ဖလား ဆုဖလားပေးရ တာ ကျမ ကံကောင်းခဲ့ပါတယ်။ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲ ရောက်ရှိပြီး အနိုင်ယူဖို့အတွက် ကစားသမားတွေ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေက ဘာကိုဆိုလို သလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

အင်္ဂလန် ၁၉၆၆ ကမ္ဘာ့ဖလားရခဲ့စဉ်က ဘော်ဘီမိုးကို ဆုဖလားပေးအပ်နေစဉ်

ဥရောပ ဗိုလ်လုပွဲကို တက်ခဲ့တဲ့အတွက် ကျမနဲ့အတူ ကျမရဲ့ မိသားစုတွေက ဂုဏ်ယူကြောင်း ပေးပို့ချင်ပါတယ်”လို့ ဘုရင်မကြီးက ရေးသားခဲ့တာပါ။

ဝက်စ်ဟမ်းအသင်း ပရိသတ်
***************************
တခြားတော်ဝင်တွေနဲ့မတူဘဲ အယ်လိဇဘတ်(၂)ဟာ သူမ ဘယ်အသင်းကို အားပေးလဲဆိုတာကို ဘယ်တော့မှ လူသိရှင်ကြား ထုတ်ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် သူမဟာ ဝက်စ်ဟမ်းအသင်း ပရိသတ်ဆိုတဲ့ ကောလာဟာလ ပျံ့နှံ့နေမှုကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။

ဘုရင်မကြီးရဲ့ အိမ်သားတစ်ဦးက သူမကို မီလ်ဝေါအသင်း အားပေးတဲ့သူဖြစ်ကြောင်း ပြောပြတဲ့အချိန်မှာ ဝက်စ်ဟမ်းအသင်းအတွက် သူမရဲ့ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ ယူဆရကြောင်း ၂၀၀၉ ခုနှစ် မှာ မေရာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အရင်ကလည်း ဘုရင်မကြီးဟာ အာဆင်နယ်အသင်း ပရိသတ်ဖြစ် ကြောင်း သိခဲ့ရပါတယ်။

ဘောလုံးသမားတွေကို ဂုဏ်ပြုခြင်း
********************************
အယ်လိဇဘတ်ရဲ့ အရေးကြီးဆုံး ယဉ်ကျေးမှု အခန်းကဏ္ဍတွေထဲက တစ်ခုကတော့ နှစ်သစ်ကူး ဂုဏ်ပြုပွဲနဲ့ ဘုရင်မကြီး မွေးနေ့မှာ ဘောလုံးသမား အသီးသီးကို အသိအမှတ်ပြု ဂုဏ်ပြုတာလည်း ဖြစ်ပါတယ်။

ဆာစတန်လေ မက်သရူးဟာ သူရဲကောင်းဆုရတဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ အဲလက်စ်ဖာဂူဆန်နဲ့ ဘော်ဘီရော့ဘ်ဆန်တို့လည်း ဂုဏ်ပြုခံခဲ့ရပါတယ်။

ဘောလုံးသမား အများအပြားဟာ OBEs၊ MBEs၊ CBEs တို့ကို ရရှိခဲ့ပြီး ရွိုင်းဟောဒ့်ဆန်၊ ဒေးဗစ်ဘက်ခမ်းနဲ့ မကြာသေးခင်က ဂါရတ်ဘေးလ်တို့ဟာ ဒီ ဆုတံဆိပ်တွေကို ရရှိခဲ့ကြပါတယ်။

အီးမရိတ်ကွင်းဖွင့်အပြီးမှာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံ
*******************************************************
ဘုရင်မကြီးဟာ အာဆင်နယ်အသင်းကြီးကို ဘက်ကင်ဟမ်နန်းတော်ကို ဖိတ်ကြားခဲ့ပါတယ်။ အာဆင်နယ် အသင်း သားတွေနဲ့အတူ လက်ဖက်ရည် သောက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဖိတ်ကြားခံရတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် မှတ်တမ်းရှိခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ ဘုရင်မကြီးတွေ့ဆုံစဉ်

အွန်နရီက “ဒါဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ ဘုရင်မကြီးက ကျနော်တို့ကို ပေးခဲ့တဲ့ အတွေ့အကြုံကို ဖော်ပြဖို့ အတွက် စကားလုံး မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။

အက်ဖ်အေဆုဖလား ပေးအပ်ခြင်း
*********************************
နန်းသက် အစောပိုင်းနှစ်တွေမှာ ဘုရင်မကြီးကို အက်ဖ်အေဖလား ဗိုလ်လုပွဲတွေမှာ မကြာခဏ တွေ့မြင်ခဲ့ရ ပါ တယ်။ သူမဟာ ၁၉၆၆ ခုနှစ်ကလိုပဲ ဝင်ဘာလေမှာ အသင်းခေါင်းဆောင်ကို အောင်ပွဲခံဖို့ ဆုဖလား ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်းနဲ့ ဘုရင်မကြီးကိုတွေ့ရစဉ်

ရှုံးနိမ့်ခဲ့တဲ့ အသင်းကို နှစ်သိမ့် စကားပြောဖို့ အတွက်လည်း သူမဟာ ဒီနေရာမှာ ရှိနေခဲ့တာပါ။ ဘုရင်မကြီး အယ်လိဇဘတ်နဲ့ တွေ့ဆုံခြင်းဟာ သူတို့ ကစားသမားဘဝရဲ့ အထင်အရှားဆုံး အရာတွေထဲက တစ်ခုဖြစ်ကြောင်း ကို ဘောလုံးသမားတွေဘက်က ထင်ဟပ်နေကြတာ ဖြစ်ပါတယ်။

အင်္ဂလန်အမျိုးသမီးအသင်းကို ဂုဏ်ပြုခြင်း
*****************************************
အင်္ဂလန် အမျိုးသမီးအသင်းဟာ ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး နိုင်ငံရဲ့ နှစ်ပေါင်း ၆၀ နီးပါးကြာ ဆုဖလား လက်မဲ့ ဖြစ်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဘုရင်မကြီးဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီးအသင်းကို စာရေးသား ကာ ဂုဏ်ပြုခဲ့ပါသေးတယ်။

အင်္ဂလန်အမျိုးသမီးအသင်း ယူရို ၂၀၂၂ ပြိုင်ပွဲမှာ ဗိုလ်စွဲစဉ်

“ဥရောပချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့တဲ့ သူတွေအားလုံးကို နွေးထွေးစွာ ဂုဏ်ပြုချင်ပါတယ်။ ဒါဟာ အသင်းတစ်ခုလုံး အတွက် ထင်ရှားတဲ့ အောင်မြင်မှုပါ။ ချန်ပီယံဆုနဲ့အတူ သင်တို့ရဲ့ စွမ်းဆောင်ရည်တွေက မှန်ကန်တဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ဒါက ဒီနေ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက် အတုယူစရာပါ။ သင်တို့ရဲ့ အားကစားအပေါ် မှာ သက်ရောက်မှုရလဒ်က ဒီရလဒ်လိုမျိုးပဲ သင်တို့ ဂုဏ်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်း” ဘုရင်မကြီးက ရေးသား ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဘုရင်မကြီး အယ်လိဇဘတ်ဟာ သူချစ်ခင်မြတ်နိုးတဲ့ ဘောလုံး အပါအဝင် ဗြိတိန်နိုင်ငံက ယဉ်ကျေးမှု အားကစားပွဲတွေနဲ့ သူချစ်တဲ့ ဗြိတိန်နိုင်ငံသူ/သားတွေကို ထားရစ်ခဲ့ပြီး အဝေးဆုံးကို ထွက်ခွာသွားခဲ့ပါပြီ။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ် ဆွန်ဟောင်မင် စိုးရိမ်မှုမရှိ

By CNI
CNI
Category: Watch TV
Hits: 723

Share
Tweet
Share
Share
powered by social2s

ရုရှားနဲ့ ခြေစမ်းပွဲကစားမှာကို ဘော့စနီးယား ဝေဖန်

By CNI
CNI
Category: Watch TV
Hits: 760

Share
Tweet
Share
Share
powered by social2s
  • 39
  • 40
  • 41
  • 42
  • 43
  • 44
  • 45
  • 46
  • 47
  • 48

Page 44 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar