CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကို တွေ့ရစဉ်(ဓါတ်ပုံ- AFP)

ယီမင်တွင် UN ကျောထောက်နောက်ခံ အပစ်အခတ်ရပ်စဲရေး ပျက်ကွက်

By CNI
CNI
Category: နိုင်ငံရေး
Hits: 1875

CNI International News

ဆန်နာရာ၊ အောက်တိုဘာ ၃

ယီမင်နိုင်ငံတွင် တိုက်ပွဲများ တိုက်ခိုက်နေသည့် နှစ်ဖက်စလုံးက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ကို သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြကြောင်း ကုလသမဂ္ဂ (UN) က ပြောကြားခဲ့သည်။

ယီမင်ဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ကြေညာချက်ထဲတွင် နှစ်ဖက်စလုံးကို ရန်လိုသည့်အပြုအမူများ ရှောင်ရှားကြရန် တိုက်တွန်းထားပြီး ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

၎င်းပြည်တွင်း အပစ်အခတ်ရပ်စဲရေးသက်တမ်းသည် ယခု အောက်တိုဘာ ၂ ရက်တွင် သက်တမ်းကုန်သွားပြီဖြစ်၍ သက်တမ်းတိုးရန် လိုအပ်လာခဲ့သည်။

UN ကျောထောက်နောက်ခံပြုထားသည့် အဆိုပါအပစ်အခတ်ရပ်စဲရေးသည် ပြီးခဲ့သည့်ဧပြီလတွင် စတင် အသက် ဝင်ခဲ့ပြီး တိုက်ပွဲများ ကြာရှည်စွာ ရပ်တန့်ရန် မျှော်လင့်ထားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များသည် ဆန်နာရာမြို့တော်နှင့် ယီမင်မြောက်ပိုင်းမြို့ကြီးများကို သိမ်းယူခဲ့ပြီး အစိုးရအာဏာ ဖယ်ရှားရေးကြိုးစားခဲ့ကြသည့် ၂၀၁၄ ခုနှစ်မှ စ၍ ပြင်းထန်သည့်စစ်ရေး ပဋိပက္ခများ စတင်ခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ယီမင်အစိုးရနှင့် တောင်ပိုင်းခွဲထွက်ရေးသမား ဟူသီသူပုန်တို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးစဉ်(ဓါတ်ပုံ-EPA)

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)အပါအဝင် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် နိုင်ငံတကာအသိအမှတ်ပြု အစိုးရတစ်ရပ်၏ အာဏာပြန်ယူရန် ၂၀၁၅ ခုနှစ်တွင် ကြားဝင်စေ့စပ်ပေးခဲ့သည်။

ယနေ့အထိ အပစ်အခတ်ရပ်စဲရေး ခိုင်ခိုင်မာမာ မဖြစ်လာသည့်အတွက် ဝမ်းနည်းမိကြောင်း ယီမင်ဆိုင်ရာ UN သံ အမတ် ဟန်းစ်ဂရင်းဘတ်ချ် (Hans Grundberg) က ပြောကြားခဲ့သည်။

၎င်း၏အဆိုပြုချက်ကို သဘောတူရန် ပျက်ကွက်သည့် ဟူသီသူပုန်များကို ၎င်းက ထည့်မပြောတော့ဘဲ အပစ် အခတ်ရပ်စဲရေးသက်တမ်းတိုးရန် ဆွေးနွေးပွဲများတွင် အပြုသဘောဆောင်ပါဝင်ဆောင်ရွက်မှုအတွက် နိုင်ငံ တကာအသိအမှတ်ပြု ယီမင်အစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ဟန်းစ်ဂရင်းဘတ်ချ်က ထုတ်ဖော်ခဲ့သည်။

ဆက်လက်၍လည်း သဘောတူညီချက်တစ်ရပ် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် ယီမင်ခေါင်းဆောင် များကို ၎င်းက တောင်းဆိုခဲ့သည်။

“ငြိမ်းချမ်းရေးအတွက် လမ်းစပေါ်ပေါက်တိုင်း လိုက်လံလျှောက်လှမ်းကြဖို့၊ ယီမင်ပြည်သူတွေအပေါ် တာဝန် ဝတ္တရားတွေ ကျေပွန်ဖို့ အဲဒီခေါင်းဆောင်တွေကို ကျနော် တောင်းဆိုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။

ယခုကဲ့သို့ ဟူသီသူပုန်များဘက်မှ အပစ်အခတ်ရပ်စဲရေး တိုးတက်စေမှု မရှိစေခြင်းအပေါ် ယီမင်နိုင်ငံ၏ နိုင်ငံတကာအသိအမှတ်ပြုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက အပြစ်တင်ခဲ့သည်။

ဟူသီများသည် အပစ်အခတ်ရပ်စဲရေးကို အဟန့်အတားပြုခဲ့ကြပြီး ယီမင်ပြည်သူများ၏အကျိုးစီးပွားကို ဆန့်ကျင် ခဲ့ကြကြောင်း ပန်အာရပ်ဂြိုဟ်တုချန်နယ် (အယ်လ်ဟာဒက်) Pan-Arab Satellite Channel Al-Hadath မီဒီယာ သို့ ပြောကြားခဲ့သော သဘောထားမှတ်ချက်များတွင် နိုင်ငံခြားရေးဝန်ကြီး အာမက်အေဝပ်ဘင်မူဘာရတ် (Ahmed Awad Bin Mubarak) က အပြစ်တင်ခဲ့သည်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

မန်ချက်စတာက အပြာရောင်ဆိုတာ ဂိုးပြတ်သွင်းပြီးပြသသွားတဲ့ မန်စီးတီး

By CNI News
CNI News
Category: အားကစား
Hits: 1627

 

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂

ပရီးမီးယားလိဂ်ရဲ့ စူပါဆန်းဒေးပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာတင် ဟာလန်းနဲ့ ဖိုဒန်တို့က ၂ ဂိုးစီ သွင်းယူပြီး ၄ ဂိုးပြတ်နဲ့ ဦးဆောင် နေခဲ့တာပါ။ ဒုတိယပိုင်းမှာ အန်သိုနီက ယူနိုက်တက်အတွက် ချေပဂိုး ၁ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးက ဟာလန်းနဲ့ ဖိုဒန်က ဒီပွဲရဲ့ ဟတ်ထရစ် သွင်းဂိုးတွေအဖြစ် ၁ ဂိုးစီ ထပ်သွင်းယူ သွာခဲ့ပါ တယ်။ အဲ့ဒီနောက်ပိုင်းမှာ မန်စီးတီးအသင်းက ထိန်းကစားရင်းနဲ့ ယူနိုက်တက်အသင်းက နောက်ထပ်ချေပဂိုး ၁ ဂိုး ထပ်ရခဲ့ပါတယ်။

ဒီဂိုးကို မာရှယ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဂိုးရဖို့ ကြိုးစားနေရင်းနဲ့ တတိယဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကို ပင်နယ်တီကနေ မာရှယ်ကပဲ သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ပွဲအပြီးမှာ မန်စီးတီး အသင်းက ၆ ဂိုး- ၃ ဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ဆက်လက်ရပ်တည် နေပြီး ယူနိုက်တက်ကတော့ နိုင်ပွဲဆက်မှု ရပ်တန့်ကာ အဆင့် ၆ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

 

Share
Tweet
Share
Share
powered by social2s

ပရိသတ် ၁၂၀ ကျော်သေဆုံးခဲ့တဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်

By CNI News
CNI News
Category: အားကစား
Hits: 1565

 

CNI Sport News
၂၀၂၂ ခုနှစ်၊အောက်တိုဘာ ၂

အရီမာနဲ့ ပါဆီဘာရာတို့ကစားခဲ့တဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်မှာ အဓိကရုဏ်းဖြစ်ပွားပြီးနောက် ဘောလုံးပရိသတ် ၁၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အရှေ့ဂျာဗား ဒါဘီပွဲစဉ်မှာ ပါဆီဘာရာအသင်းက အရီမာအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ပွဲသိမ်းခရာမှုတ်အပြီးမှာ ပရိသတ်တွေဟာ ကွင်းထဲကို ဝင်ရောက်လာခဲ့ပါတယ်။အဓိကရုဏ်းနှိပ်နှင်းရေးရဲတပ်ဖွဲ့တွေဟာ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဒီအဖြစ်အပျက်ကို တုန့်ပြန်ခဲ့ပါတယ်။

ပရိသတ်တွေဟာ မျက်ရည်ယိုဗုံး အငွေ့တွေကနေ လွတ်မြောက်နိုင်ဖို့ ခြံစည်းရိုးပေါ်ကနေ ခုန်ဆင်းနေကြတာကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံနေတဲ့ ဗွီဒီယိုတွေကနေ တွေ့မြင်ခဲ့ရပါတယ်။

လုံခြုံရေး တာဝန်ရှိသူတွေဟာ ပရိသတ်တွေကို ကန်ကျောက်ပြီး ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ The Times of Indonesia က ဖော်ပြထားတာပါ။

မျက်ရည်ယိုဗုံးကြောင့် ထောင်နဲ့ချီတဲ့ ပရိသတ် တွေဟာ အသက်ရှုဖို့ ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ မူးလဲသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုအဖြစ်အပျက်တွေကြောင့် သေဆုံးသူအများအပြားရှိခဲ့သလို ဒဏ်ရာကြောင့် ဆေးရုံတင်ထားရတဲ့သူ အများအပြားကလည်း စိုးရိမ်စရာအနေအထားမှာ ရှိတယ်လို့လည်း Melang Regency ကျန်းမာရေးအကြီးအကဲက ပြောပါတယ်။

ဒီအပတ်အတွင်းမှာ ကစားဖို့ရှိတဲ့ အင်ဒိုနီးရှားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ပြီး အရီမာအသင်းကို လက်ကျန်ရာသီရဲ့အိမ်ကွင်းပွဲစဉ်တွေကို ကျင်းပခွင့် ပြုမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားအက်ဖ်အေက ကြေညာခဲ့ပါတယ်။

Source:Foxsports

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက်(အပိုင်း ၁၃)

By CNI
CNI
Category: Watch TV
Hits: 724

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက် ကစားသမား မက်ဂွဲယားကိုတွေ့ရစဉ် (SI)

ခြေစွမ်းပိုင်း ကျဆင်းမှုတွေနဲ့ စိုးရိမ်စရာဖြစ်လာတဲ့ မက်ဂွဲယားရဲ့ အနာဂတ်

By CNI
CNI
Category: ဆောင်းပါး
Hits: 1089

CNI Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂

မကြာသေးခင်နှစ်တွေနဲ့ အခုနှစ်တွေမှာ ဘောလုံးပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ အမြဲတမ်း ပြောနေတဲ့ အကြောင်း အရာတွေထဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲယားရဲ့ အကြောင်းကလည်း မပါမဖြစ် ပါခဲ့တာ ဖြစ်ပါတယ်။

မက်ဂွဲယားရဲ့ အကြောင်းကို ပြောကြတာမှာလည်း ချီးကျူးဖို့ထက် လှောင်ပြောင်တဲ့ အကြောင်းတွေကိုပဲ ပြောဖြစ် ခဲ့ကြတာ ဖြစ်ပါတယ်။နိုင်ငံလက်ရွေးစင် အင်္ဂလန်အသင်းရဲ့ နောက်ခံလူလည်းဖြစ် ကလပ်အသင်း ယူနိုက်တက် အသင်းရဲ့ နောက်လူလည်းဖြစ်သူ မက်ဂွဲယားကတော့ ပရိသတ်တွေ လှောင်ပြောင်မှု ခံရလောက်တဲ့ အထိကိုပဲ ခြေစွမ်းပိုင်း ကျဆင်းနေခဲ့တာပါ။

မက်ဂွဲယားရဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုဟာ အခုနှစ်မှ ဖြစ်တာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ ကတည်းက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ယာယီနည်းပြ ရက်ဂ်နစ်တို့က ဗဟိုနောက်ခံလူ တွေထဲမှာ ရွေးချယ်စရာ ရှားပါးခဲ့လို့ မက်ဂွဲယားကိုပဲ မဖြစ်မနေ အသုံးပြုခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရတာပါ။

အင်္ဂလန်အသင်းမှာ ကစားသမားအဖြစ် မက်ဂွဲယား ကိုတွေ့ရစဉ် (Live Sports)

ဒါပေမယ့် မက်ဂွဲယားရဲ့ စွမ်းဆောင်ရည်တွေဟာ ပြောစရာဖြစ်ခဲ့ပြီး ပရိသတ်တွေက သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့အထိ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာတဲ့ အဲရစ်တန်ဟတ်ကိုလည်း မက်ဂွဲယားကို လူစာရင်းကနေ ချန်လှပ်ဖို ပြောခဲ့ကြတာပါ။ နယ်သာလန်လူမျိုးနည်းပြက မက်ဂွဲယားကို ယုံကြည်မှုပေးတဲ့ အနေနဲ့ အသင်း ခေါင်းဆောင် ရာထူးကို ဆက်ပြီး ပေးခဲ့သလို ပွဲထွက်ခွင့် နေရာကိုလည်း ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲရစ်တန်ဟတ်ဟာ ဗဟိုနောက်ခံနေရာအတွက် အေဂျတ်စ်ကစားသမား လီဆန်ဒရိုမာတီးနတ်စ်ကို အားဖြည့်ခဲ့တာက မက်ဂွဲယားနေရာ ပျောက်ဖို့ လမ်းစဖြစ်လာခဲ့တာပါ။

 နည်းပြ အဲရစ်တန်ဟတ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်အစောပွဲ ၂ ပွဲဖြစ်တဲ့ ဘရိုက်တန်နဲ့ ဘရန်ဖို့ဒ်တို့ ပွဲတွေမှာ မက်ဂွဲယားကို ပွဲထွက်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲတွေမှာ မက်ဂွဲယားဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပြီး အသင်းကလည်း ၂ ပွဲစလုံးကို ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

မက်ဂွဲယား စိတ်ပျက်နေစဉ် (The Telegraph)

အဲ့ဒါကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကစပြီး မက်ဂွဲယားကို အရန်ခုံပေါ် ပို့ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းကလည်း ဒီပွဲမှာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့ပါတယ်။ အဲ့ဒီနောက် ဆောက်သမ်တန်၊ လက်စတာနဲ့ အာဆင်နယ်တို့ ပွဲတွေမှာလည်း နည်းပြဟာ မက်ဂွဲယားကို အရန်လူစာရင်းမှာသာ ထားခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ ဒီပွဲတွေမှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီးနတ်စ်ကို အသုံးပြုခဲ့ပြီး ပွဲတိုင်းကို အနိုင်ရလဒ် ရယူခဲ့ တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုစီဒက်နဲ့ ကစားတဲ့ ပွဲမှာတော့ မက်ဂွဲယားကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပေမယ့် အရေးနိမ့်ခဲ့လို့ ရှရစ်ဖ်နဲ့ ပွဲမှာ မက်ဂွဲယားကို ပွဲထွက် လူစာရင်းကနေ ပြန်ချန်လှပ်ခဲ့ပါတယ်။

တိုက်ဆိုင်မှုလို့ ပြောရမှာဖြစ်ပြီး မက်ဂွဲယားကို ပွဲထွက်အသုံးပြုတဲ့ ပွဲတွေမှာ ယူနိုက်တက်အသင်းဟာ အရှုံးရလဒ် တွေကိုသာ ရင်ဆိုင်ခဲ့ပြီး သူမပါတဲ့ ပွဲတွေမှာ နိုင်ပွဲရခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပေမယ့် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က လက်ရွေးစင် အသင်း လူစာရင်းမှာ သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ကလည်း ပြင်းထန်ခဲ့ပြီး လှောင်ပြောင်မှုတွေပါ ရှိခဲ့တာပါ။

မက်ဂွဲယားဟာ အီတလီ၊ ဂျာမနီအသင်းတို့နဲ့ ပွဲတွေမှာ အင်္ဂလန်အတွက် ပွဲထွက်ခွင့် ရခဲ့ပြီး ဒီ ၂ ပွဲ စလုံးကို အင်္ဂလန် အသင်း နိုင်ပွဲမရခဲ့ပါဘူး။ မက်ဂွဲယားဟာ ဒီ ၂ ပွဲစလုံးမှာ ခြေစွမ်းပိုင်း တော်တော်လေး ကျဆင်းနေခဲ့ပြီး ဘောလုံး ပို့ပေးရာမှာတောင် အမှားအယွင်းတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ ပွဲမှာဆို သူ့ရဲ့ အမှားကြောင့် အင်္ဂလန်အသင်း ပင်နယ်တီ ဂိုး ပေးခဲ့ရပါတယ်။

ယူနိုက်တက်အသင်းရဲ့ အရံခုံမှာ တွေ့ရတဲ့ မက်ဂွဲယား (CODE Sports)

ဒါ့အပြင် ဟာဗတ်စ် ကန်သွင်းချက်ကိုလည်း မတားဆီးဘဲ ရပ်နေခဲ့လို့ မက်ဂွဲယားအပေါ် ဝေဖန်မှုတွေဟာ ပိုပြီး တိုးလာခဲ့တာပါ။ မက်ဂွဲယားဟာ ပုံမှန်ဆိုရင် ကလပ်အသင်းမှာ ခြေစွမ်းမပြနိုင်ရင်တောင် နိုင်ငံအသင်းမှာ ခြေစွမ်း ပြလေ့ရှိပေမယ့် အခုဆိုရင် ယုံကြည်မှု ပျောက်ဆုံးနေတာကို တွေ့မြင်ခဲ့ရပါတယ်။

မက်ဂွဲယားရဲ့ လက်ရှိ ခြေစွမ်းကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ မရွေးချယ်တော့ဖို့အထိ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက တောင်းဆိုမှုတွေ ရှိခဲ့ကြတာပါ။ မက်ဂွဲယားဟာ ဝေဖန်မှုဒဏ်ကို တော်တော်လေးကို ခံနေရတာကြောင့် ခြေစွမ်းပိုင်းဟာ အနိမ့်ဆုံးအဆင့်ထိကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

လက်စတာအသင်းမှာ ရှိနေချိန် ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံလူအဖြစ် ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့ မက်ဂွဲယားဟာ ဝေဖန်မှုဒဏ်တွေကို ခံနိုင်ဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိဖို့ လိုတယ်လို့ ရီယိုဖာဒီနန်က တိုက်တွန်း အကြံပေးထားပါတယ်။

မက်ဂွဲယား အနေနဲ့ လက်ရှိခြေစွမ်းကို အမြန်ဆုံး တိုးတက်ကောင်းမွန်အောင် လုပ်နိုင်မှသာ ယူနိုက်တက် အသင်း မှာ နေရာရဖို့ ရှိနေပါတယ်။ အသင်းခေါင်းဆောင် ဖြစ်တိုင်း ပွဲထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ နည်းပြ အဲရစ်တန် ဟတ်က ပွင့်ပွင့်လင်းလင်းကို ပြောထားတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြနဲ့ မက်ဂွဲယား လက်ဆွဲနှုတ်ဆက်နေစဉ် (Public News Time)

အဲ့ဒါကြောင့် မက်ဂွဲယား အနေနဲ့ ကလပ်အသင်းမှာ နေရာတစ်နေရာ ပြန်ရဖို့ ပုံမှန်ထက် သာလွန်တဲ့ ကြိုးစားမှု တွေလုပ်ဖို့ လိုအပ်နေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကလပ်အသင်းမှာ နေရာပျောက်ဆုံးပြီး နိုင်ငံအသင်း အတွက်ပါ စိုးရိမ်စရာတွေ ရှိလာနိုင်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လူစာရင်းမှာ ချန်လှပ်ခံရမယ်ဆိုရင် မက်ဂွဲယားရဲ့ ကစားသမားဘဝကို ထိခိုက်မှု များပြားလာနိုင်ပါတယ်။ မက်ဂွဲယားဟာ ယူနိုက်တက်အသင်းမှာ နေရာဆက်ပြီး ပျောက်ဆုံးနေမယ် ဆိုရင် ထွက်ခွာဖို့အထိပါ တွေးတောနေပြီလို့လည်း သိရပါတယ်။

အင်္ဂလန်အသင်းအတွက် ၂၀၁၇ မှာ စတင် ပွဲထွက်ခွင့်ရခဲ့တဲ့ မက်ဂွဲယားဟာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အဓိက ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ ပါတယ်။

မက်ဂွဲယားဟာ ယူနိုက်တက်အသင်းကို ၂၀၁၉ မှာ ရောက်ရှိခဲ့ပြီး ပွဲပေါင်း ၁၄၉ ပွဲအထိ ပါဝင်ကစားထားတာ ဖြစ်ပါ တယ်။

ဒါကြောင့် မည်သို့ပင်ဆိုစေကာမူ မက်ဂွဲယားရဲ့ အနာဂတ် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတော့ သူ့ရဲ့ ခြေစွမ်း ပိုင်းကိုပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မန်စီးတီးနဲ့ ကစားရမှာ ဟာလန်းနဲ့ မဟုတ်ဘူးလို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 766

Share
Tweet
Share
Share
powered by social2s

အီရန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပိတ်ပင်ဖို့ ဖီဖာကို တောင်းဆိုမှုတွေရှိနေ

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 780

Share
Tweet
Share
Share
powered by social2s
ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

PSG အတွက် ဘတ်ပီခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ရက်ရှ်ဖို့ဒ်ပါဝင်

By CNI
CNI
Category: အားကစား
Hits: 1424

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁

ဘတ်ပီဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အသင်းအတွက် ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း အကြီးအကဲထံ ပေးခဲ့တဲ့ ကစားသမား ၄ ဦးစာရင်းမှာ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းမှာ ဆက်နေခဲ့တာကြောင့် ကလပ်အသင်းရဲ့ အားကစားဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှာ သူပါဝင်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်သတင်းဌာန RMC Sport ကတော့ ဘတ်ပီဟာ သူနဲ့အတူ တွဲဖက်ကစားနိုင်ဖို့အတွက် တိုက်စစ်မှူး အသစ်တစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် အပါအဝင် ဘတ်ပီ ခေါ်ယူချင်တဲ့ ကစားသမား ၄ ဦးထဲမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးဟောင်း လီဝန်ဒေါစကီးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီနဲ့ ရက်ရှ်ဖို့ဒ်ကိုတွေ့ရစဉ်

ဘာစီလိုနာအသင်းနဲ့ နောက်ပိုင်းမှာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တဲ့ ဒမ်ဘီလီလည်း ပါဝင်ခဲ့သလို နောက်ထပ် တစ်ဦးကတော့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့သွားတဲ့ အီတလီတိုက်စစ်မှူး ဆကာမာကာလည်း ပါဝင်ခဲ့တယ်လို့ သတင်း ဖော်ပြချက်အရ သိရပါတယ်။

ဘတ်ပီက ဒီကစားသမားတွေကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ တစ်ဦးမှကို ခေါ်ယူနိုင်ခဲ့ ခြင်း မရှိခဲ့ပါဘူး။ ပြင်သစ်ကလပ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဖာဘီယန်ရုဇ်၊ ရီနာတိုဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ ဗီတင်ဟာ၊ မူကီလီနဲ့ အီကီတီကီတို့ကို ခေါ်ယူခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီ လီဂူးဝမ်းပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အခုဆိုရင် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရကာ အုပ်စု တွင်းကို ဦးဆောင် နေတာပါ။

ဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် နိုက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

Source: Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရိသတ်တွေပျော်အောင် မန်စီးတီးကို အနိုင်ကစားမယ်လို့ ဗာရန်းပြော

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

နေမာနဲ့ ဘတ်ပီကို ခေါ်ယူတာမှာ PSG အမှားလုပ်ခဲ့တယ်လို့ လူးဝစ်ကမ်ပိုစ်ပြော

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာကိုတွေ့ရစဉ် (Eurosport)

ဂျူဗင်တပ်စ်ပရိသတ်တွေက ယူနိုက်တက်ပရိသတ်တွေထက် ပိုပြီးကောင်းတယ်လို့ ပေါ့ဘာပြော

By CNI
CNI
Category: အားကစား
Hits: 1242

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာက ဂျူဗင်တပ်စ် ပရိသတ်တွေဟာ ယူနိုက်တက် ပရိသတ်တွေထက် ပိုပြီးကောင်းတယ်လို့ ပြောလိုက်ပါတယ်။

ပေါ့ဘာက “ကျနော်ထွက်ခွာခဲ့တုန်းက သူတို့နဲ့ အတူတူရှိခဲ့တဲ့ နှစ်တွေအတွက် အလွန်ကျေးဇူးတင်ပါတယ်။ ကျနော် ငယ်ရွယ်တဲ့ အချိန်မှာ သူတို့ဟာ အားကစားကွင်းထဲ ရောက်အောင် အမြဲတွန်းပို့ခဲ့ပါတယ်။ သူတို့က ကျနော့် အနောက်မှာ အမြဲရှိခဲ့တယ်၊ ပြီးတော့ ပရိသတ်တွေရဲ့ ချစ်မြတ်နိုးမှုကို ခံစားခဲ့ရပါတယ်။ ဒါက အမှန်တရား ပါ။ မန်ချက်စတာမှာ ဒီလောက်ကြီးကျယ် ခမ်းနားတဲ့ အသံကို ကျနော်တစ်ခါမှ မကြားဖူးပါဘူး”လို့ GQ ကို ပြောခဲ့ တာပါ။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းမှာ ပထမဆုံးအကြိမ် ကစားတဲ့ ၂၀၁၂ ကနေ ၂၀၁၆ အထိ ၄ နှစ်အတွင်း ပရိသတ် တွေဆီကနေ ချစ်ခြင်းမေတ္တာကို ရခဲ့လို့ တူရင်ကို ပြန်လာရတာကို ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

ဒီလိုချစ်ခြင်းမေတ္တာကို ယူနိုက်တက် ပရိသတ်တွေက မပြသခဲ့ဘူးလို့ ပြင်သစ်ကစားသမားက ပြောခဲ့တာပါ။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့က အလွတ်နဲ့ အီတလီကလပ်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာ မန်ယူမှာ ကစားစဉ် (Futbol)

ဂျူဗင်တပ်စ်ကို ပြန်လာဖို့ သူ့ရဲ့ နှလုံးသားက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ကစားနေချိန်အတွင်း နည်းပြ အယ်လီဂရီနဲ့ အဆက်အသွယ် ရှိခဲ့ကြောင်းလည်း ပေါ့ဘာက ပြောခဲ့တာပါ။

“ကျနော်က နည်းပြနဲ့ အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ သူဟာ ကျနော့် အကြောင်းကိုသိပြီး ဒီမှာ အတူရှိခဲ့တဲ့ အချိန်တုန်းကလည်း အမြဲတမ်း တွန်းအားပေးပါတယ်။ မန်ချက်စတာမှာ ရှိခဲ့တဲ့ အချိန်ကတောင် ကျနော်တို့ ဆက်သွယ်ခဲ့ကြပြီး စကားတွေအများကြီး ပြောဖြစ်ခဲ့တယ်”လို့ ပေါ့ဘာက ပြောပါတယ်။

ပြင်သစ်ကွင်းလယ်လူဟာ ယူနိုက်တက်အသင်းမှာ ဒဏ်ရာတွေကြောင့် ပွဲပေါင်း ၁၀၀ လွဲချော်ခဲ့တယ်လို့ အချက် အလက်တွေအရ သိရပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်ကို ရောက်ရှိလာချိန်မှာ ဒဏ်ရာကြောင့် ဒူးခွဲစိတ်မှု ခံယူထားပြီး ရာသီအစပွဲတွေမှာ ပါဝင် ကစားထားနိုင်ခြင်း မရှိပါဘူး။ ယူနိုက်တက် ကစားသမားဟောင်းဟာ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်အောင် လုပ်ဆောင် နေပြီး အောက်တိုဘာလအကုန်မှာ ပြန်ကစားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး ၇ ပွဲ ကစားအပြီးမှာ အဆင့် ၈ နေရာမှာ ရပ်တည်ကာ ထိပ်ဆုံးနေရာက နာပိုလီအသင်းနဲ့ ၇ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပရိသတ်တွေ ကိုဗစ်စစ်ဆေးမှုပြသဖို့ လိုအပ်ကြောင်း ကာတာအတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1001

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်ရောက်ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ ကာကွယ် ဆေးထိုးထားတဲ့အခြေအနေနဲ့ မသက်ဆိုင်ဘဲ ကိုဗစ်မရှိကြောင်း စစ်ဆေးမှုကို ပြသရမယ်လို့ ပြိုင်ပွဲ ကျင်းပရေးက ပြောပါတယ်။

အသက် ၆ နှစ်နဲ့အထက် လာရောက်ကြည့်ရှုသူအားလုံးဟာ ၄၈ နာရီအတွင်း PCR စမ်းသပ်စစ်ဆေးမှု ကနေ ကိုဗစ်မရှိကြောင်း ပြသရမှာပါ။ပရိသတ်တွေအနေနဲ့ ကိုဗစ်လက္ခဏာတွေ မပြသဘူးဆိုရင် ကာတာနိုင်ငံမှာ နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

အသက် ၁၈ နှစ်နဲ့ အထက် ဧည့်သည်တွေကတော့ အစိုးရက ခြေရာခံမယ့် Ehteraz app ကို ဖုန်းထဲမှာ ထည့်သွင်းဖို့ လိုတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

ပရိသတ်တွေအနေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ နှာခေါင်းစည်းတွေ တပ်ဆင်ထားဖို့ လိုအပ် ပေမယ့် ကာကွယ်ဆေးထိုးဖို့တော့ မလိုအပ်ပါဘူး။ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံ အတွင်းကို ဧည့်သည်အရေအတွက် ၁.၂ သန်း ဝင်ရောက်လာမယ်လို့ မျှော်လင့်ထားကြတာပါ။

“ကာတာမှာ ရှိနေတဲ့အချိန် ကိုဗစ်ရှိတဲ့သူ ဘယ်သူမဆို ပြည့်သူကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက် နဲ့အညီ သီးခြားခွဲထားဖို့ လိုအပ်တယ်”လို့ ပြိုင်ပွဲကျင်းပရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကာတာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၄၄၀,၀၀၀(လေးသိန်းလေးသောင်း)ကျော်နဲ့ သေဆုံးသူ ၆၉၂ ဦး အထိ ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ သိရပါတယ်။နိုင်ငံအတွင်းမှာ လူဦးရေ ၂.၈ သန်းရှိပြီး ကာတာနိုင်ငံသားတွေက ၃၈၀,၀၀၀(သုံးသိန်းရှစ်သောင်း) သာ ရှိပါတယ်။

ကာတာနိုင်ငံအတွင်းမှာ အခုအချိန်ထိ စုစုပေါင်း ကာကွယ်ဆေး ၇,၄၈၇,၆၁၆ လုံးကို ထိုးနှံပေးထားပြီး ဖြစ်တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ပရိသတ်တွေပျော်အောင် မန်စီးတီးကို အနိုင်ကစားမယ်လို့ ဗာရန်းပြော

By CNI
CNI
Category: အားကစား
Hits: 1205

CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀

ယူနိုက်တက်နောက်ခံလူ ဗာရန်းက အသင်းပရိသတ်တွေပျော်ရွှင်ဖို့အတွက် မန်စီးတီးနဲ့ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မှာ အနိုင်ရအောင်ကစားမယ်လို့ ပြောလိုက်ပါတယ်။

ဗာရန်းက “ပြိုင်ဆိုင်မှုတွေမှာ အဓိကကတော့ အားပေးတဲ့ ပရိသတ်တွေပါ။သူတို့အတွက် အလွန် အရေးကြီးပါတယ်။ဒါကို ကျနော်တို့ လေးစားရပါမယ်။ကျနော်တို့က သူတို့ကို ပျော်ရွှင်စေချင်ပါတယ်။ ဒါကြောင့် ကျနော်တို့က မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို တိုက်ပွဲဝင်ပြီး အနိုင်ရယူချင်ပါတယ်။ ပရိသတ် တွေက ဘာတွေကိုလိုချင်လဲ၊ သူတို့လိုချင်တာကို ခံစားနိုင်ရပါမယ်။ဒါက အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီးတီဟတ်ကွင်းကို သွားရောက်ပြီး မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ဘရန်ဖိုဒ့် အသင်း ကို အရေးနိမ့်တဲ့ ပွဲစဉ်ပြီးကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲဆက်နေပြီး ဒီထဲမှာ လီဗာပူးလ်၊ အာဆင် နယ်စတဲ့ အသင်းကြီးတွေ တောင်ပါဝင်ခဲ့တာပါ။မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ဖြတ်သန်းနေပြီး အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာ မန်စီးတီးအသင်းကပဲ အနိုင်ရလဒ် ရယူနိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဗာရန်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာ ကင်းစင်နေပြီး လီဆန်ဒရိုမာတီးနတ်စ်နဲ့ ဗဟိုခံစစ်မှာ အတွဲညီစွာ ကစားနေခဲ့တာလည်း ဖြစ်ပါတယ်။

သူတို့ ၂ ဦးအတွဲအဖက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲမှာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားခဲ့ရတာပါ။

ဒီပွဲမှာ မန်စီးတီးအသင်းက အနိုင်ရဖို့ ရေပန်းစားနေပြီး ယူနိုက်တက်အသင်းအတွက် အလွန်ကောင်းမွန် တဲ့ စမ်းသပ်မှုလို့ မန်စီးတီးနောက်ခံလူဟောင်း အိုနူအိုဟာက ပြောခဲ့ပါတယ်။

အိုနူအိုဟာက “ယူနိုက်တက်အသင်းအနေနဲ့ မန်စီးတီးနဲ့ ကစားတဲ့အချိန်မှာ ရလဒ်ကောင်းရဖို့အတွက် သူတို့ ကောင်းမွန်စွာ ကစားဖို့ မလိုအပ်ပါဘူး။မန်စီးတီးအသင်းက ဒီပွဲအတွက် ရေပန်းစားနေပြီး ယူနိုက်တက်အတွက်တော့ ကောင်းမွန်တဲ့ စမ်းသပ်မှုဖြစ်မှာပါ။အာဆင်နယ်ကို အနိုင်ရခဲ့တာက သူတို့ အတွက်ကောင်းပါတယ်။ဒီအရှိန်ကို အီးတီဟတ်ဆီ ယူဆောင်နိုင်မလားဆိုတာ ကြည့်ရပါမယ်” လို့ ESPN ကို ပြောခဲ့ပါတယ်။

Source:Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားစစ်တပ်ထဲ ဝင်ရောက်ခဲ့တဲ့ အဲဗာတန်ကြယ်ပွင့်ဟောင်း

By CNI
CNI
Category: Watch TV
Hits: 702

Share
Tweet
Share
Share
powered by social2s

၂၀၂၂ မာကာဆုပေးပွဲမှာ ဘန်ဇီမာ ဆု ၃ ဆုရ

By CNI
CNI
Category: Watch TV
Hits: 726

Share
Tweet
Share
Share
powered by social2s
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41
  • 42
  • 43

Page 39 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar