CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရော်နယ်ဒိုကိုတွေ့ရစဉ် (SPORTbible)

ဘောလွန်းဒီအောဆုပေးပွဲကို ၂၀၁၇ နောက်ပိုင်း ရော်နယ်ဒို ပထမဆုံးအကြိမ်တက်မည်

By CNI
CNI
Category: အားကစား
Hits: 1602

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ တနင်္လာနေ့မှာ ကျင်းပမယ့် ဘောလွန်းဒီအော ဆုပေးပွဲကို တက်ရောက် မယ်လို့ နိုင်ငံတကာ သတင်းတွေအရ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ၂၀၁၇ က ဘောလွန်းဒီအောဆုကို နောက်ဆုံး ရရှိပြီးနောက်ပိုင်း ဒီဆုပေးပွဲကို တက်ရောက်ခြင်း မရှိတော့တာပါ။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ၂၄ ဂိုး သွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာ အခုနှစ် ကျင်းပမယ့် ဆုပေးပွဲရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီဆုကိုရယူနိုင်ဖို့ ဖြစ်နိုင်ဖွယ်မရှိဘဲ ရီးရယ်လ် အသင်းတိုက်စစ်မှူး ဘန်ဇီမာက ဆုရရှိဖို့ ရေပန်းအစားဆုံးအဖြစ် ရှိနေတာပါ။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၄ ဂိုး သွင်းယူပြီး အသင်းကို လာလီဂါ နဲ့ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ဟာ ဘာနေဗျူးမှာ ၉ နှစ်ကြာ တွဲကစားခဲ့ပြီး အဆိုပါအချိန်တွေမှာ အရင်းနှီးဆုံး မိတ်ဆွေ တွေအဖြစ် ရှိခဲ့တာပါ။ ရော်နယ်ဒို ကိုယ်တိုင်ကလည်း အခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ဘန်ဇီမာ ရရှိမယ် လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ဘန်ဇီမာကိုတွေ့ရစဉ် (Sky Sports)

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ နဲ့ ၂၀၂၁ က ကျင်းပခဲ့တဲ့ ဆုပေးပွဲမှာ ဆုရရှိနိုင်မှာ မဟုတ်မှန်းသိလို့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် အခုနှစ်မှာ ကျင်းပမယ့် ဆုပေးပွဲမှာတော့ အသင်းဖော်ဟောင်း ဘန်ဇီမာကို ဂုဏ်ပြုချင်လို့ တက်ရောက်မယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြထားကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တဲ့ မက်ဆီကတော့ အခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ပထမရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ခက်ခဲနေတာကြောင့် ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။ ဘန်ဇီမာက သူဟာ အခုနှစ်အတွက် ချီးမြှင့်မယ့် ဘောလွန်းဒီအောဆုနဲ့ ထိုက်တန်တယ်ဆိုတာ ယုံကြည်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောထားတာပါ။

ဘန်ဇီမာက “ ကျနော်ဟာ ကောင်းမွန်တဲ့ ရာသီတစ်ခု ရှိခဲ့တာကြောင့်လို့ ထင်ပါတယ်။ အရေးကြီးတဲ့ ပွဲ အများ အပြားမှာလည်း ကျနော်ရှိနေခဲ့ပြီး ကွဲပြားခြားနားမှုတွေကို ကျနော် လုပ်နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးက ကျနော့်ရဲ့ စွမ်းဆောင်ရည်ကို လူတွေ အသိအမှတ် ပြုစေခဲ့တာ ဖြစ်ပါတယ်။ ကျနော်ဟာ တစ်ရာသီလုံး တသမတ်တည်း ရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: Sportbible

 

 

 

Share
Tweet
Share
Share
powered by social2s

ဆာလတ်က ချန်ပီယံလိဂ်မှာ အမြန်ဆုံးဟတ်ထရစ်ဂိုးသွင်းသူ ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1363

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၃

ဆာလတ်ဟာ လီဗာပူးလ်အသင်းက ရိန်းဂျားစ်အသင်းကို ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ အမြန်ဆုံးဟတ်ထရစ်ဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်လိုက်ပါတယ်။

ဆာလတ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၆၈ မိနစ်မှ ဒါဝင်နူနက်စ်ရဲ့ နေရာမှာ လူစားထိုးဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၇၅ မိနစ်၊ မိနစ် ၈၀ နဲ့ ၈၁ မိနစ်တွေမှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာပါ။ဆာလတ်ဟာ ဒီဂိုးတွေသွင်းယူဖို့ ၆ မိနစ်နဲ့ ၁၂ စက္ကန့် သာ အချိန်ယူခဲ့ရတာဖြစ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။အရင်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြန်ဆုံး ဟတ် ထရစ်ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားကတော့ ပြင်သစ်တိုက်စစ်မှူးဟောင်း ဂိုမစ်ဖြစ်တာပါ။

သူဟာ ၂၀၁၁-၁၂ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ လိုင်ယွန်အသင်းအတွက် ကစားပေးချိန် ဒိုင်နမိုဇာ ဂရက်ဘက်ကို ဟတ်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ဂိုမစ်ဟာ ဒီဂိုးတွေကို ၈ မိနစ်အတွင်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အခု ဆာလတ်က ၆ မိနစ် ၁၂ စက္ကန့်နဲ့ စံချိန်သစ်တင်ခဲ့တာပါ။ ဆာလတ်သွင်းယူခဲ့တဲ့ ၃ ဂိုးစလုံးကို တိုက်စစ်မှူး ဂျိုတာ တစ်ဦးတည်းက ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က “ဆာလတ်ကတော့ ဆာလတ်ပါပဲ။ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးဟတ်ထရစ်သွင်းဂိုး၊ဒါဟာ ထူးခြားမှုတစ်ခုပါပဲ” လို့ ပွဲအပြီး BT Sport နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီပွဲရဲ့ ပထမပိုင်းမှာ ရိန်းဂျားစ်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၆ ဂိုး သွင်းပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေ ကောင်းသွားပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အုပ်စုတွင်း ၄ ပွဲကစားအပြီးမှာ ၃ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၉ မှတ် ရရှိထားပြီး ဒုတိယနေရာမှာ ရပ်တည်ကာ တတိယနေရာက အေဂျတ်စ်အသင်းကို ၆ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။ အုပ်စုထိပ်ဆုံးက နာပိုလီ အသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။လီဗာပူးလ်အသင်းဟာ ချန်ပီယံ လိဂ်မှာ ရလဒ်ကောင်းတွေရနေပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတာကနေ ပြန်လည်ရုန်းထွက်နိုင်ဖို့ လိုအပ်နေတာပါ။

ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာရပ်တည်နေတဲ့ လီဗာပူးလ် အသင်းဟာ ဒီတစ်ပတ်မှာတော့ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Mirror,Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘတ်ပီနဲ့ ပီအက်စ်ဂျီကြားက ကောလာဟာလတွေကို ရာမို့စ်တုံ့ပြန်

By CNI
CNI
Category: Watch TV
Hits: 721

Share
Tweet
Share
Share
powered by social2s

မက္ကာဘီဟိုင်ဖာကို အရေးနိမ့်ပေမယ့် ဂျူဗီ နည်းပြရာထူးက အယ်လီဂရီ နုတ်ထွက်မှာမဟုတ်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 779

Share
Tweet
Share
Share
powered by social2s
ဂျိုကိုဗစ်နဲ့ သြစတြေးလျအိုးပန်း ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ခရိတ်တိုင်လေ

သြစတြေးလျအိုးပန်းမှာ ရုရှားတင်းနစ်သမားတွေနဲ့ ဂျိုကိုဗစ်ကို ကြိုဆိုမယ်

By CNI
CNI
Category: အားကစား
Hits: 1162

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေဟာ သြစတြေးလျအိုးပန်းမှာ ကြားနေနိုင်ငံအဖြစ် ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ဂျိုကိုဗစ် အနေနဲ့လည်း ဗီဇာရရှိမယ်ဆိုရင် ကြိုဆိုမယ်လို့ ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ခရိတ်တိုင်လေက ပြောပါတယ်။

ခရိတ်တိုင်လေက “ အခုအချိန်မှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေဟာ သြစတြေးလျအိုးပန်းမှာ ပါဝင် ကစားခွင့် ရမှာပါ။ တစ်ခုတည်းသော ကွာခြားချက်က ရုရှားနိုင်ငံ ကိုယ်စားပြုခွင့် ရမှာမဟုတ်သလို ရုရှားအလံကို လည်း ကိုယ်စားပြုခွင့်ရမှာ မဟုတ်ပါဘူး။ သူတို့တွေဟာ ကြားနေအဖြစ်နဲ့ အမှီအခိုကင်းတဲ့ ကစားသမားအဖြစ် ကစားရပါမယ်။ ဒါပေမယ့် ဇန်နဝါရီ သြစတြေလျအိုးပန်းမှာ ကြိုဆိုပါမယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

တင်းနစ်အာဏာပိုင်တွေဟာ ရုရှားကစားသမားတွေကို ပုံမှန်ပြိုင်ပွဲတွေကိုသာ ယှဉ်ပြိုင်ခွင့် ပေးခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ပြင်သစ်နဲ့ အမေရိကန် အိုးပန်းတို့က သူတို့တွေကို ကြားနေနိုင်ငံအဖြစ် ယှဉ်ပြိုင်ခွင့် ပေးခဲ့ပေမယ့် ဝင်ဘယ်လ်ဒန်အိုးပန်းကတော့ ယှဉ်ပြိုင်ခွင့်ကို မပြုခဲ့တာပါ။

ဂျိုကိုဗစ်ကိုတွေ့ရစဉ် (The Washington Post)

ဂျိုကိုဗစ်အနေနဲ့ ဇန်နဝါရီမှာ ပြည်နှင်ဒဏ်ပေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဗီဇာပိတ်ပင်မှုကို ပယ်ဖျက်နိုင်တယ် ဆိုရင် ဒီပြိုင်ပွဲမှာ ပါဝင်ခွင့်ပေးမယ်လို့ ခရိတ်တိုင်လေက ပြောခဲ့တာ ဖြစ်ပါတယ်။

ဆားဘီးယား တင်းနစ်သမားဟာ ကိုဗစ်ကာကွယ်ဆေး မထိုးတဲ့အတွက် ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ နိုင်ငံ အတွင်းကနေ နှင်ထုတ်ခံခဲ့ရပြီး ၂၀၂၅ အထိ ဝင်ရောက်ခွင့် ပိတ်ပင်ထားတာပါ။ ဒါပေမယ့် သြစတြေးလျအစိုးရဟာ ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းနိုင်တာ ဖြစ်ပါတယ်။

ခရိတ်တိုင်လေက “ ဒီအချိန်မှာ ဂျိုကိုဗစ်နဲ့ ဖက်ဒရယ်အစိုးရတို့ဟာ အခြေအနေကိုလိုက်ပြီး လုပ်ဆောင်ဖို့ လိုအပ် နေကာ ပြီးရင် ညွှန်ကြားချက်ကို လိုက်နာရမှာပါ။ ဒါဟာ ကျနော်တို့ စည်းရုံးနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါဟာ သူတို့တွေကြားထဲမှာ သေချာပေါက် ရှိရမယ့် အရာဖြစ်ပြီး ဒီရလဒ်ပေါ် မူတည်ကာ သူ့ကို သြစတြေးလျအိုးပန်းမှာ ကြိုဆိုမယ်”လို့ ပြောပါတယ်။

ဂျိုကိုဗစ်ကလည်း သြစတြေးလျ အာဏာပိုင်တွေဆီကနေ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းကို စောင့်ဆိုင်းနေ တယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့တာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက္ကာဘီဟိုင်ဖာကို အရေးနိမ့်ပေမယ့် ဂျူဗီ နည်းပြရာထူးက အယ်လီဂရီ နုတ်ထွက်မှာမဟုတ်

By CNI
CNI
Category: အားကစား
Hits: 1215

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

မက္ကာဘီဟိုင်ဖာအသင်းကို ချန်ပီယံလိဂ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ရလဒ်တွေဆိုးရွားနေပေမယ့် ဂျူဗင်တပ်စ်အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ အယ်လီဂရီက ပြောလိုက်ပါတယ်။

အယ်လီဂရီက “ဒီရလဒ်က ရှက်ဖို့ကောင်းပြီး ပထမပိုင်းမှာ တော်တော်လေးကို ဆိုးရွားပါတယ်။ ဒါပေမယ့် ကျနော်ရာထူးကနေ လုံးဝနုတ်ထွက်မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင် ဒါက စိန်ခေါ်မှု တစ်ခုဖြစ်နေလို့ပါ။ပိုခက်တဲ့အရာတွေက ပိုပြီးတော့တောင်လှပပါတယ်။ကျနော်တို့ ဒီကနေ ရုန်းထွက် ရပါမယ်” လို့ Sky Sports ကို ပြောခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်း တတိယနေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့် တက်ဖို့ ခက်ခဲသွားပြီဖြစ်ပါတယ်။အီတလီကလပ်ဟာ ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၃ ပွဲအထိ အရေးနိမ့်ထား ပြီး ၁ ပွဲသာ အနိုင်ရထားတာပါ။
ချန်ပီယံလိဂ်ပွဲစဉ်ကစားဖို့ ၂ ပွဲကျန်ရှိနေပေမယ့် ဂျူဗင်တပ်စ် အသင်းဟာ အုပ်စုထိပ်ဆုံးက ပီအက်စ်ဂျီ၊ ဘင်ဖီကာတို့နဲ့ ၅ မှတ်ကွာဟနေတာကြောင့် နောက်တစ်ဆင့် တက်ဖို့ဆိုရင် သူတို့တွေရဲ့ ရလဒ်တွေကိုပါ စောင့်ကြည့်ရမယ့် အခြေအနေကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်အပြင် စီးရီးအေမှာလည်း ရလဒ်တွေဆိုးရွားနေပြီး နောက်ဆုံးကစားထားတဲ့ အေစီမီလန်နဲ့ပွဲမှာ အရေးနိမ့်ထားတာပါ။အဲဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲ ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားပြီး နည်းပြ အယ်လီဂရီအပေါ်မှာလည်း ဖိအား တွေ ကျရောက်နေတာဖြစ်ပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက နာပိုလီ အသင်းနဲ့ ၁၀ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။

မက္ကာဘီဟိုင်ဖာအတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၂၀၀၂ နောက်ပိုင်း နှစ်ပေါင်းနှစ် ၂၀ အကြာမှ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အယ်လီဂရီက “ဘာတွေမှားယွင်းခဲ့လဲဆိုတာ ရှင်းပြဖို့ ခက်ခဲပါတယ်။ကျနော်တို့ဟာ ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် တိတ်တိတ်ဆိတ်ဆိတ်နေဖို့ပဲ လိုအပ်တာပါ။ကျနော်တို့ ဒီအခြေအနေကနေ ရုန်းထွက်နိုင်ဖို့ လိုပါတယ်။ကျနော်တို့ဟာ တစ်ဦးချင်း ကစားနေပြီး အသင်းလိုက်ပြန်သွားအောင်လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ စနေနေ့မှာ တူရင်ဒါဘီပွဲစဉ်အဖြစ် တိုရီနိုအသင်းနဲ့ စီးရီးအေပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘတ်ပီနဲ့ ရာမို့စ်ကိုတွေ့ရစဉ် (FotMob)

ဘတ်ပီနဲ့ ပီအက်စ်ဂျီကြားက ကောလာဟလတွေကို ရာမို့စ်တုံ့ပြန်

By CNI
CNI
Category: အားကစား
Hits: 1313

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၂

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဘတ်ပီဟာ အသင်းမှာ အလွန် ပျော်ရွှင်နေတယ်လို့ နောက်ခံလူ ရာမို့စ်က ပြောလိုက်ပါတယ်။

ရာမို့စ်က “ကျနော်ဟာ ဘတ်ပီနဲ့ သူငယ်ချင်း ဖြစ်နေတဲ့အတွက် ခင်ဗျားတို့ကို ပြောနိုင်တဲ့ တစ်ခုတည်းသော အရာ က သူဒီမှာ အလွန်ပျော်ရွှင် နေတယ်ဆိုတာပါပဲ။ ကောလာဟလတွေကို ကျနော် မယုံကြည်ပါဘူး။ ကျနော်တို့ဟာ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ပါတယ်။ သတင်းစာတွေကို ကျနော်မဖတ်ပါဘူး။ ကျနော်တို့ ပတ်ဝန်းကျင်ရှိ သတင်းတွေက တစ်ခါတစ်ရံမှာ ကျနော်တို့ကိုတောင် အံ့အားသင့်စေပါတယ်။ သူဒီမှာ နှစ်ပေါင်းများစွာရှိဖို့ ကျနော် မျှော်လင့်တယ်”လို့ ESPN၊ Canal+ တို့နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ ပီအက်စ်ဂျီ အသင်းနဲ့ ၃ နှစ် စာချုပ်သစ်ချုပ်ပြီး ဒီသတင်းတွေကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ စာချုပ်သစ်အတွက် သူ့ကိုပေးရမယ့် ကတိတွေ ပျက်ပြယ်သွားတယ်လို့ ခံစားမိ ပြီးနောက် အသင်းက ထွက်ချင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ ဘတ်ပီဟာ နေမာနဲ့ ဆက်ဆံရေး အဆင် မပြေ ဖြစ်နေပြီး ဘရာဇီးလ်သားကို အသင်းက ထွက်ခွာစေချင်နေတာ ဖြစ်ပါတယ်။

ဘတ်ပီကိုတွေ့ရစဉ် (Sportstar)

ဒါ့အပြင် သူ့ရဲ့ တောင်းဆိုချက်တွေကိုလည်း အသင်းက မလိုက်လျောပေးတာကြောင့် ဇန်နဝါရီလမှာ အသင်းက ထွက်ခွာခွင့် တောင်းဆိုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ရာမို့စ်ကတော့ ဒါတွေကို ငြင်းဆန် ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ဘင်ဖီကာအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြင်သစ်ကလပ် အတွက် ပွဲစကတည်းက ပါဝင်ခဲ့ပြီး ၁ ဂိုး သွင်းယူခဲ့တာပါ။ ပီအက်စ်ဂျီ အကြီးအကဲ လူးဝစ်ကမ်ပို့စ်ကလည်း ဘတ်ပီအသင်းက ထွက်ခွာဖို့ တောင်းဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။

လူးဝစ်ကမ်ပို့စ်က “ ကျနော်ဒါနဲ့ ပတ်သက်ပြီး ငြင်းဆန်ဖို့ ရှိနေပါပြီ။ ဘတ်ပီဟာ ဒီကနေထွက်ခွာဖို့ ဘယ်သူ့ကိုမှ အကြောင်းကြားခဲ့ခြင်း မရှိပါဘူး။ ဒီအကြောင်းကိုလည်း ဘယ်တုန်းကမှ ပြောခဲ့ဖူးခြင်း မရှိပါဘူး”လို့ ပြောခဲ့တာပါ။

ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးအထိ သွင်းယူထားတာ ဖြစ် ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s

ရီးရယ်လ်နဲ့ပွဲကို ယူကရိန်းစစ်သားတွေလို တိုက်ပွဲဝင်မယ်လို့ ရှက်တာဒိုးနက်နည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 707

Share
Tweet
Share
Share
powered by social2s

ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ လူးဝစ်ဒီယက်ဇ် အနားယူရမယ်

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 822

Share
Tweet
Share
Share
powered by social2s
တိုင်ဆန်ဗျူရီ ထိုးသတ်နေစဉ် (Bleacher Report)

ချီဆိုရာနဲ့ တတိယအကြိမ်မြောက် ထိုးသတ်မယ့် တိုင်ဆန်ဗျူရီ

By CNI
CNI
Category: အားကစား
Hits: 1808

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

လက်ဝှေ့ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က တိုင်ဆန်ဗျူရီဟာ ဗြိတိန်တစ်နိုင်ငံတည်းသား ချီဆိုရာနဲ့ ဒီဇင်ဘာလ ၃ ရက်မှာ ထိုးသတ်မယ်လို့ အတည်ပြု လိုက်ပါတယ်။

ဖရန့်ခ်ဝါရမ်က “ထိုးသတ်မယ့် ပြိုင်ဘက်ကို ရဖို့အတွက် ၃ ပတ်၊ ၄ ပတ်လောက် ကြာမြင့်ခဲ့ရပေမယ့် အခုအချိန်မှာ တော့ အဆင့်အမြင့်ဆုံး ပြိုင်ဘက်ကို ရရှိထားပါတယ်။ သူကတော့ ချီဆိုရာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်မှာ ထိုးသတ် မှာပါ။ တိုင်ဆန်ဟာ ဒီနှစ်ထဲမှာ ၁ ပွဲသာ ထိုးသတ်ထားပြီး ဒီဇင်ဘာလမှာ အူဆက်ခ်နဲ့ ပွဲဖြစ်မယ်လို့ ကျနော်တို့ အမြဲတမ်း မျှော်လင့်ထားပါတယ်။ ဒါပေမယ့် သူက မထိုးသတ်ချင်သေးတဲ့အတွက် ဖေဖော်ဝါရီလမှာ ဒီပွဲကို ရနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်”လို့ IFL TV ကို ပြောခဲ့တာပါ။

တိုင်ဆန်ဗျူရီဟာ WBC ချန်ပီယံဆု ကာကွယ်ဖို့အတွက် အန်သိုနီဂျိုရွှာနဲ့ ထိုးသတ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ဆွေးနွေး မှုတွေဟာ ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ချီဆိုရာနဲ့ ထိုးသတ်ဖို့ ဖြစ်လာခဲ့ပြီး ၂၀၁၁ နဲ့ ၂၀၁၄ မှာ တွေ့ဆုံခဲ့တဲ့ ၂ ကြိမ်စလုံး တိုင်ဆန်ဗျူရီကပဲ အနိုင်ရရှိထားတာပါ။

တိုင်ဆန်ဗျူရီနဲ့ ချီဆိုရာ ကိုတွေ့ရစဉ် (The Sun)

တိုင်ဆန်ဗျူရီဟာ ချီဆိုရာနဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့တဲ့ ၂၀၁၁ ဇူလိုင်လတုန်းက အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ ၁၂ ချီအထိ အကြိတ်အနယ် ထိုးသတ်ခဲ့ပြီး တိုင်ဆန်ဗျူရီက အမှတ်နဲ့ အနိုင်ရ ရှိခဲ့တာပါ။

၂၀၁၄ နိုဝင်ဘာလမှာ ဒုတိယအကြိမ် တွေ့ခဲ့တာမှာ တိုင်ဆန်ဗျူရီက ၁၀ ချီမြောက်မှာ ချီဆိုရာကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ချီဆိုရာဟာ အခုနှစ် ဇူလိုင်လက ကူဘရက်ပူလပ်ဗ်နဲ့ ထိုးသတ်ခဲ့ပြီး အနိုင်ရယူကာ လက်ဝှေ့လောက က အနားယူပြီဖြစ်ကြောင်း ပြောခဲ့သေးတာပါ။

ဒါပေမယ့် တိုင်ဆန်ဗျူရီနဲ့ တတိယအကြိမ်မြောက် ထိုးသတ်ဖို့အတွက် လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်လည် ဝင်ရောက် လာမှာဖြစ်ပြီး ကာဒစ်ဖ်မှာ ထိုးသတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

တိုင်ဆန်ဗျူရီဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၃၃ ပွဲ ထိုးသတ်ထားတာမှာ ၃၂ ပွဲအနိုင်ရပြီး ၁ ပွဲ သရေကျ ထားကာ ရှုံးပွဲမရှိတာပါ။ ချီဆိုရာ ကတော့ ၄၅ ပွဲ ထိုးသတ်ထားပြီး ၃၃ ပွဲအနိုင်ရကာ ၁၂ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
လူးဝစ်ဒီယက်ဇ်ကိုတွေ့ရစဉ် (TEAMtalk)

ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ လူးဝစ်ဒီယက်ဇ် အနားယူရမယ်

By CNI
CNI
Category: အားကစား
Hits: 964

CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁

လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ဟာ အာဆင်နယ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ အနားယူရမယ်လို့ သိရပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ပေါ်တိုအသင်းကနေ ရောက်ရှိလာတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက လီဗာပူးလ်အသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေခဲ့တာပါ။

ကိုလံဘီယာ ကစားသမားရဲ့ အနားယူရမယ့် သတင်းဟာ လီဗာပူးလ်အတွက်ရော နည်းပြကလော့ပ် အတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြထားပါတယ်။ လူးဝစ်ဒီယက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေဟာ ပြင်းထန်ပေမယ့် ခွဲစိတ်ကုသဖို့ မလိုအပ်ဘူးလို့ သိရပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရာသီမရပ်နားခင် လီဗာပူးလ်အသင်းရဲ့ ပွဲစဉ် ၁၀ ပွဲကို ပါဝင်နိုင် တော့မှာ မဟုတ်ပါဘူး။ ကိုလံဘီယာ ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ဘောက်ဆင်ဒေးပွဲစဉ်တွေ ပြန် ကစားတဲ့ အချိန်မှာ လီဗာပူးလ်အတွက် ပြန်လည် ပါဝင်နိုင်ဖွယ်ရှိတာပါ။

ဒူးဒဏ်ရာ ရသွားသည့် လူးဝစ်ဒီယက်ဇ်နဲ့ နည်းပြ ကလော့ပ်ကိုတွေ့ရစဉ် (Getty Images)

လူးဝစ်ဒီယက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲ ပါဝင်ကစားထားပြီး ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါ တယ်။ အာဆင်နယ်အသင်းကို အရေးနိမ့်တဲ့ပွဲမှာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်လည်း ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့ပေမယ့် ပြင်းထန်မှုမရှိဘူးလို့ သိရတာပါ။

အဲ့ဒါကြောင့် အင်္ဂလန် ကစားသမားဟာ အခုလမကုန်ခင် အသင်းအတွက် ပြန်ကစားနိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးနေတဲ့ လီဗာပူးလ်အသင်းဟာ ရာသီရဲ့ ဒုတိယရာသီဝက် ပွဲစဉ်တွေ အတွက် ဒီဇင်ဘာလ ဒူဘိုင်းမှာ လေ့ကျင်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အန်ဖီးလ်ကလပ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂ ပွဲသာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။

ဒီတစ်ပတ်မှာတော့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

Share
Tweet
Share
Share
powered by social2s

ကလပ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်သွားပြီဖြစ်တဲ့ ရော်နယ်ဒို

By CNI News
CNI News
Category: အားကစား
Hits: 1131

 

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၀

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကလပ်ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုရဲ့ အနိုင်ဂိုးနဲ့အတူ ဒီပွဲမှာ အဲဗာတန်အသင်းကို ၂ ဂိုး - ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။ ရော်နယ်ဒိုဟာ ဒီပွဲမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် မရခဲ့ပေမယ့် မာရှယ် ဒဏ်ရာရသွားတာကြောင့် ပထမပိုင်းမှာတင် လူစားဝင်ခွင့် ရရှိခဲ့တာပါ။

ရော်နယ်ဒိုဟာ ပွဲချိန် ၄၄ မိနစ်မှာ ကတ်စမဲရိုး ပေးပို့လိုက်တဲ့ ဘောလုံးကို အကောင်းဆုံး အဆုံးသတ်ပြီး ကလပ် ကစားသမားဘဝ သွင်းဂိုး ၇၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာကတည်းက ဒီမှတ်တမ်းကို ရယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဗာတန်နဲ့ ပွဲမှသာ ရယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီဂိုး ၇၀၀ ကို ယူနိုက်တက်အတွက် ၁၄၄ ဂိုး၊ ရီးရယ်လ်အတွက် ၄၅၀ ဂိုး၊ ဂျူဗင်တပ်စ်အတွက် ၁၀၁ ဂိုးနဲ့ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုးသွင်းယူပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီ ယူနိုက်တက်အတွက် သွင်းယူတဲ့ ဒုတိယမြောက် ဂိုးဖြစ်ခဲ့ပြီး အသင်းကလည်း ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ပွဲက ရှုံးပွဲပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Goal

 

Share
Tweet
Share
Share
powered by social2s
ပရီးမီးယားလိဂ်အသင်းများ ဒူးထောက်တဲ့ပုံရိပ်ကိုတွေ့ရစဉ်

ပွဲမစတင်ခင် ဒူးထောက်တဲ့ အစီအစဉ်ကို ပြန်လုပ်မယ့် ပရီးမီးယားလိဂ်

By CNI
CNI
Category: အားကစား
Hits: 1196

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇

ပရီးမီးယားလိဂ် ဘောလုံးသမားတွေဟာ No Room For Rasim လှုပ်ရှားမှု အစိတ်အပိုင်းဖြစ်တဲ့ ဒူးထောက်တဲ့ အစီအစဉ်ကို အခုတစ်ပတ်ကစားမယ့် ပွဲစဉ်တွေမှာ ပြန်လည် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ခွဲခြားဆန့်ကျင့်မှုကို ဆန့်ကျင်တဲ့ ပဏာမခြေလှမ်းကို အခုရက်သတ္တပတ်မှာ စတင်မှာဖြစ်ပြီး အနည်းဆုံး လာမယ့်ပွဲစဉ် ၂ ပွဲအထိ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

ကစားသမားတွေ အားလုံးကလည်း ပွဲမစတင်ခင်မှာ ဒူးထောင်တဲ့ အစီအစဉ်ကို ပွဲစဉ်တိုင်း ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ဂျော့ဖလွိုက် သေဆုံးပြီးနောက် ကစားသမားတွေဟာ တန်းတူညီမျှမှု ရရှိဖို့အတွက် ဒီလိုလှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ပြုလုပ်လာခဲ့တာပါ။

ဒါပေမယ့် အခုနွေရာသီ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ ကစားသမားတွေဟာ ပွဲမတိုင်ခင် ဒူးထောက်တဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ပြီး အဲ့ဒီအစား ပွဲစဉ်တချို့မှာသာ ပြုလုပ်သွားဖို့ သဘောတူခဲ့တာ ဖြစ်ပါ တယ်။

ပရီးမီးယားလိဂ်အသင်းများ ဒူးထောက်တဲ့ပုံရိပ်ကိုတွေ့ရစဉ်

အခုအချိန်မှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်း ၂၀ ရဲ့ ခေါင်းဆောင်တွေက ဒီအစီအစဉ်ကို ပြန်လည်ပြုလုပ်ဖို့ သဘောတူညီခဲ့တာကြောင့် ဒူးထောက်တဲ့ အစီအစဉ်ကို ပြန်လည်ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအစီအစဉ်ဟာ ထိရောက်မှု မရှိဘူးဆိုပြီး ပြီးခဲ့တဲ့ရာသီက ကစားသမား အများအပြားက ဒီအစီအစဉ်ကို ရပ်တန့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းဟာ ချန်ပီယံရှစ်မှာ ရှိနေချိန် ပြီးခဲ့တဲ့ ရာသီကတည်းက ဒူးထောက်တဲ့ အစီအစဉ်ကို ရပ်တန့်ခဲ့ ပေမယ့် သဘောတူထားတဲ့ နေ့ရက်တွေမှာ လူမျိုးရေးခွဲခြားတဲ့ အစီအစဉ်ကို ပြုလုပ်သွားဖို့ အခုနှစ် ရာသီ အစ ကတည်းက အတည်ပြုထားတာပါ။

ကစားသမားတွေဟာ သြဂုတ်လ ပထမပွဲစဉ်ပြီးကတည်းက ရပ်တန့်ခဲ့တဲ့ ဒီအစီအစဉ်ကို ဒီတစ်ပတ်မှာ ပြန်လည် ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင် အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဒီအစီအစဉ်ကို ပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ စပေါ့မေးလ်က ဇူလိုင်လမှာ ဖော်ပြခဲ့တာပါ။

အဓိကကစားသမားတွေက ဒီအစီအစဉ်ဟာ အားကောင်းပြီး သက်ရောက်မှုရှိတဲ့ အမူအရာတစ်ခုအဖြစ် ရှိနေ သေးတယ်လို့ ယုံကြည်နေကာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ သတင်းစကားတွေကို ကြားစေချင်နေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ဖို့ဒ်နဲ့ မာရှယ်ကိုတွေ့ရစဉ် (Sport)

မာရှယ်နဲ့ တွဲကစားရတာ အမြဲပျော်ရွှင်တယ်လို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 1889

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းဖော် မာရှယ်နဲ့ တွဲကစားရတာကို ပျော်ရွှင်တယ်လို့ အိုမိုနီးယား နီကိုရှား အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က “ သူဟာ အချိန်အတော်ကြာအောင် ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ပါ၊ သူပျော်ရွှင်နေတဲ့ အချိန်မှာဆို မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားပါ။ ကျနော် သူနဲ့ ကစားရတာကို အမြဲတမ်း ပျော်ရွှင်ပါတယ်။ ဒီနေ့ သူနဲ့ တွဲကစားရတာ အလွန်ကောင်းပါတယ်။ ဒါကို ဒီထက်ပိုပြီး ကောင်းမွန်အောင် ကျနော် တို့ လုပ်သွားမှာပါ။ ကျနော်တို့ ၂ ဦးစလုံးဟာ ဒဏ်ရာတွေ ရခဲ့ပါတယ်။ သူဆို ကျနော့်ထက်ပိုပြီး ကြာရှည်ခဲ့ပါ တယ်။ ဒါကြောင့် သူ့အတွက် ကစားချိန် မိနစ်လိုအပ်ပြီး ၂ ပွဲဆက်တိုက် သူဂိုးသွင်းနိုင်ခဲ့ပါတယ်”လို့ BT Sport ကို ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဆိုက်ပရပ်စ်ကလပ် အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမ ပိုင်းမှာ ယူနိုက်တက်အသင်း အရေးနိမ့်နေချိန် နည်းပြ အဲရစ်တန်ဟတ်ဟာ ဒုတိယပိုင်း အစမှာ ရက်ရှ်ဖို့ဒ်ကို လူစားလဲ အသုံးပြုခဲ့ပြီး သိပ်မကြာခင်မှာ မာရှယ်ကိုပါ လူစားလဲ အသုံးပြုခဲ့တာပါ။

ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ရက်ရှ်ဖို့ဒ်က ၂ ဂိုးနဲ့ မာရှယ်က ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ အိုမိုနီးယားနီကိုရှား ယှဉ်ပြိုင်နေစဉ် (New Straits Times)

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က လူစားဝင် ကစားသမားတွေက သက်ရောက်မှု ရှိစေတယ်ဆိုပြီး မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ ကျနော်တို့ လူစားလဲမှု ၂ ခုပြုလုပ်လိုက်တဲ့ အချိန်မှာ တကယ်ကို သက်ရောက်မှု ရှိခဲ့ပါတယ်။ လုပ်ခ်ရှောနဲ့ ရက်ရှ်ဖို့ဒ်တို့က ဒါကို အကူအညီ ပေးခဲ့တယ်ဆိုတာ အသေအချာပါပဲ။ မာရှယ် ဝင်ရောက်လာချိန်မှာ တော့ ၂ ဂိုး- ၁ ဂိုး ဖြစ်သွားပါတယ်။ ဒီနေ့ လူစားဝင် ကစားသမားတွေက တကယ်ကို သက်ရောက်မှုရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါက တကယ်ကို ကောင်းမွန်ပြီး အသင်းကို အင်အားတောင့်တင်းစေပါတယ်”လို့ ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ ယူနိုက်တက်အသင်းမှာ ကာလကြာရှည် တွဲကစားနေခဲ့တာဖြစ်ပြီး ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ ခြေစွမ်းပိုင်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ တန်ဟတ်က ဒီကစား သမား ၂ ဦးစလုံးအပေါ်မှာ ယုံကြည်မှု အပြည့်အဝ ရှိနေပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် သတ်မှတ်ခဲ့ တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ဒီလိုယုံကြည်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်း ဆုံး ကစားသမားဆု ရရှိခဲ့ပြီး၊ မာရှယ်က မန်စီးတီးနဲ့ ပွဲမှာ လူစားဝင် ကစားသမားအဖြစ်နဲ့ ပါဝင်ကစားကာ ၂ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

Source: Goal/Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39
  • 40
  • 41

Page 37 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar