CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရော်နယ်ဒို ရှရစ်ဖ်အသင်းဘက်ကို ဂိုးသွင်းနေစဉ် (The Telegraph)

အရှုံးမပေးတဲ့ ရော်နယ်ဒိုက နောက်ဆုံးမှာ ဆုလာဘ်ရရှိသွားတယ်

By CNI
CNI
Category: အားကစား
Hits: 1569

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ရှရစ်ဖ်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၁ ဂိုး သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ သူက အခွင့်အရေးတွေ ဖန်တီးခဲ့သလို အသင်းကလည်း သူ့အတွက် အခွင့်အရေးတွေ ဖန်တီး ပေးပါတယ်။ ဒီပွဲမှာ သူဂိုးသွင်းနိုင်ဖို့ တကယ်လိုအပ်ခဲ့တာပါ။ အခုထက်ပိုပြီး သူဂိုးသွင်းနိုင်မယ်လို့လည်း ကျနော် ယုံကြည်ပါတယ်။ သူဟာ ဘယ်တော့မှ အရှုံးမပေးတဲ့သူပါ။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး လုပ် ဆောင်ခဲ့တဲ့အရာလို့ ကျနော်ထင်ပါတယ်။ အဆုံးသတ်မှာ သူ ဆုလာဘ်ကို ရရှိခဲ့တယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။

ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ၈၁ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးမတိုင်ခင် အခွင့်အရေးတွေ ရခဲ့ပေမယ့် လွဲချော်နေခဲ့သလို သွင်းတဲ့ ဂိုးကလည်း ခွင့်ပြုခြင်း မခံခဲ့ရပါဘူး။

ရှရစ်ဖ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ဒီရာသီ အိုးထရက်ဖို့ဒ်မှာ သွင်းတဲ့ ရော်နယ်ဒိုရဲ့ ပထမဆုံး ဂိုးလည်း ဖြစ်ခဲ့ပါ တယ်။ ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ ရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်မှာ ၂ ဂိုးနဲ့ အဲဗာတန်နဲ့ ပရီးမီးယား လိဂ်ပွဲမှာ ၁ ဂိုး သွင်းယူထားပြီး ဒီရာသီ ယူနိုက်တက်အသင်းအတွက် ၃ ဂိုး သွင်းယူထားတာပါ။

နည်းပြ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ် (Yahoo Sports)

ရော်နယ်ဒိုက “ အသင်းလိုက် ကြိုးစားအားထုတ်မှုနဲ့ အလွန်ကောင်းမွန်တဲ့ နိုင်ပွဲပါ။ ကျနော်တို့ အတူတူ ရှိခဲ့ကြ တယ်။ ဆက်သွားကြစို့ ယူနိုက်တက်ဆိုပြီး”သူ့ရဲ့ တွစ်တာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ လူစားလဲ ဝင်ရောက်ဖို့ ငြင်းဆန်ခဲ့ပြီး ပွဲမပြီးခင် ဥမင်ထဲကို ထွက်သွားခဲ့တာကြောင့် စည်းကမ်းပိုင်းအရ အရေးယူမှု ခံခဲ့ရပါတယ်။

အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံရပြီး လူငယ်အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာတော့ ရော်နယ်ဒို ဟာ အသင်းကြီးနဲ့အတူ လေ့ကျင့်မှုပြန်လည် ပြုလုပ်ခွင့်ရခဲ့ပြီး ရှရစ်ဖ်နဲ့ ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရော်နယ်ဒိုကို နည်းပြ အဲရစ်တန်ဟတ်က ပွဲထွက် အသုံးပြုမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်က ထွက်ရပြီးနောက် အုပ်စုက အလွန်ရှုပ်ထွေးတယ်လို့ ဇာဗီပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s

VAR ဟာ ဘောလုံးကို အများကြီး ထိခိုက်နစ်နာစေတယ်လို့ ကွန်တီပြော

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s
သြစတြေးလျအသင်း ကစားသမားများကိုတွေ့ရစဉ်

ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို သြစတြေးလျ ကစားသမားများဝေဖန်

By CNI
CNI
Category: အားကစား
Hits: 1272

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၇

သြစတြေးလျအသင်းဟာ ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ဆန့်ကျင့်တဲ့ စုပေါင်း ကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေမှာ ဒီလိုလုပ်ဆောင်တဲ့ ပထမဆုံးအသင်းဖြစ်လာ ခဲ့ပါ တယ်။

ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ LGBTQ+ လူတွေအပေါ်မှာ ကာတာနိုင်ငံရဲ့ ပြုမူဆက်ဆံပုံတွေကို ဗွီဒီယိုကနေ မက်ဆေ့ချ်ပေးပို့ပြီးတော့ ဝေဖန်ထားတာပါ။ သြစတြေးလျဘောလုံးအဖွဲ့ချုပ်ကလည်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ပြိုင်ပွဲကြောင့် လျစ်လျူရှုလို့ မရဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သြစတြေးလျအသင်းဟာ နိုဝင်ဘာလ ၂၀ ရက် ကာတာမှာ စတင်ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် မှာပါ။

အဲဒီ ဗွီဒီယိုမှာ ကစားသမား ၁၆ ယောက် ပါဝင်ပြီး သူတို့တွေက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ လိင်တူ ဆက်ဆံမှုကို ခွဲခြားတာတွေကို ထိရောက်စွာ ကုစားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီ ကစားသမား ၁၆ ယောက်ထဲမှာ အသင်းခေါင်းဆောင် မတ်ရိုင်ယန်၊ ဆန်းဒါးလန်း နောက်ခံလူ ဘေလီ၊ ဟာ့တ် အသင်းက ရိုဝယ်လ်စ်နဲ့ သြစတြေးလျ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ သမဂ္ဂဥက္ကဋ္ဌ ဝီလ်ကင်ဆန်တို့ ပါဝင်ကြတာပါ။

ကာတာနိုင်ငံက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုကိုတွေ့ရစဉ်

ကစားသမားတွေက “ ဒီပြဿနာတွေကို ဖြေရှင်းဖို့က မလွယ်ကူသလို ကျနော်တို့မှာလည်း အဖြေတွေအားလုံး မရှိပါဘူး။ ဒီမှာ ရွှေ့ပြောင်းသူတွေအတွက် အရင်းအမြစ်စင်တာတစ်ခု ထူထောင်ရေး၊ သူတို့ရဲ့ အခွင့်အရေးကို ငြင်းဆိုခံရသူတွေနဲ့ လိင်တူ ဆက်ဆံမှုအားလုံးကို ခွဲခြားတာနဲ့ ပတ်သက်ပြီး ထိရောက်စွာ ကုစားပေးဖို့ တောင်းဆို ပါတယ်။ ဒါဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အခြေခံ အခွင့်အရေးတွေပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာမှာ ကျင်းပဖို့ ဖီဖာက ဆုံးဖြတ်ချက် ချခဲ့တဲ့ ၂၀၁၀ ကစပြီး ဝေဖန်မှုတွေ ပြင်းပြင်း ထန်ထန် ထွက်ပေါ်ခဲ့တာပါ။ ကာတာမှာ နိုင်ငံခြား အလုပ်သမားတွေအပေါ် ပြုမူဆက်ဆံပုံတွေနဲ့ အဲဒီနေရာမှာ သေဆုံးသွားတဲ့ သူတွေရဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက မကျေမနပ် ဖြစ်နေကြတာ ဖြစ်ပါတယ်။

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့က ရွှေ့ပြောင်း အလုပ်သမား ၆,၅၀၀ ဟာ ကာတာ နိုင်ငံက ကမ္ဘာ့ဖလား ဝင်ခွင့်ရပြီးနောက်ပိုင်း သေဆုံးသွားခဲ့တာလို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဂါဒီးယန်း သတင်းက ဖော်ပြခဲ့တာပါ။

ဒီအရေအတွက်ဟာ ကာတာရှိနိုင်ငံတွေရဲ့ သံရုံးတွေကပေးတဲ့ ကိန်းဂဏန်းတွေအပေါ် အခြေခံထားတာလို့ သိရပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီ၊နေမာနဲ့ ဘတ်ပီတို့ရဲ့ နည်းပြဖြစ်ရတာ သုခဘုံပဲလို့ ဂယ်လ်တီယာပြော

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုကို ခေါ်ချင်ပေမယ့် လုပ်ခလစာပေးဖို့ မတတ်နိုင်ဘူးလို့ စပို့တင်းနည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s
ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြ အယ်လီဂရီကိုတွေ့ရစဉ် (Goal)

ချန်ပီယံလိဂ်က ထွက်ရတာဟာ ကျရှုံးမှုမဟုတ်ဘူးလို့ အယ်လီဂရီပြော

By CNI
CNI
Category: အားကစား
Hits: 972

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

ဂျူဗင်တပ်စ် အသင်းနည်းပြ အယ်လီဂရီက ဘင်ဖီကာအသင်းကို အရေးနိမ့်ကာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့် ဒါဟာ ကျရှုံးမှု မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အယ်လီဂရီက “ မှားယွင်းတဲ့ ချဉ်းကပ်မှုထက် ပထမပိုင်းမှာ ကျနော်တို့ရဲ့ ခံစစ်ကစားပုံဟာ အလွန်ပျော့ပျောင်း လွန်းတယ်လို့ ထင်ပါတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရလို့ စိတ်ပျက်ပြီး ဒေါသလည်း ထွက်မိပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ အီတလီလိဂ်ကို အာရုံစိုက် ရပါတော့မယ်။ ဒါ့အပြင် ယူရိုပါလိဂ် ဝင်ခွင့်နေရာအတွက် ပီအက်စ်ဂျီနဲ့ ပွဲကိုလည်း အာရုံစိုက်ထားရပါမယ်။ ကျနော်တို့ အမှားတွေ အများကြီး လုပ်ခဲ့ပေမယ့် အခုအချိန်မှာ ဒါက ပြောဖို့ အသုံးမဝင်ပါဘူး။ ဒါကို ကျရှုံးမှုလို့တော့ ကျနော်မထင်ပါဘူး။ ဘောလုံးပွဲတွေမှာ ရှုံးပွဲတွေ ရှိပါတယ်”လို့ ပွဲအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းသားတွေကို တွေ့ရစဉ် (MARCA)

ဂျူဗင်တပ်စ်အသင်းဟာ ဘင်ဖီကာအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ၂၀၁၃ နောက်ပိုင်း ပထမဆုံး အကြိမ် ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် နည်းပြ အယ်လီဂရီ အပေါ်မှာ လည်း ဖိအားတွေ ကျရောက်နေတာပါ။ အီတလီကလပ်ဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့် ယူရိုပါလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် ပီအက်စ်ဂျီနဲ့ ပွဲစဉ်မှာ ရလဒ်မကောင်းပဲ မက္ကာဘီ ဟိုင်ဖာ အသင်းကသာ ရလဒ်ကောင်း ရသွားခဲ့ရင် ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရနိုင်တာပါ။

အခုဆိုရင် ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာလည်း ရလဒ်တွေ ဆိုးနေပေမယ့် နောက်ဆုံး ကစား ခဲ့တဲ့ ၂ ပွဲဆက် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ထိပ်ဆုံးနေရာက နာပိုလီအသင်းနဲ့ ၁၀ မှတ်ကွာဟနေတဲ့ ဂျူဗင်တပ်စ် အသင်းဟာ ဒီတစ်ပတ် စီးရီးအေ ပွဲစဉ် အဖြစ် လက်ချီအသင်း အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ဟော်လာကိုတွေ့ရစဉ် (GETTY IMAGES)

ဝှေးစေ့အကျိတ်ကနေ ပြန်ကောင်းလာတဲ့ ဟော်လာ အေဂျတ်စ်နဲ့ လေ့ကျင့်မှုပြုလုပ်

By CNI
CNI
Category: အားကစား
Hits: 1608


CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၆

ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟော်လာဟာ ဝှေးစေ့အကျိတ်ကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် အသင်းဟောင်း အေဂျတ်စ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဟော်လာဟာ ပြီးခဲ့တဲ့ရာသီက အေဂျတ်စ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းယူနိုင်ခဲ့ တာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းက ပေါင် ၃၁ သန်းနဲ့ ခေါ်ယူခဲ့တာပါ။

အိုင်ဗရီကို့စ် တိုက်စစ်မှူးဟာ ဒေါ့မွန်အသင်းကို ရောက်ပြီး မကြာခင်မှာ ရောဂါရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒေါ့မွန်အသင်းရဲ့ ရာသီကြို ဆွစ်ဇာလန်ခရီးစဉ်မှာ နာမကျန်းမှုဖြစ်ပြီးနောက် ဆေးစစ်မှု ခံယူခဲ့တာမှာ ကင်ဆာအကျိတ် တွေ့ရှိခဲ့တာပါ။

ဟော်လာဟာ ဓါတုကုထုံးကို ခံယူခဲ့ရပြီး ပြန်လည် ကောင်းမွန်လာမှု ခြေလှမ်းအဖြစ် လေ့ကျင့်ရေးကွင်းကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အေဂျတ်စ်အသင်းနည်းပြ ရှရူဒါက ဟော်လာအသင်းထံ ပြန်လာကြောင်း အတည်ပြုခဲ့ပါတယ်။

ဒေါ့မွန်အသင်းမှာ တွေ့ရတဲ့ ဟော်လာ  (Stadium Astro)

ရှရူဒါက “သူဟာ ဒီမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို လုပ်နေတာကြောင့် ဒီမှာလာပြီး လေ့ကျင့်လို့ ရမလားဆိုပြီး မေးခဲ့ပါတယ်။ သူပြန်ကောင်းလာဖို့ အကူအညီပေးတဲ့ အနေနဲ့ တခြားကွင်းမှာ လေ့ကျင့် နိုင်ခဲ့ တယ်”လို့ ပြောခဲ့ပါတယ်။
ဟော်လာဟာ ဒေါ့မွန်အသင်းအတွက် ပွဲဦးထွက် မကစားရသေးဘဲ ကုသမှုခံယူခဲ့ရတဲ့ အကြောင်းကို အရင်က ဖွင့်ဟပြောခဲ့ပါ သေးတယ်။

ဟော်လာရဲ့ လက်ရှိ အခြေအနေကြောင့် လပေါင်းများစွာ အနားယူနိုင်တယ်လို့ မျှော်လင့်ထားပေမယ့် ကစားသမားကတော့ ကွင်းထဲပြန်လာနိုင်မယ့် အချိန် အတိုင်းအတာကို စိတ်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

ဟော်လာက “ကျနော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အလုပ်လုပ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီရောဂါကို တိုက်ဖျက်တာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ကျနော့်စိတ်ထဲ မှာ ပြန်လာနိုင်ဖို့ အချိန်အတိုင်းအတာ တစ်ခုရှိပါတယ်”လို့ ပြောခဲ့တာပါ။

ဟော်လာရဲ့ ဒေ့ါမွန်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးမရှိ သရေကျပြီးနောက် ၁၆ သင်း အဆင့် တက်ရောက်သွားပြီ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရုရှားအယူခံမှာ အံ့သြဖွယ်တွေကို ဘရစ်တနီဂရိုင်နာ မမျှော်လင့်

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s
ဘရစ်တနီဂရိုင်နာကို သံတိုင်တွေကြားမှာ တွေ့ရစဉ် (Reuters)

ရုရှားအယူခံမှာ အံ့သြဖွယ်တွေကို ဘရစ်တနီဂရိုင်နာ မမျှော်လင့်

By CNI
CNI
Category: အားကစား
Hits: 1461

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

အမေရိကန် ဘတ်စကတ်ဘောကြယ်ပွင့် ဘရစ်တနီဂရိုင်နာဟာ ထောင်ဒဏ် ၉ နှစ် ချမှတ်တာနဲ့ ပတ်သက်ပြီး အယူခံ ကြားနာမှုမှာ အံ့သြဖွယ်အရာတွေကို မမျှော်လင့်ထားဘူးလို့ သူမရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဘရစ်တနီဂရိုင်နာဟာ ခရီးဆောင်အိတ်အတွင်း ရုရှားနိုင်ငံက တားမြစ်ပိတ်ပင်ထားတဲ့ ဆေးခြောက်ဆီ သယ် ဆောင် လာခဲ့လို့ အခုလို ထောင်ဒဏ် ချမှတ်ခံထားရတာပါ။

အိုလံပစ် ရွှေတံဆိပ်ဆု ၂ ဆုရှင် ဘရစ်တနီဂရိုင်နာဟာ ဖေဖော်ဝါရီ ၁၇ ရက်က မော်စကိုလေဆိပ်မှာ ဖမ်းဆီးခံ ခဲ့ရတာဖြစ်ပြီး မူးယစ်ဆေးဝါး လက်ဝယ် မှောင်ခို သယ်ဆောင်မှုနဲ့ သြဂုတ်လ ၄ ရက်က ထောင်ဒဏ် ၉ နှစ် ချမှတ် ခံရတာ ဖြစ်ပါတယ်။

ဂရိုင်နာရဲ့ ရှေ့နေတွေကတော့ သူမဟာ ထိန်းသိမ်းခံထားရတဲ့ နေရာကနေ အင်္ဂါနေ့မှာ ပြုလုပ်မယ့် ကြားနာမှုမှာ ဗွီဒီယိုလင့်ခ် ကနေတစ်ဆင့် ပါဝင်မှာဖြစ်ပြီး အဆိုပါနေ့မှာ စီရင်ချက်ချမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ရှေ့နေတွေက “သူမဟာ အယူခံဝင်ဖို့ ကြားနာတာကို စောင့်နေရတာ အလွန်စိတ်လှုပ်ရှား နေပါတယ်။ ဘရစ်တနီ ကတော့ အံ့သြဖွယ်အရာတွေ ဖြစ်လာဖို့ မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် အယူခံ တရားရုံးက ခုခံချေပချက်တွေ ကို ကြားနာပြီး အခုချမှတ်ထားတဲ့ ထောင်ဒဏ်ကို လျှော့ပေးဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

ဘရစ်တနီဂရိုင်နာနဲ့ တရားရုံး(MSN)

ဂရိုင်နာဟာ တရားခွင်မှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပေမယ့် သူမဟာ ရိုးသားတဲ့ အမှားကိုသာ ကျူးလွန်ခဲ့တာ ဖြစ်ပြီး ဥပဒေချိုးဖောက်ဖို့ကို မရည်ရွယ်ခဲ့ဘူးလို ပြောထားပါတယ်။

ဂရိုင်နာဟာ မတရားဖမ်းဆီး ခံထားရတာဖြစ်ပြီး အမေရိကန်မှာ ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတဲ့ ရုရှားလက်နက် ရောင်းဝယ်သူနဲ့ လဲလှယ်မှု ပြုလုပ်ဖို့ ကမ်းလှမ်းထားတယ်လို့ ဝါရှင်တန်က ပြောပါတယ်။ မော်စကို ဘက်ကလည်း အကျဉ်းသား လဲလှယ်မှု ပြုလုပ်နိုင်ဖို့ လမ်းဖွင့်ပေးထားပါတယ်။

စက်တင်ဘာလက မော်စကိုထံ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်က ဂရိုင်နာနဲ့ အမေရိကန် မရိန်းတပ်သားဟောင်း ဝီလန်တို့ ၂ ဦးကို အခုနှစ်ကုန်ပိုင်းမှာ လွှတ်ပေးနိုင်မယ်လို့ ယုံကြည်နေတာပါ။

အမေရိကန်ကောင်စစ်ဝင် အရာရှိကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်က အကျဉ်းသား ၂ ဦးနဲ့ ဖုန်းစကား ပြောခဲ့တယ် လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က ဝါရှင်တန်ဟာ ဂရိုင်နာနဲ့ ဝီလန်တို့ ၂ ဦး လွတ်မြောက်နိုင်ဖို့အတွက် လုပ်ဆောင်ပေးနေတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာကို ဂုဏ်ပြုတဲ့ နံရံဆေးရေးပန်းချီ ဗျူနိုအေရိစ်မှာ ရေးဆွဲခဲ့

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာကို ဂုဏ်ပြုတဲ့ နံရံဆေးရေးပန်းချီ ဗျူနိုအေရိစ်မှာ ရေးဆွဲခဲ့

By CNI
CNI
Category: အားကစား
Hits: 1113

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅

အာဂျင်တီးနား နံရံဆေးရေးပန်းချီရေးဆွဲသူ ပညာရှင်တစ်ဦးဟာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္တဝင်မာရာဒိုနာရဲ့ ကြီးမားတဲ့ နံရံဆေးရေးပန်းချီကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့မှာ ရေးဆွဲလိုက်ပါတယ်။

ဒါက အောက်တိုဘာလအကုန်မှာ အသက် ၆၂ နှစ်ပြည့်မယ့် မာရာဒိုနာရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ဂုဏ်ပြုခဲ့တာလို့ သိရတာပါ။မာတင်ရွန်လို့ အမည်ရတဲ့ ၎င်းပညာရှင်ဟာ မာရာဒိုနာရဲ့ပုံကို မြို့လယ် ၁,၆၀၀ စတုရန်း မီတာရှိ နံရံပေါ်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ၁၉၉၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲကပုံကို အခြေခံပြီး ရေးဆွဲ ခဲ့တာဖြစ်ပြီး ဒီပွဲမှာ အာဂျင်တီးနားအသင်းက အရေးနိမ့်ခဲ့တာပါ။

အသက် ၄၁ နှစ်အရွယ်ရှိ မာတင်ရွန်က “သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ ကျနော်တို့ သိထားပြီး သားပါ။ဒါပေမယ့် သူက ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုရင် သူက စစ်သည်တော်တစ်ဦးပါ။သူဟာ ဒုက္ခမှန်သမျှကိုလည်း ရင်ဆိုင်နိုင်ပါတယ်။သူ့ဆီရောက်လာတဲ့ အရာတိုင်းကိုလည်း ရင်ဆိုင်ကျော်ဖြတ်နိုင်ပါတယ်” လို့ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

မာရာဒိုနာဟာ နှလုံးသွေးကြောပိတ်ရောဂါကြောင့် ၂၀၂၀ နိုဝင်ဘာလမှာ ကွယ်လွန်သွားခဲ့တာပါ။မာတင်ရွန်နဲ့ အတူ ၇ ဦးပါဝင်တဲ့အဖွဲ့ဟာ မာရာဒိုနာရဲ့ နံရံဆေးရေးပန်းချီကို အပြီးသတ်နိုင်အောင် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ဒီနံရံဆေးရေးပန်းချီဟာ အမြင့် ၄၅ မီတာ ဝန်းကျင်ရှိပြီး နယူးယော့ခ်မှာရှိတဲ့ လေဘာတီရုပ်တု အမြင့် နဲ့ ဆင်တူတယ်လို့ မာတင်ရွန်က ပြောခဲ့တာပါ။အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ်သာ ရယူထားပေမယ့် မာတင်ရွန်က ကြယ် ၃ ခုထည့်ခဲ့တာဖြစ်ပါတယ်။

သူ့အနေနဲ့ ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်နိုင်ဖို့ မျှော်လင့်နေတဲ့အတွက် နောက်ထပ် ကြယ် ၁ ခု ထပ်ထည့်တာဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင်အတွက် ပွဲပေါင်း ၉၁ ပွဲပါဝင်ကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူကာ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:Reuters

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားမတိုင်ခင် ယူနိုက်တက်အတွက် ဗာရန်း ပါဝင်ကစားပေးနိုင်ဖွယ်မရှိ

By CNI
CNI
Category: Watch TV
Hits: 689

Share
Tweet
Share
Share
powered by social2s

ခက်ခဲတဲ့အချိန်တွေရောက်လာပြီလို့ အသင်းဖော်တွေကို ဂျီးဆပ်စ်သတိပေး

By CNI
CNI
Category: Watch TV
Hits: 708

Share
Tweet
Share
Share
powered by social2s

မက်ဆီ ကမ္ဘာ့ဖလားရမှာကို မြင်တွေ့လိုခြင်းမရှိတဲ့ ဘရာဇီးလ် ရော်နယ်ဒို

By CNI
CNI
Category: အားကစား
Hits: 1781

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

ဘရာဇီးလ်ဂန္တဝင် ရော်နယ်ဒိုကတော့ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီ ကမ္ဘာ့ဖလား ချန်ပီယံဆု ကိုင်မြှောက်တာကို မြင်တွေ့လိုခြင်းမရှိဘူးလို့ ဝန်ခံလိုက်ပါတယ်။

ရော်နယ်ဒိုက “သူသာ စပိန်နိုင်ငံသားဆိုရင်ပေါ့။ဒါပေမယ့် ဘရာဇီးလ်နဲ့ အာဂျင်တီးနားဆိုတာ ပြိုင်ဆိုင်မှု ကြီးမားပါတယ်။လေးစားမှုတွေနဲ့အတူ မယုံနိုင်စရာကောင်းတဲ့ ပြိုင်ဆိုင်မှုတွေရှိခဲ့ပြီး ဒါဟာ ဘောလုံးလောကရဲ့ ချစ်စရာအကောင်းဆုံးအရာပါ။ဒါပေမယ့် အာဂျင်တီးနားကမ္ဘာ့ဖလားရယူဖို့တော့ မစဉ်းစားပါဘူး။မက်ဆီနဲ့ ထိုက်တန်လားဆိုရင်တော့ ထိုက်တန်ပါတယ်။ဒါပေမယ့် သူ့ကို ကျနော် ပံ့ပိုးပေးမှာမဟုတ်ပါဘူး။ ကျနော်သူ့ကို ချစ်ပေမယ့် သူဆိုရင်လည်း ဒီလိုပဲခံစားရမှာမို့ ဒါကို သူနားလည်မှာပါ” လို့ မက်ဆီ ကမ္ဘာ့ဖလားရတာကို မြင်တွေ့ ချင်လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး The Guardian ကို ဖြေခဲ့တာပါ။

ရော်နယ်ဒိုဟာ ဘရာဇီးလ်လက်ရွေးစင်အတွက် ပွဲပေါင်း ၉၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၉၉၄ နဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာ ၁၉၉၄ ပြိုင်ပွဲမှာ မကစားခဲ့ရပေမယ့် ၂၀၀၂ ပြိုင်ပွဲ မှာတော့ ၈ ဂိုးသွင်းယူကာ ရွှေဖိနပ်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကိုပါ ဘရာဇီးလ်ဆီ သယ်ဆောင်လာနိုင် ခဲ့တာပါ။မက်ဆီကလည်း သူ့ရဲ့ကစားသမားဘဝမှ ပထမဆုံးကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ရည်မှန်းနေတာ ဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၄ က ကမ္ဘာ့ဖလားဆုဖလားကို ကိုင်မြှောက်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ ရတာပါ။မက်ဆီအတွက်တော့ အခုကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။အဲဒါကြောင့်လည်း အာဂျင်တီးနားအသင်း ခေါင်းဆောင်ဟာ နောက်ဆုံး ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားချန်ပီယံဆုကို အရယူဖို့ ပစ်မှတ်ထားနေပြီး ဒါမှလည်း သူ့ရဲ့ ကစားသမားဘဝဟာ ပြီးပြည့်စုံ သွားမှာပါ။

မက်ဆီဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကြောက်တဲ့ အသင်းမရှိဘူးလို့ ဖြေထားပါတယ်။

မက်ဆီက “ကျနော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နေကြပြီး လူတွေက ဆုဖလားနဲ့အတူ ပြန်လာမယ်လို့ ပြောနေကြပေမယ့် ဒီလိုမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားက အလွန်ခက်ခဲပါတယ်။ကျနော်တို့ဟာ ဒီပြိုင်ပွဲအတွက် စိတ်အားထက်သန်နေပြီး အတူတူတိုက်ပွဲဝင်ကြမယ်၊ ဘယ်အသင်းကိုမှ ကြောက်စရာ မရှိပါဘူး။ ကျနော်တို့ဟာ ဘယ်အသင်းနဲ့မဆို ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ပါပဲ။ စိတ်အေးအေးချမ်းချမ်းနဲ့ပေါ့” လို့ Directv Sports ရုပ်သံ လိုင်းကို ပြောခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၅ ပွဲဆက် ရှုံးပွဲမရှိဖြတ်သန်းနေပြီး ကိုပါအမေရိကပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်တာဖြစ်ပါတယ်။

Source:Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s
နည်းပြ ကင်နာဗားရိုးကိုတွေ့ရစဉ် (Goal)

ဘီနီဗန်တိုအသင်းကို ၄ ပွဲ ကိုင်တွယ်အပြီး နုတ်ထွက်ဖို့ ကင်နာဗားရိုး ကြိုးစားခဲ့

By CNI
CNI
Category: အားကစား
Hits: 1382

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

အီတလီနောက်ခံလူဟောင်း ကင်နာဗားရိုးဟာ ဘီနီဗန်တိုအသင်းကို ၄ ပွဲသာ ကိုင်တွယ်ထားရသေးပေမယ့် နည်းပြရာထူးကနေ နုတ်ထွက်ဖို့ ကြိုးစားခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဘီနီဗန်တိုအသင်းဟာ ကင်နာဗားရိုး ကိုင်တွယ်ခဲ့တဲ့ ၄ ပွဲမှာ ၂ မှတ်သာ ရရှိခဲ့တာပါ။ ကင်နာဗားရိုးဟာ အာရှမှာ နည်းပြဘဝ အောင်မြင်မှု ရခဲ့ပေမယ့် စီးရီးဘီပွဲစဉ်မှာ ဘီနီဗန်တိုအသင်းက ကိုမိုအသင်းကို အရေးနိမ့်ပြီးနောက် ရာထူးကနေ နုတ်ထွက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကင်နာဗားရိုးရဲ့ တောင်းဆိုမှုကို ဘီနီဗန်တိုအသင်းဥက္ကဋ္ဌ ဗီဂိုရီတိုက ပြင်းပြင်းထန်ထန်ကို ပယ်ချခဲ့တာလို့ သိရပါ တယ်။ ကင်နာဗားရိုးဟာ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရတဲ့ ကာဆာတာရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဘီနီဗန်တိုအသင်းကို ကိုင်တွယ်ခဲ့တာပါ။

၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီတလီအသင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ကင်နာဗားရိုးက နုတ်ထွက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ အတည်ပြု ခဲ့ပါတယ်။

နည်းပြ ကင်နာဗားရိုးကိုတွေ့ရစဉ် (Getty Images)

ကင်နာဗားရိုးက “ ကျနော်နုတ်ထွက်စာ တင်ခဲ့တာက မှန်ကန်တဲ့ လုပ်ရပ်လို့ ယူဆတာကြောင့်ပါ။ ဘာဖြစ်လို့လဲ ဆိုရင် ဖော်ဂီယာက အားကစားဒါရိုက်တာ ဖြစ်သလို သူငယ်ချင်းလည်းဖြစ်လို့ပါ။ ဒါပေမယ့် ကျနော် နုတ်ထွက်မှာ ကို သူတို့ဘက်က ငြင်းပယ်ခဲ့ပါတယ်”လို့ AS သတင်းဌာနကို ပြောခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ဘောလွန်းဒီအောဆုရှင်ဟာ လက်ရှိ အခြေအနေကို ပြောဖို့အတွက် ရက်အနည်းငယ် အတွင်းမှာ အသင်း ဥက္ကဋ္ဌနဲ့ တွေ့ဆုံသွားဖို့ မျှော်လင့်ထားပါတယ်။

ကင်နာဗားရိုးဟာ ၂၀၁၁ မှာ ကစားသမားဘဝက အနားယူပြီးနောက် တရုတ်လက်ရွေးစင်အသင်း အပါအဝင် ကလပ်အသင်း ၅ သင်းကို ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကင်နာဗားရိုးဟာ ဥရောပ မှာ နည်းပြလုပ်ဖို့ အဆင်သင့် ဖြစ်နေတာကြောင့် ပထမဆုံးအသင်းအဖြစ် ဘီနီဗန်တိုအသင်းကို ကိုင်တွယ်ခဲ့တာပါ။

ကင်နာဗားရိုးက “ ကစားသမားတွေက ကျနော့်စကား နားထောင်ကြပေမယ့် အမှားတွေ အများကြီး ပြုလုပ်ကြပါ တယ်။ ကစားတာနဲ့ အနိုင်ရတာရဲ့ ကွာခြားချက်ကို နားလည်အောင် လုပ်ရပါမယ်”လို့ ပြောခဲ့ပါတယ်။

ဘီနီဗန်တို အသင်းဟာ ရလဒ်ဆိုးတွေကြောင့် စီးရီးဘီ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37

Page 33 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar