CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဒဏ်ရာရသွားလို့ လှဲနေတဲ့ ဗာရန်းကိုတွေ့ရစဉ် (ESPN)

ကမ္ဘာ့ဖလားမတိုင်ခင် ယူနိုက်တက်အတွက် ဗာရန်း ပါဝင်ကစားပေးနိုင်ဖွယ်မရှိ

By CNI
CNI
Category: အားကစား
Hits: 1432

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

ယူနိုက်တက်အသင်း ကစားသမား ဗာရန်းဟာ ချယ်လ်ဆီး အသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ကစားမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြပါတယ်။

ချယ်လ်ဆီး အသင်းနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကို MRI စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဗာရန်းဟာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူရတော့မှာပါ။ ဗာရန်းရဲ့ ဒဏ်ရာ အခြေအနေ မပြင်းထန်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေကို ထိခိုက် နိုင်ဖွယ် မရှိပါဘူး။

ရီးရယ်လ် နောက်ခံလူဟောင်းဟာ ကြံ့ခိုင်မှုပိုင်းကြောင့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်း လူစာရင်းကို နိုဝင်ဘာလ ၉ ရက်မှာ ထုတ်ပြန်မှာ ဖြစ်ပေမယ့် ပြိုင်ပွဲ ဝင်မယ့် နိုင်ငံတွေဟာ ပထမပွဲ မကစားခင် တစ်ရက်အလိုထိ ဒဏ်ရာရ ကစားသမားတွေ နေရာမှာ အစားထိုး နိုင်ပါတယ်။

ဗာရန်း ဒဏ်ရာကြောင့် ပွဲအတွင်းက ထွက်သွားနေစဉ် (Sport)

ဗာရန်းရဲ့ ဒဏ်ရာ အခြေအနေဟာ ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ် အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာ မာတီးနတ်စ်နဲ့ အတွဲညီကာ ခြေစွမ်းပြသနေပါတယ်။

ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ယူရိုပါလိဂ် ၂ ပွဲ၊ ပရီးမီးယားလိဂ် ၃ ပွဲနဲ့ ကာရာဘောင်း ဖလား ၁ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေကို ဗာရန်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဗာရန်းဟာ ယူနိုက်တက် အသင်းကို ရောက်ရှိလာကတည်းက ဒဏ်ရာတွေကြောင့် မကြာခဏ ဆိုသလို အနားယူနေရတာပါ။

လက်ရှိအချိန် ယူနိုက်တက်အသင်း ဗဟိုခံစစ်ပိုင်းမှာ လင်ဒီလော့ဖ် ရှိနေသလို အသင်းခေါင်းဆောင် မက်ဂွဲယား ကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ရှရစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

 

 

 

 

Share
Tweet
Share
Share
powered by social2s

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေနဲ့ မိတ်ဆက် (အပိုင်း ၁၆)

By CNI
CNI
Category: Watch TV
Hits: 866

Share
Tweet
Share
Share
powered by social2s
၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကစားသမားများ (GETTY IMAGES)

ကစားသမားတွေအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1922

CNI Sport Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပဖို့ တစ်လတောင် မလိုတော့တဲ့ အချိန်မှာ ကစားသမားတွေကတော့ ဒီပြိုင်ပွဲကြီးမှာ မပါဝင်ရမှာကို စိုးရိမ်မှုတွေ ရှိလာကြပြီ ဖြစ်ပါတယ်။

ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ပုံမှန်ကျင်းပနေကျ နွေရာသီမှာ မဟုတ်ဘဲ ဆောင်းရာသီမှာ ကျင်းပမယ့် ပွဲဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့ ပူပြင်းမှုကြောင့် ဆောင်းရာသီမှာ ပြောင်းလဲ ကျင်းပတာဟာ ကစားသမားတွေအတွက် ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။

နွေရာသီမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဆိုရင် ကစားသမားတွေဟာ ဥရောပလိဂ်တွေ ပြီးဆုံးပြီးမှ နိုင်ငံအသင်းတွေနဲ့ ပူးပေါင်းပြီး ယှဉ်ပြိုင်ရတာပါ။ အခုပြိုင်ပွဲမှာတော့ ကစားသမားတွေဟာ ဒီပြိုင်ပွဲ မတိုင်ခင် လိဂ်ပြိုင် ပွဲတွေမှာ အားထုတ်ပြီး ကစားနေရသလို ပြိုင်ပွဲအပြီးမှာလည်း အရှိန်တက်လာနေတဲ့ လိဂ်ပြိုင်ပွဲတွေကို ပိုပြီး အားစိုက်လာရတော့မှာ ဖြစ်ပါတယ်။

ဘောလုံးကစားသမားများ ကာတွန်းရုပ်ပုံကိုတွေ့ရစဉ် (GETTY IMAGES)

အခုအချိန်မှာတော့ ကစားသမားတွေဟာ သက်ဆိုင်ရာ အသင်းတွေအတွက် စိတ်နှစ်ပြီး ကစားနေတာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ သံသယရှိနေပြီ၊ မပါဝင်နိုင်တော့ဘူးဆိုတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာ ပိုပြီး ကြားနေရပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲက နီးကပ်လာတာကြောင့်ပါ။ ပြင်းထန်တဲ့ ဒဏ်ရာ မဟုတ်ဘဲ အသေးစား ဒဏ်ရာ ရခဲ့မယ်ဆိုရင်တောင် ပြန်ပြီး ကောင်းမွန်ဖို့က အချိန်ယူရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒါဆိုရင် ၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ သူတို့ရဲ့ အိမ်မက်တွေကို လွှင့်ပစ်ရဖို့ ရှိနေတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့က ကစားသမားတိုင်းရဲ့ အိမ်မက်တစ်ခု ဖြစ်ပါတယ်။

ခြေစစ်ပွဲ မအောင်လို့ မပါဝင်ရတာက ဘာမှမဖြစ်ပေမယ့် ခြေစစ်ပွဲအောင်ပြီး ဒဏ်ရာကြောင့် မပါဝင်နိုင်တာက သူတို့အတွက် ထိခိုက်မှုကြီးမားတယ်လို့ ဆိုရမှာပါ။ လက်ရှိ ခြေစစ်ပွဲ အောင်ထားတဲ့ အသင်းတွေက ကစားသမား တွေဆိုရင် နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။

ဒဏ်ရာရသွားသော ကန်တီကို တွေ့ရစဉ်

နောက်တစ်ကြိမ် စောင့်ရမယ့် ၄ နှစ်ဆိုတာ ဘယ်ကစားသမားအတွက်မှ မသေချာတာကြောင့် ဒီလိုပွဲမျိုးကို လက်လွှတ်ဖို့က သူတို့အတွက် မဖြစ်နိုင်တဲ့အရာပါ။

ဒါဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်အောင် ကလပ်အသင်းအတွက် ကစားတဲ့နေရာမှာ ဒဏ်ရာမရအောင် ရှောင်ပြီး ကစားဖို့ဆိုတာကလည်း ကစားသမားတွေအတွက် လက်တွေ့မှာ မလွယ်ကူပါဘူး။ ကွင်းထဲရောက်ပြီ ဆိုတာနဲ့ ဘယ်ကစားသမားမဆို နိုင်လိုစိတ် ပြင်းထန်တာကြောင့် ဒဏ်ရာရတာတွေကို အသာထားပြီး အသင်း နိုင်ပွဲရဖို့ကိုသာ ဦးတည်လာခဲ့တာပါ။

ပွဲပြီးမှသာ ဒဏ်ရာရလို့ ကမ္ဘာ့ဖလားလွဲနိုင်မယ့် အခြေအနေကြောင့် ငိုကြွေးတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာတွေကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို မပါဝင်နိုင်မယ့် ကစားသမားတွေလည်း အများကြီး ရှိနေပါတယ်။ အခုဆိုရင် ပြင်သစ်ကွင်းလယ်လူ ကန်တီ၊ ပေါ်တူဂီတိုက်စစ်မှူး ဂျိုတာ၊ နယ်သာလန် ကွင်းလယ်လူ ဝစ်ချ်နယ်လ်ဒန်းနဲ့ အင်္ဂလန်နောက်ခံလူ ရီစီဂျိမ်းစ်တို့ကတော့ ဒီပြိုင်ပွဲကို ပါဝင်နိုင်ဖို့ မရှိတော့ပါဘူး။

ဒိုင်ဘားလား၊ ပေါ့ဘာ၊ ဒီမာရီယာနဲ့ ဝေါ်လ်ကာတို့ကတော့ ပြိုင်ပွဲပါဝင်နိုင်ဖို့ မျှော်လင့်ချက် ရှိနေကြသေးတာ ဖြစ်ပါတယ်။

မျှော်လင့်ချက် ရှိကြတယ်ဆိုပေမယ့် ကြံ့ခိုင်မှုပိုင်း ပြန်ကောင်းအောင် အရင်ဦးစားပေး လုပ်ဆောင်ကြရမှာဖြစ်ပြီး လက်ရွေးစင်အသင်း နည်းပြတွေကလည်း သူတို့ကို ရွေးချယ်ဖို့ တော်တော်လေးကို စဉ်းစား ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။

ပေါ့ဘာကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးမှာ ရာနှုန်းပြည့် ဒေါင်ဒေါင်မြည် ကောင်းမွန်တဲ့ ကစားသမားတွေသာ နည်းပြတွေက အသင်းလူစာရင်းထဲ ခေါ်ဆောင်သွားချင်ကြတာပါ။ ဒါမှလည်း ပွဲတွေကစားတဲ့အချိန် သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လိဂ်ပွဲတွေ၊ ဥရောပပွဲတွေကလည်း ဆက်နေတာကြောင့် နည်းပြတွေကတော့ သူတို့အားကိုး ရမယ့် ကစားသမားတွေ ဒဏ်ရာမရဖို့ မျှော်လင့်နေကြသလို ကစားသမားတွေ ဘက်ကလည်း ဒဏ်ရာကို ရှောင်လွှားနိုင်ဖို့ လုပ်ဆောင်ကြမှာ အသေအချာပါပဲ။

ပရိသတ်တွေကလည်း သူတို့အားပေးတဲ့ ကစားသမားတွေ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်မှာကို စောင့်ကြည့်ပြီး အားပေးဖို့ အဆင်သင့် ဖြစ်နေကြပါတယ်။

အဲ့ဒါကြောင့်လည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေ အမြန်သက်သာပြီး တခြား ကစားသမားတွေလည်း ဒဏ်ရာကင်းကင်းနဲ့ သူတို့ အိမ်မက်ကို အကောင်အထည် ဖော်နိုင်ဖို့ ဆန္ဒပြုလိုက် ရပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

တားမြစ်ဆေးသုံးစွဲလို့ ကမ္ဘာ့အဆင့်တင်းနစ်မယ်ဟောင်း ယာယီဆိုင်းငံ့ခံရ

By CNI
CNI
Category: Watch TV
Hits: 665

Share
Tweet
Share
Share
powered by social2s

ဟာလန်းက ပေါင် ၁ ဘီလီယံတန်ကြေးရှိ ကစားသမားဖြစ်လာမယ်လို့ အေးဂျင့်ပြော

By CNI
CNI
Category: Watch TV
Hits: 656

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 765

Share
Tweet
Share
Share
powered by social2s
မက်ဆီကိုတွေ့ရစဉ် (Reuters)

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကြောက်တဲ့ အသင်းမရှိဘူးလို့ မက်ဆီပြော

By CNI
CNI
Category: အားကစား
Hits: 1617

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်းကိုမှ မကြောက်ဘူးလို့ အသင်းခေါင်းဆောင် မက်ဆီက ပြောလိုက်ပါတယ်။

မက်ဆီက “ ကျနော်တို့ ကောင်းမွန်စွာ လုပ်ဆောင်နေကြပြီး လူတွေက ဆုဖလားနဲ့အတူ ပြန်လာမယ်လို့ ပြောနေ ကြပေမယ့် ဒီလိုမျိုး မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားက အလွန်ခက်ခဲပါတယ်။ ကျနော်တို့ဟာ ဒီပြိုင်ပွဲအတွက် စိတ်အား ထက်သန်နေပြီး အတူတူတိုက်ပွဲဝင်ကြမယ်၊ ဘယ်အသင်းကိုမှ ကြောက်စရာ မရှိပါဘူး။ ကျနော်တို့ဟာ ဘယ် အသင်းနဲ့မဆို ယှဉ်ပြိုင်ကစားဖို့ အဆင်သင့်ပါပဲ။ စိတ်အေးအေးချမ်းချမ်းနဲ့ပေါ့”လို့ Directv Sports ရုပ်သံလိုင်းကို ပြောခဲ့တာပါ။

ကိုပါအမေရိက ချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၁၉ ကတည်းက လက်ရှိအချိန်ထိ ၃၅ ပွဲဆက်တိုက် ရှုံးပွဲ မရှိဘဲ အကောင်းဆုံးပုံစံ ရရှိနေတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆော်ဒီ၊ ပိုလန်၊ မက္ကဆီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ၁၉၈၆ နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာပါ။

အာဂျင်တီးနား အသင်းဟာ ၂၀၁၈ ပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံကို အရေးနိမ့်ပြီး ၁၆ သင်းအဆင့်က လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

ဥရုဂွေးနဲ့ အာဂျင်တီးနားအသင်း ယှဉ်ပြိုင်နေစဉ် (Reuters)

မက်ဆီကတော့ အဖွင့်ပွဲစဉ်အဖြစ် ကစားမယ့် ဆော်ဒီအသင်းနဲ့ ပွဲစဉ်ဟာ အာဂျင်တီးနားအသင်းရဲ့ အခွင့်အရေး အတွက် အဓိက အချက်ဖြစ်တယ်လို့ တွေးမြင်နေတာပါ။

မက်ဆီက “ ပထမပွဲရဲ့ ပထမမိနစ်မှာ စိုးရိမ်မှုတွေက ထိန်းချုပ်ရ ခက်ပါတယ်။ နိုင်ပွဲနဲ့ စတင်မှသာ စိတ်ငြိမ်သက် မှုကို ပေးတာကြောင့် ပထမပွဲက အလွန်အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာဆို ကျနော်တို့ သရေနဲ့သာ စတင်နိုင်ခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် နိုဝင်ဘာလ ၁၆ ရက်မှာ ယူအေအီးအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

နိုင်ငံအတွင်းက ထွက်ခဲ့ပေမယ့် ရုရှားနိုင်ငံသားဖြစ်ခွင့် ဒေဗီတိုဗာ စွန့်လွှတ်မှာမဟုတ်

By CNI
CNI
Category: အားကစား
Hits: 1474

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

အိုလံပစ်ရွှေတံဆိပ်ဆု ၅ ကြိမ်ရရှိထားတဲ့ ရေကူးချန်ပီယံ ဒေဗီတိုဗာဟာ နိုင်ငံအတွင်းကနေ ထွက်ခွာ သွားခဲ့ပေမယ့် ရုရှားနိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ သတင်းတွေအရ သိရပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ဒေဗီတိုဗာဟာ စက်တင်ဘာလက ရုရှားနိုင်ငံကနေ ထွက်ခွာခဲ့ပြီး မွေးရပ်မြေကို ပြန်လာဖို့ အစီအစဉ်မရှိဘူးလို့ သူ့ရဲ့ ရေကူးစင်တာရှိ ဝန်ထမ်းတွေကို အကြောင်းကြားခဲ့တာပါ။

ရုရှားအိုလံပစ်ကော်မတီက အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေဗီတိုဗာဆီကနေ တရားဝင် နုတ်ထွက်စာမရရှိသေးသလို သူမထွက်ခွာခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် ရုရှားရေကူး အဖွဲ့ချုပ်အကြီးအကဲ ဗလန်တီနာကို ကိုးကားပြီး ဒေဗီတိုဗာဟာ သူမရဲ့အစီအစဉ်တွေကို ညွှန်ပြတဲ့ အဖွဲ့အစည်းထံကို စာတစ်စောင်ပေးပို့ခဲ့တယ်လို့ TASS သတင်းဌာနက ကြာသပတေးနေ့က ဖော်ပြ ခဲ့တာပါ။ဒေဗီတိုဗာဟာ သူ့ရဲ့အဖွဲ့အစည်းကနေ နုတ်ထွက်ခွင့်ပြုဖို့ အဖွဲ့ချုပ်ဥက္ကဋ္ဌထံ တောင်းဆိုတဲ့ ကြေညာချက် တစ်စောင်ကိုပေးပို့ခဲ့တယ်လို့ ဗလန်တီနာက ပြောခဲ့ပါတယ်။ဒါ့အပြင် နိုင်ငံအတွင်းကနေ ဒေဗီတိုဗာထွက်ခွာခဲ့ရတဲ့ အကြောင်းအရင်းကိုလည်း သူမမသိခဲ့ဘူးလို့ ဗလန်တီနာက ပြောခဲ့တာပါ။

“ကျမမေးခဲ့တဲ့ တစ်ခုတည်းသောမေးခွန်းက ရုရှားနိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်မှာလားဆိုပြီးတော့ပေါ့။ သူမ ကတော့ စွန့်လွှတ်မှာမဟုတ်ဘူးဆိုပြီး ပြန်ရေးသားခဲ့တယ်လို့” ဗလန်တီနာက ပြောခဲ့တာဖြစ်ပါတယ်။

ဒေဗီတိုဗာဟာ အိုလံပစ်ရွှေတံဆိပ်ဆု ၅ ကြိမ်၊ ကမ္ဘာ့ချန်ပီယံဆု ၁၃ ကြိမ်နဲ့ ဥရောပချန်ပီယံဆု ၇ ကြိမ်ရယူထား နိုင်ခဲ့ပြီး ရေကူးလောကရဲ့ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပါ။ အိုလံပစ်ရွှေတံဆိပ် ၅ ကြိမ်ကို သူမဟာ ၂၀၀၄ အေသင်နဲ့ ၂၀၀၈ ဘေဂျင်းပြိုင်ပွဲတွေမှာ ၂ ကြိမ်စီနဲ့ ၂၀၁၂ လန်ဒန်ပြိုင်ပွဲမှာ ၁ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်နိုင်ငံတည်းသူဖြစ်တဲ့ ရိုမာရှီနာဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ ခုရယူနိုင်ခဲ့တာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၇ ကြိမ်ရယူနိုင်ခဲ့ပြီး ဒေဗီတိုဗာရဲ့ စံချိန်ကို ၂ ကြိမ်အသာရယူပြီး ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:အာရ်တီသတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

တားမြစ်ဆေးသုံးစွဲလို့ ကမ္ဘာ့အဆင့်တင်းနစ်မယ်ဟောင်း ယာယီဆိုင်းငံ့ခံရ

By CNI
CNI
Category: အားကစား
Hits: 1361

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

ကမ္ဘာ့အဆင့် ၁ တင်းနစ်မယ်ဟောင်း ဆီမိုနာဟာလပ်ဟာ တားမြစ်ထားတာကို သုံးစွဲကြောင်း တွေ့ရှိရပြီးနောက် တင်းနစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ယာယီဆိုင်းငံ့ခံလိုက်ရပြီဖြစ်ပါတယ်။

ဆီမိုနာဟာလပ်ဟာ သြဂုတ်လက အမေရိကန်အိုးပန်းပြိုင်ပွဲအတွက် စမ်းသပ်ဖို့ ပေးပို့ထားတဲ့ နမူနာထဲမှာ Roxadustat သုံးစွဲကြောင်းတွေ့ရှိရတာပါ။ Roxadustat ဟာ သွေးအားနည်းရောဂါကို တိုက်ဖျက်တဲ့ဆေးဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥတွေ ထုတ်လုပ်မှုကို လှုံဆော်ပေးတာလို့ သိရပါတယ်။ဒီဆေးသုံးစွဲမှုကို နိုင်ငံတကာ တင်းနစ်သမာဓိအေဂျင်စီက ပိတ်ပင်ထားတာပါ။အဲဒါကြောင့် ဆီမိုနာဟာလပ်ဟာ တင်းနစ်ယှဉ်ပြိုင်ခွင့် ယာယီ ဆိုင်းငံ့ခံရတာဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ရိုမေးနီးယားတင်းနစ်မယ်ကတော့ ဒီသတင်းဟာ သူမဘဝ အတွက် အကြီးမားဆုံးအံသြတုန်လှုပ်မှုအဖြစ် ဖော်ပြခဲ့တာပါ။ဆီမိုနာဟာလပ်က “ ဒီနေ့ဟာ ကျမဘဝရဲ့ အခက်ခဲဆုံးပွဲဖြစ်ခဲ့ပြီး အမှန်တရားအတွက် တိုက်ပွဲတစ်ခုကို စတင်ခဲ့ပါတယ်။ကျမရဲ့ ကစားသမား ဘဝ တစ်လျှောက် လိမ်လည်လှည့်ဖြားမယ်ဆိုတဲ့ အတွေးမျိုး စိတ်ထဲမှာ တစ်ခါမှမရောက်ခဲ့ဖူးပါဘူး။ဒါဟာ ကျမ သင်ယူခဲ့ရတဲ့ တန်ဖိုးတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။ ဒီလိုမျှတမှုမရှိတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာ ဟာ လုံးဝကို စိတ်ရှုပ်ထွေးပြီး သစ္စာဖောက်နေသလိုကိုခံစားရတယ်” လို့ သူမရဲ့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဆီမိုနာဟာလပ်ဟာ ၂၀၁၈ မှာ ဂရမ်းဆလမ်းချန်ပီယံဆုတွေဖြစ်တဲ့ ပြင်သစ်အိုးပန်းနဲ့ ဝင်ဘယ်လ်ဒန်အိုးပန်း ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့သူပါ။၂၀၁၆ က ရုရှားတင်းနစ်မယ် ရှာရာပိုဗာ ဆေးစစ်မှု မအောင်မြင်ပြီးနောက်ပိုင်း ဆီမိုနာဟာလပ်ဟာ ဒီလိုကြုံတွေ့ရတဲ့ ပထမဆုံးနာမည်ကြီး တင်းနစ်ပြိုင်ပွဲဝင်ဖြစ်လာခဲ့ပါတယ်။ ဟာလပ် ကတော့ ဒါကို အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ပြောထားတာပါ။

ရိုမေးနီးယားတင်းနစ်မယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက သူမရဲ့ အသက်ရှူမှု ပိုမိုကောင်းမွန်လာဖို့ နှာခေါင်း ခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး ၂၀၂၂ ရာသီကို စောစီးစွာအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။သူမဟာ အခုနှစ် WTA ပြိုင်ပွဲမှာ ချန်ပီယံဆု ၂ ကြိမ်ရယူနိုင်ခဲ့ပြီး ဝင်ဘယ်လ်ဒန်အိုးပန်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်ခဲ့တာပါ။

နိုင်ငံတကာတင်းနစ်သမာဓိအေဂျင်စီ(ITIA) က ဟာလပ်ပေးပို့ခဲ့တဲ့ B နမူနာကို ခွဲခြမ်းစိတ်ဖြာခဲ့တာမှာ Roxadustat သုံးစွဲတာကို တွေ့ရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။အဆိုပါဆေးဟာ ကျောက်ကပ်ပြဿနာရှိတဲ့ လူနာတွေကို ကုသရာမှာ အသုံးပြုတယ်လို့လည်း သိရပါတယ်။

Source:BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဟာလန်းနဲ့သူ့ရဲ့ အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာတို့ကိုတွေ့ရစဉ်

ဟာလန်းက ပေါင် ၁ ဘီလီယံတန်ကြေးရှိ ကစားသမားဖြစ်လာမယ်လို့ အေးဂျင့်ပြော

By CNI
CNI
Category: အားကစား
Hits: 1069

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂

မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်းဟာ ကမ္ဘာပေါ်မှာ ပေါင် ၁ ဘီလီယံ တန်ကြေးရှိတဲ့ ပထမဆုံး ကစားသမား ဖြစ်လာလိမ့်မယ်လို့ အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာက ပြောလိုက်ပါတယ်။

ဟာလန်းရဲ့ အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာက “ အာလင်းက ဈေးကွက်မှာ ပေါင် ၁ ဘီလီယံ တန်ကြေးရှိ ပြောင်းရွှေ့ကြေးကို ရနိုင်မယ့် ပထမဆုံး ကစားသမားလို့ ထင်ပါတယ်။ သူ့ရဲ့ ဘောလုံးတန်ဖိုး၊ ပုံရိပ်တန်ဖိုးနဲ့ စပွန်ဆာ တန်ဖိုးတွေကို ပေါင်းလိုက်မယ်ဆိုရင် ပေါင် ၁ ဘီလီယံဆိုတာ အသေအချာပါပဲ။ ဘတ်ပီနဲ့ ဟာလန်းကို နှိုင်းယှဉ်နေတယ်ဆိုတာက ပုံမှန်လိုပါပဲ”လို့ ပြောခဲ့တာကို ဒေးလီးမေးလ်က ဖော်ပြထားတာပါ။

မန်စီးတီးအသင်းဟာ နော်ဝေတိုက်စစ်မှူး ဟာလန်းကို ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၅၁.၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ လက်ရှိအချိန်မှာ မန်စီးတီးအတွက် ဂိုးသွင်းခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ၁၄ ပွဲ ပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူထားကာ စံချိန်သစ် တွေလည်း အများအပြား ရယူထားနိုင်ခဲ့တာပါ။

အေးဂျင့်ဖြစ်သူ ရာဖေလာပီမန်တာကိုတွေ့ရစဉ် 

ဟာလန်းရဲ့ အေးဂျင့်ဟောင်းဖြစ်သူ ရွိုင်အိုလာ ကွယ်လွန်ပြီး သူ့ရဲ့ ကစားသမားတွေကို ပီမန်တာက အေးဂျင့်သစ် အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဟာလန်းကို ဖခင်ဖြစ်သူကလည်း အကြံပေးအဖြစ် ဆောင်ရွက်နေတာပါ။ ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုထားပေမယ့် ဖခင်ဖြစ်သူကတော့ သားဖြစ်သူဟာ နောက်ထပ် ဥရောပလိဂ် စိန်ခေါ်မှုတွေဆီ မသွားခင် မန်စီးတီးအသင်းမှာ အနည်းဆုံး ၃၊ ၄ နှစ်လောက်တော့ ရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။

မကြာသေးခင် ရက်ပိုင်းတုန်းက ဟာလန်းနဲ့ ရီးရယ်လ်အသင်းတို့ရဲ့ ထင်ကြေးတွေဟာလည်း ထွက်ပေါ်လာခဲ့ ပါသေးတယ်။

The Athletic သတင်းဌာနကတော့ ဟာလန်းနဲ့ မန်စီးတီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်း ကြေး ယူရိုသန်း ၂၀၀ ပါဝင်နေပြီး ၂၀၂၄ က စတင်ကာ အသက်ဝင်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အချိန် တွေ ကြာလာရင်တော့ ဒီတန်ဖိုးဟာ လျော့ကျလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source: Daily Mail/Sportbible

 

 

 

 

Share
Tweet
Share
Share
powered by social2s

စတီဗင်ဂျရတ်ကို အက်စတွန်ဗီလာအသင်း နည်းပြရာထူးက ထုတ်ပယ်

By CNI
CNI
Category: Watch TV
Hits: 706

Share
Tweet
Share
Share
powered by social2s

ပေါက်ကွဲစေတတ်တဲ့ အခိုက်အတန့်တွေက အနိုင်ယူသွားတယ်လို့ ရော်နယ်ဒို တုံ့ပြန်

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 796

Share
Tweet
Share
Share
powered by social2s

မာရာဒိုနာရဲ့ ၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲဂျာစီ အာဂျင်တီးနားကို ပြန်ရောက်ရှိ

By CNI
CNI
Category: Watch TV
Hits: 783

Share
Tweet
Share
Share
powered by social2s

စပါးနဲ့ပွဲက ရော်နယ်ဒိုလုပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းမယ်လို့ အဲရစ်တန်ဟတ်ပြော

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s
လီယန်ဟမ်ဆန် သွားရောက်ခဲ့တဲ့ နိုက်ကလပ်ကိုတွေ့ရစဉ်

သြစတြေးလျ ရပ်ဘီလိဂ် ကစားသမားတစ်ဦး စပိန်မှာသေဆုံးနေတာကို တွေ့ရှိ

By CNI
CNI
Category: အားကစား
Hits: 1775

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

သြစတြေးလျ ရပ်ဘီလိဂ် ကစားသမားတစ်ဦးဟာ သူငယ်ချင်း ဖြစ်သူတွေနဲ့ ညဘက် အပြင်ထွက်တာမှာ ပျောက်ဆုံးပြီးနောက် စပိန်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

လီယန်ဟမ်ဆန်လို့ အမည်ရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ဘာစီလိုနာ နိုက်ကလပ်ရဲ့ ကြမ်းပြင်ပေါ်မှာ တွေ့ခဲ့ရတာလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လီယန်ဟမ်ဆန်ဟာ အမျိုးသားရပ်ဘီလိဂ်(NRL) ကစားသမားတွေ အပါအဝင် အဖွဲ့တစ်ဖွဲ့နဲ့ ဥရောပကို ခရီးထွက် ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ လီယန်ဟမ်ဆန် ပျောက်ဆုံးနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မတော်တဆမှုအဖြစ် ဖော်ပြခဲ့တဲ့ လီယန်ဟမ်ဆန်ရဲ့ သေဆုံးမှုကြောင့် မိသားစုတွေဟာ ထိခိုက်ကြေကွဲ နေရတယ်လို့ ဆိုပါတယ်။

လီယန်ဟမ်ဆန်ဟာ လာမယ့်ရာသီ သြစတြေးလျထိပ်တန်း NRL မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် Redcliffe Dolphins အတွက် Queensland Cup ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

လီယန်ဟမ်ဆန် သေဆုံးမှုအပေါ် မိသားစုက ရေးသားထားသော ၀မ်းနည်းကြောင်းကိုတွေ့ရစဉ်

သူဟာ အင်္ဂါနေ့ ဒေသစံတော်ချိန် အစောပိုင်းက ဆယ်လ်လာအပိုလို နိုက်ကလပ်ကနေ ထွက်ခွာသွားချိန်မှာ သူငယ်ချင်းဖြစ်သူတွေနဲ့ ကွဲကွာသွားခဲ့တာလို့ မိသားစုက ဆိုရှယ်မီဒီယာမှာ ပြောထားတာပါ။

သူ့ကို ၂၄ နာရီကျော်ကြာအောင် မတွေ့ရပြီးနောက် ဆွေမျိုးတွေက ရှာဖွေမှုတွေ ပြုလုပ်ပေးဖို့ အကူအညီ တောင်းခဲ့တာ ဖြစ်ပါတယ်။

လီယန်ဟမ်ဆန်ရဲ့ ရုပ်အလောင်းကို ဝန်ထမ်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းလောက်မှာ တွေ့ရှိခဲ့တယ်ဆိုပြီး ဘာစီလိုနာရဲတပ်ဖွဲ့က ပြောခဲ့ကြောင်း ဘရစ်စဘိန်းတိုင်းမ်စ်က ဖော်ပြထားပါတယ်။

လီယန်ဟမ်ဆန်ဟာ အမြင့် ၁၀ မီတာခန့် အတွင်းကနေ မတော်တဆ ပြုတ်ကျခဲ့တယ်လို့ ရဲအရာရှိတွေက ယုံကြည်နေကြောင်း အဆိုပါသတင်းက ဆက်လက် ဖော်ပြထားပါတယ်။

လီယန်ဟမ်ဆန်ရဲ့ ဖခင်ဖြစ်သူ ဘရတ်က “ စကားလုံးတွေက ငါတို့ရဲ့ ဝမ်းနည်းမှုကို ဖော်ပြလို့ မရပါဘူး”လို့ ရေးသားခဲ့သလို အစ်မဖြစ်သူ တီယာနာဟမ်ဆန်က “ သူ့ရဲ့ နောက်ဆုံး နေ့ရက်တွေက သူ့ဘဝရဲ့ အကောင်းဆုံး အချိန် ဖြစ်တယ်ဆိုတာ သေချာစေခဲ့တယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြတာပါ။

လီယန်ဟမ်ဆန်ဟာ ဆီမီးပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် Tweed Seagulls အသင်းမှာ ကစားခဲ့ပြီး အခုနှစ်မှာ Redcliffe Dolphins အသင်းထံ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38

Page 34 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar