CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ငွေကြေးအများအပြားသုံးထားပြီး ဆုဖလားမရရင် ထုတ်ပယ်ခံရနိုင်တယ်လို့ ဇာဗီဝန်ခံ

By CNI
CNI
Category: အားကစား
Hits: 1496

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၅၀ သုံးစွဲထားပေမယ့် ဆုဖလားအောင်မြင်မှုမရခဲ့ရင် ထုတ်ပယ်ခံရဖို့ မျှော်လင့်ထားတယ်လို့ ဝန်ခံလိုက်ပါတယ်။

ဇာဗီက “ဥက္ကဋ္ဌပြောခဲ့သလို ကျနော်တို့ နိုင်ပွဲတွေမရဘူးဆိုရင် ကျနော်ကနေ စတင်ပြီး အကျိုးဆက်တွေ ရှိလာပါ လိမ့်မယ်။ကျနော်တို့ အနိုင်မရခဲ့ရင် နောက်ထပ်နည်းပြတစ်ဦး ရောက်လာပါလိမ့်မယ်။ဒါပေမယ့် ကျနော်ကတော့ ဒါကိုအောင်မြင်မှုရအောင် အရာအားလုံးကို ပေးသွားမှာပါ။အသင်းရဲ့အခြေအနေက လက်ရှိအချိန်မှာ သိပ်မကောင်းပါဘူး။ဒါပေမယ့် ကျနော်တို့ရပ်တန့်မှာမဟုတ်ပါဘူး။တစ်ဆင့်ချင်းစီသွားနေမှာပါ။လာလီဂါပြိုင်ပွဲက ရှည်လျားတာကြောင့် ရပ်တန့်လို့မရပါဘူး” လို့ ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ရလဒ်တွေဆိုးနေတာကြောင့် ထွက်ခွာရဖို့ နီးစပ်နေသလို လာလီဂါ မှာလည်း အဓိကပြိုင်ဘက် ရီးရယ်လ်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။အသက် ၄၂ နှစ်အရွယ်ရှိ ဇာဗီဟာ ဘာစီလိုနာအသင်းမှာ ကစားသမားဘဝအဖြစ်ရှိခဲ့တဲ့ ၁၇ နှစ်အတွင်းမှာ ဆုဖလားပေါင်း ၂၅ ခု ရယူနိုင်ခဲ့ပြီး မနှစ်က နိုဝင်ဘာလမှာ နည်းပြအဖြစ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ပြီးခဲ့တဲ့ရာသီက အောင်မြင်မှုမရခဲ့တာကြောင့် ဒီရာသီမှာ ငွေကြေးအများအပြားသုံးပြီး အသင်းကို ပြင်ဆင်ထားတာဖြစ်ပါတယ်။

စပိန်ကလပ်ဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၊ ချယ်လ်ဆီးပစ်မှတ် ကွန်ဒီ၊ လိဒ်စ်တောင်ပံ ကစားသမား ရာဖင်ဟာ၊ ချယ်လ်ဆီးဗဟိုနောက်ခံလူ ခရစ်တန်ဆန်၊ အေစီမီလန်ကွင်းလယ်လူ ကတ်ဆီတို့ကို အားဖြည့်ခဲ့တာပါ။အဲဒါကြောင့် ဒီရာသီအသင်း ဆုဖလားလက်မဲ့ဖြစ်ခဲ့ရင် ဇာဗီဟာ ထုတ်ပယ်ခံရနိုင်တယ်လို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

ဇာဗီဟာ ဘာစီလိုနာအသင်းကို ပွဲပေါင်း ၅၀ ကိုင်တွယ်ထားခဲ့တာမှာ ၂၈ ပွဲအနိုင်ရပြီး ၁၂ ပွဲသရေကျကာ ၁၀ ပွဲ ရှုံးနိမ့်ထားတာပါ။ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ပွဲမှာ ၂၀၁၈-၁၉ ရာသီနောက်ပိုင်းကတည်းက ဆုဖလားနဲ့ ဝေးကွာနေခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲ ၂၀၁၄-၁၅ ရာသီက နောက်ဆုံးဆုဖလား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source:The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

လူအများအပြားသေဆုံးခဲ့တဲ့ ဘောလုံးကွင်းကို အင်ဒိုနီးရှား ဖြိုချမယ်

By CNI
CNI
Category: Watch TV
Hits: 698

Share
Tweet
Share
Share
powered by social2s

ဘာစီလိုနာပြောင်းဖို့ ဆွေးနွေးညှိနှိုင်းမှုမှာ မပါဝင်ကြောင်း တရားရုံးကို နေမာပြော

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 787

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းမှာ ပေါ့ဘာ ကစားခဲ့စဉ် (Goal)

ပေါ့ဘာကျရှုံးမှုအတွက် ယူနိုက်တက်ပါ တာဝန်ယူရမယ်လို့ အေးဂျင့်ပြော

By CNI
CNI
Category: အားကစား
Hits: 1554

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

ပေါ့ဘာရဲ့ အေးဂျင့်အသစ်ဖြစ်သူ ရာဖေလာပီမန်တာက ယူနိုက်တက်အသင်းမှာ ကုန်ဆုံးခဲ့တဲ့ ပေါ့ဘာရဲ့ အချိန် တွေကို ကာကွယ်လိုက်ပြီး အသင်းဟောင်း အနေနဲ့ ပူးပေါင်းတာဝန်ယူဖို့ လိုတယ်လို့ ပြောပါတယ်။

ပီမန်တာက “ပေါလ်ဟာ ၂၀၁၆ မှာ ယူနိုက်တက်ကို အမှန်တကယ် ပြန်သွားချင်တဲ့ သူ့ရဲ့ နှလုံးသားအတိုင်း ရွေးချယ်ခဲ့ပါတယ်။ သူပြန်သွားချင်တဲ့ ပျော်ရွှင်မှုက အိမ်လိုခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်မယ်ဆိုတာ သေချာခဲ့ပါတယ်။ ဆုဖလားနဲ့ နောက်ထပ် အောင်မြင်မှုတွေအတွက် မျှော်လင့်ချက် ရှိလားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက ဖြစ်မလာခဲ့ပါဘူး။ အဆင်မပြေတဲ့ အချိန်မှာ ပူးပေါင်းတာဝန်ယူတာက အကောင်း ဆုံးပဲလို့ ထင်ပါတယ်။ ဒါကို အသိအမှတ် ပြုရပါမယ်”လို့ The Telegraph ကို ပြောခဲ့ပါတယ်။

ပေါ့ဘာဟာ ၂၀၁၆ မှာ ဂျူဗင်တပ်စ် အသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ဖို့နဲ့ ကြံ့ခိုင်မှုပိုင်းတွေမှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ပေါ့ဘာ လေ့ကျင့်ခန်း ဆင်းနေစဉ်(FotMob)

ပေါ့ဘာဟာ ယူနိုက်တက်အသင်းကို ၂၀၁၆-၁၇ ရာသီမှာ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ် ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းမှာ အသင်းဟာ ဆုဖလားလက်မဲ့ ရာသီတွေကိုသာ ဖြတ်သန်းခဲ့ရတာပါ။ ပေါ့ဘာဟာလည်း အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အတွက် ၆ ရာသီကြာ ကစားအပြီး မနှစ်က ရာသီအကုန်မှာ အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းထံ အလွတ်နဲ့ ပြန်လည် ရောက်ရှိသွားခဲ့တာပါ။

ပြင်သစ် လက်ရွေးစင်ဟာ ဂျူဗင်တပ်စ်အတွက် တစ်ပွဲမှ မကစားရသေးဘဲ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး မကြာသေးခင် ရက်ပိုင်းကမှ အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်လည် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ဂျူဗင်တပ်စ်အတွက် ပွဲထွက်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ချင်တာကြောင့် ကြံ့ခိုင်မှုပိုင်း ပိုမိုတိုးတက်မှု ရရှိနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘရာဇီးလ်အသင်း နောက်တန်းကို မက်ဆီ ကျော်ဖြတ်နေစဉ် (Reuters)

ဘရာဇီးလ်နဲ့ ပြင်သစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလို့ မက်ဆီပြော

By CNI
CNI
Category: အားကစား
Hits: 1561

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ဘရာဇီးလ် အသင်းတို့ဟာ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

မက်ဆီက “ကျနော်ရွေးချယ် ရမယ်ဆိုရင် ဘရာဇီးလ်နဲ့ ပြင်သစ်တို့က ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ၂ သင်းပါ။ သူတို့မှာ တူညီတဲ့ ကစားသမားတွေ ရှိနေတာ ကာလကြာရှည်ရှိနေပြီဖြစ်ပြီး ကောင်းမွန်စွာလည်း အလုပ်လုပ်နိုင်ပါတယ်။ ပြင်သစ်ဆိုရင် ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်က ထွက်ခဲ့ ရတာသာ ဆိုးရွားခဲ့တာဖြစ်ပြီး သူတို့မှာ အထင်ကြီး စရာကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေးအခေါ်တွေက အလွန်ရှင်းလင်းပြီး တူညီတဲ့ နည်းပြတွေရဲ့ လက်အောက်မှာ လုပ်ဆောင်နေတာပါ”လို့ DIRECTV Sports ကို ပြောခဲ့တာပါ။

မက်ဆီဟာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အထဲမှာ သူ့နိုင်ငံ အာဂျင်တီးနားကိုတော့ ထည့်သွင်းပြီး ပြောမသွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၃၅ ပွဲ ဆက်တိုက် ရှုံးပွဲမရှိသလို ပြီးခဲ့တဲ့နှစ်က ဘရာဇီးလ်ကို အနိုင်ရပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းကိုတွေ့ရစဉ် (Goal)

အဲ့ဒါကြောင့် အာဂျင်တီးနားအသင်းကို ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲက တစ်သင်းအဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

မက်ဆီ ကိုယ်တိုင်ကလည်း သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်တဲ့ ဒီပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာပါ။ မက်ဆီဟာ ကစားသမားဘဝမှာ ကလပ်အသင်းနဲ့ ဆုဖလားတွေ အများကြီး ရယူထားသလို နိုင်ငံ အသင်းနဲ့လည်း ဆုဖလားရယူခဲ့ပြီးဖြစ်ကာ တစ်ဦးချင်း ဆုတံဆိပ်တွေလည်း အများအပြား ရရှိထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီဟာ ကမ္ဘာ့ဖလား မရရှိသေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ကစားသမား ဘဝဟာ ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ နောက်ဆုံး ခြေစမ်းပွဲအဖြစ် ယူအေအီး အသင်းနဲ့ နိုဝင်ဘာလ ၁၆ ရက်တွင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒီပွဲပြီးရင်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ဆော်ဒီအသင်းနဲ့ နိုဝင်ဘာလ ၂၂ ရက်မှာ ယှဉ်ပြိုင်မှာပါ။ အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရယူထားနိုင်ခဲ့ပြီး နောက်ဆုံး ရယူခဲ့တာက ၁၉၈၆ ခုနှစ်က ဖြစ်ပါတယ်။

Source: ESPN

 

 

 

Share
Tweet
Share
Share
powered by social2s

ပရဟိတအလုပ်တွေအတွက် ဆိုကရေးတီးစ်ဆုကို မာနေး ရရှိ

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးသုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ဘောလွန်းဒီအောဆုကို ဘန်ဇီမာ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 646

Share
Tweet
Share
Share
powered by social2s
ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိူကိုဝီဒိုဒိုတို့ကိုတွေ့ရစဉ် (GETTY IMAGES)

ဘောလုံးလုံခြုံရေးတိုးမြှင့်ဖို့ ဖီဖာနဲ့ အင်ဒိုနီးရှား ကတိပြု

By CNI
CNI
Category: အားကစား
Hits: 1546

CNI International News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

ဖီဖာအကြီးအကဲ အင်ဖန်တီနိုနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိူကိုဝီဒိုဒိုတို့ဟာ နိုင်ငံတစ်ဝှမ်းရှိ အားကစားကွင်းတွေမှာ လုံခြုံရေး အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့ အောက်တိုဘာလ ၁၈ ရက်နေ့က သဘောတူညီခဲ့ကြပါတယ်။

အခုလအတွင်း အင်ဒိုနီးရှားနိုင်ငံက ပွဲစဉ်တစ်ပွဲမှာ လူအုပ်ပြိုကျမှု ဖြစ်ပွားခဲ့တာကနေ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီနောက် အခုလို လုံခြုံရေး အစီအမံတွေကို ပြန်လည်သုံးသပ်ဖို့ ဖြစ်လာခဲ့တာပါ။

အားကစားကွင်း ဖြစ်ရပ်ဆိုးကြောင့် အင်ဒိုနီးရှားနဲ့ ဖီဖာတို့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူညီခဲ့ပြီးနောက် အင်ဖန်တီနိုနဲ့ ဂျိူကိုဝီဒိုဒို တို့ဟာ ဂျကာတာမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ပြင်ဆင်နေတာပါ။

အင်ဒိုနီးရှားလိဂ်ဝမ်း လူပြိုမှု ဖြစ်ပွားစဉ် (GETTY IMAGES)

အင်ဖန်တီနိုက အင်ဒိုနီးရှားရဲ့ ပထမဦးစားပေးမှာ နိုင်ငံရဲ့ ဘောလုံးပွဲတွေကို ပြုပြင်ပြောင်းလဲဖို့နဲ့ အသွင်ပြောင်းဖို့ ဖြစ်ပြီး ပရိသတ်တွေ ဘေးကင်းအောင်နဲ့ လုံခြုံရေးအတွက် အကြွေးတင်နေတယ်လို့ ပြောခဲ့ပါတယ်။

အောက်တိုဘာလ ၁ ရက်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ ရဲတွေဟာ လူစုလူဝေးကို ထိန်းချုပ်နိုင်ဖို့အတွက် ကွင်းထဲကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှုကို ဖီဖာက အပြစ်တင်ခဲ့တာပါ။

အင်ဒိုနီးရှားမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးအတွက် ပရီးမီးယားလိဂ်နဲ့ စပိန်လာလီဂါ ကလပ်အသင်းတွေဟာ ပွဲမစခင် ၁ မိနစ် ငြိမ်သက်ခြင်းနဲ့ အနက်ရောင် လက်ပတ် ဝတ်ဆင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အင်ဒိုနီးရှားလိဂ်ဟာ ဒီ အဖြစ်အပျက် ဖြစ်ပျက်ပြီးကတည်းက ပွဲတွေကိုကစားဖို့ ရွှေ့ဆိုင်းထားပြီး အခုလာမယ့် အပတ်မှာ ပြန်လည် ကစားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှားလိဂ် ဝမ်းဟာ အခုနှစ်ရာသီ ပွဲစဉ် ၁၁ ပွဲအထိ ကစားပြီးထားပြီး ဘော်နီရိုအသင်းက မဒူရာအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘောလုံးသမားဘဝ နောက်ဆုံးပွဲ ကစားအပြီး ဟီဂူအင် ငိုကြွေးနေစဉ် (The Sun)

ကစားသမားဘဝ နောက်ဆုံးပွဲမှာ ဟီဂူအင် ကျခဲ့သော မျက်ရည်

By CNI
CNI
Category: အားကစား
Hits: 1298

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဟီဂူအင်ဟာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ အပြီးမှာ ငိုကြွေးနေခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဟီဂူအင်ဟာ မေဂျာလိဂ် ရာသီအကုန်မှာ ကစားသမားဘဝက အနားယူတော့မယ်လို့ အခုလ အစောပိုင်းက ကြေညာခဲ့ပါတယ်။

ဟီဂူအင်ရဲ့ အင်တာမိုင်ယာမီ အသင်းဟာ မေဂျာလိဂ် ပလေးအော့ဖ် ပွဲစဉ်မှာ နယူးယော့ခ်စီးတီး အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အာဂျင်တီးနား ကစားသမားရဲ့ ၁၇ နှစ်ကြာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝဟာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဟီဂူအင်ဟာ ပွဲအပြီး ကွင်းအတွင်းကနေ ထွက်ခွာချိန်မှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။

ဟီဂူအင်က “ အလုပ်တစ်ခုအနေနဲ့ ကျနော်အနှစ်သက်ဆုံး အရာက အဆုံးသတ်သွားပြီလို့ ခံစားခဲ့ရပါတယ်။ ကျနော့် ကစားသမားဘဝ ၁၇ နှစ်ခွဲဆိုတာ ကျနော့်ဘဝရဲ့ တစ်ဝက်ပါပဲ။ ကျနော့် ကစားသမားဘဝ တစ်ခုလုံးရဲ့ ပုံရိပ်တွေဟာ ကျနော့်စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။ ကျနော်နေခဲ့တဲ့ နေရာတွေ၊ အလုပ်လုပ်ခဲ့တဲ့ နေရာတွေနဲ့ တွေ့ကြုံခဲ့ရတဲ့ အရာတွေကို ဒီနေ့အထိ ပေးခဲ့ပြီးပြီဖြစ်လို့ ကျနော်အလွန်ပျော်ပါတယ်။ ဒါက အရေးကြီးဆုံး အရာပါ။ အခုအိမ်မက်က ပြီးသွားပြီဆိုတော့ နောက်တစ်ခုအတွက် ပြန်စတင်ရတော့မယ်”လို့ ပွဲအပြီး အင်တာဗျူး မှာ ပြောသွားခဲ့ပါတယ်။

ဟီဂူအင် နောက်ဆုံး ကစားခဲ့စဉ် (The Star)

ဟီဂူအင်ဟာ ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့ ရီးရယ်လ်၊ နာပိုလီ၊ ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ ချယ်လ်ဆီး အသင်းတွေမှာလည်း ကစားခဲ့တာပါ။

အာဂျင်တီးနား ကစားသမားဟာ ရီးရယ်လ်အသင်းနဲ့ လာလီဂါဆုဖလား ၃ ကြိမ်၊ နာပိုလီအသင်းနဲ့ ကိုပါအီတာလီ ယာဖလား၊ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ အေစီမီလန်နဲ့ ချယ်လ်ဆီးအသင်းမှာ တော့ အငှားနဲ့ ကာလတိုသာ ကစားခဲ့တာပါ။

အင်တာမိုင်ယာမီ အသင်းအတွက် ကစားပေးခဲ့အပြီးမှာ ဟီဂူအင်ဟာ ကလပ်ကစားသမားဘဝ ပွဲပေါင်း ၇၁၁ ပွဲ ကစားခဲ့ပြီး ၃၃၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟီဂူအင်ဟာ အာဂျင်တီးနား လက်ရွေးစင်အတွက် ၇၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၁ ဂိုး သွင်းယူကာ ၂၀၁၄ ကမ္ဘာ့ ဖလား၊၂၀၁၅ နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေမှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဟီဂူအင်ဟာ ကစားသမားဘဝ အနားယူပြီးချိန်မှာ မျိုးဆက်သစ် လူငယ်လေးတွေကို အကူအညီ ပေးသွားမယ်လို့ ပြောထားခဲ့ ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
မာနေး ဆိုကရေးတီးစ်ဆုလက်ခံရယူစဉ် (GETTY IMAGES)

ပရဟိတအလုပ်တွေအတွက် ဆိုကရေးတီးစ်ဆုကို မာနေး ရရှိ

By CNI
CNI
Category: အားကစား
Hits: 1576

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

ဘိုင်ယန်မြူးနစ် အသင်းရဲ့တိုက်စစ်မှူး မာနေးဟာ လူသားချင်းစာနာမှုဆိုင်ရာ အလုပ်တွေအတွက် အသိအမှတ်ပြု ခံခဲ့ရပြီး ဆိုကရေးတီးစ်ဆုကို ရရှိသွားခဲ့ပါတယ်။

ပဲရစ်မှာ ကျင်းပခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ ဆီနီဂေါ လက်ရွေးစင် မာနေးဟာ ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ ဆိုကရေးတီးစ်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဆုဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက ဘရာဇီးလ်မှာ အာဏာရ စစ်အစိုးရကို ဆန့်ကျင်ပြီး ကိုရင်သီယန် ဒီမိုကရေစီ လှုပ်ရှားမှုကို ပူးတွဲတည်ထောင်ခဲ့တဲ့ ဘရာဇီးလ် ဘောလုံးအိုင်ကွန် ဆိုကရေးတီးစ်ရဲ့ အမည်ကို ပေးခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ ကွင်းအတွင်း အချိန်ဇယားတွေ များပြားနေပေမယ့် ဆီနီဂေါအတွက် ဆက်လက်ရှင်သန်နေခဲ့တာပါ။

 မာနေး ပရဟိတအနေဖြင့် လှူဒါန်းမှုများ (GETTY IMAGES)

မာနေးဟာ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ ဇာတိ ဘမ်ဘာလီကျေးရွာမှာ ပြည်သူ့ဆေးရုံ တည်ဆောက်ပေးခဲ့ပြီး မိသားစုတွေနဲ့ ကျောင်းတွေကိုလည်း ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင် ဖို့အတွက် ဆီနီဂေါ အမျိုးသားကော်မတီကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မာနေးက “ ဒီနေ့ည ဧည့်သည်အဖြစ်လာရတာ အလွန်ပျော်ရွှင်ပါတယ်။ တစ်ခါတစ်လေမှာ အနည်းငယ်တော့ ရှက်မိပေမယ့် ကိုယ့်လူမျိုးတွေအတွက် ပိုကောင်းအောင် လုပ်ပေးရတာကို ကျနော်အလွန်ပျော်ပါတယ်”လို့ ဆုလက်ခံရယူအပြီးမှာ ပြောခဲ့ပါတယ်။

မာနေးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်နဲ့ ဆီနီဂေါ လက်ရွေးစင်အတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အခုနှစ် ဘောလွန်းဒီအောဆုပေးပွဲမှာ ဘန်ဇီမာရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

နွေရာသီက ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တဲ့ မာနေးဟာ ဂျာမန်ကလပ်အတွက် ၁၆ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

မာနေးရဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ အောက်တိုဘာလ ၁၉ ရက်မှာ ပိုကယ်လ်ဖလား ဒုတိယအဆင့် ပွဲစဉ်အဖြစ် အော့စ်ဘတ်၊ ၂၂ ရက်မှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဟော်ဖန်ဟိမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘောလွန်းဒီအောဆုကို ဘန်ဇီမာ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့

By CNI
CNI
Category: အားကစား
Hits: 1867

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

ရီးရယ်လ်နဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ဘန်ဇီမာဟာ ၂၀၂၂ ခုနှစ်အတွက် ဘောလွန်းဒီအောဆုကို ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

တနင်္လာနေ့ညက ပဲရစ်မှာကျင်းပခဲ့တဲ့ ဘောလွန်းဒီအောဆုပေးပွဲမှာ ဘန်ဇီမာဟာ ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာ အရှိဆုံးဆုဖြစ်တဲ့ ဒီဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး မာနေး၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့ကို အသာရပြီး ရရှိခဲ့တာပါ။အသက် ၃၄ နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက ရီးရယ်လ်အသင်းအတွက် ၄၆ ပွဲပါဝင်ကစားပြီး ၄၄ ဂိုးသွင်းယူကာ အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့တာကြောင့် အခုလို ဘောလွန်းဒီအောဆုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာက “ဒီဆုကို ကျနော့်ရှေ့မှာ မြင်တွေ့ရတာ တကယ်ဂုဏ်ယူမိပါတယ်။ဒါဟာ ကျနော့်ရဲ့ငယ်ဘ၀ အိပ်မက်တစ်ခုဖြစ်ပြီး ကျနော်လုပ်ခဲ့တဲ့အလုပ်တွေအားလုံးကို ဘယ်တော့မှ အရှုံးမပေးခဲ့ပါဘူး။ဘာမဆို ဖြစ်နိုင် တယ်လို့ပဲ စိတ်ထဲမှာ အမြဲတမ်းတွေးထားပါတယ်။ပြင်သစ်အသင်းမှာ ပါဝင်ခွင့်မရတဲ့အချိန်မှာလည်း အလုပ် ကြိုးစားမှုကို ဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။ဒီကိုရောက်လာခဲ့တဲ့ ခရီးအတွက် တကယ်ဂုဏ်ယူမိပါတယ်။ဒါဟာ မလွယ်ကူခဲ့ပါဘူး။ကျနော်နဲ့ ကျနော့်မိသားစုအတွက် ခက်ခဲခဲ့ပါတယ်” လို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။

ဘန်ဇီမာဟာ ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တဲ့ ၅ ဦးမြောက် ပြင်သစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ဘန်ဇီမာ၊ မာနေးနဲ့ ဒီဘရိုင်းတို့အပြင် ထိပ်ဆုံး ၁၀ ဦးထဲဝင်ခဲ့တဲ့ ကစားသမားတွေကတော့ ဟာလန်း၊ မိုဒရစ်၊ ဗီနီစီးယက်စ်၊ ကော့တွိုက်စ်၊ ဘတ်ပီ၊ ဆာလတ်နဲ့ လီဝန်ဒေါစကီးတို့ ဖြစ်တာပါ။ဘောလွန်းဒီအော ၅ ဆုရှင် ရော်နယ်ဒိုက နံပတ် ၂၀ နေရာမှာ ရပ်တည်ခဲ့ပြီး သူ့အတွက် နှစ်ပေါင်း ၁၇ နှစ်အတွင်း အဆိုးရွားဆုံးအဆင့်သတ်မှတ်ချက်ဖြစ်ခဲ့ပါတယ်။

ဒီဆုပေးပွဲရဲ့ အခြားဆုတွေဖြစ်တဲ့ အမျိုးသမီးဘောလွန်းဒီအောဆုကို ဘာစီလိုနာအသင်းက ပူတယ်လ်လက်စ်က ရရှိသွားခဲ့တာပါ။ပူတယ်လ်လက်စ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ရရှိခဲ့တာကြောင့် ဒီဆုကို ၂ နှစ်ဆက်တိုက် ရရှိတဲ့ ပထမဆုံးအမျိုးသမီးကစားသမားဖြစ်ခဲ့ပါတယ်။အကောင်းဆုံး ဂိုးသမားဆုဖြစ်တဲ့ ယာရှင်ဆုကို ကော့တွိုက်စ်က ရရှိခဲ့ပြီး၊ အကောင်းဆုံးလူငယ်ကစားသမားဆုဖြစ်တဲ့ ကိုပါဆုကို ဂါဗီက ရရှိခဲ့တာပါ။

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက အကောင်းဆုံးတိုက်စစ်မှူးဆုဖြစ်တဲ့ ဂတ်မူလာဆုကို ရရှိခဲ့ပြီး ဘိုင်ယန် မြူးနစ်တိုက်စစ်မှူး မာနေးက ဆိုကရေးတီးဆုနဲ့ မန်စီးတီးအသင်းက တစ်နှစ်တာအကောင်းဆုံး ကလပ်အသင်းဆု ကို ရရှိသွားခဲ့ပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s

Thai Fight မှာ ဘရော်နီကာ ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိ

By CNI
CNI
Category: Watch TV
Hits: 652

Share
Tweet
Share
Share
powered by social2s

ရီးရယ်လ်ကို အရေးနိမ့်ပြီးနောက် ဒိုင်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ လာပေါ်တာ

By CNI
CNI
Category: Watch TV
Hits: 664

Share
Tweet
Share
Share
powered by social2s
အာရှဖလားပြိုင်ပွဲ ဆုဖလားနဲ့ကာတာအသင်းသားတွေကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၂၀၂၃ အာရှဖလားပြိုင်ပွဲကိုပါ ကာတာ အိမ်ရှင်လုပ်မယ်

By CNI
CNI
Category: အားကစား
Hits: 1599

CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇

ကာတာနိုင်ငံဟာ မူလအိမ်ရှင်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့နေရာမှာ အစားထိုး ဝင်ရောက်ပြီး ၂၀၂၃ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ၂၀၁၉ ကတည်းက သတ်မှတ်ခြင်း ခံခဲ့ရပေမယ့် နိုင်ငံအတွင်း ကိုဗစ် မူဝါဒတွေကြောင့် အခုနှစ် အစောပိုင်းမှာ အိမ်ရှင်အဖြစ်ကနေ နုတ်ထွက်ခဲ့တာပါ။

အဲ့ဒါကြောင့် အာရှဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီက ကာတာကို ၂၀၂၃ အာရှဖလား အိမ်ရှင်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကာတာနဲ့အတူ အင်ဒိုနီးရှား၊ တောင်ကိုရီးယား တို့ကလည်း ဒီပြိုင်ပွဲကို အိမ်ရှင် အဖြစ် ပြုလုပ်ဖို့ လျှောက်ထားခဲ့ပေမယ့် နောက်ဆုံးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ကိုသာ ရွေးချယ်ခဲ့တာပါ။

အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်က “ အာရှဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံး မိသားစုကိုယ်စား လာမယ့် အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့တဲ့ ကာတာဘောလုံးအဖွဲ့ချုပ်ကို ဂုဏ်ပြုချင်ပါတယ်။ ပြိုင်ပွဲ ကျင်းပဖို့ လျှောက်ထားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယား တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ ကာတာရဲ့ စွမ်းဆောင်ရည်တွေ၊ နိုင်ငံတကာ အားကစားပွဲကြီးတွေ လက်ခံကျင်းပတဲ့ မှတ်တမ်းနဲ့ သူတို့ရဲ့ စေ့စေ့စပ်စပ် လုပ် ဆောင်မှုကို တစ်ကမ္ဘာလုံးက သဘောကျကြပါတယ်။ ကာတာနိုင်ငံ အနေနဲ့ ဂုဏ်သိက္ခာနဲ့ လိုက်ဖက်ပြီး ထိုက်တန် တဲ့ မြင်ကွင်းတွေကို ပြသနိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အာရှဖလားပြိုင်ပွဲ ဆုဖလားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆုဖလားကိုတွေ့ရစဉ်

ကာတာနိုင်ငံဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် အခြေခံ အဆောက်အဦတွေကို အာရှဖလား ပြိုင်ပွဲ မှာလည်း အသုံးပြုဖို့ စီစဉ်ထားတာပါ။ ကာတာဟာ ၁၉၈၈ နဲ့ ၂၀၁၁ မှာလည်း အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခဲ့တာကြောင့် အာရှဖလားကို အိမ်ရှင်အဖြစ် ၃ ကြိမ်မြောက် ကျင်းပတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

ကာတာဟာ အာရှဖလားပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။

ကာတာဟာဆိုရင် လာမယ့် အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ရမှာဖြစ်လို့ ၂၀၂၇ အာရှဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့် လျှောက်ထားမှုကနေ နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၇ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပြုလုပ်ဖို့ အိန္ဒိယနဲ့ ဆော်ဒီတို့ ၂ နိုင်ငံသာ ရှိတော့တာပါ။

၂၀၂၃ အာရှဖလားပြိုင်ပွဲကို ဇွန်လ ၁၆ ရက်ကနေ ဇူလိုင်လ ၁၆ ရက်အထိ အသင်းပေါင်း ၂၄ သင်းနဲ့ ကျင်းပ သွားမှာ ဖြစ်ပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 30
  • 31
  • 32
  • 33
  • 34
  • 35
  • 36
  • 37
  • 38
  • 39

Page 35 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar