CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဘရူနိုဖာနန်ဒက်စ်ကို ဆိုစီဒက်နဲ့ပွဲမှာ တွေ့ရစဉ် (Sport)

ဆုဖလားရချင်ရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင်ရမှာပဲလို့ ဘရူနိုဖာနန်ဒက်စ်ပြော

By CNI
CNI
Category: အားကစား
Hits: 1176

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ယူနိုက်တက်အသင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ဆုဖလားရချင်တယ်ဆိုရင် ဘယ်အသင်းနဲ့မဆို ရင်ဆိုင် ရမှာပဲလို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ အသင်းတွေနဲ့ တွေ့ဆုံမယ့်အပေါ် ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ ကျနော်တို့ ဒါကို ကြည့်ဖို့ မလိုအပ်ပါဘူး။ ကျနော်တို့ဟာ ဒီအသင်းတွေကို ရှောင်ရှားပြီး သွားချင်ပေမယ့် အခုဒီအသင်းတွေကို ရင်ဆိုင်သွားရမှာပါ။ ဒါပေမယ့် ဒါက ပြဿနာမရှိပါဘူး။ ပြိုင်ပွဲမှာ ဆုဖလား ရယူချင်တယ်ဆိုရင်တော့ ပြိုင်ပွဲရဲ့ ဘယ်လို အခြေအနေမှာမဆို အသင်းကောင်းတွေနဲ့တော့ ရင်ဆိုင်ရမှာပါပဲ။ အနှေးနဲ့ အမြန်ဆိုတာပဲ ရှိတာပါ။ အဲ့ဒီအတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဆိုစီဒက်အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ဂါနာချိုက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဆိုစီဒက်နဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ် (Reuters)

ယူနိုက်တက်အသင်းဟာ ၁၆ သင်းအဆင့်ကို တန်းတက်နိုင်ဖို့အတွက် ဆိုစီဒက်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ၁ ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယသာ ရရှိခဲ့တာပါ။ အဲ့ဒါကြောင့် မန်ချက်စတာကလပ်ဟာ နောက်တစ်ဆင့်တက်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပလေးအော့ဖ် အဆင့်မှာ ချန်ပီယံလိဂ်ကနေ ထွက်ခွာလာတဲ့ ဘာစီလိုနာ၊ အေဂျတ်စ်၊ ဂျူဗင်တပ်စ်၊ ဆီဗီလာစတဲ့ အသင်းတွေနဲ့ တွေဆုံနိုင်ဖွယ် ရှိနေတာပါ။

ဒီပွဲတွေအတွက် မဲခွဲမှုကို နိုဝင်ဘာလ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ပွဲစဉ်တွေကို ဖေဖော်ဝါရီလမှ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ပြီး ကတည်းက လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိ ဖြတ်သန်းနေတာလည်း ဖြစ်တာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: MEN

 

 

 

 

Share
Tweet
Share
Share
powered by social2s
Boycott Qatar 2022 စာတမ်း ကိုင်ဆောင်ထားသည်ကိုတွေ့ရစဉ် (Sport)

ဘောလုံးကိုပဲ အာရုံစိုက်ဖို့ ကမ္ဘာ့ဖလားဝင်မယ့် နိုင်ငံတွေကို ဖီဖာပြော

By CNI
CNI
Category: အားကစား
Hits: 1323

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့် ၃၂ သင်းအနေနဲ့ ဘောလုံးကိုပဲ အာရုံစိုက်ဖို့ အချိန် ရောက်ပြီလို့ ပြောလိုက်ပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အထွေထွေအတွင်းရေးမှူး ဆာမိုအူရာတို့ လတ်မှတ်ရေးထိုးတားတဲ့ စာမှာ ဘောလုံးကိုပဲ အာရုံစိုက်ပါဆိုပြီး ပြိုင်ပွဲဝင်နိုင်ငံတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘယ်သူ့ကိုမဆို ခွဲခြားဆက်ဆံမှု မပြုလုပ်ဘဲ ကြိုဆိုသွားမှာဖြစ်ပြီး စိန်ခေါ်မှုတွေ အများကြီးနဲ့ ကမ္ဘာတစ်ဝှမ်းလုံး မှာ နိုင်ငံရေး သဘောသဘာဝအရ အခက်အခဲတွေ ရှိတယ်ဆိုတာ သိတယ်ဆိုတဲ့ အကြောင်းကို စာထဲမှာ ရေးသား ထားပါတယ်။

နိုဝင်ဘာလ ၂၀ ရက်မှာ စတင်ကျင်းပတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အငြင်းပွားမှုတွေနဲ့ ဝန်းရံခံနေရတာ ဖြစ်ပါ တယ်။ ကာတာနိုင်ငံဟာ လိင်တူဆက်ဆံမှုအပေါ် သူတို့ရဲ့ ရည်တည်မှု၊ သူတို့ရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် သူတို့ရဲ့ ဆက်ဆံပုံတွေကြောင့် ဝေဖန်မှုတွေကို ခံနေရတာပါ။

အင်ဖာတီနိုနဲ့ ကာတာ တာ၀န်ရှိသူတစ်ဦးကိုတွေ့ရစဉ် (The West Australian)

အဲ့ဒါကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ကိုလည်း ကစားသမားအချို့က စီစဉ်ထားတာပါ။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ အခြားဥရောပအသင်းတွေရဲ့ အသင်းခေါင်းဆောင် ၉ ဦးဟာ One Love စာသားပါ အသင်း ခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

ဒိန်းမတ်အသင်းဆိုရင် ကာတာနိုင်ငံကို ဆန့်ကျင်တဲ့ ဂျာစီကို ဝတ်ဆင်သွားမှာဖြစ်ပြီး ပဲရစ်နဲ့ ပြင်သစ်ရှိ မြို့ကြီးတွေ မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လူမြင်ကွင်းတွေမှာ ပြသဖို့ ငြင်းဆန်ထားပါတယ်။

သြစတြေးလျ အသင်းကတော့ လိင်တူဆက်ဆံမှုဆိုင်ရာ ဥပဒေကို ဖျက်သိမ်းဖို့ ကာတာနိုင်ငံကို တိုက်တွန်းတဲ့ ဗွီဒီယိုဖိုင်ကို ထုတ်လွှင့်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ပြိုင်ပွဲမှာ နိုင်ငံရေးကြေညာချက် ဒါမှမဟုတ် ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ ကစားသမားတွေ မျှော်လင့်နေတာက မျှတမှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့ကြောင့် ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင်မှာ ဝေဖန်သံတွေ အများအပြား ကြားခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံမှန်ဆိုရင် နွေရာသီမှာ ကျင်းပပေမယ့် ကာတာနိုင်ငံရဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ဆောင်းရာသီမှာ ပထမဆုံး အကြိမ် ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

ကာတာ ကမ္ဘာ့ဖလား ပြင်ဆင်မှုကိုတွေ့ရစဉ် (The Japan Times)

ကာတာနိုင်ငံဟာ အစောပိုင်းက လေအေးပေးစက်တွေဖွင့်ကာ အားကစားကွင်းကို အလုံပိတ်ပြီး ကျင်းပဖို့ စီစဉ်ခဲ့ ပေမယ့် အဆိုပါ အစီအစဉ်ဟာ ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ စီစဉ်သူတွေက နိုင်ငံ အတွင်းကို လာရောက် ကြည့်ရှုတဲ့သူတွေကို ကြိုဆိုသွားမှာဖြစ်ပြီး ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် အားကစားကွင်းအသစ် ၇ ကွင်း အပြင် လေဆိပ်၊ လမ်းတွေနဲ့ ဟိုတယ်ပေါင်း ၁၀၀ ခန့်ကို တည်ဆောက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာလ ၂၀ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆွန်ဟောင်မင် ခွဲစိတ်ကုသမှု ခံယူရမယ်လို့ စပါးအသင်း အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 679

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့် အသက်အငယ်ဆုံးကစားသမား ဘတ်ပီ ဖြစ်လာ

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s
အန်ဆယ်လော့တီနဲ့ ရာမို့စ်ကိုတွေ့ရစဉ်(Real Madrid)

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်းမှာ ရာမို့စ်ကို ရွေးချယ်ဖို့ အန်ဆယ်လော့တီပြော

By CNI
CNI
Category: အားကစား
Hits: 1200

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ရီးရယ်လ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ လူစာရင်းမှာ ရာမို့စ်ကို ရွေးချယ်ဖို့ ပြောလိုက်ပါတယ်။

အန်ဆယ်လော့တီက “ရာမို့စ်ရဲ့ အတွေ့အကြုံတွေနဲ့ အရည်အသွေးတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်ဖို့ ဘာ သံသယမှ မရှိပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် ရှိနေဆဲပါပဲ”လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့တုန်းက ရာမို့စ်နဲ့ အလုပ်လုပ်ခဲ့ရတာ ကြောင့် ကစားသမားရဲ့ အရည်အသွေးတွေကို သိရှိနေတာပါ။

ရာမို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်းရဲ့ ပဏာမ ကစားသမား ၅၅ ဦးစာရင်းမှာ ပါဝင်နေပေမယ့် နိုဝင်ဘာလ ၁၄ ရက်မှာ ထုတ်ပြန်မယ့် နည်းပြ အင်းနရစ်ရဲ့ အပြီးသတ် ၂၆ ဦးစာရင်းမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင် အသင်းမှာ ကစားခဲ့တဲ့ ရာမို့စ်ကိုတွေ့ရစဉ် (SportsMax)

ရာမို့စ်ဟာ ဒဏ်ရာတွေကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း စပိန်အတွက် မပါဝင်နိုင်ခဲ့သလို အဲ့ဒီနောက်ပိုင်း အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်း မခံရတော့တာပါ။

ရာမို့စ်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းနဲ့အတူ ခြေစွမ်းပြသနေတာကြောင့် စပိန်အသင်းအတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ရာမို့စ်ဟာ စပိန်လက်ရွေးစင် အသင်းအတွက် ပွဲပေါင်း ၁၈၀ ပါဝင် ကစားထားပြီး ပွဲအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။

ပီအက်စ်ဂျီ နောက်ခံလူဟာ စပိန်အတွက် ၂၃ ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအားကောင်းတဲ့ နောက်ခံ ကစားသမားအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

စပိန်အသင်းရဲ့ ပဏာမစာရင်းမှာ ယူနိုက်တက်ဂိုးသမား ဒီဂီယာလည်း ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီဂီယာ ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲဝင် စပိန်အသင်း လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် တစ်ပွဲမှ ကစားရခြင်း မရှိခဲ့ပါဘူး။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ကော်စတာရီကာ၊ ဂျပန်တို့နဲ့ အုပ်စု E မှာ ကျရောက်နေပြီး အဖွင့် ပွဲစဉ်အဖြစ် ကော်စတာရီကာ အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြင်သစ် ဘတ်စကတ်ဘောသမား သောမတ်စ်ဟူတယ်လ်ကို တွေ့ရစဉ် (Rival Times)

ရုရှားကလပ်ကိုပြောင်းလို့ ပိတ်ပင်ခံလိုက်ရတဲ့ ပြင်သစ်ဘတ်စကတ်ဘော ကြယ်ပွင့်

By CNI
CNI
Category: အားကစား
Hits: 1478

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ဘတ်စကတ်ဘော ကစားသမား သောမတ်စ်ဟူတယ်လ်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ကြောင့် ပြင်သစ်လက်ရွေးစင်အတွက် ကစားခွင့် ပိတ်ပင်ခံလိုက်ရပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဟူတယ်လ်ဟာ ပြင်သစ်အသင်းကို ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် စက်တင်ဘာလမှာ ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

ပြင်သစ် ဘတ်စကတ်ဘော အကြီးအကဲတွေက ရုရှားကလပ်ကို ကစားနေတဲ့ ကစားသမားတွေကို နိုင်ငံအသင်း အတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမယ့် အဆိုပါကစားသမားက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ယူရို ဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ရုရှားကို ပြောင်းခဲ့တဲ့အတွက် ပြင်သစ်တာဝန်ရှိသူတွေက ဟူတယ်လ် ကို ဒေါသထွက် နေကြတာပါ။

ပြင်သစ်ဘတ်စကတ်ဘော အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆူတက်ခ်က ဟူတယ်လ်ရဲ့ လက်ရွေးစင် ကစားသမားဘဝဟာ ပြီးဆုံးသွားခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ပြင်သစ် ဘတ်စကတ်ဘောသမား သောမတ်စ်ဟူတယ်လ်ကို တွေ့ရစဉ် (SportsDesk)

ဆူတက်ခ်က “ သောမတ်စ်ဟာ ကတိကဝတ်ကို လေးစားလိုက်နာခြင်း မရှိပါဘူး။ ကျနော့်အတွက်ကတော့ ဒီနေ့ကစပြီး သူဟာ ပြင်သစ်လက်ရွေးစင် အသင်းမှာ မရှိတော့ပါဘူး။ ပြီးဆုံးသွားပါပြီ”လို့ ပြောခဲ့ပါတယ်။

ယူကရိန်းမှာ ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ ရုရှား ဒါမှမဟုတ် ဘယ်လာရုစ် အသင်းတွေမှာ ပါဝင် ကစားနေတဲ့ ကစားသမားတွေကို လက်ရွေးစင်အတွက် ရွေးချယ်မှာ မဟုတ်ဘူးလို့ ပြင်သစ် ဘတ်စကတ်ဘော အဖွဲ့ချုပ်ဟာ သြဂုတ် လအစောပိုင်းက သတိပေးခဲ့ပါတယ်။

တာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ ဒီသဘောတူညီမှုကို အတည်ပြုနိုင်ဖို့အတွက် လတ်မှတ်ရေးထိုးဖို့ တောင်းဆိုမှုတွေရှိခဲ့ပြီး ဒါကို ချိုးဖျက်မယ်ဆိုရင် ၂၀၂၄ ပဲရစ်အိုလံပစ် အပါအဝင် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။
ပြင်သစ် ကစားသမားတွေဖြစ်တဲ့ ချာလတ်စ်နဲ့ လာဘီရီတို့ဟာ စီအက်စ်ကေအေ မော်စကိုနဲ့ UNICS ကာဇန်အသင်းတွေမှာ ကစားနေတာကြောင့် ဒီတောင်းဆိုမှုကို လက်မှတ် မထိုးခဲ့တဲ့အတွက် ပြင်သစ် ဘတ်စကတ်ဘောအဖွဲ့ချုပ်က သူတို့ကို လူစာရင်းကနေ ဖယ်ရှားခဲ့တာပါ။

ဟူတယ်လ်ကတော့ ပြင်သစ်အသင်းကို ယူရိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ဇင်းနစ်အသင်းထံ ၁ နှစ် ထပ်တိုးခွင့် ရွေးချယ်မှုနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဟူတယ်လ်ဟာ ပြင်သစ်အတွက် ၉၉ ပွဲ ပါဝင်ကစားထားပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့ အသင်းမှာ ပါဝင်ခဲ့တာပါ။ ပြင်သစ်ကစားသမားဟာ ရုရှားကို မပြောင်းခင် စပိန်၊ ပြင်သစ်နဲ့ တူရကီကလပ်တွေ မှာလည်း ကစားခဲ့တာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့် အသက်အငယ်ဆုံးကစားသမား ဘတ်ပီ ဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1767

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဂျူဗင်တပ်စ်ကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘတ်ပီဟာ မက်ဆီရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူပြီးနောက် စံချိန်သစ်တင်ခဲ့တာပါ။ဘတ်ပီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄၀ ပြည့်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။အရင်က ဒီစံချိန်ကိုတင်ထားခဲ့သူကတော့ ပီအက်စ်ဂျီအသင်းဖော် မက်ဆီဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာလက အသက် ၂၄ နှစ်၊ ၁၃၀ ရက်နဲ့ တင်ထားခဲ့တာပါ။

အခု ဘတ်ပီက အသက်၂၃ နှစ်နဲ့ ၁၃၇ ရက်သာ ရှိသေးတာကြောင့် မက်ဆီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ ဒီလို သမိုင်းမှတ်တိုင်စိုက်ထူနိုင်တဲ့ ၁၇ ဦးမြောက် ကစားသမား ဖြစ်ခဲ့ပြီး ပြင်သစ်ကစားသမားအနေနဲ့ဆိုရင် ၃ ဦးမြောက်ကစားသမား ဖြစ်ခဲ့တာပါ။သူ့ရဲ့ အထက်မှာ အွန်နရီ ဂိုး ၅၀ နဲ့ ဘန်ဇီမာ ၈၆ ဂိုးတို့ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဒီရာသီ ချန်ပီယံလိဂ်သွင်းဂိုး ၇ ဂိုးအထိ ရှိသွားခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူး ဆာလတ်နဲ့အတူ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။ ပြင်သစ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၁၈ ပွဲကစားအပြီးမှာ ၁၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့ပေမယ့် အုပ်စုတွင်း အခြားပွဲမှာ ဘင်ဖီကာ အသင်းက မက္ကာဘီဟိုင်ဖာအသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့တာပါ။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ အုပ်စုဒုတိယနဲ့ ၁၆ သင်းအဆင့်တက်နိုင်ခဲ့တာဖြစ်ပြီး မဲခွဲမှုမှာ အသင်းကြီး တွေနဲ့ တွေ့ဆုံနိုင်တာပါ။ပီအက်စ်ဂျီအသင်းဟာ ဒီတစ်ပတ် လီဂူးဝမ်းပွဲစဉ်အဖြစ် လော်ရီးယန့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s
မျက်ခုံးဒဏ်ရာ ရသွားတဲ့ ဆွန်ဟောင်မင်ကိုတွေ့ရစဉ် (The Times)

ဆွန်ဟောင်မင် ခွဲစိတ်ကုသမှု ခံယူရမယ်လို့ စပါးအသင်း အတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1536

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃

တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဘယ်ဘက် မျက်လုံးပတ်လည်မှာ အရိုးအက် သွားတာကို ပြန်လည် ကောင်းမွန်ဖို့ အတွက် ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ စပါးအသင်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိ ဆွန်ဟောင်မင်ဟာ မာဆေးလ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာ ရရှိသွားခဲ့တာပါ။

ပြိုင်ဘက် ကစားသမား အမ်ဘမ်ဘာနဲ့ ဘောလုံးခုန်တိုက်တာမှာ ထိခိုက်မိခဲ့တာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ဆွန်ဟောင်မင်ဟာ ပွဲကို ဆက်လက် မကစားနိုင်တော့တဲ့အတွက် လူစားလဲ ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာ အခြေအနေကို စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ စပါးအသင်းက အတည်ပြု ထုတ်ပြန်ခဲ့တာပါ။

“ခွဲစိတ်မှုပြီးတာနဲ့ ဆွန်ဟာ အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို စတင် မှာပါ။ အားပေးတဲ့ ပရိသတ်တွေကို နောက်ဆုံးရ အခြေအနေတွေကို ပြောပြပေးသွားမယ်”လို့ စပါးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွန်ဟောင်မင် ခေါင်းယှဉ်တိုက်စဉ် မျက်ခုံးဒဏ်ရာ ရသွားပုံကိုတွေ့ရစဉ် (sport)

ဒါပေမယ့် ဘယ်အချိန်မှာ ခွဲစိတ်မှုပြုလုပ်ပြီး ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာကိုတော့ စပါးအသင်း က ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြသွားတာ မရှိပါဘူး။ ဆွန်ဟောင်မင်ရဲ့ သတင်းဟာ တောင်ကိုရီးယား လက်ရွေးစင် အသင်းအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ လီဗာပူးလ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ စပါးအတွက် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် တောင်ကိုရီးယားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြ ပါတယ်။

အခုဆိုရင် ဆွန်ဟောင်မင်ဟာ အကာအကွယ်ပါတဲ့ မျက်နှာဖုံး ဝတ်ဆင်ပြီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် နိုင်တယ် လို့လည်း သိရပါတယ်။

မန်စီးတီးအသင်း ကွင်းလယ်လူ ဒီဘရိုင်းဟာဆိုရင် ၂၀၂၁ က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ နှာခေါင်းကျိုးပြီး မျက်လုံး အခွံ ထိခိုက်ခဲ့ပေမယ့် ၁၉ ရက်အကြာမှာ ဘယ်လ်ဂျီယံအတွက် ယူရို ၂၀၂၀ ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူး ပါတယ်။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားအတွက် ၁၀၄ ပွဲ ပါဝင်ကစားထားပြီး ၃၅ ဂိုး သွင်းယူကာ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ပေါ်တူဂီ၊ ဂါနာ၊ ဥရုဂွေးတို့နဲ့ အုပ်စု H မှာ ကျရောက်နေတာပါ။

တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်အရည်အသွေးကို ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူးလို့ ကလောပ့်ပြော

By CNI
CNI
Category: Watch TV
Hits: 625

Share
Tweet
Share
Share
powered by social2s

မာဆေးလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ဆွန်ဟောင်မင် ဦးခေါင်းဒဏ်ရာရရှိ

By CNI
CNI
Category: Watch TV
Hits: 650

Share
Tweet
Share
Share
powered by social2s

ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ဘာစီလိုနာရေပန်းစားပေမယ့် ခက်ခဲတဲ့ ပြိုင်ပွဲလို့ ဇာဗီပြော

By CNI
CNI
Category: အားကစား
Hits: 1199

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့် အလွန်ခက်ခဲတဲ့ ပြိုင်ပွဲက သူတို့ကို စောင့်မျှော်နေတယ်လို့ နည်းပြ ဇာဗီက ပြောလိုက်ပါတယ်။

ဇာဗီက “ယူရိုပါလိဂ်က အလွန်ကောင်းတဲ့ ပြိုင်ပွဲအဖြစ်ရှိနေပါတယ်။ကျနော်တို့ရည်မှန်းချက်က ဗိုလ်လုပွဲရောက် ပြီး အနိုင်ရဖို့ပါ။သူတို့က ကျနော်တို့ ရေပန်းအစားဆုံးလို့ တံဆိပ်ကပ်တာကို နားလည်ပါတယ်။ယူရိုပါလိဂ်ဖလား ကို ရယူဖို့ ကျနော်တို့ မဖြစ်မနေကြိုးစားမှာပါ။ဒါပေမယ့် မနှစ်ကရာသီတုန်းက ဒီပြိုင်ပွဲဟာ အလွန်ရှုပ်ထွေးတဲ့ ပြိုင်ပွဲလို့ မြင်မိပါတယ်။အခုနှစ်မှာရှိနေတဲ့အသင်းတွေကို ကြည့်ရတာ အလွန်ခက်ခဲပါတယ်” လို့ သတင်းထောက် တွေကို ပြောခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပလာဇန်အသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အုပ်စုအဆင့်က ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ယူရိုပါလိဂ်ပြိုင်ပွဲဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပြီးနောက် ဥရောပရဲ့ ဒုတိယအဆင့်အမြင့်ဆုံး ပြိုင်ပွဲအဖြစ်သတ်မှတ်ထားတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ပလေးအောဖ့်အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာပါ။ဒီအဆင့်မှာ အနိုင်ရခဲ့မှသာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တတိယသာရခဲ့လို့ ယူရိုပါလိဂ် ဆင်းကစားခဲ့ရသေးတာပါ။အဲဒီတုန်းကလည်း ဘာစီလိုနာအသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ကွာတားဖိုင်နယ်အဆင့်မှာ ဖရန့်ဖတ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

စပိန်ကလပ်ဟာ အခုနှစ်မှာ လီဝန်ဒေါစကီး၊ ကွန်ဒီ၊ ရာဖင်ဟာ၊ ကတ်ဆီ စတဲ့ ကစားသမားအများအပြားကို အားဖြည့်ထားတာကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ လူစာရင်းအင်အား အတောင့်တင်းဆုံးနဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့တာပါ။ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၁ မှတ်သာ ကွာဟနေပြီး ဒီတစ်ပတ်မှာ အယ်လ်မာရီးယားအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျပန်ဝါရင့် မီအူရာကိုတွေ့ရစဉ် (ESPN)

မီအူရာက ဘောလုံးသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူဖြစ်လာ

By CNI
CNI
Category: အားကစား
Hits: 1305

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

အသက် ၅၅ နှစ်အရွယ်ရှိ ဂျပန်ကစားသမား မီအူရာဟာ ဘောလုံးသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။

ဂျပန်ဝါရင့် ကစားသမားဟာ ဆူဇူကာပွိုင့်ဂတ်တာစ် အသင်းအတွက် ပင်နယ်တီကနေ ဂိုးသွင်းယူပြီးနောက် ဘောလုံးသမိုင်းစာအုပ်မှာ သူ့ရဲ့ အမည်ကို ထပ်မံထည့်သွင်းခဲ့တာပါ။

မီအူရာဟာ ပင်နယ်တီကနေ ဂိုးသွင်းပြီးချိန်မှာ သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် စံချိန် မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ မီအူရာဟာဆိုရင် အသက် ၅၅ နှစ်နဲ့ ၂၄၆ ရက်ရှိပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဖြတ်သန်းတာ ၃၇ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။

ဂျပန်စတုတ္တတန်းကလပ်မှာ ကစားနေတဲ့ မီအူရာဟာ တီမိုဟီရာကာတအသင်းနဲ့ ကစားခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၄ မိနစ်မှာ လူစားဝင်ရောက်လာပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ရရှိတဲ့ ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲခဲ့ တာ ဖြစ်ပါတယ်။

ဆူဇူကာပွိုင့်ဂတ်တာစ် အသင်းမှာ ကစားနေတဲ့ မီအူရာကိုတွေ့ရစဉ် (The Japan Times)

ဒီဂိုးဟာ မီအူရာအတွက် ၂၀၁၇ ခုနှစ်၊ မတ်လက ယိုကိုဟားမား အသင်းမှာ ကစားချိန်က သွင်းယူပြီးနောက် ပထမ ဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့တာပါ။ ဒီပွဲမှာ ဆူဇူကာပွိုင့်စ်ဂတ်တာစ် အသင်းက ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။

မီအူရာဟာ ဘောလုံးသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် တင်ရှိထားတဲ့ သူ့ရဲ့ စံချိန်ကို ချိုးဖျက်ပြီး စံချိန် သစ် တင်ခဲ့တယ်လို့ ဂျေလိဂ်ရဲ့ တရားဝင် တွစ်တာက ဖော်ပြခဲ့တာပါ။

အခုဆိုရင် မီအူရာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက် ပွဲပေါင်း ၇၈၀ ကစားထားခဲ့တာမှာ ၂၁၇ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

မီအူရာဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် ၁၉၉၀ ကနေ ၂၀၀၀ အထိ ကစားခဲ့ပြီး ၈၉ ပွဲမှာ ၅၅ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

King Kazu လို့ လူသိများတဲ့ မီအူရာဟာ ဂျပန်ဖူဆယ် အသင်းမှာလည်း ကစားခဲ့ပြီး ကစားသမားဘဝ ဆုဖလား အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ့ဘာမပါဝင်နိုင်ဘူးလို့ အေးဂျင့်အတည်ပြု

By CNI
CNI
Category: Watch TV
Hits: 616

Share
Tweet
Share
Share
powered by social2s
ဂျပန်အသင်း နည်းပြနဲ့ ကစားသမားကိုတွေ့ရစဉ် (The Guardian)

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ရောက်ဖို့ ဂျပန်အသင်း ပစ်မှတ်ထား

By CNI
CNI
Category: အားကစား
Hits: 1012

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ဂျပန်အသင်းနည်းပြ မိုရီယာဆုက ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိဖို့ ပစ်မှတ်ထား တယ်လို့ ကစားသမား ၂၆ ဦး စာရင်း ထုတ်ပြန်တာမှာ ပြောလိုက်ပါတယ်။

မိုရီယာဆုက “ကျနော်တို့ရဲ့ ရည်မှန်းချက်က အနိမ့်ဆုံး ကွာတားဖိုင်နယ် ရောက်ရှိဖို့ပါ။ လွယ်ကူမှာတော့ မဟုတ် ဘူး”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၇ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျပန်အသင်းဟာ ဂျာမနီ၊ စပိန်၊ ကော်စတာရီကာတို့နဲ့ အုပ်စု E မှာ ကျရောက်နေတာ ဖြစ်ပါတယ်။

ဂျပန်အသင်း လူစာရင်းမှာ ဆဲလ်တစ် တိုက်စစ်မှူး ဖူရူဟာရှီနဲ့ ဗစ်ဆယ်လ်ကိုဘေး တိုက်စစ်မှူး အိုဆာကိုတို့ ချန်လှပ်ခံခဲ့ရတာပါ။

ဂျပန်အသင်းကိုတွေ့ရစဉ် (Reuters)

ဖူရူဟာရှီဟာ စကော့တလန်ကလပ်မှာ အထင်ကြီးစရာ ကောင်းလောက်တဲ့ ခြေစွမ်းပြသနေပြီး အိုဆာကိုကတော့ နည်းပြ မိုရီယာဆု လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့် ရခဲ့ပေမယ့် ဂျေလိဂ်ကို ပြန်ရောက်အပြီးမှာ ကြံ့ခိုင်မှုပိုင်း ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ယူနီယံ ဘာလင် ကွင်းလယ်လူ ဟာရာဂူချီဟာလည်း ဂျပန်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာပါ။

မိုရီယာဆုက “ဖြစ်နိုင်ရင်တော့ သူတို့ကို ခေါ်ယူပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတူတူ တိုက်ပွဲဝင်ချင်ပါတယ်။ သူတို့မှာ အဲ့ဒီလိုလုပ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို ရွေးချယ်တာက ရွေးချယ်စရာ တစ်ခု အဖြစ် ရှိပေမယ့် ဒီလိုတွေမရှိလည်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ ဆာလောင်နေပြီး ရည်မှန်းချက်ရှိတဲ့ ကစား သမားတွေကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ကစားသမားရွေးချယ်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။

ဂျပန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဝါရင့်နောက်ခံလူ ယိုရှီဒါက ဦးဆောင်မှာဖြစ်ပြီး အာဆင်နယ် နောက်ခံလူ တိုမီယာဆုနဲ့ ဆိုစီဒက်အသင်းက ကူဘိုတို့လည်း အသင်းလူစာရင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၃ ရက်မှာ ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဘော့စနီးယားအသင်းသားများနဲ့ ရုရှားအသင်းကိုတွေ့ရစဉ် (GETTY IMAGES)

ရုရှားနဲ့ ခြေစမ်းပွဲကစားမှာ မဟုတ်တော့တဲ့ ဘော့စနီးယား

By CNI
CNI
Category: အားကစား
Hits: 1012


CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ဘော့စနီးယား အသင်းဟာ နိုဝင်ဘာလထဲမှာ ရုရှားနဲ့ ကစားဖို့ စီစဉ်ထားတဲ့ ခြေစမ်းပွဲကို မကစားတော့ဘူးလို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဘော့စနီးယား အသင်းဟာ ရုရှားနိုင်ငံကို သွားရောက်ပြီး နိုဝင်ဘာလ ၁၉ ရက် ဂတ်ဇ်ပွန်အရီနာမှာ ခြေစမ်းပွဲ ကစားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့တာပါ။

ဒါပေမယ့် ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ်ဟာ အသင်းရဲ့ အဓိကကြယ်ပွင့်တွေဖြစ်တဲ့ ဂျက်ကို၊ ယာနစ်တို့အပြင် ဘုတ်အဖွဲ့ဝင်တို့ရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး ဒီပွဲကို ဖျက်သိမ်းဖို့ ဖိအားပေးမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ ယူကရိန်း ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီပွဲကို ဖျက်သိမ်းဖို့ ဖီဖာနဲ့ ယူအီးအက်ဖ်အေထံ တောင်းဆိုသွားမယ်လို့ ပြောခဲ့တာပါ။

အဲ့ဒါကြောင့် ဘော့စနီးယားဘောလုံးအဖွဲ့ချုပ် အမှုဆောင် အစည်းအဝေးမှာ ဒီခြေစမ်းပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပြီး စီစဉ်ထားတဲ့အတိုင်း ကစားနိုင်မှာ မဟုတ်ပေမယ့် နောက်ပိုင်းမှာ ကစားနိုင်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာနဲ့ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပေမယ့် ခြေစမ်းပွဲကိုတော့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ရှိတာပါ။

ဘော့စနီးယားအသင်းကိုတွေ့ရစဉ် (အာတီ)

ကာပင်ကိုင်တွယ်နေတဲ့ ရုရှားအသင်းဟာ နိုဝင်ဘာလ ၁၇ ရက်မှာ တာဂျစ်ကစ္စတန်အသင်းနဲ့ ခြေစမ်းပွဲ ကစား မယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။

ရုရှားဟာ ဒီလထဲမှာပဲ အီရန်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ လပိုင်းတွေက သတင်းတွေ ထွက်ခဲ့ပေ မယ့် ကျင်းပမယ့် နေရာနဲ့ ကစားမယ့် နေ့ရက်ကို အတည်မပြုရသေးတာကြောင့် ပွဲကျင်းပဖို့ မသေချာတော့တာပါ။

အီရန်အသင်းဟာ အင်္ဂလန်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲမတိုင်ခင် နီကာရာဂွာနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ တာဂျစ်ကစ္စတန်နဲ့ ခြေစမ်းပွဲပြီးရင် ဥဇဘတ်ကစ္စတန်နဲ့ပါ ခြေစမ်းပွဲ ကစားမယ်လို့ ရုရှားမီဒီယာ တွေက ဖော်ပြထားပါတယ်။

ရုရှားအသင်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်က ကာဂျစ္စတန် အသင်းနဲ့ ခြေစမ်းပွဲကစားထားပြီး ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။

ရုရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ပွဲစဉ်မှာ ကစားခွင့် မရခဲ့သလို လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမှာလည်း ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

Source: အာတီရ်သတင်းဌာန

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ့ဘာမပါဝင်နိုင်ဘူးလို့ အေးဂျင့်အတည်ပြု

By CNI
CNI
Category: အားကစား
Hits: 1095

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁

ပေါ့ဘာဟာ လေ့ကျင့်ရေးကွင်းမှာ နောက်ထပ်ဒဏ်ရာရရှိသွားတဲ့အတွက် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်တော့ဘူးလို့ အေးဂျင့်ဖြစ်သူက အတည်ပြုလိုက်ပါတယ်။

ပီမန်တာက “ပေါလ်ဟာ အမြန်ဆုံးပြန်လာချင်ပေမယ့် စိတ်ရှည်သည်းခံရဦးမှာပါ။ဒီလိုခက်ခဲတဲ့အချိန်မှာ သူပိုပြီး ကြိုးစားရမှာပါ။ပရိသတ်တွေနဲ့ အသင်းအတွက် အမြန်ဆုံးပြန်လာပြီး ကွင်းထဲမှာ သူအကောင်းဆုံး ပေးဆပ် သွားမှာပါ။အခုတော့ သူဟာ ခွဲစိတ်မှုကနေ ပြန်ကောင်းလာဖို့ အချိန်လိုအပ်ပါသေးတယ်။ဒါကြောင့် ပေါလ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် ပါဝင်နိုင်မှာမဟုတ်ဘူး” လို့ ပြင်သစ်အခြေစိုက် Telefoot နဲ့ စကားပြော ခဲ့တာကို Get French Football News က ကိုးကားပြီးဖော်ပြထားတာပါ။

ပေါ့ဘာဟာ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက် အသင်းနဲ့ လေ့ကျင့်မှုတွေပြုလုပ်ရင်း နောက်ထပ် ပေါင်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်ကနေ အလွတ်နဲ့ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းအတွက် ဒီရာသီမှာ တစ်ပွဲမှပါဝင်ကစားရခြင်းမရှိသေးပါဘူး။ပြင်သစ်ကစားသမားဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရတာပါ။

ဒီခွဲစိတ်မှုကနေ ပြန်ကောင်းလာခဲ့တာကြောင့် ကာတာကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက် ပါဝင်ကစားနိုင်ဖို့ သူ့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပေါင်ဒဏ်ရာကြောင့် နောက်ထပ် ၃ ပတ်ကြာ အနားယူဖို့ရှိတာကြောင့် ပေါ့ဘာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ဖို့ သေချာသွားခဲ့တာပါ။ လက်ရှိအခြေအနေတွေကြောင့် ယူနိုက်တက်ကစားသမားဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင် ကစားနိုင်မှာ ဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းဟာ ပေါ့ဘာမတိုင်ခင် ကန်တီကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားပြီးဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။အဆိုပါကစားသမား နှစ်ဦးစလုံးဟာ ပြင်သစ်အသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိက ခြေစွမ်းပြသခဲ့တဲ့သူတွေဖြစ်ပါတယ်။အဲဒါကြောင့် လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ အဓိကကစားသမား နှစ်ဦးမပါဘဲ ကာတာကို သွားရောက်ရတော့မှာပါ။

ဒိန်းမတ်၊ သြစတြေးလျ၊ တူနီရှားတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတဲ့ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၂ ရက်မှာ သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 26
  • 27
  • 28
  • 29
  • 30
  • 31
  • 32
  • 33
  • 34
  • 35

Page 31 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar