CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

CNI ရဲ့ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 851

Share
Tweet
Share
Share
powered by social2s
ကာတာကမ္ဘာ့ဖလား အကြီးအကဲ ဟာဆန်အယ်လ်သဝါဒီကိုတွေ့ရစဉ် (Getty Images)

ကမ္ဘာ့ဖလားအတွက် ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ သေဆုံးခဲ့

By CNI
CNI
Category: အားကစား
Hits: 1596

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေနဲ့ အခြေခံ အဆောက်အဦတွေ တည်ဆောက်တာမှာ ရွှေ့ပြောင်း နေထိုင်သူ ၅၀၀ သေဆုံးခဲ့တယ်လို့ ကာတာကမ္ဘာ့ဖလား အကြီးအကဲက ပြောလိုက်ပါတယ်။

ဟာဆန်အယ်လ်သဝါဒီက “ ခန့်မှန်းခြေအားဖြင့် ပြောရရင် ၄၀၀ ဝန်းကျင်၊ ၄၀၀ နဲ့ ၅၀၀ ကြားပေါ့၊ အရေအတွက် အတိအကျတော့ ကျနော်မသိပါဘူး။ သေခြင်းတရားနဲ့ ပတ်သက်ပြီး များပြားလွန်းပါတယ်။ အနည်းဆုံး ကမ္ဘာ့ ဖလား အလုပ်တည်နေရာတွေမှာ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေး စံနှုန်းတွေဟာ နှစ်စဉ်နှစ်တိုင်း တိုးတက် နေတယ်လို့ ထင်ပါတယ်။ ဒါက ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဂျာမန် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေ၊ ဆွစ်ဇာလန် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လုပ်ခဲ့တဲ့အလုပ်နဲ့ တိုးတက်မှု ကို ချီးကျူးခဲ့ကြပါတယ်”လို့ ပြောခဲ့တာပါ။

ကာတာကမ္ဘာ့ဖလား အကြီးအကဲဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အခုလို ပြောခဲ့တာ ဖြစ်ပါ တယ်။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွှေ့ပြောင်းနေထိုင်သူ သေဆုံးသူဦးရေဟာ ၁၅,၀၀၀ ကျော်အထိ ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကာတာ ကမ္ဘာ့ဖလား ဆောက်လုပ်ရေး လုပ်သားများကိုတွေ့ရစဉ် (The Times)

ပြိုင်ပွဲကျင်းပနိုင်ဖို့ အားကစားကွင်းတွေ တည်ဆောက်တာမှာ ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြား သေဆုံး ခဲ့တာကြောင့် ကာတာမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဝေဖန်မှုတွေ ခံနေရတာ ဖြစ်ပါတယ်။

Amnesty International အဖွဲ့ဝင် စတိဗ်ကော့ဘ်ဘန်းက “ ရွှေ့ပြောင်း အလုပ်သမားတွေ ခံစားခဲ့ရတဲ့ အရာတွေ ကို ကုစား မပေးနိုင်သေးခင်အထိတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဆိုးဆိုးရွားရွားနဲ့ မှေးမှိန်သွားပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။

ဝေဖန်မှုတွေ ခံနေရပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပနေတာ အုပ်စုပွဲစဉ် နောက်ဆုံး ပွဲစဉ်အထိ ရောက်ရှိ နေပြီဖြစ်ပြီး အိမ်ရှင် ကာတာအသင်း ကတော့ ၃ ပွဲကစား ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့လို့ အုပ်စုကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘာ့ဖလား ဒိုင်လူကြီးလုပ်မယ့် ဖရက်ပါ့ဒ်ကိုတွေ့ရစဉ်

အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမျိုးသမီးဒိုင်အဖွဲ့ ပထမဆုံးအကြိမ် တာဝန်ယူမယ်

By CNI
CNI
Category: အားကစား
Hits: 994

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

အမျိုးသမီးဒိုင်လူကြီးအဖွဲ့ဟာ ကော်စတာရီကာနဲ့ ဂျာမနီအသင်းတို့ ကစားမယ့် အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖရက်ပါ့ဒ်ဟာ အမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကိုင်တွယ်မယ့် အမျိုးသမီး ကွင်းလယ်ဒိုင်လူကြီး ဖြစ်လာခဲ့တာပါ။ သူမဟာ ပြီးခဲ့တဲ့ မက္ကဆီကိုနဲ့ ပိုလန်တို့ပွဲစဉ်မှာ စတုတ္တဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အမျိုးသမီး တာဝန်ရှိသူ ဖြစ်ခဲ့ပါတယ်။

ဖရက်ပါ့ဒ်က “ ကျမတို့ ဖိအားတွေကို သိပါတယ်။ ဒါပေမယ့် ကျမကတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ စိတ်အေးအေးထားမယ်၊ အာရုံစိုက်မယ်၊ အာရုံစူးစိုက်သွားမှာပါ။ မီဒီယာနဲ့ အရာ အားလုံးကို အများကြီး စဉ်းစားသွားမှာ မဟုတ်ပါဘူး။ ကွင်းထဲက အရာတွေကိုပဲ အာရုံစိုက်သွားမှာပါ။ ကျမ ဒါကို စလုပ်ကတည်းက အသင်းတွေ၊ ကစားသမားတွေရဲ့ အားပေးမှုတွေကို အမြဲတမ်း ရရှိခဲ့ပါတယ်။ အခုလည်း အရင် ကလိုပဲ ကြိုဆိုဖို့ မျှော်လင့်ပါတယ်”လို့ ပြိုင်ပွဲမတိုင်ခင် BBC Sport ကို ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်မယ့် အမျိုးသမီးဒိုင်သုံးဦးကိုတွေ့ရစဉ်

ကြာသပတေးနေ့မှာ ကစားမယ့် ကော်စတာရီကာနဲ့ ဂျာမနီပွဲစဉ်ကို ပြင်သစ်လူမျိုး ဖရက်ပါ့ဒ်နဲ့အတူ ဘရာဇီးလ်က နူဇာဘက်၊ မက္ကဆီကိုက ဒီယတ်ဇ်တို့က စည်းကြပ်ဒိုင်တွေအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဖရက်ပါ့ဒ်ဟာ ၂၀၂၀ က အမျိုးသား ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ အမျိုးသမီးဒိုင်လူကြီး ဖြစ်ခဲ့ သလို၊ ၂၀၁၉ က လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ ကစားခဲ့တဲ့ ဥရောပစူပါဖလား ပွဲစဉ်ကိုလည်း တာဝန်ယူခဲ့တာပါ။

မူကန်ဆန်ဂါနဲ့ ယိုရှီမီတို့ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူဖို့ ရွေးချယ်ခံထားရတဲ့ ဒိုင်လူကြီး ၃၆ ဦး စာရင်းမှာ ပါဝင်နေတဲ့ အမျိုးသမီးဒိုင်လူကြီးတွေ ဖြစ်ပါတယ်။ အခု ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အမျိုးသမီး ဒိုင်လူကြီး တွေကို တာဝန်ယူဖို့ ရွေးချယ်ထားတဲ့ ပထမဆုံး အမျိုးသားကမ္ဘာ့ဖလား ပြိုင်ပွဲဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရက်ရှ်ဖို့ဒ် အောင်ပွဲခံနေစဉ်

ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း နောက်ထပ်လာဖို့တွေရှိတယ်လို့ ရက်ရှ်ဖို့ဒ်ပြော

By CNI
CNI
Category: အားကစား
Hits: 1005

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

ရက်ရှ်ဖို့ဒ်က ဝေးလ်စ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့် တက်နိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်း နောက်ထပ်လာဖို့တွေ ရှိသေးတယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။

ရက်ရှ်ဖို့ဒ်က “ ဒီလို အခိုက်အတန့်တွေကို ကျနော်သဘောကျပါတယ်၊ ဒါကြောင့်လည်း ဘောလုံးကစားနေတာပါ။ အသင်း နောက်တဆင့် တက်နိုင်ခဲ့လို့ ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ကျနော်တို့ဟာ ဒီစွမ်းဆောင်ရည်ကို ဆက်ပြီး တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအသင်းအတွက် ကျနော့်ရဲ့ ရည်မှန်းချက်တွေက ကြီးကြီးမားမား ရှိနေဆဲပါ။ ကျနော်တို့ ဒီပွဲမှာ လုပ်ပြခဲ့တာထက်တောင် ပိုပြီးကောင်းမွန်အောင် ကစားနိုင်မယ်လို့ ထင်ပါတယ်။ လာမယ့် ပွဲတွေမှာ စွမ်းဆောင်ရည်ကောင်းရှိဖို့ အရေးကြီးတယ်”လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဝေးလ်စ်နဲ့ ပွဲစဉ်မှာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး အင်္ဂလန်အတွက် ၂ ဂိုး သွင်းယူကာ ခြေစွမ်းပြသ နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး ဘတ်ပီ၊ ဂတ်ပို၊ အန်နာဗလင်စီယာတို့နဲ့အတူ ဂိုးသွင်း ရွှေဖိနပ်ဆု ရယူဖို့ ဦးဆောင်နေတာ ဖြစ် ပါတယ်။

ဝေးလ်စ်အသင်းဘက်ကို ရက်ရှ်ဖို့ဒ် ဖရီးကစ်ကနေ ဂိုးသွင်းနေစဉ်


ဒါ့အပြင် ရက်ရှ်ဖို့ဒ်ဟာ ၁၉၆၆ က ဘော်ဘီချာလ်တန် နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူနိုင်တဲ့ ပထမ ဆုံး ယူနိုက်တက် ကစားသမားအဖြစ်လည်း မှတ်တမ်း တင်နိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာဆိုရင် ပြီးခဲ့တဲ့ အီရန်နဲ့ အမေရိကန်တို့ ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပေမယ့် ဝေးလ်စ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့တာကြောင့် ၁၆ သင်းအဆင့် ပွဲမှာလည်း ပွဲထွက်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဝေးလ်စ်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ၃ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်ရရှိကာ ပထမနဲ့ ၁၆ သင်းအဆင့် တက်နိုင်ခဲ့တာပါ။

အခုဆိုရင် အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာတော့ ဆီနီဂေါအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

Share
Tweet
Share
Share
powered by social2s

၁၆ သင်းအဆင့်တက်တဲ့ အမေရိကန်အသင်းကို သမ္မတ ဂျိုးဘိုင်ဒန်ဂုဏ်ပြု

By CNI
CNI
Category: အားကစား
Hits: 970

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အီရန်အသင်းကို အနိုင်ရပြီး ၁၆ သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ လက်ရွေးစင်အသင်းကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

ဂျိုးဘိုင်ဒန်က “အမေရိကန်၊ အမေရိကန် ဒါက ကြီးမားတဲ့ပွဲပါပဲ။နည်းပြနဲ့ ကစားသမားတွေကို စကားပြောတဲ့ အချိန်တုန်းက မင်းတို့လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။အခုတော့ သူတို့လုပ်နိုင်ခဲ့ပါပြီ။ဘုရားသခင်က သူတို့ကို ချစ်ကြပါတယ်” လို့ မီရှီဂန်မှာရှိတဲ့ လူအုပ်ကြီးကို ပြောခဲ့တာပါ။

အမေရိကန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အီရန်အသင်းနဲ့ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။အမေရိကန်အတွက်သွင်းဂိုးကို ပူလီဆစ်က သွင်းယူခဲ့တာပါ။အမေရိကန်အသင်းဟာ ဒီနိုင်ပွဲ ကြောင့် အုပ်စုတွင်း ၃ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင် ၂ ပွဲသရေ ရမှတ် ၅ မှတ်ရရှိကာ အုပ်စုတွင်း ဒုတိယနဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်လို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပေမယ့် ၂၀၂၂ ပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။အမေရိကန်အသင်းတိုက်စစ်မှူး တီမိုသီဝီယာ့က အီရန် အသင်းကို သူတို့အနိုင်ရမယ်ဆိုတာ ဘယ်သူကမှ မယုံကြည်ခဲ့ကြဘူးလို့ ပြောခဲ့ပါတယ်။

တီမိုသီဝီယာ့က “ကျနော်အမြဲတမ်းပြောနေတဲ့အရာက ကျနော်တို့ဟာ ကမ္ဘာကြီးကို အမြဲတမ်း ဆန့်ကျင်နေတာ ပါ။အမေရိကန်က ဘောလုံးကို ကောင်းမွန်စွာကစားတယ်ဆိုတာကို ဘယ်သူကမှ မယုံကြည်ကြပါဘူး။ ကျနော် တို့က ဒါကို ကမ္ဘာကြီးကို ချပြနိုင်ဖို့ ကြိုးစားနေတယ်” လို့ FOX ကို ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၃ ရက်မှာ နယ်သာလန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဂျူဗင်တပ်စ် ဘုတ်အဖွဲ့ဝင်အားလုံး ရာထူးက နှုတ်ထွက်ကြောင်း ကြေညာ

By CNI
CNI
Category: Watch TV
Hits: 657

Share
Tweet
Share
Share
powered by social2s

ဘယ်သူဂိုးသွင်းသွင်း အရေးကြီးတာက ပေါ်တူဂီနောက်တဆင့် တက်ဖို့လို

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s
တိုက်ဂါးဝုဒ်ကို တွေ့ရစဉ် (Bleacher Report)

Hero World Challenge ပြိုင်ပွဲကနေ တိုက်ဂါးဝုဒ် နှုတ်ထွက်

By CNI
CNI
Category: အားကစား
Hits: 1478

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

တိုက်ဂါးဝုဒ်ဟာ သူ့ရဲ့ ညာဘက်ခြေထောက် ပြဿနာကြောင့် လာမယ့်လ ဘဟားမားစ်မှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။

တိုက်ဂါးဝုဒ်က “ ညာဘက်ခြေထောက် နာကျင်ကိုက်ခဲနေရတဲ့ အခြေအနေကြောင့် လမ်းလျှောက်ရ ခက်နေ ပါတယ်။ ဆရာဝန်တွေနဲ့ တိုင်ပင်အပြီးမှာ ဒီပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျနော့်ရဲ့ တာဝန် တွေကို ဆက်ပြီး အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျနော့်ရဲ့ အစီအစဉ်ကတော့ The Match နဲ့ PNC ချန်ပီယံ ရှစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်”လို့ ပြောခဲ့တာပါ။

အသက် ၄၆ နှစ်အရွယ်ရှိ တိုက်ဂါးဝုဒ်ဟာ ဇူလိုင်လက ကျင်းပခဲ့တဲ့ The Open Championship ပြိုင်ပွဲ ပြီးကတည်းက ဂေါ့ဖ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတော့ပါဘူး။

Hero World Challenge ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်ဟာ ၂၀၀၁၊ ၂၀၀၄၊ ၂၀၀၆၊ ၂၀၀၇ နဲ့ ၂၀၁၁ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ပြီး ချန်ပီယံဆု ၅ ကြိမ် ရရှိထားတာ ဖြစ်ပါတယ်။ အခုနှစ် ပြိုင်ပွဲကို နိုဝင်ဘာလ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက် အထိ ကျင်းပသွားမှာပါ။

တိုက်ဂါးဝုဒ်ကို တွေ့ရစဉ် (TSN)

တိုက်ဂါးဝုဒ်ဟာ ဒီဇင်ဘာလ ၁၀ ရက် ဖလော်ရီဒါမှာ ကျင်းပမယ့် The Match ပြိုင်ပွဲမှာတော့ မက်အီရွိုင်းနဲ့ တွဲဖက်ပြီး ဂျော်ဒန်စပိဒ်၊ ဂျက်စတင် သောမတ်စ်တို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

တိုက်ဂါးဝုဒ်ဟာဆိုရင် အခုနှစ် မာစတာပြိုင်ပွဲမှာ အဆင့် ၄၇ နေရာနဲ့ အဆုံးသတ်ခဲ့ရပြီး တတိယအဆင့် ပြိုင်ပွဲ အပြီးမှာ အမေရိကန် ပီဂျီအေ ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ်(၁) ဂေါ့ဖ်ကစားသမားဟောင်း တိုက်ဂါးဝုဒ်ဟာ ကစားသမားဘဝမှာ အဓိကချန်ပီယံဆု ၁၅ ကြိမ် ရရှိခဲ့တာ အပါအဝင် ဆုဖလား အောင်မြင်မှု အများအပြား ရရှိခဲ့တာပါ။

တိုက်ဂါးဝုဒ်ဟာ ပြင်းထန်တဲ့ ကားတိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဂေါ့ဖ်ပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင် ယှဉ်ပြိုင် နိုင်ဖို့ ရုန်းကန်နေရပြီး အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂျူဗင်တပ်စ်အသင်း ဘုတ်အဖွဲ့ဝင်များကိုတွေ့ရစဉ်(Goal)

ဂျူဗင်တပ်စ် ဘုတ်အဖွဲ့ဝင်အားလုံး ရာထူးက နှုတ်ထွက်ကြောင်း ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1380

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

ဂျူဗင်တပ်စ်အသင်းရဲ့ဥက္ကဋ္ဌ အက်ဂ်နယ်လီ အပါအဝင် ဂျူဗင်တပ်စ် ဘုတ်အဖွဲ့ဝင်အားလုံးဟာ ရာထူးကနေ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၄ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ ပေါင်သန်း ၂၂၀ ဆုံးရှုံးခဲ့ပြီး အီတလီမှာ စံချိန်တင် အရှုံးပေါ်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂျူဗင်တပ်စ်အသင်းဟာ ကလပ်အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်ခြင်း ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

၂၀၁၉ ကနေ ၂၀၂၁ ကြား ကစားသမားတွေ စာရင်းသွင်း မှတ်ပုံတင်ကနေ ရရှိတဲ့ ဝင်ငွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ဒီစုံစမ်း စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့ ဥက္ကဋ္ဌ အက်ဂ်နယ်လီနဲ့ ဒုဥက္ကဋ္ဌ နတ်ဗတ်တို့ဟာ သူတို့ရဲ့ ရာထူးတွေက နှုတ်ထွက် ခဲ့ကြတာ ဖြစ်ပါတယ်။

“ဆိုင်းငံ့ထားတဲ့ တရားရေးနဲ့ စာရင်းအင်းဆိုင်ရာ ပြဿနာတွေရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ ဆက်စပ်မှုကို ထည့်သွင်း စဉ်းစားပြီး ဘုတ်အဖွဲ့တွေဟာ ရာထူးက နှုတ်ထွက်ခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဂျူဗင်တပ်စ်အသင်းကိုတွေ့ရစဉ်(Sport)

မန်နေဂျင်းဒါရိုက်တာ အာရီဗာဘီနီဟာ ဘုတ်အဖွဲ့ဝင် အသစ်တွေကို စုစည်းဖို့ ယာယီ ကာလအတွင်းမှာ သူ့ရဲ့ ရာထူးနေရာမှာပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အက်ဂ်နယ်လီဟာ ၂၀၂၁ မှာ ဥရောပစူပါလိဂ် ပြိုင်ပွဲကို ခွဲထွက်ပြီး ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ အကြီးအကဲတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။

အီတလီ စတော့အိတ်ချိန်းရဲ့ စာရင်းမှာရှိနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ရင်းနှီးမြုပ်နှံတဲ့ သူတွေကို မှားယွင်းတဲ့ စာရင်းအင်း အချက်အလက်တွေ တင်ပြတာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် လုံးဝမရှိတဲ့ အပြောင်းအရွှေ့တွေအတွက် ပြေစာတွေ ထုတ်ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရသလို စုံစမ်း စစ် ဆေးမှုတွေလည်း ခံနေရတာ ဖြစ်ပါတယ်။

အီတလီကလပ်ကတော့ သူတို့ဟာ ဘာအမှားအယွင်းကိုမှ ပြုလုပ်ထားခြင်း မရှိဘူးလို့ စွပ်စွဲချက်တွေကို ငြင်းဆန် ထားတာပါ။ အီတလီဘောလုံးအဖွဲ့ချုပ်ဟာ အခြားကလပ် အသင်းတွေကိုလည်း အောက်တိုဘာလက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

ဘုတ်အဖွဲ့ အသစ် ခန့်အပ်ဖို့အတွက် အစုရှယ်ယာရှင်တွေဟာ ဇန်နဝါရီ ၁၈ ရက်မှာ ထပ်မံတွေ့ဆုံဖို့အတွက် စီစဉ် ထားတယ်လို့ ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်ထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ ဘရူနိုဖာနန်ဒက်စ်ကိုတွေ့ရစဉ် (GETTY IMAGES)

ဘယ်သူဂိုးသွင်းသွင်း အရေးကြီးတာက ပေါ်တူဂီနောက်တဆင့် တက်ဖို့လို

By CNI
CNI
Category: အားကစား
Hits: 1636

CNI International News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉

ဘရူနိုဖာနန်ဒက်စ်က ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအတွက် အဖွင့်ဂိုး ကို ဘယ်သူပဲသွင်းသွင်း အရေးကြီးတာက နောက်တဆင့် တက်ဖို့ပဲလိုတယ်လို့ ပြောလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “ အဖွင့်ဂိုးကို ဘယ်သူ သွင်းယူလဲဆိုတာက တကယ်ကို အရေးမကြီးပါဘူး။ ကျနော်ပဲဖြစ်ဖြစ် ခရစ္စတီယာနိုပဲ ဖြစ်ဖြစ်ပါ။ ကျနော်ကတော့ အဲ့အချိန်မှာ ခရစ္စတီယာနို ဘောလုံးထိမိခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ကျနော် သူ့ဆီကို ဘောလုံးပေးပို့ခဲ့တာပါ။ အရေးကြီးတာက ကျနော်တို့ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရပြီး နောက်တဆင့် တက်ဖို့ပါပဲ။ လာမယ့်ပွဲမှာလည်း အနိုင်ရပြီး ရှုံးပွဲမရှိနဲ့ အုပ်စုက တက်ချင်တယ်”လို့ ပြောခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၄ မိနစ်မှာ ရရှိတဲ့ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို ရော်နယ်ဒို သွင်းယူခဲ့တယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အနှေးပြကွက်နဲ့ ပြန်ကြည့်တာမှာ ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးဟာ ရော်နယ်ဒိုရဲ့ ခေါင်းနဲ့ မထိပဲ ဂိုးထဲ ဝင်သွားခဲ့တာပါ။

အဲ့ဒါကြောင့် ဒီဂိုးကို ဘရူနိုဖာနန်ဒက်စ်ရဲ့ ဂိုးအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးသာ ရော်နယ်ဒိုရဲ့ သွင်းဂိုး ဖြစ်ခဲ့မယ်ဆိုရင် ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး ဂန္တဝင် အူဆီဘီယိုရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီ သွားမှာပါ။

ဘရူနိုဖာနန်ဒက်စ် ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရော်နယ်ဒို ခေါင်းတိုက် သွင်းနေစဉ် (The Standard)

အူဆီဘီယိုက ၉ ဂိုး သွင်းယူထားပြီး ဒီစံချိန်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ပေါ်တူဂီ အသင်း ရခဲ့တဲ့ ဒုတိယဂိုးကိုလည်း ပင်နယ်တီကနေ သွင်းယူသွားခဲ့တာပါ။

ရော်နယ်ဒိုဟာ ဒီအချိန်မှာ လူစားလဲ ခံခဲ့ရတာကြောင့် ပင်နယ်တီကို ယူနိုက်တက် ကစားသမားက ကန်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ပွဲ ကစားအပြီးမှာ ၂ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိသွားခဲ့ ပါတယ်။ ပေါ်တူဂီအသင်းဟာ ဥရုဂွေးအသင်းကို အနိုင်ရပြီးနောက် အုပ်စုတွင်း ၂ ပွဲကစား ရမှတ် ၆ မှတ်နဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် သောကြာနေ့မှာ တောင်ကိုရီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

တောင်ကိုရီယားအသင်းဟာ အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁ မှတ်သာ ရရှိထားပြီး နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် နည်းပါးနေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

အင်တာမိုင်ယာမီနဲ့ သဘောတူညီမှုရဖို့ မက်ဆီနီးစပ်နေ

By CNI
CNI
Category: Watch TV
Hits: 668

Share
Tweet
Share
Share
powered by social2s

မော်ရိုကိုကို ရှုံးနိမ့်ခဲ့မှု ဒီဘရိုင်းနဲ့ ဟာဇတ်ကို ဗာတွန်ဂန်ထိုးနှက်

By CNI
CNI
Category: Watch TV
Hits: 745

Share
Tweet
Share
Share
powered by social2s
ဗာတွန်ဂန်၊ ဒီဘရိုင်း၊ ဟာဇတ်တို့ကိုတွေ့ရစဉ် (Goal)

မော်ရိုကိုကို ရှုံးနိမ့်ခဲ့မှု ဒီဘရိုင်းနဲ့ ဟာဇတ်ကို ဗာတွန်ဂန်ထိုးနှက်

By CNI
CNI
Category: အားကစား
Hits: 1396

CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈

ဗာတွန်ဂန်က မော်ရိုကိုကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဘယ်လ်ဂျီယံအသင်းဟာ အိုမင်းလွန်းနေပြီး ခံစစ်ပိုင်းကလည်း အားနည်းတယ်လို့ ပြောခဲ့တဲ့ ဒီဘရိုင်းနဲ့ ဟာဇတ်တို့ကို ပြန်လည် ထိုးနှက်သွားခဲ့ပါတယ်။

ဗာတွန်ဂန်က “ ကျနော်တို့ရဲ့ ရှေ့တန်းက အိုမင်းလွန်းတာကြောင့် တိုက်စစ်ပိုင်းက တော်တော်လေးကို ဆိုးရွား ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ လုံလောက်တဲ့ အခွင့်အရေးကိုလည်း မဖန်တီးနိုင်ခဲ့ပါဘူး။တူညီတဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရပါတယ်”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်လို့ သတ်မှတ်ခံထားရတဲ့ ဒီအစုအဖွဲ့ဟာ မော်ရိုကိုအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် အုပ်စုတွင်း ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်သာ ရရှိထားပြီး နောက်တဆင့် တက်ဖို့ဆိုရင် ခရိုအေးရှားအသင်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲမှာ မဖြစ်မနေ နိုင်ပွဲရယူဖို့ လိုအပ်သွားပြီ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံ ကစားသမား ဗာတွန်ဂန်ကို ကစားဖော်များနဲ့အတူတွေ့ရစဉ် (Sport)

ဒီပွဲမတိုင်ခင်မှာ ဒီဘရိုင်းက “ ဘယ်လ်ဂျီယံအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေဟာ အိုမင်းနေပြီး၊ တစ်သင်း လုံး ကလည်း အိုမင်းလွန်း နေတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဆုရဖို့ မဖြစ်နိုင်ဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် ဟာဇတ်ကလည်း “ ကျနော်တို့ရဲ့ ခံစစ်ကစားသမားတွေဟာ မလျင်မြန်တော့ပါဘူး။ ဒါကို သူတို့သိပါတယ်”လို့ မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာ ပြောခဲ့တာပါ။

ဒီလိုပြောဆိုမှုတွေကို ဗာတွန်ဂန်က မော်ရိုကိုနဲ့ ပွဲအပြီးမှာ ပြန်လည် တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ နည်းပြ မာတီးနတ်စ်က သူတို့ဟာ ၆ နှစ်ကြာ အတူလက်တွဲခဲ့ကြတာဖြစ်ပြီး ဒီလိုမှတ်ချက်တွေက အနိုင်ရဖို့ အထောက်အကူ မဖြစ်ဘူးလို့ ပြောခဲ့ပါတယ်။

မာတီးနတ်စ်က “ ကီဗင်ရဲ့ မှတ်ချက်ကို ကျနော် ပထမဆုံးအကြိမ် ကြားခဲ့ရတာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစား သမားတွေက မီဒီယာတွေကို နေ့တိုင်း စကားပြောနေရမှာပါ။ ၉၀ ရာခိုင်နှုန်းက အကောင်းမြင်တက်ပေမယ့် အကြောင်းအရာနဲ့ မကိုက်ညီတဲ့ စာကြောင်း ၁ ကြောင်း၊ ၂ ကြောင်းလောက်ကတော့ အမြဲရှိနေမှာပါ။ ကစားသမား တွေက သူတို့ရဲ့ အမြင်တွေကို ထုတ်ပြခွင့် ရှိပါတယ်”လို့ ပြောပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့အဆင့် ၁ နေရာကို အကြာကြီး ရယူခဲ့ပြီး ကမ္ဘာ့အဆင့်ရှိ ကစားသမားတွေ အများကြီး ပါဝင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုတော့ မရခဲ့ပါဘူး။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ် (Reuters)

နောင်အနှစ် ၅၀ ကြာလည်း ရော်နယ်ဒိုအကြောင်းကို ပြောနေမှာပါပဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 3694

CNI Sport Article

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၇

နောင်အနှစ် ၅၀ ကြာလည်း ရော်နယ်ဒိုအကြောင်းကို အားလုံးက ဆက်ပြောနေမှာပါပဲ။

ဒီစကားကို ပြောလိုက်တာကတော့ ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်ပဲ ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင် အသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒို စံချိန်သစ် တင်ပြီးနောက် ဒီစကားကို ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ နည်းပြ ဆန်းတို့စ်ကိုတွေ့ရစဉ် (CTV News)

ရော်နယ်ဒိုဟာ ဂါနာအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့တာပါ။

အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင် အသင်းနဲ့အတူ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဒီလိုမျိုးစံချိန်ကို နာမည်ကြီး ကစားသမား အများအပြား ဘယ်သူကမှ မလုပ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုက လုပ်နိုင်ခဲ့ တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ် ကစားဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ရော်နယ်ဒိုဟာ ၂၁ နှစ် သားထဲက ဒီပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ ၅ ကြိမ်ဆက် ဂိုးသွင်းဖို့ ဆိုတာလည်း တကယ်ကို မလွယ်ကူတာပါ။ ဒါကို ရော်နယ်ဒိုက လုပ်ဆောင်နိုင် ခဲ့တာ ဖြစ်ပါတယ်။

အားလုံးလည်း သိနေတဲ့ အတိုင်းပါပဲ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက် သိမ်းထားတာ ဖြစ်ပါတယ်။ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အပြီးမှာ ရော်နယ်ဒိုဟာ ယူနိုက်တက် ကိုရော အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာပါ။

ရော်နယ်ဒို အကောင်းဆုံးဆု ရခဲ့(Sports Brief)

ရော်နယ်ဒိုဟာ ဒီလိုတွေ ပြောခဲ့မှုကြောင့် ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်း ခဲ့ရပေမယ့် အာရုံဝေဝါးသွားတာ မရှိဘဲ ပေါ်တူဂီအတွက် အပြည့်အဝ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ စံချိန်မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့တာပါ။

ရော်နယ်ဒိုက “ကျနော်နဲ့ ယူနိုက်တက်တို့ရဲ့ အခန်းကဏ္ဍ ပြီးဆုံးသွားတာ တစ်ပတ်လောက်ရှိပါပြီ။ ဒါကို ပိတ် လိုက်ပါပြီ။ ကျနော် ပေါ်တူဂီကို အနိုင်ရအောင် ကူညီမယ်၊ ကျန်တာဘာမှ အရေးမကြီးပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တာကို ကျနော်အလွန် ဂုဏ်ယူတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတင်ပါဝင်ခွင့် ရခဲ့ပြီး အီရန်အသင်းနဲ့ ပွဲမှာ ဂိုး စတင် သွင်းယူနိုင်ခဲ့တာပါ။

လက်ရှိအချိန်မှာ ရော်နယ်ဒိုရဲ့ ကမ္ဘာ့ဖလား သွင်းဂိုးက ၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် ၁၉၂ ပွဲ ပါဝင်ကစားထားပြီး ၁၁၈ ဂိုး သွင်းယူကာ နိုင်ငံတကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် လည်း စံချိန်တင် ထားခဲ့တာပါ။

ဂါနာအသင်းဘက်ကို ဂိုးသွင်းနေတဲ့ ရော်နယ်ဒို (New Straits Times)

ဖာနန်ဒိုဆန်းတို့စ်က “ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး၊ ထာဝရ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးပါ။ ရော်နယ်ဒိုဟာ သဘာဝက ဖြစ်လာတဲ့သူ၊ ဂန္တဝင်ပါ။ နောက်ထပ် အနှစ် ၅၀ ကြာရင်လည်း ကျနော်တို့ သူ့အကြောင်းကို ဆက်ပြီး ပြောနေဦးမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဂါနာနဲ့ ပွဲမှာ သွင်းယူတဲ့ ဂိုးကြောင့် ကမ္ဘာ့ဖလား၊ ယူရိုပြိုင်ပွဲ အပါအဝင် အဓိကပြိုင်ပွဲ ၁၀ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖွန်တီက “ ရော်နယ်ဒိုက စံချိန်မှတ်တမ်းတွေနဲ့အတူ ဒီကမ္ဘာ့ ဖလားကို လာရောက်တာပါ။ မှတ်တမ်းတွေက သူ့နောက်ကို လိုက်နေတာပါ။ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်း ယူနိုင်လို့ သူအလွန်ဂုဏ်ယူ နေမယ်ဆိုတာ သေချာပါတယ်။ ဒါက သူ့အတွက်ရော ပေါ်တူဂီအတွက်ပါ ကောင်းမွန် တဲ့ အောင်မြင်မှုတစ်ခုပါ”လို့ BBC 5 Live နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ဒီကမ္ဘာ့ဖလားဟာ နောက်ဆုံးက မ္ဘာ့ဖလားဖြစ်ဖို့ များနေလို့ အာရုံအပြည့်အဝ စိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုအတွက် နောက်ထပ် စံချိန်မှတ်တမ်း ကောင်းတွေကလည်း စောင့်မျှော်နေတာပါ။

ရော်နယ်ဒိုနဲ့ ပေါ်တူဂီအသင်းဖော်များကိုတွေ့ရစဉ် (Reuters)

ဘောလွန်းဒီအောဆု ၅ ကြိမ်၊ ယူရိုချန်ပီယံဆုနဲ့ နေးရှင်းလိဂ် တို့ကို ရယူထားတဲ့ ရော်နယ်ဒို အတွက်တော့ ကမ္ဘာ့ ဖလား ချန်ပီယံဆု ရယူဖို့က သူ့အတွက် အိမ်မက်အဖြစ် ရှိနေပါတယ်။ ဒါကိုသူကလည်း အကောင်အထည် ဖော်ချင်နေတာပါ။

ဒါကြောင့်လည်း သူက ကမ္ဘာ့ဖလားပြိုင်ပွဲမှာသာ ချန်ပီယံဖြစ်မယ်ဆိုရင် လက်ရွေးစင် ကစားသမားဘဝကို အဆုံး သတ်တော့မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်းအတွက် ကစားသမားဘဝ ပြီးပြည့်စုံဖို့ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ဖို့ပဲ လိုအပ်တော့တာပါ။ အသင်းဖော်တွေကလည်း ရော်နယ်ဒိုအတွက် ကမ္ဘာ့ဖလား ရယူပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဝန်ခံထားကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပြီး စံချိန်သစ်တွေထပ်ပြီး တင်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်ရဲ့ အုပ်စု ၂ ပွဲစလုံး နေမာ မပါဝင်နိုင်

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30

Page 26 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar