CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ဘရာဇီးလ်အသင်း နည်းပြအသစ် သတင်းထွက်နေတဲ့ ဇီဒန်းကို တွေ့ရစဉ်

ဇီဒန်းကို နည်းပြလောင်းစာရင်းထဲ ထည့်သွင်းခဲ့တဲ့ ဘရာဇီးလ်

By CNI
CNI
Category: အားကစား
Hits: 1741

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ဘရာဇီးလ်အသင်းဟာ တိုင်ထီနေရာ အစားထိုးဖို့အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ နည်းပြစာရင်းထဲမှာ ဇီဒန်းကို ထည့်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဇီဒန်းဟာ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် ရှာဖွေနေတဲ့ အခြေအနေနဲ့ ကိုက်ညီမှုရှိပြီး သူဟာ နိုင်ငံခြားသား နည်းပြ ဖြစ်သလို နည်းပြဘဝမှာလည်း အောင်မြင်မှု ရရှိထားပါတယ်။

ရီးရယ်လ်အသင်းကနေ ဇီဒန်း ထွက်ခွာပြီးကတည်းက အနားယူနေတာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ပြင်သစ်နည်းပြ ရာထူးကို ရယူဖို့လည်း စိတ်ဝင်စားနေပြီး နည်းပြ ဒက်ချမ့်ပ်စ်သာ ထွက်ခွာခဲ့မယ်ဆိုရင် ဒီရာထူးကို ရယူဖို့ အဆင်သင့် ဖြစ်နေတာပါ။

ဘရာဇီးလ်နဲ့ ပြင်သစ် ၂ သင်းစလုံးက ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဇီဒန်းဟာ ပြင်သစ်အသင်းကိုသာ ရွေးချယ်နိုင် တာကြောင့် ဘရာဇီးလ်အသင်းဟာ နောက်ထပ် နည်းပြတစ်ဦးကို ရှာဖွေရမှာ ဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းက ကစားသမား တချို့ဖြစ်တဲ့ ကတ်စမဲရိုး၊ မီလီတာအို၊ ဗီနီစီးယက်စ်နဲ့ ရိုဒရီဂိုတို့ဟာ ဇီဒန်းနဲ့ ရီးရယ်လ်အသင်းမှာ လက်တွဲ အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။

ဘရာဇီးလ်အသင်းကိုတွေ့ရစဉ်

ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ ပြည်တွင်း နည်းပြတွေထက် ဘရာဇီးလ်လူမျိုး မဟုတ်တဲ့သူကို နည်းပြ သစ်အဖြစ် ရှာဖွေနေတာ ဖြစ်ပါတယ်။

ရိုးမားအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုလည်း ဘရာဇီးလ်နည်းပြလောင်း စာရင်းထဲမှာ ပါဝင်နေပါတယ်။

မော်ရင်ဟိုရဲ့ အခြေအနေဟာ ဇီဒန်းနဲ့ တူညီနေပြီး သူ့ရဲ့ ပေါ်တူဂီ လက်ရွေးစင်အသင်းရဲ့ ချိတ်ဆက်မှုတွေလည်း ခံနေရတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘရာဇီးလ်အသင်းထက် သူတို့ရဲ့ နိုင်ငံအသင်းကိုသာ ပိုပြီးရွေးချယ်ဖို့ ရှိနေတာပါ။ တောင်အမေရိက အသင်းဟာ ၂၀၀၂ နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတာကြောင့် လာမယ့် ၂၀၂၆ မှာ အောင်မြင်မှုရယူနိုင်ဖို့ အခုကတည်းက ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ၁၉၆၅ ခုနှစ်က အာဂျင်တီးနားလူမျိုး ဖိလစ်ပိုနူနက်စ်ကို ခန့်အပ်ပြီးနောက် နိုင်ငံခြားသား နည်းပြ မခန့်တော့ဘဲ ဘရာဇီးလ်လူမျိုးတွေကိုသာ နည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

Source: Besoccer

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာနဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုလို စည်းကမ်းပိုင်းကောင်းတဲ့သူကို မတွေ့ဖူးဘူးလို့ ပေါ့ဘာပြော

By CNI
CNI
Category: အားကစား
Hits: 1580

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

ပေါ့ဘာက ယူနိုက်တက် အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး ချီးကျူးသွားခဲ့သလို သူ့လိုလူမျိုးကို မတွေ့ဖူးဘူးလို့ ပြောလိုက်ပါတယ်။

ပေါ့ဘာက “ရော်နယ်ဒိုရဲ့ စည်းကမ်းပိုင်းကတော့ တကယ်ကို မယုံနိုင်စရာပါပဲ။ ဒီလိုမျိုးကို ကျနော် မမြင်တွေ့ဖူးပါဘူး။ သူ့ရဲ့ စည်းကမ်းပိုင်းက နောက်ထပ် အဆင့်တစ်ခုကို ရောက်ရှိနေပါပြီ။ ကျနော်ဟာ ပရော်ဖက်ရှင်နယ် ကစားသမား အများအပြားကို တွေ့ခဲ့ဖူးပါတယ်။ သူတို့တွေဟာ အလွန် ပရော်ဖက်ရှင်နယ်ဆန်ပြီး စောစောစီးစီး ရောက်လာခဲ့ပါတယ်။ သူတို့တွေဟာ ပြန်လည်ထူထောင်ရေးနဲ့ ဒီလိုမျိုး အရာတွေကို လုပ်ကြပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီလိုမျိုးတွေကို နေ့တိုင်းလုပ်ပြီး မရပ်တန့်ခဲ့ပါဘူး။ တစ်ရက်လေးတောင် လွဲချော်တဲ့သူ မဟုတ် ပါဘူး။ သူ့ရဲ့ စည်းကမ်းပိုင်းက ဒါတွေကို နေ့တိုင်းလုပ်ဖို့ တွန်းအားပေးနေတာပါ”လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုနဲ့ ပေါ့ဘာတို့ဟာ ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ရာသီက အတူတွဲကစားခဲ့ကြပြီး အခုအချိန်မှာတော့ ၂ ဦးစလုံးဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ကြပြီ ဖြစ်ပါတယ်။

သူတို့ ၂ ဦးစလုံးဟာ ယူနိုက်တက်အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လာကစားခဲ့ကြသလို ဂျူဗင်တပ်စ် အသင်းမှာလည်း ကစားခဲ့ကြတာပါ။ ပေါ့ဘာဟာ ရော်နယ်ဒိုနဲ့ ပြီးခဲ့တဲ့ရာသီကသာ အတူတွဲ ကစားခဲ့ဖူးပေမယ့် သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်တွေကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ရော်နယ်ဒိုကိုတွေ့ရစဉ်

ပေါ့ဘာဟာ လက်ရှိအချိန်မှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ ပြန်လည်ရောက်ရှိနေပြီး ခြေစမ်းပွဲ ၁ ပွဲ တည်းသာ ပါဝင်ကစားထားရပြီးနောက် ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို မပါဝင်နိုင်ခဲ့တဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ အမြန်ဆုံး ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပေမယ့် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းဖို့ နီးစပ်နေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ၂၀၃၀ အထိ စာချုပ်ဖို့ စီစဉ်နေပြီး တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ အထိ ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
မော်ရိုကိုအသင်းကိုတွေ့ရစဉ်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဖရိကနဲ့ အာရပ်ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ မော်ရိုကို

By CNI
CNI
Category: ဆောင်းပါး
Hits: 1235


CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅

မော်ရိုကိုကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်သူကမှ မထင်မှတ်ထားတဲ့ အရာကို လုပ်ဆောင် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲတဲ့အချိန် ဘယ်လ်ဂျီယံ၊ ခရိုအေးရှားတို့ ပါဝင်နေတဲ့ ဒီအုပ်စုမှာ မော်ရိုကို အသင်း အနေနဲ့ အုပ်စုကနေပဲ လှည့်ပြန်ရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ကြတာပါ။ ဒါပေမယ့် မော်ရိုကိုအသင်းရဲ့ စွမ်းဆောင်မှုတွေဟာ အားလုံးရဲ့ ပါးစပ်ဖျားမှာ ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ အုပ်စုတွင်းမှာ ဘယ်လ်ဂျီယံနဲ့ ကနေဒါကို အနိုင်၊ ခရိုအေးရှားကို သရေကျပြီး အုပ်စုပထမနဲ့ ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့တာပါ။ အုပ်စုအဆင့်ကနေ တက်ခဲ့ပေမယ့် မော်ရိုကိုအသင်းအတွက် ၁၆ သင်း အဆင့်က အမြင့်ဆုံး ဖြစ်နိုင်တယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် စပိန်အသင်းကို ဖြတ်ကျော် ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

 မော်ရိုကိုအသင်းနဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်နေစဉ်

ကွာတားဖိုင်နယ် အဆင့်မှာလည်း မော်ရိုကိုအသင်းဟာ နာမည်ကြီး ပေါ်တူဂီကို ထပ်ပြီး ဖြုတ်ချနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား သမိုင်းတလျှောက် ပထမဆုံး ဆီမီးဖိုင်နယ်တက်တဲ့ အာဖရိကနဲ့ အာရပ်အသင်းအဖြစ် စံချိန်သစ်တင်ခဲ့တာပါ။

ဆီမီးဖိုင်နယ်တက်တဲ့အချိန်ထိ မော်ရိုကိုအသင်းဟာ ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခဲ့ရပြီး အဲ့ဒီ ၁ ဂိုးကလည်း ကိုယ့်ဂိုး ကိုယ် သွင်းယူမှုကြောင့် ပေးခဲ့ရတာ ဖြစ်ပါတယ်။ မော်ရိုကိုအသင်းဟာ ခံစစ်ပိုင်းကို အဓိကတည်ဆောက် ခဲ့တယ် ဆိုပေမယ့် သူတို့ရဲ့ တိုက်စစ်ဆင်မှုတွေက ပြိုင်ဘက်တွေအတွက် တကယ်ကို ကြောက်လန့်စရာ အဖြစ်ရှိခဲ့တာပါ။

ညာအခြမ်းက ဇီယက်ချ်နဲ့ ဟာကီမီအတွဲ၊ ဘယ်အခြမ်းက ဘူဖယ်လ်နဲ့ မက်ဇာအိုရီတို့ အတွဲတွေက ပြိုင်ဘက်တွေ ကို ဒုက္ခပေးနိုင်ခဲ့ပြီး၊ ကွင်းလယ်က အမ်ရာဘတ်ရဲ့ စွမ်းဆောင်ရည်တွေက အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ် ရှိလာခဲ့ ပါတယ်။ ခံစစ်ပိုင်းကလည်း မာကျောပြီး ဂိုးသမား ဘိုနိုရဲ့ လက်စွမ်းကလည်း ထိပ်တန်းအဆင့် ရှိခဲတာပါ။

မော်ရိုကိုအသင်းကို ပရိသတ်များ ကြိုဆိုနေကြစဉ်

ဆီမီးဖိုင်နယ်အထိ တက်ခဲ့တဲ့ မော်ရိုကိုအသင်းကို အားလုံးက အသိအမှတ် ပြုလာခဲ့ရပြီး ချန်ပီယံဆုပါ အံ့အားသင့် ဖွယ် ရယူသွားမလားလို့ အားလုံးက စောင့်ကြည့်ခဲ့ရတဲ့ အသင်းဖြစ်လာခဲ့တာပါ။

ဒါပေမယ့် ဆီမီးဖိုင်နယ်မှာ ပြင်သစ်၊ တတိယနေရာလုပွဲမှာ ခရိုအေးရှားအသင်းတို့ကို အရေးနိမ့်ခဲ့လို့ ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ဒီပွဲတွေမှာလည်း မော်ရိုကိုအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ပြိုင်ဘက် အသင်းတွေကို အန္တရာယ်ပေးနိုင်ခဲ့ပြီး ရသင့်တဲ့ ပင်နယ်တီနဲ့ အခွင့်အရေးတွေကိုသာ ဂိုးအဖြစ် ပြောင်းလဲနိုင်မယ်ဆိုရင် မော်ရိုကိုအတွက် ကံကြမ္မာက တစ်မျိုး တစ်ဖုံ ပြောင်းလဲသွားနိုင် ပါတယ်။

ဒါပေမယ့် မော်ရိုကိုအတွက် ဂုဏ်ငယ်စရာ မရှိခဲ့ပါဘူး။ မော်ရိုကိုအသင်းဟာ အားလုံးရဲ့ အသိအမှတ်ပြုမူကို ခံခဲ့ရပြီး သမိုင်းရဲ့ မှတ်တမ်းမှာလည်း အမြဲတမ်းဖော်ပြခြင်း ခံရတော့မှာပါ။

မော်ရိုကိုအသင်းသားတွေကို ဘုရင်က တွေ့ဆုံ

မော်ရိုကိုအသင်းရဲ့ အောင်မြင်မှုမှာ နည်းပြ ဝါလစ်ရီဂရာဂွီကို မေ့ထားလို့တော့ မရပါဘူး။ သူဟာ မော်ရိုကိုအသင်း ကို အခုနှစ် ဩဂုတ်လကမှ စတင်ကိုင်တွယ်ခဲ့ပေမယ့် သူလိုချင်တဲ့ ပုံစံအတိုင်း အသင်းကို အကောင်းဆုံး တည် ဆောက် နိုင်ခဲ့တာပါ။

ဝါလစ်ဟာ ပွဲတိုင်းမှာ ကွင်းဘေးစည်းကနေ ကစားသမားတွေ စိတ်ဓါတ်တက်ကြွအောင် အမြဲတမ်း လှုံ့ဆော်ပေး နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဝါလစ်ဟာ မော်ရိုကိုကို ၁၀ ပွဲအထိ ကိုင်တွယ်ထားခဲ့တာမှာ ၅ ပွဲနိုင် ၃ ပွဲသရေ ၂ ပွဲရှုံးဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုရဲ့ အိမ်အပြန်ခရီးကလည်း တကယ်ကို လှပခဲ့ပြီး ပရိသတ် အများအပြားရဲ့ သူရဲကောင်းသဖွယ် ကြိုဆို ခြင်းကို ခံခဲ့ရတာပါ။

မော်ရိုကိုအသင်းကို ဘုရင်ဖြစ်သူက တော်ဝင်နန်းတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး ဆုတံဆိပ်တွေလည်း ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုဘုရင် မိုဟာမက် VI က ကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့ မိခင်တွေနဲ့ပါ တွေ့ဆုံခဲ့ပြီး ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တာပါ။

 မော်ရိုကိုအသင်း နည်းပြကို ဂုဏ်ပြုနေကြစဉ်

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့အတွက် ဖီဖာရဲ့ ထုတ်ပြန်တဲ့ နောက် ဆုံး ကမ္ဘာ့အဆင့် ရပ်တည်မှုမှာ အဆင့်မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မကစားခင် အချိန်မှာ မော်ရိုကို အသင်းက အဆင့် ၂၂ နေရာမှာ ရပ်တည်ခဲ့ပြီး အခုဆိုရင် အဆင့် ၁၁ နေရာအထိ ရောက်ရှိလာခဲ့တာပါ။

ဒါဟာ မော်ရိုကိုအတွက် ၁၉၉၈ က အဆင့် ၁၀ နေရာမှာ ရပ်တည်ပြီးနောက် အမြင့်ဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်ခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလား အကြောင်းကို နောင်တချိန်မှာ ပြန်ပြောင်း ပြောကြမယ်ဆိုရင် မော်ရိုကိုအသင်း အကြောင်း ကိုတော့ ချန်ထားလို့ ရမှာမဟုတ်ဘဲ မဖြစ်မနေ ထည့်သွင်းပြောရမယ့် အရာအဖြစ် ရှိနေပြီလည်း ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီရဲ့သွင်းဂိုးအပေါ် ဝေဖန်နေမှုကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဒိုင်လူကြီးတုန့်ပြန်

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက် ထိပ်ဆုံး ၄ သင်းဝင်ဖို့ ကြီးမားတဲ့ဖိအားရှိတယ်လို့ အဲရစ်တန်ဟတ်ဝန်ခံ

By CNI
CNI
Category: Watch TV
Hits: 791

Share
Tweet
Share
Share
powered by social2s
ပေါ့ဘာနဲ့ အစ်ကိုဖြစ်သူ မာသီးယတ်စ်ကိုတွေ့ရစဉ် (Getty Images)

ထောင်က ပြန်လွတ်လာပေမယ့် ပေ့ါဘာနဲ့ ဆက်သွယ်ဖို့ မာသီးယတ်စ် ပိတ်ပင်ခံရ

By CNI
CNI
Category: အားကစား
Hits: 1120

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မာသီးယတ်စ်ဟာ ညီဖြစ်သူ ပေါ့ဘာကို ငွေညှစ်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရ ပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ မာသီးယတ်စ်ဟာ စက်တင်ဘာလကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရတာပါ။

ပြင်သစ်သတင်းစာ Le Parisien က မာသီးယတ်စ်ရဲ့ ရှေ့နေဖြစ်သူဟာ သူ့အမှုသည် လွတ်မြောက်သွားပြီလို့ အတည်ပြုခဲ့ပြီးနောက် ပေါ့ဘာကို အဆက်အသွယ် မလုပ်ဖို့ တားမြစ်ခံထားရတဲ့ အကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ထောင်ကနေ လွတ်မြောက်လာခဲ့ပေမယ့် မာသီးယတ်စ်ဟာ ပေါ့ဘာနဲ့ မိခင်ဖြစ်သူကို ဆက်သွယ်ခြင်း မပြုလုပ်ဖို့ ပိတ်ပင် ခံထားရတယ်လို့ စည်းကမ်းချက်တွေအရ သိရတာပါ။

ဒါ့အပြင် ပြင်သစ်ကနေ ထွက်ခွာတာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာ အသုံးပြုတာကိုလည်း ခွင့်ပြုသွားမှာ မဟုတ်ဘူး လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ခရော်လေတောင်း၊ ရက်စ်ဟမ်းနဲ့ ခရူဝီအသင်းတွေမှာ ကစားခဲ့တဲ့ မာသီးယတ်စ်ဟာ စက်တင်ဘာလက ပြန်လည် လွတ်ပေးဖို့ ကနဦး တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတာပါ။ မာသီးယတ်စ်ဟာ စုံစမ်းစစ်ဆေးခံနေရတဲ့ လူ ၅ ဦး ထဲက ၁ ဦး အပါအဝင်လည်း ဖြစ်ပါတယ်။

ပေါ့ဘာကိုတွေ့ရစဉ် 

မာသီးယတ်စ်ဟာ ညီဖြစ်သူ ပေါ့ဘာဆီကနေ ပေါင် ၁၁ သန်း ငွေညှစ်ဖို့ ကြိုးစားခဲ့တယ်လို့ ဂျူဗင်တပ်စ် ကစားသမားက ဩဂုတ်လက ပြောခဲ့တာဖြစ်ပြီး မာသီးယတ်စ်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ အခိုင်အမာ ပြောထားပါတယ်။

ထောင်ကနေ လွတ်မြောက်လာပြီးနောက် မာသီးယတ်စ်ဟာ ပဲရစ်ရှိ မိသားစုအိမ်မှာ နေထိုင်မယ်လို့ သိရပါတယ်။ မာသီးယတ်စ်က ပေါ့ဘာဟာ ပယောဂဆရာတွေ အသုံးပြုပြီး ဘတ်ပီကို လုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲ ထားခဲ့တာပါ။

ပေါ့ဘာဟာ ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အသင်းဟောင်း ဂျူဗင်တပ်စ် အသင်းထံ အလွတ်နဲ့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ပေါ့ဘာဟာ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် မပါဝင်နိုင်ခဲ့သလို ဂျူဗင်တပ်စ် အတွက်လည်း ခြေစမ်းပွဲ ၁ ပွဲသာ ပါဝင်ကစားထား ရပါသေးတယ်။

နိုင်ငံတကာ သတင်းတွေအရ ပေါ့ဘာဟာ ဖေဖော်ဝါရီ လလောက်မှာ အီတလီကလပ်အတွက် ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

မန်စီးတီးဘက်ပေးခဲ့ရတဲ့ ဂိုးတွေကမလိုအပ်ဘဲ ခွင့်ပြုခဲ့ရတာလို့ ကလောပ့် ပြော

By CNI
CNI
Category: Watch TV
Hits: 805

Share
Tweet
Share
Share
powered by social2s

မာတီးနတ်စ်ကို စုံစမ်းစစ်ဆေးပေးဖို့ ပြင်သစ်ဝန်ကြီးက ဖီဖာကို ပြော

By CNI
CNI
Category: Watch TV
Hits: 752

Share
Tweet
Share
Share
powered by social2s

မော်ရိုကိုအသင်းကို ဆုချပြီး ကစားသမားမိခင်တွေနဲ့ ဘုရင်တွေ့ဆုံ

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးစိုးရိမ်မှုကြောင့် ကမ္ဘာ့ဖလားအောင်ပွဲခံမှု အာဂျင်တီးနား ရပ်ဆိုင်း

By CNI
CNI
Category: Watch TV
Hits: 851

Share
Tweet
Share
Share
powered by social2s

လုံခြုံရေးစိုးရိမ်မှုကြောင့် ကမ္ဘာ့ဖလားအောင်ပွဲခံမှု အာဂျင်တီးနား ရပ်ဆိုင်း

By CNI
CNI
Category: Watch TV
Hits: 734

Share
Tweet
Share
Share
powered by social2s

အာဆီယံချန်ပီယံရှစ်အဖွင့်ပွဲမှာ အရှုံးနဲ့ရင်ဆိုင်လိုက်ရတဲ့ မြန်မာ

By CNI
CNI
Category: အားကစား
Hits: 1191

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

အာဆီယံချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲအဖြစ် ဒီဇင်ဘာလ ၂၁ ရက်က မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့ ကစားခဲ့တာမှာ မလေးရှားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်းမှာ ၂ သင်းစလုံးဟာ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု ကြီးကြီးမားမား မလုပ်နိုင်တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးနေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂိုးရဖို့ ဖွင့်ကစားခဲ့တာကြောင့် ပွဲကအကြိတ်အနယ် ရှိလာခဲ့ပြီး မလေးရှားအသင်းက ပွဲချိန် ၅၂ မိနစ်မှာ ဟာလင်မ်က ဦးဆောင်ဂိုး စတင်သွင်းယူခဲ့တာပါ။

အဲ့ဒီနောက်ပိုင်းမှာ မြန်မာအသင်းဟာ ချေပဂိုးရဖို့ ဆက်တိုက်ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မလေးရှားဂိုးသမားနဲ့ နောက်ခံလူတွေ ဖျက်ထုတ်ကာကွယ်နေလို့ ဂိုးရဖို့ ခက်ခဲနေခဲ့တာပါ။မြန်မာအသင်းဟာ အဝေးကန်ချက်တွေနဲ့သာ မလေးရှားဘက်ကို ခြိမ်းခြောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန်မိနစ် ၉၀ မှာ မြန်မာအသင်း ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပါတယ်။

ဒီပင်နယ်တီကို ဝင်းနိုင်ထွန်း ကန်သွင်းခဲ့ပေမယ့် မလေးရှားဂိုးသမား ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပွဲအပြီးမှာ မလေးရှားအသင်းက မြန်မာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းနဲ့ အခုနှစ်မကုန်ခင် ရော်နယ်ဒို လက်မှတ်ရေးထိုးမယ်

By CNI
CNI
Category: အားကစား
Hits: 1343

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁

ရော်နယ်ဒိုဟာ အခုနှစ် မကုန်ခင်မှာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ စပိန်သတင်းစာ မာကာက ဖော်ပြလိုက်ပါတယ်။

ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းမှာ တနှစ်လုပ်ခ ပေါင် ၁၇၅ သန်း ရရှိမယ်လို့ သိရပါတယ်။

လက်ရှိ ဒူဘိုင်းမှာ ရောက်ရှိနေတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ကတည်းက အယ်လ်နာဆာ အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် ပြိုင်ပွဲအပေါ် အာရုံစိုက်နေတာကြောင့် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

မာကာက ဆော်ဒီကလပ်ဟာ အခုနှစ် မကုန်ခင်မှာ ရော်နယ်ဒိုကို စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို အနည်းဆုံး ၂၀၂၅ အထိ စာချုပ်ချုပ်မှာဖြစ်ပြီး စာချုပ်သက်တမ်းကို ထပ်ပြီး တိုးနိုင်တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ချုပ်ဆိုမယ့် စာချုပ်မှာ ကြော်ငြာ သဘောတူညီချက်တွေ ပါဝင်ပြီး ရော်နယ်ဒိုနဲ့သူ့ရဲ့ မိသားစုဟာ သဘောတူညီမှုရတဲ့ အချိန်အထိ ဒူဘိုင်းမှာ စောင့်ဆိုင်းနေတာလို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ဆော်ဒီကလပ်ကို ပြောင်းရွှေဖို့ ငြင်းဆန်ခဲ့ပေမယ့် ဥရောပထိပ်သီး အသင်း တွေရဲ့ စိတ်ဝင်စားမှုကို မရတာကြောင့် ဒီအပြောင်းအရွှေ့ကို ပြုလုပ်ဖို့ အသင့်ရှိနေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီနိုင်ငံရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တသင်းဖြစ်ပြီး ထိပ်တန်း လိဂ်မှာ ချန်ပီယံဆုကို ၉ ကြိမ် ရရှိထားကာ နောက်ဆုံး ရယူနိုင်ခဲ့တာက ၂၀၁၉ က ဖြစ်တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ မှာ အမှတ်ပေးလိဂ်ကို မရခဲ့ပေမယ့် ဆော်ဒီစူပါဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းကို ရိုးမား၊ မာဆေးလ်နဲ့ လိုင်ယွန်အသင်း နည်းပြဟောင်း ရူဒီဂါစီယာက ကိုင်တွယ်နေတာ ဖြစ်ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကလပ်အတွက် အကြီးကျယ်ဆုံးအရာ ဖြစ်လာမှာပါ။

ဆော်ဒီ အားကစားဝန်ကြီးက ရော်နယ်ဒိုဟာ သူတို့ရဲ့ လိဂ်မှာ လာရောက်ကစားရမှာကို ကြိုက်နှစ်သက်တယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုရဲ့ အင်စတာဂရမ် Like အများဆုံးရတဲ့ စံချိန်ကို မက်ဆီချိုးဖျက်

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားဆုအောင်ပွဲခံဖို့ အင်္ဂါနေ့ကို အားလပ်ရက်အဖြစ် အာဂျင်တီးနား ကြေညာ

By CNI
CNI
Category: Watch TV
Hits: 717

Share
Tweet
Share
Share
powered by social2s
အေမိုရင်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့မေးခွန်းကို စပို့တင်းလစ္စဘွန်းနည်းပြ ဒေါသတကြီးတုန့်ပြန်

By CNI
CNI
Category: အားကစား
Hits: 1058

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အေမိုရင်က ရော်နယ်ဒိုရဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဒေါသတကြီး တုန့်ပြန်သွားခဲ့ပါတယ်။

အေမိုရင်က “ရော်နယ်ဒိုက ကာတာမှာ ရှိနေတယ်။ သူ့ကိုမေးဖို့ အခွင့်အရေး ရခဲ့ပေမယ့် ခင်ဗျားတို့ မလုပ်ခဲ့ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျနော့်ကို အကြိမ် ၅၀၀ လောက်မေးပြီးပါပြီ။ ကျနော်ဒါကို ဖြေပြီးသားပါ”လို့ ဘရာဂါကို အနိုင် ရတဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းကို ပြန်လာနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေခဲ့သလို အင်္ဂလန်၊ ဆော်ဒီ ကလပ် အသင်းတွေနဲ့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

မကြာသေးခင်က ရော်နယ်ဒိုဟာ အသင်းဟောင်း ရီးရယ်လ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အေမိုရင်ဟာ အောက်တိုဘာလကလည်း “ စပို့တင်းမှာ ရှိတဲ့သူတွေအားလုံးက ရော်နယ်ဒို ပြန်လာဖို့အတွက် အိပ်မက်တွေ ရှိနေခဲ့ကြတာပါ။ ဒါပေမယ့် သူ့ရဲ့ လုပ်ခလစာ ပေးခြေဖို့ ကျနော်တို့မှာ ပိုက်ဆံမရှိပါဘူး”လို့ ပြောခဲ့တာပါ။

စပို့တင်းလစ္စဘွန်း ဒါရိုက်တာ ဟူဂိုဗီယာနာက “ ရော်နယ်ဒို ဘယ်ကိုသွားမလဲဆိုတာ သူဆုံးဖြတ်ရမှာပါ။ ဒါပေမယ့် အနာဂတ်ကို ခင်ဗျားတို့ ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ ဒါကြောင့် သူဆုံးဖြတ်တာကို ကျနော်တို့ ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့လည်း စိတ်ပျက်ဖွယ် ကမ္ဘာ့ဖလားရလဒ်ကို ရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိအချိန် မှာ တစ်ဦးတည်း လေ့ကျင့်မှုတွေ ပြုလုပ်ပြီး အနားယူနေပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25

Page 21 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar