CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်

အူစိန်ဘို့စ်ရဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု ဂျမေကာဘဏ္ဍာရေးအာဏာပိုင်တွေ စတင်

By CNI
CNI
Category: အားကစား
Hits: 2999

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆

ဂျမေကာဘဏ္ဍာရေး အာဏာပိုင်တွေဟာ ကြီးမားတဲ့ လိမ်လည်မှုမှာ သန်းပေါင်းများစွာ ဆုံးရှုံးသွားနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အူစိန်ဘို့စ်ရဲ့ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု တွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ကင်စတန်မှာ အခြေစိုက်တဲ့ Stocks & Securities Ltd ဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခံရချိန်မှာ သူတို့ရဲ့ ကြီးကြပ်မှုအောက်မှာသာ နေထိုင်ရမှာပါ။

အူစိန်ဘို့စ်ရဲ့ မန်နေဂျာ နူဂျန့်ဝေါ်လ်ကာက အနားယူသွားပြီဖြစ်တဲ့ အပြေးသမားဟာ အဆိုပါကုမ္ပဏီနဲ့ ဆယ်စုနှစ် တစ်ခုကျော်ကြာ ရင်နှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ခဲ့တယ်လို့ The Gleaner သတင်းစာကို ပြောခဲ့တာ ဖြစ်ပါတယ်။

အူစိန်ဘို့စ်ရဲ့ အကောင့်ထဲကနေ ဒေါ်လာ သန်းပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ နိုင်ငံတကာ သတင်းစာ တွေမှာ ဖော်ပြနေကြပါတယ်။

နူဂျန့်ဝေါ်လ်ကာက “ကျနော်တို့ဟာ အောက်ခြေအဆင့်ထိ ရောက်အောင် သက်ဆိုင်ရာ အဆင့်တွေ အားလုံး လုပ်ပြီးသွားပါပြီ။ သူဟာ ဒီအဖွဲ့အစည်းနဲ့ လုပ်ကိုင်တာ ၁၀ နှစ် ကျော်ပါပြီ။ အူစိန်ဘို့စ်က ဒါတွေကို ပြန်သုံး သပ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။

 ပြေးခုန်ပစ် ချန်ပီယံ အူစိန်ဘို့စ်ကိုတွေ့ရစဉ်

အူစိန်ဘို့စ်ဟာ သူ့အကောင့်ထဲမှာ ရှိနေတာနဲ့ ကွဲလွဲမှုတွေဖြစ်တာကို သတိပြုမိရင်းနဲ့ အခုလိုတွေ ဖြစ်လာခဲ့တာပါ။

ကမ္ဘာ့ချန်ပီယံဆုကို ၁၁ ကြိမ် ရရှိတာ အပါအဝင် အိုလံပစ်ရွှေတံဆိပ် ၈ ကြိမ် ရရှိထားတဲ့ အူစိန်ဘို့စ်ဟာ ၂၀၁၇ မှာ ပြေးခုန်ပစ် ကစားသမားဘဝကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဂျမေကာ အပြေးသမားဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ် ပြိုင်ပွဲရဲ့ မီတာ ၁၀၀ နဲ့ ၂၀၀ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီး ကမ္ဘာ့ စံချိန်သစ်တွေ တင်နိုင်ခဲ့တာကြောင့် နာမည်ကြီး လာခဲ့တာပါ။

ဒီနောက် အူစိန်ဘို့စ်ဟာ ၂၀၁၂ လန်ဒန်နဲ့ ၂၀၁၆ ရီယိုအိုလံပစ် ပြိုင်ပွဲတွေမှာလည်း မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အူစိန်ဘို့စ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကဘက်ကို ကူးပြောင်းဖို့ စဉ်းစားခဲ့ပြီး ၂၀၁၈ က သြစတြေးလျ အေလိဂ်ကလပ် စင်ထရယ်ကို့စ်မာရီနာ အသင်းအတွက် ခြေစမ်းပွဲတစ်ပွဲ ပါဝင်ကစားခဲ့သေးတာ ဖြစ်ပါတယ်။

Source: Aljazeera

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့အဆင့်ရှိ ဟာရီကိန်းက စံချိန်အားလုံးကို ချိုးဖျက်မယ်လို့ ကွန်တီပြော

By CNI
CNI
Category: အားကစား
Hits: 1021

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄

စပါးအသင်းနည်းပြ ကွန်တီက တိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ စံချိန်အပါအဝင် စံချိန်အားလုံးကို ချိုးဖျက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ကွန်တီက “ကျနော်တို့ဟာ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးအကြောင်းကို ပြောနေတာဖြစ်ပြီး သူဟာ စံချိန် တိုင်းကို ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်။သူနဲ့ ဒါက ထိုက်တန်တယ်လို့ ထင်ပါတယ်။သူဟာ စံချိန် တွေကို ကျော်ဖြတ်ဖို့အတွက် မယုံနိုင်စရာကောင်းတဲ့အရာတွေကို လုပ်ဆောင်နေတယ်ဆိုတာ သေချာပါတယ်” လို့ သောကြာနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့တာပါ။

ဟာရီကိန်းဟာ စပါးအသင်းအတွက် ၂၆၅ ဂိုးသွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်တဲ့ ဂျင်မီဂရေ့ဗ်ရဲ့ စံချိန်ကို လိုက်မှီဖို့ ၁ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ဟာရီကိန်းဟာ အာဆင်နယ်နဲ့ မြောက် လန်ဒန်ဒါဘီပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် စပါးအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျင်မီဂရေ့ဗ်နဲ့ ပူးတွဲရပ်တည်တော့မှာပါ။ဒါ့အပြင် ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ဝိန်းရွန်နီနဲ့လည်း ၅၃ ဂိုး စီ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာလည်း စပါးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေရတာဖြစ်ပြီး ၂၆ ပွဲ ကစားအပြီးမှာ ၁၇ ဂိုးသွင်းယူထားတာပါ။စပါးအသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ ရစ်ချာလီဆန်တို့ဟာ ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရသလို ဆွန်ဟောင်မင်ကလည်း ခြေစွမ်းပိုင်းကျဆင်းနေ တာကြောင့် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ တိုက်စစ်ပိုင်းကို ပိုပြီးတာဝန်ယူနေရတာဖြစ်ပါတယ်။ ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ ကူလူဆက်ဗ်စကီးဟာ အာဆင်နယ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ်လို့ ကွန်တီက ပြောခဲ့တာပါ။

ကွန်တီက “ကူလူဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျနော်တို့နဲ့အတူ လေ့ကျင့်ရေးအစီအစဉ်ရှိခဲ့ပါ တယ်။သူကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်။ရစ်ချာလီဆန်နဲ့ ဘန်တန်ကာတို့လည်း အခြေအနေ တိုးတက်လာပါပြီ။ကျနော်တို့ဘက်က စိတ်ရှည်ဖို့ အရေးကြီးပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၈ ပွဲကစားထားပြီး ရမှတ် ၃၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s
အောင်လအန်ဆန်းကို တွေ့ရစဉ်

ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးကြပါလို့ အောင်လအန်ဆန်းပြော

By CNI
CNI
Category: အားကစား
Hits: 1082

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၄

မြန်မာပြည်ဖွား MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ ထိုင်းမှာ ထိုးသတ်ခဲ့တဲ့ ONE Fight Night 6 ပွဲစဉ်မှာ ဘရာဇီးလ်ဖိုက်တာ ဂျီဘာတိုဂယ်လ်ဗိုကို အနိုင်ရပြီးနောက် ငြိမ်းချမ်းရေးအတွက် အားလုံး ဆုတောင်းပေး ဖို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်းက “မြန်မာပရိသတ်တွေကို ကျနော်အမြဲတမ်း အရမ်းကျေးဇူးတင်တယ်။ အားလုံးကို အရမ်း ချစ်တယ်။ ဒီအရင်၂ နှစ်က ကျနော့်အတွက် အရမ်းခက်ခဲတယ်၊ စိတ်လည်း အရမ်းကျတယ်။ ဒါပေမယ့် ပြောချင်တာက အားလုံး စိတ်ကိုတင်းတင်းထားပါ။ ငြိမ်းချမ်းရေးက ကျနော်တို့အတွက် အရေးကြီးဆုံးပဲ။ ကျနော့်ရဲ့ အသက်တာထဲမှာ ငြိမ်းချမ်းရေးပေးတာ ဘုရားတစ်ဦးပဲ ပေးတယ်။ အဲ့ဒါကြောင့် အားလုံးဆက်ပြီးတော့ ဆုတောင်း ပါ။ ငြိမ်းချမ်းရေးအတွက် အားလုံးဆုတောင်းပေးပါလို့ တိုက်တွန်းချင်ကြောင်း” ပြောသွားခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ မနက်ပိုင်းက ထိုးသတ်ခဲ့တဲ့ ဒီပွဲမှာ အောင်လအန်ဆန်းက သူ့ရဲ့ အားပါတဲ့ လက်သီးချက် တွေနဲ့ ပြိုင်ဘက်ကို တရစပ်ထိုးပြီး ဒိုင်ပွဲရပ်နဲ့ ပွဲသိမ်းခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းနဲ့ ဂျီဘာတိုဂယ်လ်ဗို ထိုးသတ်နေစဉ်

အောင်လအန်ဆန်းဟာ ဂျီဘာတိုဂယ်လ်ဗိုကို ပထမအချီ ၁ မိနစ် ၂၉ စက္ကန့်နဲ့ အနိုင်ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ထိုးသတ်ခဲ့တဲ့ ပွဲမှာလည်း အောင်လအန်ဆန်းဟာ အနိုင်ရထားတာကြောင့် ၂ ပွဲဆက် အနိုင်နဲ့ မစ်ဒယ်ဝိတ် ချန်ပီယံဆုကို ပြန်လည်ရယူဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

အောင်လအန်ဆန်းက ဒီပွဲအပြီးမှာ ဘယ်ပြိုင်ဘက်မဆို ထိုးသတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ပြောသွားခဲ့ တာပါ။ ဒီနိုင်ပွဲဟာ အောင်လအန်ဆန်းအတွက် MMA ကစားသမားဘဝ ထိုးသတ်ခဲ့တဲ့ ပွဲပေါင်း ၄၃ ပွဲမှာ ၂၉ ပွဲ မြောက် အနိုင်ရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီပွဲဟာ အောင်လအန်ဆန်းအတွက် ပထမအချီနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ ပွဲ ၂၀ မြောက်ပွဲလည်း ဖြစ်လာခဲ့ တာပါ။

အောင်လအန်ဆန်းဟာ ONE Championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဆု ၂ ခုကို ရယူ ထားနိုင်ခဲ့တဲ့သူဖြစ်ပြီး ၂၀၂၀ နဲ့ ၂၀၂၁ မှာ ရိုင်နီယာကို အရေးနိမ့်ပြီး ချန်ပီယံခါးပတ်တွေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ယူနိုက်တက်က ဆုဖလားအာမခံချက်မရှိလို့ ထိပ်တန်းကစားသမားတွေ မလာဘူး

By CNI
CNI
Category: အားကစား
Hits: 974

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃

အသင်းဟောင်း ယူနိုက်တက်ဟာ ဆုဖလားတွေရယူနိုင်ဖို့ အာမခံချက် မရှိတာကြောင့် ထိပ်တန်းကစားသမားတွေ အသင်းထံ လာမှာမဟုတ်ဘူးလို့ အဲရစ်ကန်တိုနာက သတိပေးလိုက်ပါတယ်။

အဲရစ်ကန်တိုနာက “ဖာဂူဆန် လက်ထက်တုန်းကဆိုရင် သူသာလိုချင်ရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားလည်း ယူနိုက်တက်ဆီ လာတာပါပဲ။ ဘာလို့လဲဆိုရင် ယူနိုက်တက်က အင်္ဂလန်နဲ့ ဥရောပမှာ အောင်ပွဲတွေ ရယူနေလို့ပါ။ ယူနိုက်တက်က ကမ္ဘာ့အကြီးမားဆုံး အသင်းဖြစ်ပြီး ဘယ်လို ကစားသမားမဆိုဝယ်ဖို့ ငွေလည်းရှိပါတယ်။ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေက အနိုင်ရချင်တဲ့ အသင်းမှာပဲ ကစားချင်တာကြောင့် အခုဆိုရင် ကွာခြားသွားပါ ပြီ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဆုဖလားလက်မဲ့ ရာသီကို ၅ ရာသီလောက် ဖြတ်သန်းခဲ့တဲ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း ကြိုးစားနေတဲ့ အခြေအနေတွေကြောင့် နာမည်ကျော် ကစားသမားတွေကို မဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ကန်တိုနာကိုတွေ့ရစဉ်

အဲ့ဒါကြောင့် အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီး ဒီရာသီနည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ အသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်စ ပြုနေတာပါ။

အဲရစ်ကန်တိုနာ ယူနိုက်တက်အနေနဲ့ လီဗာပူးလ်ရဲ့ နည်းလမ်းတွေကို ကူးယူပြီး အရည်အချင်းရှိတဲ့ ကစားသမား တွေကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် ပြုစုပျိုးထောင်သင့်တယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်ကန်တိုနာက “ လီဗာပူးလ်လို လိမ္မာပါးနပ်ရပါမယ်။ သူတို့ဟာ မာနေးနဲ့ ဆာလတ်ကို ခေါ်ယူခဲ့တယ်။ ဒါက ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ဟာ ကြီးကျယ်တဲ့အသင်း၊ ကောင်းမွန်တဲ့ အားပေးမှုတွေနဲ့ သူတို့ဟာ အရာရာကို အနိုင်ရယူခဲ့ပါတယ်။ ပြီးတော့ မာနေးနဲ့ ဆာလတ်က ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါက ယူနိုက်တက်အတွက် ကောင်းမွန်တဲ့ စံနမူနာပါပဲ”လို့ ပြောခဲ့ တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲရနေပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၄၊ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေရဲ့ လမ်းကြောင်းတွေပေါ်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

Share
Tweet
Share
Share
powered by social2s

မက်ဆီရှိရင် ပီအက်စ်ဂျီအတွက် အခွင့်အရေးတွေက အာမခံချက်ရှိတယ်လို့ နည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 799

Share
Tweet
Share
Share
powered by social2s

ဆောက်သမ်တန်နဲ့ ပွဲကလိုမျိုး မန်ချက်စတာဒါဘီမှာ အခွင့်အရေးရှိမှာမဟုတ်ဘူး

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s
ကာဗာနီကို ဒိုင်လူကြီး ဆီဘတ်က အဝါကတ်ပြသနေစဉ်

VAR မော်နီတာကြောင့် အရေးယူခဲ့မယ်ဆိုရင် ဒိုင်လူကြီးကို ထောင်ထဲပို့ဖို့ ကာဗာနီပြော

By CNI
CNI
Category: အားကစား
Hits: 984

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီက VAR မော်နီတာကို တွန်းထိုးခဲ့လို့ အရေးယူခံရမယ်ဆိုရင် ဒိုင်လူကြီးဖြစ်သူ ဆီဘတ်ကိုလည်း ထောင်ထဲပို့ဖို့ ပြောလိုက်ပါတယ်။

ကာဗာနီက “ကျနော့်ကို VAR တွန်းထိုးခဲ့လို့ အရေးယူရင် ဒိုင်လူကြီးကို သူ့အမှားအတွက် ထောင်ဒဏ် ချမှတ်သင့် ပါတယ်။ VAR ကင်မရာတွေနဲ့ နောက်ကွယ်မှာရှိတဲ့ ဒိုင်လူကြီးတွေ မလုပ်သင့်တဲ့ အမှားတွေ ရှိပါတယ်။ အမှန် အတိုင်း ပြုမူနေထိုင် ရမယ်ဆိုပေမယ့် ကျနော်တို့ဟာ လူသားတွေဖြစ်ပြီး ကွင်းထဲမှာ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေတာပါ။ ကျနော်တို့ဟာ စိတ်အားထက်သန်ပြီး အလုပ်ကို ကြိုးစားလုပ်နေတဲ့ အချိန်မှာ ဒီလိုမျိုးတော့ ကြုံတွေ့ရမှာပါ။ ဒါကို ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး”လို့ El Pais ကို ပြောခဲ့ပါတယ်။

ဥရုဂွေးအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုတွင်း ၄ မှတ် ရခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ ဂိုးကွာခြား ချက်ကြောင့် အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဥရုဂွေးနဲ့ ဂါနာတို့ ကစားခဲ့တဲ့ နောက်ဆုံးပွဲအပြီးမှာ ကာဗာနီ အပါအဝင် ဥရုဂွေးကစားသမားတွေဟာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်ပြီး ဝိုင်းဝန်း စောဒက တက်ခဲ့ကြတာပါ။

 VAR ကို တွန်းထိုးလိုက်တဲ့ ကာဗာနီကိုတွေ့ရစဉ်

ကာဗာနီဆိုရင် ဥမင်ထဲသွားရာ လမ်းမှာရှိတဲ့ VAR မော်နီတာကို တွန်းထိုးပစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဖီဖာက ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်နဲ့ ကစားသမား ၄ ဦးကို အရေးယူဖို့ လုပ်ဆောင်နေပါတယ်။

ဥရုဂွေး ကစားသမားတွေဖြစ်တဲ့ ကာဗာနီ၊ ဂျီမီနတ်ဇ်၊ မူဆလီယာနဲ့ ဂိုဒင်တို့ဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကာဗာနီက သူ့ကို အရေးယူရင် ဒိုင်လူကြီးကိုပါ ထောင်ထဲပို့ဖို့ ပြောလာခဲ့တာပါ။

ကာဗာနီဟာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရမယ်ဆိုရင် ကလပ်အသင်း ပွဲစဉ်တွေကိုပါ ထိခိုက်လာနိုင်တယ်လို့ သတင်း မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အသက် ၃၅ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ လက်ရှိအချိန်မှာ စပိန်ကလပ် ဗလင်စီယာအသင်းမှာ ကစားနေတာဖြစ်ပြီး ၉ ပွဲ ပါဝင်ထားတာမှာ ၅ ဂိုး သွင်းယူထားပါတယ်။

ကာဗာနီဟာ ဥရုဂွေးလက်ရွေးစင်အသင်း အတွက်တော့ ၁၃၆ ပွဲ ပါဝင်ကစားထားပြီး ၅၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
တင်းနစ်မယ်ဟောင်း အိုဆာကာကိုတွေ့ရစဉ်

ကိုယ်ဝန်ရှိနေပြီလို့ ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း အိုဆာကာ ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1302

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၂

ဂရမ်းဆလမ်း ချန်ပီယံဆုကို ၄ ကြိမ် ရရှိထားတဲ့ ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ်ဟောင်း ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာက သူမမှာ ကိုယ်ဝန်ရှိနေ ပြီလို့ ကြေညာခဲ့ပါတယ်။

အိုဆာကာက “၂၀၂၃ ဟာ ကျမအတွက် သင်ခန်းစာတွေ အပြည့်ရမယ့် နှစ်ပါပဲ။ အနာဂတ်မှာ စောင့်မျှော်ရမယ့် အရာတွေ အများကြီးရှိတယ် ဆိုတာကို သိပါတယ်။ ကျမ မျှော်လင့်နေတဲ့ အရာတစ်ခုကတော့ ကျမရဲ့ ကလေးက ကျမရဲ့ ပွဲတစ်ပွဲကိုကြည့်ပြီး ဒါဟာ ငါ့ရဲ့အမေဆိုပြီး တစ်စုံတစ်ယောက်ကို ပြောဖို့ပါ”လို့ ဆိုရှယ်မီဒီယာမှာ အာလ်ထရာဆောင်း ရိုက်ထားတဲ့ ပုံနဲ့အတူ ရေးသားခဲ့တာပါ။

စက်တင်ဘာလ ကတည်းက ပွဲတွေ မကစားခဲ့တဲ့ အိုဆာကာဟာ အခု ရက်သတ္တပတ် အစောပိုင်းကမှ သြစတြေးလျ အိုးပန်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

အိုဆာကာဟာ ရရှိထားတဲ့ ဂရမ်းဆလမ်း ၄ ခုထဲက နောက်ဆုံး ၁ ခုကို ၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ရရှိခဲ့တာပါ။

တင်းနစ်မယ်ဟောင်း အိုဆာကာကိုတွေ့ရစဉ်

ဒီဆုဖလား ရပြီးနောက် ဂျပန်တင်းနစ်မယ်ဟာ သူရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ မတ်လမှာတော့ အိုဆာကာဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ အိုဆာကာဟာ စိတ်ကျရောဂါကို အကြာကြီး တွေ့ကြုံခံစားခဲ့ရတယ်လို့ ပြောခဲ့ပြီးနောက် တင်းနစ်လောကကနေ ၅ လကြာ အနားယူခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ နောက်ပိုင်းမှာ သူမဟာ ပြိုင်ပွဲတွေ ပြန်ကစားခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရတော့ဘဲ ကမ္ဘာ့အဆင့် ရပ်တည် မှု ၄၇ အထိ ကျဆင်းသွားခဲ့တာပါ။

အိုဆာကာက “လွန်ခဲ့တဲ့ နှစ်အနည်းငယ် အနည်းဆုံး ပြောပြဖို့ စိတ်ဝင်စားစရာ ကောင်းခဲ့တဲ့ အရာတွေတော့ ရှိပါတယ်။ ဒါဟာ ဘဝရဲ့ အခက်အခဲဆုံး အချိန်တွေလို့ ကျမထင်ခဲ့ပေမယ့် အပျော်ရွှင်ဆုံးလည်း ဖြစ်နိုင်ခဲ့ပါတယ်။ အားကစားနဲ့ ဝေးကွာနေတဲ့ အချိန်မှာ အချစ်အသစ်တွေ ပေးခဲ့သလို၊ ကျမဘဝအတွက် ရှိခဲ့တဲ့ အားကစား အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာတော့ မျှော်လင့်စရာ အရာတွေ အများကြီး ရှိတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

အိုဆာကာဟာ ၂၀၂၄ မှာတော့ တင်းနစ်လောကထဲ ပြန်လည် ဝင်ရောက်နိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုနဲ့ စာချုပ်မှာ ကမ္ဘာ့ဖလားအကြောင်း မပါဝင်ဘူးလို့ အယ်လ်နာဆာ ငြင်း

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

အိုးထရက်ဖို့ဒ်မှာ ၈ ပွဲဆက်ဂိုးသွင်းပြီး ဝိန်းရွန်နီရဲ့ စံချိန်ကို ရက်ရှ်ဖို့ဒ်လိုက်မှီ

By CNI
CNI
Category: Watch TV
Hits: 636

Share
Tweet
Share
Share
powered by social2s
ဆာလာ သေဆုံးခဲ့မှု ၀မ်းနည်းကြောင်း အထိမ်းအမှတ်လုပ်နေစဉ်

နန့်တက်စ်ထံ ဆာလာရဲ့ ပြောင်းရွှေ့ကြေး ပထမဆုံးအရစ်ကျ ကာဒစ်ဖ်ပေးချေ

By CNI
CNI
Category: အားကစား
Hits: 904

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁

ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းဟာ တိုက်စစ်မှူး ဆာလာအတွက် နန့်တက်စ်အသင်းထံ ပေးချေရမယ့် ပြောင်းရွှေ့ကြေးရဲ့ ပထမဆုံးအရစ်ကျကို ပေးလိုက်ပြီလို့ BBC Sports Wales က ဖော်ပြခဲ့ပါတယ်။

ပေါင် ၇ သန်း ဝန်းကျင် ပေးချေခဲ့ပြီးနောက် ကာဒစ်ဖ်အသင်းဟာ သူတို့အပေါ် ချမှတ်ထားတဲ့ အပြောင်းအရွှေ့ ပိတ်ပင်မှုကို ဖီဖာက ဖယ်ရှားပေးနိုင်ဖို့ မျှော်လင့်နေတာပါ။

ဆာလာဟာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီက အင်္ဂလိပ်ရေလက်ကြားမှာ လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါ တယ်။ ဆာလာဟာ နန့်တက်စ်ကနေ ကာဒစ်ဖ်ထံ ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းအတွက် ပွဲမကစားလိုက်ရဘဲ သေဆုံးသွားခဲ့တာပါ။

ကာဒစ်ဖ်ဟာ ဆာလာအတွက် နန့်တက်စ်နဲ့ သဘောတူထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းထဲက ပထမ အသုတ်ကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် ဖီဖာက အရေးယူတဲ့ အနေနဲ့ အပြောင်းအရွှေ့ ၃ ခုကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလာကိုတွေ့ရစဉ်

ကာဒစ်ဖ်ဟာ ဖီဖာရဲ့ စီရင်ချက်ကို အယူခံဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ပါတယ်။ ဆာလာဟာ သေဆုံးသွားချိန်မှာ သူတို့ရဲ့ တရားဝင် ကစားသမား မဟုတ်လို့ ငွေကြေးပေးချေဖို့ ဆန္ဒမရှိတာ ဖြစ်ပါတယ်။

ကာဒစ်ဖ်အသင်းကတော့ ပြီးခဲ့တဲ့လက နန့်တက်စ် အသင်းထံ ပေးတဲ့ ပထမအရစ်ကျ ပေါင် ၅.၃ သန်းအတွက် ပြေစာကို လက်ခံရရှိထားတယ်လို့ ပြောခဲ့ပါတယ်။

သူတို့ဟာ အတိုးကြောင့် ပေးချေရတဲ့ ပမာဏကပိုပြီး များသွားခဲ့တာလည်း ဖြစ်ပါတယ်။ ကာဒစ်ဖ်ဘက်ကတော့ အခြားဥပဒေရေးရာအတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေဆဲလို့ ထပ်ပြောခဲ့တာပါ။

ချန်ပီယံရှစ်ကလပ်ဘက်က အပြောင်းအရွှေ့ ပိတ်ပင်မှုကို အမြန်ဆုံး ဖယ်ရှားပေးစေချင်နေတာ ဖြစ်ပါတယ်။

ကာဒစ်ဖ်အသင်းဟာ ဒီရာသီချန်ပီယံရှစ် ပွဲစဉ် ၂၆ ပွဲ ကစားအပြီးမှာ ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၂ မှတ်ကွာဟနေတာပါ။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ကနေ အခုထွက်ခွာဖို့ မက်ဂွဲယားကို ရီယိုဖာဒီနန် ပြော

By CNI
CNI
Category: Watch TV
Hits: 641

Share
Tweet
Share
Share
powered by social2s

ဆော်ဒီမှာ ရော်နယ်ဒို ဝင်ငွေယူရိုသန်း ၄၀၀ ရရှိမှာလို့ ကလပ်နဲ့နီးစပ်သူပြော

By CNI
CNI
Category: Watch TV
Hits: 634

Share
Tweet
Share
Share
powered by social2s
ဒေါ့မွန်အသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်စဉ်မှာ ဆာကာကိုတွေ့ရစဉ်

စပါးနဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ ဆာကာ ပါဝင်နိုင်တယ်လို့ အာတီတာပြော

By CNI
CNI
Category: အားကစား
Hits: 1471

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

အောက်စဖို့ဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဆာကာဟာ ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောပါတယ်။

အာတီတာက “ဆာကာက အဆင်ပြေပါတယ်။ ဒီပွဲတွေကို အနိုင်ရဖို့ အမြဲတမ်း ခက်ခဲပါတယ်။ ဒီလိုပွဲတွေရဲ့ အခိုက်အတန့် တော်တော်များများက ရုပ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုပါပဲ။ ဒုတိယပိုင်းမှာ ကျနော်တို့ဟာ အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ကာ အနိုင်ရဖို့ကို ရှာဖွေနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အောက်စဖို့ဒ်ယူနိုက်တက် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲပြီးဆုံးကာနီး ၁၅ မိနစ်အလိုမှာ ဆာကာဟာ ကြွက်သားဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကိုတွေ့ရစဉ်

အဲ့ဒါကြောင့် ပရိသတ်တွေက စပါးနဲ့ပွဲမှာ ဆာကာ မပါဝင်နိုင်မှာကို စိုးရိမ်နေတာဖြစ်ပြီး အာတီတာက နောက်ဆုံးရ အခြေအနေတွေကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်း ရလဒ်ကောင်းတွေ ရနေတာမှာ အဓိကခြေစွမ်း ပြသနေတဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်တာပါ။

အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ အောက်စဖို့ဒ် ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ပြီးနောက် ၄ လကြာ အနားယူခဲ့ရတဲ့ စမစ်ရိုးလ်ဟာ ဒီပွဲမှာ သူ့ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာပါ။

အာတီတာက “၄ လကြာပြီးနောက်မှ ပထမဆုံး ပြန်ကစားတဲ့ သူ့အတွက် မိနစ်အနည်းငယ်လောက် အချိန်ပေး လိုက်ရတာဟာ စမစ်ရိုးလ်အတွက်တော့ ပြီးပြည့်စုံခဲ့သလို ဖြစ်ခဲ့ပါတယ်။ အခု သူ့ကို အသုံးပြုလို့ ရပြီဖြစ်တာ ကြောင့် ပွဲစကတည်းက သုံးဖို့ လိုအပ်နေပါပြီ။ ကျနော်တို့က သူ့ကို လိုအပ်တဲ့အတွက် အမြင့်ဆုံး အဆင့်မှာ စတင် ကစားရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အောက်စဖို့ဒ် ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် အက်ဖ်အေဖလား စတုတ္တအဆင့်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
တင်းနစ်ပြိုင်ပွဲ တစ်ခုကိုတွေ့ရစဉ်

သြစတြေးလျအိုးပန်းမှာ ကစားသမားတွေ ကိုဗစ်ရှိလည်း ကစားခွင့်ပြုမည်

By CNI
CNI
Category: အားကစား
Hits: 941

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေဟာ ကိုဗစ်စစ်ဆေးမှု ခံယူစရာမလိုဘဲ ဗိုင်းရပ်စ် ရှိနေရင်တောင် ကစားနိုင်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။

ပြိုင်ပွဲကျင်းပရေးကော်မတီ ဒါရိုက်တာ ခရက်တိုင်လေက “ကျနော်တို့ဟာ လက်ရှိအသိုင်းအဝိုင်းမှာ ဖြစ်နေတဲ့ အရာတွေ နောက်ကို လိုက်ချင်ပါတယ်။ နေမကောင်းတဲ့ အချိန်မှာ ဝေးဝေးနေဖို့ အကြုံပြုချက်တစ်ခု ပြုလုပ်တာနဲ့ ကျနော်တို့ဟာ နောက်ထပ် ခြေတစ်လှမ်းကို တိုးပြီးပါပြီ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ကစားသမားတွေဟာ ကာကွယ်ဆေး ထိုးရသလို နေ့တိုင်း စစ်ဆေးပြီး ရောဂါပိုးရှိရင် သီးခြားနေထိုင်ရတာ ဖြစ်ပါတယ်။

မနှစ်က ပြိုင်ပွဲမှာ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ၉ ကြိမ် ရယူထားတဲ့ ဂျိူကိုဗစ်ဟာ ကာကွယ်ဆေး မထိုးတာကြောင့် ပြိုင်ပွဲမစတင်ခင်မှာ နိုင်ငံအတွင်းကနေ ပြည်နှင်ဒဏ် ပေးခံ ခဲ့ရတာပါ။

ခရက်တိုင်လေက “ကျနော်တို့ဟာ ကစားသမားတွေအပြင် အဖွဲ့ဝင်တွေကိုပါ ရှင်းရှင်းလင်းလင်း ပြောထားပြီး သားပါ။ တစ်ဦးတစ်ယောက်က နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ။ ကျနော်တို့ရဲ့ ဆေးအဖွဲ့ဝင်တွေက ကစား သမား တစ်ဦးချင်းစီနဲ့လည်း ဒါကို ဆက်လက် စောင့်ကြည့်သွားမှာပါ။ ဒါဟာ ကျနော်တို့အတွက် ပုံမှန်အခြေအနေ တစ်ခုဖြစ်ပြီး ခရစ်ကတ်နဲ့ မတူညီနိုင်ပါဘူး။ ကိုဗစ်နဲ့ ယှဉ်ပြိုင်မယ့် ကစားသမားတွေ ရှိလာနိုင်တယ်”လို့ ပြောခဲ့ပါ တယ်။

ပြီးခဲ့တဲ့အပတ်က ခရစ်ကတ်ကစားသမား မတ်ရန်ရှောဟာ ကိုဗစ်ရှိကြောင်း တွေ့ရှိခဲ့ပေမယ့် တောင်အာဖရိကနဲ့ ကစားတဲ့ ပွဲစဉ်မှာ သြစတြေးလျအတွက် ပါဝင်ကစားခဲ့တာပါ။ ၂၀၂၃ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်မှာဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ပါလက်စတိုင်းအလံကို အစ္စရေးနိုင်ငံအတွင်းက အဆောက်အဦတစ်ခုကနေ ဖယ်ရှားနေစဉ်(GETTY IMAGES)

ပြည်သူပိုင်နေရာများမှ ပါလက်စတိုင်းအလံများကို ဖယ်ရှားရန် အစ္စရေးအစိုးရညွှန်ကြား

By CNI
CNI
Category: နိုင်ငံရေး
Hits: 966

CNI International News

ဂျေရုစလင်၊ ဇန်နဝါရီ ၁၀

အများပြည်သူနှင့်ဆိုင်သော နေရာများမှ ပါလက်စတိုင်းအလံများကို ဖြုတ်သိမ်းရန် အစ္စရေးအမျိုးသား လုံခြုံရေး ဝန်ကြီးသစ် အစ်တမာ ဘင်ဂါဗီ (Itamar Ben-Gvir)က ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု အယ်ဂျာဇီးယား သတင်း တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းနိုင်ငံ အမှတ်အသားသည် အကြမ်းဖက်မှု သင်္ကေတ ဖြစ်သည်ဟု ပြောကြား၍ ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဥပဒေတွင် ပါလက်စတိုင်းအလံနှင့် ပတ်သက်၍ ပိတ်ပင်တားဆီးမှု မရှိသော်လည်း ယင်းသည် ပြည်သူများ အပေါ် ခြိမ်းခြောက်မှု ဖြစ်လာလျှင် ရဲနှင့်စစ်သားများက ဖယ်ရှားရန် အခွင့်အရေးရှိသည်။

ဘင်ဂါဗီသည် နေတန်ညာဟု လက်ယာစွန်း အစိုးရသစ်မှ အစွန်းရောက်မျိုးချစ် Jewish Power ပါတီကို ဦးဆောင်သူ ဖြစ်သည်။

အစ္စရေးအမျိုးသား လုံခြုံရေး ဝန်ကြီးသစ် အစ်တမာ ဘင်ဂါဗီကိုတွေ့ရစဉ်(GETTY IMAGES)

၎င်း၏ ညွှန်ကြားချက်သည် ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ပါလက်စတိုင်း လိုလားသော ဆန္ဒပြပွဲများနှင့်ပတ်သက်၍ တင်းမာသော သဘောထားရှိသည်ကို ဖော်ပြနေသည်။

အစ္စရေးနိုင်ငံအတွင်း ပါလက်စတိုင်းအလံများ လွှင့်ထူခြင်းကို အစ္စရေးအာဏာပိုင်များက ကာလရှည် ဖိနှိပ်ထား လျက်ရှိပြီး ယင်းသည် ပါလက်စတိုင်း ကိုယ်ပိုင်လက္ခဏာကို နှိပ်ကွက်ခြင်းဟု ပါလက်စတိုင်းတို့က မှတ်ယူထားသည်။

ဘင်ဂါဗီ၏ ညွှန်ကြားချက်သည် မြို့တော် တဲလ်အဗစ် (Tel Aviv) တွင် စနေနေ့၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး များ ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် ပါလက်စတိုင်း အလံများကို ဝှေ့ ယမ်းခဲ့ကြသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု (Benjamin Netanyahu) ၏ အစိုးရသစ်ကို ဖက်ဆစ်ဟု သမုတ်ခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေးအကြား တန်းတူညီမျှမှုနှင့် အတူယှဉ်တွဲနေထိုင်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဆန္ဒပြပွဲများတွင် ပါလက်စတိုင်းအလံများ ရှိနေခြင်းက ရိုင်းစိုင်းသော လှုံ့ဆော်မှုဖြစ်သည်ဟု နေတန်ညာ ဟုက တွစ်တာတွင် ရေးသားသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21

Page 17 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar