CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
ရော်နယ်ဒိုနဲ့ ရူဒီဂါစီယာကိုတွေ့ရစဉ်

ရော်နယ်ဒိုကို အယ်လ်နာဆာနည်းပြ ရူဒီဂါစီယာချီးကျူး

By CNI
CNI
Category: အားကစား
Hits: 1063

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

အယ်လ်နာဆာ အသင်းနည်းပြ ရူဒီဂါစီယာက အယ်လ်ဝါဒါနဲ့ပွဲမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အသင်းနဲ့ ပေါင်းစည်းမှုကို ချီးကျူးလိုက်ပြီး ဝေဖန်မှုတွေကို ပြန်ပြီးရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ရူဒီဂါစီယာက “ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဖော်တွေနဲ့ စည်းလုံးညီညွတ်မှုရဲ့ ကောင်းမွန်တဲ့ အဆင့်ကို ရောက်ရှိ နေပါပြီ။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အသင်းဖော်တွေက သူဘယ်အရာကို လိုချင်တာလဲ၊ ဘယ်အချိန်မှာ ဂိုး သွင်းနိုင်လဲ ဆိုတာကို သိလာခဲ့ပါတယ်။ ၄ ဂိုး သွင်းနိုင်ခဲ့လို့ သူ့အတွက် ကောင်းမွန်တဲ့ည ဖြစ်မယ်လို့ ကျနော် ထင် ကြောင်း”သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ဝါဒါအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုးစလုံး သွင်းယူ ခဲ့ပြီး ကစားသမားဘ၀ လိဂ်သွင်းဂိုး ၅၀၀ ကျော် သွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီသွင်းဂိုးတွေကြောင့် အယ်လ်နာဆာ အသင်းအတွက် ၄ ပွဲ ကစားအပြီးမှာ ၅ ဂိုးအထိ သွင်းယူ နိုင်ခဲ့တာပါ။ အယ်လ်နာဆာနည်းပြ ရူဒီဂါစီယာဟာ ဒီပွဲတွေ မတိုင်ခင် အယ်လ်အစ်တီဟတ် အသင်းကို အရေး နိမ့်ခဲ့တဲ့ ဆော်ဒီစူပါဖလားပွဲစဉ်မှာ အပိုင်အခွင့်အရေး လွဲချော်ခဲ့တဲ့ ရော်နယ်ဒိုကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

 ရော်နယ်ဒိုနဲ့ ရူဒီဂါစီယာကိုတွေ့ရစဉ်

ရူဒီဂါစီယာက “ကစားသမားတွေ အနေနဲ့ ပုံမှန်အတိုင်း ကစားဖို့ အရေးကြီးပါတယ်။ ရော်နယ်ဒိုဆီ ဘောလုံး အမြဲတမ်း ပေးပို့ဖို့ မကြိုးစားပါနဲ့”လို့ ပြောခဲ့တာပါ။

အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုဟာ ဆော်ဒီကလပ်အတွက် ဂိုးမသွင်းနိုင်သေးတာဖြစ်ပြီး အခုအချိန်မှာ စူပါ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဖြစ်သူဟာ စကားကို ပြန်ပြောင်းပြီး ပြောဆိုသွားခဲ့တာလို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ အယ်လ်ဝါဒါအသင်းကို အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာမှာရှိတဲ့ အယ်လ်အစ်တီ ဟတ် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာရရှိကာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားကို ဦးဆောင် နေတာပါ။

အယ်လ်နာဆာအသင်းဟာ လာမယ့် သောကြာနေ့မှာ ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်တာဝေါင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂရင်းဝုဒ်နဲ့ အဲရစ်တန်ဟတ်ကိုတွေ့ရစဉ်

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ဂရင်းဝုဒ်တို့ ဆွေးနွေး

By CNI
CNI
Category: အားကစား
Hits: 1522

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

ဂရင်းဝုဒ်ဟာ စွဲချက်တင်ခံထားရတဲ့ အမှုတွေ ရုပ်သိမ်းခံရပြီးနောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ပထမဆုံး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်ကြယ်ပွင့် ကစားသမားဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံတွေနဲ့ ဗွီဒီယို အတင်ခံရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ယူနိုက်တက် အသင်းကတော့ အဲ့ဒီအချိန်ကတည်းက ဂရင်းဝုဒ်ကို လစာအပြည့်အဝ ပေးချေပြီး ဆိုင်းငံ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ မကြာသေးခင် ရက်သတ္တပတ်ကမှ စွဲဆိုချက်တွေကို ရုပ်သိမ်းပေးတာ ခံခဲ့ရပေမယ့် ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရသေးပါဘူး။

ယူနိုက်တက်အသင်းကတော့ ကစားသမားကို ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လုပ်ငန်းစဉ်တွေ မပြီးဆုံးခင်အချိန်အထိ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူးလို့ ပြောထားခဲ့တာပါ။

ဒီလိုအချိန်မှာ နည်းပြ အဲရစ်တန်ဟတ်ဟာ ဂရင်းဝုဒ်ထံ ဆက်သွယ်ခဲ့ပြီး ကစားသမားရဲ့ အခြေအနေကို မေးမြန်းခဲ့ သလို စွဲချက်တွေ ရုပ်သိမ်းခံလိုက်ရတဲ့အတွက်လည်း ကျေနပ်ကြောင်း ပြောခဲ့တယ်လို့ The Sun က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကိုတွေ့ရစဉ်

သတင်းရင်းမြစ် တစ်ခုက “မေဆန်ဟာ ကလပ်အသင်းဆီကနေ ဆက်သွယ်မှု အနည်းငယ်သာ ခံခဲ့ရတာပါ။ သူ့ကို အသင်းဘက်က ဆက်သွယ်တဲ့ အချိန်မှာလည်း တိုက်ရိုက်မဟုတ်သလို ကြားခံ အဖွဲ့အစည်းတွေကနေ တစ်ဆင့် သာ ဆက်သွယ်ခဲ့တာပါ။ ဒါကြောင့် နည်းပြက သူ့ကို ဖုန်းခေါ်ဆိုတာဟာ ကစားသမားအတွက် ကြီးမားတဲ့ ခြေလှမ်းဖြစ်ပြီး တန်ဖိုးထားခံရတယ်လို့ ခံစားနေရပါတယ်။ နည်းပြက သူ့ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက် တွေကို မေးခဲ့ပြီး စွဲချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ကျေနပ်ကြောင်း ပြောခဲ့ပါတယ်။ နည်းပြဘက်ကလည်း မေဆန်နဲ့ ဆက်သွယ်တာက မှန်ကန်တဲ့ လုပ်ရပ်လို့ထင်နေကြောင်း” The Sun ကို ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းကို စတင် ကိုင်တွယ်ကတည်းက ကြီးကြီးမားမား အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အသင်းခေါင်းဆောင် မက်ဂွဲယားကို အရန်ခုံပေါ်ပို့ကာ ရော်နယ်ဒိုရဲ့ စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ် အသင်းထံ ပြန်လာခြင်း ရှိ၊မရှိကတော့ ကလပ်ရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အဲရစ်တန်ဟတ် က ကစားသမားကို ရှင်းပြထားတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကတော့ သူ ၆ နှစ်သား အရွယ်ထဲက ရှိခဲ့တဲ့ ယူနိုက်တက်မှာ ဆက်ပြီး ကစားချင်နေတာဖြစ်ပြီး မကြာသေးခင်ကဆိုရင် အင်စတာဂရမ်မှာရှိတဲ့ ပို့စ်တွေ အားလုံးကိုဖျက်ကာ ယူနိုက်တက်အသင်းနဲ့ သက်ဆိုင်တဲ့ အရာတွေကိုပဲ ထားရှိခဲ့တာပါ။

မန်ချက်စတာကလပ်ကသာ စာချုပ်ဖျက်သိမ်းခဲ့ရင် ဂရင်းဝုဒ်ဟာ တရုတ်ကိုသွားပြီး သူ့ရဲ့ကစားသမားဘဝကို ပြန်ပြီး စတင်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဂွာဒီယိုလာနဲ့ ကလော့ပ်ကိုတွေ့ရစဉ်

EPL ပြိုင်ဘက်တွေကို သတိထားဖို့ ဂွာဒီယိုလာ သတိပေး

By CNI
CNI
Category: အားကစား
Hits: 1277

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁

မန်စီးတီးအသင်းကို ဘဏ္ဍာရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်က စွဲချက် ၁၀၀ ကျော်နဲ့ စွဲချက် တင်ပြီးနောက် နည်းပြဂွာဒီယိုလာက ပြိုင်ဘက်အသင်းတွေ အနေနဲ့ သတိထားကြဖို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “အခြားပရီးမီးယားလိဂ် ၁၉ သင်းအနေနဲ့ စံနမူနာယူထားပြီး လောက်ပါပြီ။ ကျနော်တို့မှာ အပြစ်မရှိ သလိုဘဲ စွပ်စွဲခံရတဲ့ ကလပ်တွေ အများကြီး ရှိတာကြောင့် အနာဂတ်မှာ သတိထားကြပါ။ အနာဂတ်မှာ ဘာဖြစ်မ လဲဆိုတာကို ဘယ်သူကမှသိမှာ မဟုတ်ပါဘူး။ သူတို့က ကျနော်တို့ မှန်ကန်စွာ မလုပ်ဘူးလို့ ယုံကြည်နေကြပါ တယ်။ ဒါကို ကျနော် လက်ခံပါတယ်။ ဒါပေမယ့် ကျနော်တို့ မှန်ကန်တယ်လို့ ယုံကြည်ရင် ဝိုင်းပြီး ခုခံကာကွယ်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ ယူအီးအက်ဖ်အေမှာလည်း ဖြစ်ခဲ့သလို၊ ဒီနေ့မှာလည်း ဖြစ်ခဲ့ပါတယ်။ ဒါကို ကျနော်တို့ မသင်ယူနိုင်သေးပါဘူး”လို့ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပြီး ၁၄ နှစ်တာ ကာလအတွင်းမှာ စွဲချက်ပေါင်း ၁၁၅ ခုအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၂၀ တုန်းကလည်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး ယူအီးအက်ဖ်အေ ပြိုင်ပွဲ တွေမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသလို ဒဏ်ကြေး ပေါင် ၂၅ သန်း ချမှတ်ခံခဲ့ရတာပါ။

ဒါပေမယ့် အယူခံဝင်ပြီးနောက် ဒီပိတ်ပင်မှုကို ဖယ်ရှားခဲ့သလို ဒဏ်ကြေးငွေကိုလည်း ပေါင် ၁၀ သန်းအထိ လျှော့ချခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းကိုတွေ့ရစဉ်

ပရီးမီးယားလိဂ်ကတော့ မန်စီးတီးအသင်း အနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ရမှတ်လျှော့တာ၊ ဒဏ်ကြေးငွေ ချမှတ်တာနဲ့ တန်းဆင်းဖို့အထိ ပြစ်ဒဏ်ချမှတ်ဖို့ ရှိနေခဲ့တာပါ။

ဒါပေမယ့် ဂွာဒီယိုလာကတော့ သူတို့အသင်းဟာ အပြစ်မရှိကြောင်း ပြောခဲ့ပြီး အခြား ၁၉ သင်းရဲ့ လွှမ်းမိုးမှု ကြောင့်သာ အခုလို စွဲချက်တင်ခံရတာလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြက သူတို့မှာ အပြစ် မရှိကြောင်း တွေ့ရမယ်ဆိုရင် ပြန်ပြီး လက်စားချေ သင့်တယ်လို့လည်း ခံစားနေရတာပါ။

ဂွာဒီယိုလာက “အပြစ်ရှိကြောင်း သက်သေမပြမချင်း လူတိုင်းအပြစ်ကင်းတဲ့ အံ့မခန်းနိုင်ငံ တစ်ခုမှာ နေရတာ ကောင်းပါတယ်။ ကျနော်တို့ကတော့ ဒီလိုအခွင့်အရေး မရခဲ့လို့ ပြစ်ဒဏ် ချမှတ်ခံရပါတယ်။ ဘာတွေဖြစ်မလဲ ဆိုတာတော့ ကျနော်မသိပါဘူး။ ယူအီးအက်ဖ်အေမှာ လုပ်သလို ကာကွယ်ခွင့်ရမယ့် အခွင့်အရေးရှိရင် ဒီနေရာမှာ ကျနော်ပျော်ရွှင်နေမှာပါ။ အသင်း ၁၉ သင်းက ထောက်ခံနေတဲ့ ပရီးမီးယားလိဂ် အနေနဲ့ သူတို့ရဲ့ ရပ်တည်မှုကို ကာကွယ်ဖို့ ရှေ့နေကောင်းတွေ ယူရမယ်လို့ထင်ကြောင်း”ပြောခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာက သူဟာ မန်စီးတီးအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ကတိပေးခဲ့တာပါ။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s

အယ်လ်နာဆာအတွက် ၄ ဂိုးသွင်းပြီး လိဂ်သွင်းဂိုး ၅၀၀ ကျော်သွားခဲ့တဲ့ ရော်နယ်ဒို

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုဆီက နေ့တိုင်းသင်ယူရလို့ အယ်လ်နာဆာအသင်း အကျိုးရှိလာ

By CNI
CNI
Category: Watch TV
Hits: 693

Share
Tweet
Share
Share
powered by social2s
ယူနိုက်တက်၊ ဂလေဇာညီအစ်ကိုနဲ့ ကာတာလုပ်ငန်းစုကိုတွေ့ရစဉ်

ယူနိုက်တက်ကိုဝယ်ဖို့ ရက်ပိုင်းအတွင်း ကာတာလုပ်ငန်းစု ကမ်းလှမ်းဖို့ရှိ

By CNI
CNI
Category: အားကစား
Hits: 1016


CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈

ကာတာရင်းနှီးမြှုပ်နှံသူ လုပ်ငန်းစုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာ မိသားစုဟာ အလားအလာရှိတဲ့ ဝယ်ယူမယ့် သူတိုင်းကို ဖေဖော်ဝါရီလလယ် နောက်ဆုံးထားပြီး ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရက်သတ်မှတ်ထားတာပါ။

ကာတာလုပ်ငန်းစုဟာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ဝယ်ယူဖို့အတွက် သဘောတူညီမှု ရနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းကို အင်္ဂလိပ်ဘောလုံးလောက ထိပ်ဆုံး ပိုင်း ပြန်တက်နိုင်ဖို့ နည်းပြအဲရစ်တန်ဟတ်ကို ကြီးမားတဲ့ ငွေကြေး ထောက်ပံ့မှုတွေပေးဖို့ ရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ ကလပ်ကို ဝယ်ယူဖို့အတွက် ပေါင် ၆ ဘီလီယံကျော် ဈေးသတ်မှတ်ထားပြီး ဝယ်ယူတဲ့ သူတိုင်းဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည် တည်ဆောက်မယ့် အစီအစဉ်အတွက် ပေါင် ၂ ဘီလီယံထက်ပြီး ကုန်ကျ ဦးမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ကာတာရင်းနှီးမြှပ်နှံသူ လုပ်ငန်းစုကတော့ တစ်စိတ်တစ်ပိုင်း အစုရှယ်ယာကို စိတ်ဝင်စားမှု မရှိဘဲ အလုံးစုံ ပိုင်ဆိုင် လို နေတာပါ။ ကာတာလုပ်ငန်းစု အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူဖို့ လုပ်ဆောင်နေတဲ့ ဗြိတိန် အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အမာခံပရိသတ် တစ်ဦးဖြစ်ပြီး ပြင်သစ်ကလပ် နိုက်စ်အသင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ဝယ်ယူမယ့် သူတွေဟာ ပရီးမီးယားလိဂ်ရဲ့ ခွင့်ပြုချက် လိုအပ်မှာဖြစ်ပြီး ကာတာရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရဖို့တော့ ရှိနေပါတယ်။

ကာတာနိုင်ငံကသာ ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် မန်ချက်စတာ ကလပ်ဟာ ဥရောပရဲ့ အချမ်းသာဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး အများအပြားလည်း ရရှိလာမှာပါ။

ယူနိုက်တက်အသင်းဟာ အသင်းကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှုတွေကို ဖေဖော်ဝါရီလထဲ အပြီးသတ် လုပ်ဆောင်မှာဖြစ်ပြီး နောက်လမှာတော့ ပိုင်ရှင်သစ်တွေထံ လွှဲပြောင်းပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

တူရကီငလျင်ကြောင့် ပိတ်မိနေတဲ့ အက်ဆုကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိ

By CNI
CNI
Category: သဘာဝပတ်ဝန်းကျင်
Hits: 4999

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇

တူရကီနဲ့ ဆီးရီးယားတို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုအပြီးမှာ နယူးကာဆယ်အသင်း ကစားသမားဟောင်း အက်ဆုကို အပျက်အဆီးကြားထဲကနေ ဆွဲထုတ်ခဲ့ရပြီး အသက်ရှင်လျက်တွေ့ရှိရကာ ဆေးရုံမှာရောက်ရှိနေတယ် လို့ ပေါ်တူဂီကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာတွေရရှိခဲ့တာပါ။ ဒီငလျင် ကြောင့် အဆောက်အဦတွေပြိုကျခဲ့ပြီး အက်ဆုဟာ ဒီအပျက်အဆီးကြားမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒါ ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရတာပါ။ပေါ်တူဂီသတင်း A Bola က အက်ဆုကို ရှာဖွေတွေ့ရှိခဲ့ပြီး ညာဘက်ခြေဖဝါးမှာ ဒဏ်ရာရရှိကာ အသက်ရှူရခက်နေတာကြောင့် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆာဒစ်အဒမ်က သူဟာ အက်ဆုရဲ့ စီမံခန့်ခွဲမှုအဖွဲ့နဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ကစား သမား ဘေးအန္တရာယ်ကင်းရှင်းတယ်လို့ အတည်ပြုခဲ့တာပါ။ငလျင်လှုပ်ခတ်မှုကြောင့် ဒေသအနှံရှိမြို့ရွာတွေကို ပျက်ဆီးစေပြီး တူရကီတောင်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းတို့မှာ သေဆုံးသူဦးရေဟာ ဆက်လက် မြင့်တက် နေတာဖြစ်ပါတယ်။ကနဦးငလျင်ဟာ ရစ်ချ်တာစကေး ၇.၈ နဲ့ ညတွင်းချင်းလှုပ်ခတ်ခဲ့ပြီး တနင်္လာနေ့ မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၁၃ နာရီခွဲမှာ ဒုတိယအကြိမ် ထပ်မံလှုပ်ခတ်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ်ရှိ အက်ဆုဟာ ၂၀၁၃ က ချယ်လ်ဆီးအသင်းထံ ရောက်ရှိလာခဲ့ပေမယ့် ပွဲမကစားခဲ့ရဘဲ အဲဗာတန်၊ နယူးကာဆယ်အသင်းတွေထံ အငှားချခံခဲ့ရပြီး နောက်ပိုင်းမှာ နယူးကာဆယ်အသင်းထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အက်ဆုဟာ နယူးကာဆယ်အသင်းအတွက် ၁၀၇ ပွဲကစားခဲ့ပြီး ၈ ဂိုးသွင်းယူကာ ၂၀၂၁ မှာ ဆော်ဒီကလပ် အယ်လ်ရာဒ့်အသင်းထံ ပြောင်းရွှေ့ခဲ့ကာ အခုအချိန်မှာတော့ တူရကီကလပ် ဟာတေ စပေါ်အသင်းထံ ရောက်ရှိခဲ့တာပါ။
ဟာတေစပေါ်အသင်းက ကာဆင်မ်ပါဆာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အက်ဆုဟာ အသင်းအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နာရီပိုင်းအကြာမှာ ငလျင်အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ငလျင်ဟာ ဟာတေစပေါ် အခြေစိုက်တဲ့ ကာရာမန်မာရက်စ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ကစားသမားတချို့နဲ့ တာဝန်ရှိသူတွေ ပျောက်ဆုံးနေသေးတယ်လို့ သိရပါတယ်။

Source:DailyMail

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ ဂူစတာဗိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဆီက နေ့တိုင်းသင်ယူရလို့ အယ်လ်နာဆာအသင်း အကျိုးရှိလာ

By CNI
CNI
Category: အားကစား
Hits: 1075

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၇

အယ်လ်နာဆာအသင်း နောက်ခံလူ ဂူစတာဗိုက အသင်းဖော် ရော်နယ်ဒို ဆီကနေ နေ့စဉ်နေ့တိုင်း သင်ယူနေရလို့ အသင်းအတွက် အများကြီး အကျိုးရှိတယ်လို့ ပြောလိုက်ပါတယ်။

ဂူစတာဗိုက “အယ်လ်နာဆာမှာ ရော်နယ်ဒို ရှိနေတာက အသင်းအတွက် အများကြီး အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ဟာ သူ့ဆီကနေ နေ့တိုင်း သင်ယူနေရလို့ပါ။ သူဟာ နည်းပညာပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာအပြင် ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းပါတယ်။ ရော်နယ်ဒိုဟာ စိန်ခေါ်မှုတွေအတွက် ဖန်တီး ခဲ့တာဖြစ်ပြီး သူဟာ အမြဲတမ်း အောင်မြင်နေတဲ့သူပါ။ ဒီမှာရှိတဲ့ လူတိုင်းကလည်း သူဘာတွေ လုပ်နိုင်မလဲဆိုတာ ကို စောင့်နေကြပါတယ်။ သူဟာ ပထမဆုံး သွင်းဂိုးကို ရပြီးပါပြီ။ အဲ့ဒါကြောင့် ဖိအားတွေ အောက်ကနေ လွတ် မြောက်သွားပြီ”လို့ ပြောခဲ့တာပါ။

အသက် ၃၅ နှစ်အရွယ်ရှိ ဂူစတာဗိုဟာ ဘိုင်ယန်မြူးနစ်၊ မာဆေးလ်နဲ့ ဖီနာဘာချီ အသင်းတွေမှာ ကစားခဲ့ပြီး အခု အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး ကစားနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ တစ်နှစ်လုပ်ခ ယူရိုသန်း ၂၀၀ နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုပြီး ရောက်ရှိလာခဲ့တာပါ။

 ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမသွင်းနိုင်လို့ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။

ဒါပေမယ့် ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ အယ်လ်ဖာတက်ချ် အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ အယ်လ်နာဆာ အသင်းအတွက် ချေပဂိုးသွင်းပြီး ဝေဖန်မှုတွေ အဆုံးသတ်နိုင်ခဲ့တာပါ။

ဂူစတာဗိုက ရော်နယ်ဒို ရောက်လာတာဟာ အသင်းအတွက် အများကြီး အကျိုးရှိပေမယ့် အသင်းတိုင်းရဲ့ ကြိုးစား လာမှုတွေကြောင့် သူတို့အတွက် ခက်ခဲမှုတွေ ဖြစ်စေတယ်လို့လည်း ပြောခဲ့ပါတယ်။

ဂူစတာဗိုက “သေချာတာကတော့ ရော်နယ်ဒို ရှိနေတာက ကျနော်တို့အတွက် ခက်ခဲမှုတွေ ဖြစ်စေပါတယ်။ အသင်းတိုင်းက သူ့နဲ့ အကောင်းဆုံး ကစားနိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ်။ သူဟာ လူတိုင်းကို စိတ်ဓါတ်တက်ကြွအောင် လုပ်ဆောင်ပေးတယ်”လို့ ပြောခဲ့တာပါ။

ဆော်ဒီလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၀ ရက် နေ့မှာ အယ်လ်ဝါဒါ အသင်းနဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

စံချိန်သစ်တင်နိုင်တာက မှော်ဆန်တဲ့ခံစားမှုလို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s
ပဲရစ်အိုလံပစ်ပြိုင်ပွဲ ပြင်ဆင်မှုကိုတွေ့ရစဉ်

အိုလံပစ်ပြိုင်ပွဲဆီ ဂယက်ရိုက်လာတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 2656

CNI International Article

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ဒီရက်ပိုင်း နိုင်ငံတကာ အားကစားသတင်းတွေမှာ နေ့စဉ်နေ့တိုင်း မြင်တွေ့နေရတာကတော့ ၂၀၂၄ ပဲရစ် အိုလံပစ် ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်နိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာဖွေသွားမယ်လို့ ပြောခဲ့တာကနေ စတင်ပြီးတော့ အားလုံးကို လှုပ်ခတ်သွားခဲ့ပါတယ်။

နိုင်ငံတကာအိုလံပစ် ကော်မတီရဲ့ ဒီလို စီစဉ်မှုဟာ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီး အားကောင်း သွားနိုင်တဲ့အတွက်ကြောင့် နိုင်ငံအများအပြားက ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးက IOC ရဲ့ ဒီလို လုပ်ဆောင်လာမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အိုလံပစ် ပြိုင်ပွဲမှာ ရုရှား အားကစားသမားတွေအတွက် နေရာမရှိစေရဘူးလို့ ပြောခဲ့ပါတယ်။

ဇာလန်းစကီး ပြောပြီးနောက်မှာ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုရင် သူတို့ဟာ ဒီပြိုင်ပွဲကို သပိတ်မှောက် နိုင်တယ်လို့ စတင်ပြောလာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားစတဲ့ နိုင်ငံတွေကလည်း သပိတ် မှောက် နိုင်တယ်လို့ အသံတွေ စထွက်လာခဲ့ပါတယ်။

အိုလံပစ် အထိမ်းအမှတ်နဲ့ ရုရှားအလံကိုတွေ့ရစဉ်

ပိုလန်အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကိုသာ ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်တယ်လို့ ပြောခဲ့ ပါတယ်။

ဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ပြိုင်ပွဲတစ်ခုလုံးက အဓိပ္ပါယ်မဲ့ သွားလိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။ IOC ကတော့ ဘယ်လို သပိတ်မှောက်မှုမျိုး မဆိုဟာ အားကစားသမားတွေကိုသာ အပြစ်ပေးမှု ဖြစ်လိမ့်မယ်လို့ သပိတ် မှောက်မှုတွေအပေါ် ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ယူကရိန်း အပါအဝင် နိုင်ငံတချို့ဟာ အဆင်မပြေမှုတွေ ဖြစ်နေ ကြပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတာကာ အိုလံပစ် ကော်မတီဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစား အဖွဲ့ချုပ် တွေကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေကနေ ပိတ်ပင်ဖို့အထိ ပြောခဲ့ပေမယ့် အခုအချိန်မှာ သူတို့ရဲ့ ရပ်တည် ချက်တွေဟာ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

အမေရိကန်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲလို နိုင်ငံတကာပွဲတွေမှာ ဖိတ်ကြားခဲ့မယ်ဆိုရင် သူတို့ရဲ့ အလံတွေ၊ သင်္ကေတတွေနဲ့ နိုင်ငံတော်သီချင်းတွေကို အသုံးပြုခွင့် မပြုဘဲ ကြားနေ အလံအောက်မှာသာ ယှဉ်ပြိုင်ခွင့်ပြုဖို့ ပြောထားတာ ဖြစ်ပါတယ်။

ဒါက ယူကရိန်းတို့နဲ့ ကွဲလွဲမှုရှိပြီး ယူကရိန်းကတော့ ရုရှားကို လုံးဝ ပါဝင်ခွင့် မပြုစေချင်တာပါ။

တချို့ အားကစား ပြိုင်ပွဲတွေမှာလည်း အရင်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပိတ်ပင်တာတွေ ရှိပေမယ့် နောက်ပိုင်းမှာ ကြားနေအလံ အောက်ကနေသာ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာဆိုရင်လည်း ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တွေကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခဲ့ကြရတာပါ။

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ၊ လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်ခွင့် ရခဲ့မယ်ဆိုရင်လည်း ဥရောပက ပိတ်ပင်ထားလို့ အာရှကနေတစ်ဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲကိုတွေ့ရစဉ်

ပဲရစ်အိုလံပစ် ပြိုင်ပွဲ အကြီးအကဲတော့ ဒီကိစ္စကို နိုင်ငံတကာအိုလံပစ် ကော်မတီကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကြီး စည်စည်ကားကားနဲ့ ကျင်းပနိုင်ဖို့အရေးက နိုင်ငံတကာ အိုလံပစ် ကော်မတီ လက်ထဲမှာသာ ရှိတော့တာပါ။

ယူကရိန်းကတော့ ရုရှား အားကစားသမားတွေ မပါဝင်နိုင်ဖို့ ဆက်ပြီး တွန်းအားပေး လုပ်ဆောင်နေမှာ ဖြစ်ပါ တယ်။

အဲ့ဒါကြောင့် လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံအများအပြား သပိတ်မှောက်ကာ လာရောက် မယှဉ်ပြိုင်တာကို မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပဲရစ်အိုလံပစ် ပြိုင်ပွဲဟာ ဘယ်လိုပုံစံနဲ့အဆုံးသတ် မလဲဆိုတာကိုတော့ စောင့်၍သာ ကြည့်ရပေတော့မည်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆော်ဒီလိဂ်မှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 703

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ နည်းပြ ဂရေဟမ်ပေါ်တာ ပြော

By CNI
CNI
Category: Watch TV
Hits: 672

Share
Tweet
Share
Share
powered by social2s

ဘတ်ပီနဲ့ ဘာပြဿနာမှ မရှိဘူးလို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 673

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ နည်းပြ ဂရေဟမ်ပေါ်တာ ပြော

By CNI
CNI
Category: အားကစား
Hits: 1080

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ဖူလ်ဟမ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ အသင်းရဲ့တိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ရဲ့ တိုက်စစ်ကစားပုံက ဖန်တီးမှုတွေကို ပိုပြီးပြုလုပ်နိုင်ဖို့အတွက် လုံလောက်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါက ကျနော်တို့လုပ်ရမယ့်အရာပါပဲ။ကျနော်တို့ဟာ ချိတ်ဆက်မှုတွေ၊ လိုအပ် နေတဲ့ နားလည်မှုတွေမှာ အနည်းငယ်လွဲနေပါတယ်” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ သုံးစွဲပြီး ကစားသမားသစ်တွေ ဖြည့်တင်းခဲ့ပေမယ့် အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေကလို တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ ရှက်တာ ဒိုးနက်ကနေ ခေါ်ယူခဲ့တဲ့ မူဒရစ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့သလို ကစားသမားသစ်တွေဖြစ်တဲ့ မာဒူခီနဲ့ ဖိုဖာနာတို့ကိုလည်း လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၂၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့လို့ တိုက်စစ်ပိုင်းက လိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ဂရေဟမ်ပေါ်တာက အသင်းရဲ့တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ကို သေသေချာချာပြင်ဆင်နိုင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အသင်း ဖြစ်လာမယ်လို့ ပြောခဲ့တာပါ။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ဟာ လူငယ်တွေနဲ့ အတွေ့အကြုံရှိကစားသမားတွေကို ပေါင်းစပ်ထားတာပါ။ တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်ကြိုးစားရမှာဖြစ်ပြီး ကစားသမားသစ်တွေအနေနဲ့လည်း ပြိုင်ပွဲအသစ်မှာ အခြေကျအောင် ပြင်ဆင်ရဦးမှာပါ။အတူတူကြိုးစားသွားရမှာဖြစ်ပြီး အသင်းလိုက်စုစည်းမှု ပိုကောင်းလာအောင် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ကျနော်တို့ဟာ တောင့်တင်းတဲ့အစုအဖွဲ့ရှိပြီး ဒါကိုပြင်ဆင်ပေးနိုင်ရင် အလွန် ကောင်းမွန်တဲ့အသင်း ဖြစ်လာမှာပါ။ဒီလိုဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားရမယ်”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး လာမယ့်အပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်တယ်လို့ ပိုလန်ပြော

By CNI
CNI
Category: Watch TV
Hits: 623

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်အသင်းကို အတွေ့အကြုံတွေနဲ့ ကူညီပေးသွားမယ်လို ဂျော်ဂျင်ဟိုပြော

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17

Page 13 of 81

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar