CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

စံချိန်သစ်တင်နိုင်တာက မှော်ဆန်တဲ့ခံစားမှုလို့ ဟာရီကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 747

Share
Tweet
Share
Share
powered by social2s
ပဲရစ်အိုလံပစ်ပြိုင်ပွဲ ပြင်ဆင်မှုကိုတွေ့ရစဉ်

အိုလံပစ်ပြိုင်ပွဲဆီ ဂယက်ရိုက်လာတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 2754

CNI International Article

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅

ဒီရက်ပိုင်း နိုင်ငံတကာ အားကစားသတင်းတွေမှာ နေ့စဉ်နေ့တိုင်း မြင်တွေ့နေရတာကတော့ ၂၀၂၄ ပဲရစ် အိုလံပစ် ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ(IOC) က လာမယ့် အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ကြားနေအဖြစ် ပါဝင်နိုင်ဖို့ လမ်းကြောင်းတစ်ခု ရှာဖွေသွားမယ်လို့ ပြောခဲ့တာကနေ စတင်ပြီးတော့ အားလုံးကို လှုပ်ခတ်သွားခဲ့ပါတယ်။

နိုင်ငံတကာအိုလံပစ် ကော်မတီရဲ့ ဒီလို စီစဉ်မှုဟာ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီး အားကောင်း သွားနိုင်တဲ့အတွက်ကြောင့် နိုင်ငံအများအပြားက ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးက IOC ရဲ့ ဒီလို လုပ်ဆောင်လာမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အိုလံပစ် ပြိုင်ပွဲမှာ ရုရှား အားကစားသမားတွေအတွက် နေရာမရှိစေရဘူးလို့ ပြောခဲ့ပါတယ်။

ဇာလန်းစကီး ပြောပြီးနောက်မှာ ယူကရိန်းဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပေးမယ်ဆိုရင် သူတို့ဟာ ဒီပြိုင်ပွဲကို သပိတ်မှောက် နိုင်တယ်လို့ စတင်ပြောလာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ပိုလန်၊ လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားစတဲ့ နိုင်ငံတွေကလည်း သပိတ် မှောက် နိုင်တယ်လို့ အသံတွေ စထွက်လာခဲ့ပါတယ်။

အိုလံပစ် အထိမ်းအမှတ်နဲ့ ရုရှားအလံကိုတွေ့ရစဉ်

ပိုလန်အားကစားနဲ့ ခရီးသွားလာရေးဝန်ကြီးက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကိုသာ ယှဉ်ပြိုင်ခွင့် ပေးလိုက်မယ်ဆိုရင် ၂၀၂၄ ပဲရစ် အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်တယ်လို့ ပြောခဲ့ ပါတယ်။

ဒီလိုသာ လုပ်လိုက်မယ်ဆိုရင် ပြိုင်ပွဲတစ်ခုလုံးက အဓိပ္ပါယ်မဲ့ သွားလိမ့်မယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။ IOC ကတော့ ဘယ်လို သပိတ်မှောက်မှုမျိုး မဆိုဟာ အားကစားသမားတွေကိုသာ အပြစ်ပေးမှု ဖြစ်လိမ့်မယ်လို့ သပိတ် မှောက်မှုတွေအပေါ် ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ယူကရိန်း အပါအဝင် နိုင်ငံတချို့ဟာ အဆင်မပြေမှုတွေ ဖြစ်နေ ကြပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတာကာ အိုလံပစ် ကော်မတီဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစား အဖွဲ့ချုပ် တွေကို နိုင်ငံတကာ အားကစားအဖွဲ့ချုပ်တွေကနေ ပိတ်ပင်ဖို့အထိ ပြောခဲ့ပေမယ့် အခုအချိန်မှာ သူတို့ရဲ့ ရပ်တည် ချက်တွေဟာ ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကိုတွေ့ရစဉ်

အမေရိကန်ကတော့ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲလို နိုင်ငံတကာပွဲတွေမှာ ဖိတ်ကြားခဲ့မယ်ဆိုရင် သူတို့ရဲ့ အလံတွေ၊ သင်္ကေတတွေနဲ့ နိုင်ငံတော်သီချင်းတွေကို အသုံးပြုခွင့် မပြုဘဲ ကြားနေ အလံအောက်မှာသာ ယှဉ်ပြိုင်ခွင့်ပြုဖို့ ပြောထားတာ ဖြစ်ပါတယ်။

ဒါက ယူကရိန်းတို့နဲ့ ကွဲလွဲမှုရှိပြီး ယူကရိန်းကတော့ ရုရှားကို လုံးဝ ပါဝင်ခွင့် မပြုစေချင်တာပါ။

တချို့ အားကစား ပြိုင်ပွဲတွေမှာလည်း အရင်က ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ပိတ်ပင်တာတွေ ရှိပေမယ့် နောက်ပိုင်းမှာ ကြားနေအလံ အောက်ကနေသာ ယှဉ်ပြိုင်ခွင့် ပြုခဲ့ပါတယ်။

မကြာသေးခင်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာဆိုရင်လည်း ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမား တွေကို ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး ကြားနေ အလံအောက်ကနေသာ ယှဉ်ပြိုင်ခဲ့ကြရတာပါ။

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ အိုလံပစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေ၊ လက်ရည်စစ်ပွဲတွေ ယှဉ်ပြိုင်ခွင့် ရခဲ့မယ်ဆိုရင်လည်း ဥရောပက ပိတ်ပင်ထားလို့ အာရှကနေတစ်ဆင့် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲကိုတွေ့ရစဉ်

ပဲရစ်အိုလံပစ် ပြိုင်ပွဲ အကြီးအကဲတော့ ဒီကိစ္စကို နိုင်ငံတကာအိုလံပစ် ကော်မတီကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကြီး စည်စည်ကားကားနဲ့ ကျင်းပနိုင်ဖို့အရေးက နိုင်ငံတကာ အိုလံပစ် ကော်မတီ လက်ထဲမှာသာ ရှိတော့တာပါ။

ယူကရိန်းကတော့ ရုရှား အားကစားသမားတွေ မပါဝင်နိုင်ဖို့ ဆက်ပြီး တွန်းအားပေး လုပ်ဆောင်နေမှာ ဖြစ်ပါ တယ်။

အဲ့ဒါကြောင့် လာမယ့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံအများအပြား သပိတ်မှောက်ကာ လာရောက် မယှဉ်ပြိုင်တာကို မြင်တွေ့ရမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မည်သို့ပင်ဆိုစေကာမူ ပဲရစ်အိုလံပစ် ပြိုင်ပွဲဟာ ဘယ်လိုပုံစံနဲ့အဆုံးသတ် မလဲဆိုတာကိုတော့ စောင့်၍သာ ကြည့်ရပေတော့မည်။

 

 

 

 

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဆော်ဒီလိဂ်မှာ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ကြောင်း ရော်နယ်ဒို ပြော

By CNI
CNI
Category: Watch TV
Hits: 771

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ နည်းပြ ဂရေဟမ်ပေါ်တာ ပြော

By CNI
CNI
Category: Watch TV
Hits: 736

Share
Tweet
Share
Share
powered by social2s

ဘတ်ပီနဲ့ ဘာပြဿနာမှ မရှိဘူးလို့ မက်ဆီပြော

By CNI
CNI
Category: Watch TV
Hits: 746

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီးအသင်းတိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ နည်းပြ ဂရေဟမ်ပေါ်တာ ပြော

By CNI
CNI
Category: အားကစား
Hits: 1179

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ဖူလ်ဟမ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အပြီးမှာ အသင်းရဲ့တိုက်စစ်ကစားပုံက မလုံလောက်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ရဲ့ တိုက်စစ်ကစားပုံက ဖန်တီးမှုတွေကို ပိုပြီးပြုလုပ်နိုင်ဖို့အတွက် လုံလောက်အောင် ပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါက ကျနော်တို့လုပ်ရမယ့်အရာပါပဲ။ကျနော်တို့ဟာ ချိတ်ဆက်မှုတွေ၊ လိုအပ် နေတဲ့ နားလည်မှုတွေမှာ အနည်းငယ်လွဲနေပါတယ်” လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ပေါင်သန်း ၃၀၀ သုံးစွဲပြီး ကစားသမားသစ်တွေ ဖြည့်တင်းခဲ့ပေမယ့် အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေကလို တိုက်စစ်ပိုင်းက ဂိုးရဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်၊ ရှက်တာ ဒိုးနက်ကနေ ခေါ်ယူခဲ့တဲ့ မူဒရစ်တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့သလို ကစားသမားသစ်တွေဖြစ်တဲ့ မာဒူခီနဲ့ ဖိုဖာနာတို့ကိုလည်း လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂၁ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၂၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့လို့ တိုက်စစ်ပိုင်းက လိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ဂရေဟမ်ပေါ်တာက အသင်းရဲ့တောင့်တင်းတဲ့ ကစားသမား အစုအဖွဲ့ကို သေသေချာချာပြင်ဆင်နိုင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အသင်း ဖြစ်လာမယ်လို့ ပြောခဲ့တာပါ။

ဂရေဟမ်ပေါ်တာက “ကျနော်တို့ဟာ လူငယ်တွေနဲ့ အတွေ့အကြုံရှိကစားသမားတွေကို ပေါင်းစပ်ထားတာပါ။ တစ်နေ့ထက်တစ်နေ့ တိုးတက်အောင်ကြိုးစားရမှာဖြစ်ပြီး ကစားသမားသစ်တွေအနေနဲ့လည်း ပြိုင်ပွဲအသစ်မှာ အခြေကျအောင် ပြင်ဆင်ရဦးမှာပါ။အတူတူကြိုးစားသွားရမှာဖြစ်ပြီး အသင်းလိုက်စုစည်းမှု ပိုကောင်းလာအောင် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ကျနော်တို့ဟာ တောင့်တင်းတဲ့အစုအဖွဲ့ရှိပြီး ဒါကိုပြင်ဆင်ပေးနိုင်ရင် အလွန် ကောင်းမွန်တဲ့အသင်း ဖြစ်လာမှာပါ။ဒီလိုဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားရမယ်”လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဖူလ်ဟမ်အသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေပြီး လာမယ့်အပတ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s

အိုလံပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၄၀ နဲ့အထက် သပိတ်မှောက်နိုင်တယ်လို့ ပိုလန်ပြော

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s

အာဆင်နယ်အသင်းကို အတွေ့အကြုံတွေနဲ့ ကူညီပေးသွားမယ်လို ဂျော်ဂျင်ဟိုပြော

By CNI
CNI
Category: Watch TV
Hits: 802

Share
Tweet
Share
Share
powered by social2s

ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီးခေါ်ယူ

By CNI
CNI
Category: Watch TV
Hits: 744

Share
Tweet
Share
Share
powered by social2s

ဗန်ဟားလ်ကို လှောင်ပြောင်ခဲ့တဲ့အပေါ် နောင်တရမိတယ်လို့ မက်ဆီဖွင့်ဟ

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s
အန်ဇိုဇာနန်ဒက်ဇ်ကို တွေ့ရစဉ်(GETTY IMAGES)

ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီးခေါ်ယူ

By CNI
CNI
Category: အားကစား
Hits: 959

CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁

ချယ်လ်ဆီးအသင်းဟာ ဘင်ဖီကာအသင်းမှာ ကစားနေတဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်း ကစားသမား အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၇ သန်းနဲ့ ၈ နှစ်ခွဲ စာချုပ် ချုပ်ဆိုကာ ခေါ်ယူ ခဲ့ပါတယ်။

အရင်က ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားဟာ ဂရီလစ်ရှ်ဖြစ်ပြီး ၂၀၂၁ ခုနှစ်က အက်စတွန်ဗီလာကနေ မန်စီးတီးအသင်းထံ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့တာပါ။

အခု အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ချယ်လ်ဆီး အပြောင်းအရွှေ့က ဒီစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ချယ်လ်ဆီး အသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ဇန်နဝါရီလ အပြောင်းအရွှေ့ စကတည်းက ကြိုးစားခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့မှ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့တာပါ။

အန်ဇိုဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ ကြောင့် ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူပြီးနောက် ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံး စရိတ် သုံးစွဲမှု ပေါင် ၂၈၈ သန်းအထိ ရောက်ရှိလာခဲ့တယ်လို့ အပြောင်းအရွှေ့ ဝက်ဘ်ဆိုက် Transfermarkt က ဖော်ပြထားပါတယ်။

အန်ဇိုဇာနန်ဒက်ဇ်ကို တွေ့ရစဉ်(GETTY IMAGES)

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကလည်း ပေါင် ၂၉၂ သန်း သုံးစွဲခဲ့ပြီး ဗြိတိန်ကလပ် အတွက် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အမြင့် မားဆုံး ပြောင်းရွှေ့ကြေးထဲမှာ နံပါတ် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး သူ့ရဲ့အထက်မှာ ဂရစ်ဇ်မန်း၊ ဂျာအိုဖိ လစ်၊ ဒမ်ဘီလီ၊ ကော်တင်ဟို၊ ဘတ်ပီနဲ့ နေမာတို့က ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အန်ဇိုဖာနန်ဒက်ဇ် အပြင် မာဒူခီ၊ မူဒရစ်၊ ဖိုဖာနာ၊ အန်ဒရေ ဆန်းတို့စ်၊ ဘာဒီယာရှီလီနဲ့ ဂတ်စ်တိုတို့ကို အပြီးသတ် ခေါ်ယူခဲ့ပြီး ဂျာအိုဖိလစ်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလီဟာ အသင်းအောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် အပြောင်းအရွှေ့ ၂ ခုမှာ ငွေကြေး အများအပြား သုံးစွဲခွင့် ပေးခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးနေပြီး ပွဲ ၂၀ ကစားအပြီးမှာ ချန်ပီယံလိဂ် ဝင်ခွင့် နေရာနဲ့ ၁၀ မှတ်အကွာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လန်ဒန်ကလပ်ဟာ ဒီရာသီမှာ မျှော်လင့်နိုင်စရာ ဆုဖလားအဖြစ် ချန်ပီယံလိဂ် တစ်ခုတည်းသာ ရှိတော့တာလည်း ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s

သြစတြေးလျအိုးပန်းချန်ပီယံဆုက ဘဝရဲ့အကြီးမားဆုံးအောင်ပွဲလို ဂျိုကိုဗစ် ပြော

By CNI
CNI
Category: Watch TV
Hits: 763

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးကိုတွေ့ရစဉ်

နည်းပြအန်တွမ်နီဟေးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စာချုပ်ဖျက်သိမ်း

By CNI
CNI
Category: အားကစား
Hits: 1463

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) ဟာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြ အန်တွမ်နီဟေးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။

ဂျာမနီလူမျိုးနည်းပြ အန်တွမ်နီဟေးဟာ မြန်မာ့လက်ရွေးစင် အသင်းနည်းပြအဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ က ဒုတိယအကြိမ် ခန့်အပ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအထိ စာချုပ်ချုပ်ဆိုထားတာပါ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အန်တွမ်နီဟေးနဲ့အတူ လက်ထောက်နည်းပြ ခီမေးလ်ဟာလက်ကိုလည်း စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

အန်တွမ်နီဟေးဟာ ပြီးခဲ့တဲ့ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာအသင်းကို နောက်ဆုံး ကိုင်တွယ်ခဲ့တာပါ။

၂၀၂၂ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းဟာ ၁ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာအသင်း ကစားသမားများနဲ့ အန်တွမ်နီဟေးကိုတွေ့ရစဉ်

ဒါ့အပြင် မြန်မာအသင်းဟာ ၂၀၂၂ အတွင်းနဲ့ ၂၀၂၃ အစပိုင်းမှာ ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲလုံးဝ မရခဲ့ဘဲ သရေ ၂ ပွဲ သာကျခဲ့ပြီး ပွဲတိုင်း အရေးနိမ့်ခဲ့ကာ ရလဒ်ပိုင်းတွေ ဆိုးရွားခဲ့တာပါ။ အန်တွမ်နီဟေးဟာ အစောပိုင်းက ဆီးဂိမ်းစ် ပြိုင်ပွဲဝင်မယ့် မြန်မာအသင်းကို ကိုင်တွယ်မယ်လို့ ထုတ်ပြောထားခဲ့ပေမယ့် အခုအချိန်မှာတော့ စာချုပ်ကို ရပ်စဲ ခဲ့ကြတာ ဖြစ်ပါတယ်။

အန်တွမ်နီဟေးဟာ မြန်မာအသင်းကို ၂၀၁၈ ခုနှစ်၊ မေလကနေ ဒီဇင်ဘာလအထိ ပထမအကြိမ်အဖြစ် ကိုင်တွယ် ခဲ့ပြီး ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခဲ့ရလို့ ပြိုင်ပွဲအပြီးမှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တာပါ။

အန်တွမ်နီဟေးဟာ မြန်မာအသင်းကို အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ၃ ကြိမ် ကိုင်တွယ်ခဲ့ပေမယ့် ၃ ကြိမ်စလုံး အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကတော့ လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေအတွက် သင့်တော်တဲ့ နည်းပြချုပ်နဲ့ နည်းပြအဖွဲ့တွေကို ခန့်အပ် တာဝန်ပေးသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်အနေနဲ့ ဒီထက်ပိုပြီး တိုးတက်ဖို လိုအပ်လာပြီလို ကလောပ့်ပြော

By CNI
CNI
Category: Watch TV
Hits: 740

Share
Tweet
Share
Share
powered by social2s
ကတ်စမဲရိုးကိုတွေ့ရစဉ်

ယူနိုက်တက်ဟာ ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့ ကတ်စမဲရိုးပြော

By CNI
CNI
Category: အားကစား
Hits: 1280

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

ယူနိုက်တက်အသင်းဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပေမယ့် တည်ဆောက်ဆဲ အသင်း တစ်သင်းအဖြစ်သာ ရှိသေးတယ်လို့ ကတ်စမဲရိုးက ပြောပါတယ်။

ကတ်စမဲရိုးက “ကလပ်အသင်းသစ်ကို ရောက်တဲ့အချိန်မှာ ဒီကလပ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို မြင်ရတယ်ဆိုရင် ခင်ဗျားအနေနဲ့ သမိုင်းကို ဖန်တီးဖို့ အမြဲတမ်း အိပ်မက်မက်နေတာပါ။ ကလပ်ရဲ့ သမိုင်းကြောင်းကို ကျနော် သိပါတယ်။ ဒါပေမယ့် လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဖို့ အချိန်အနည်းငယ် လိုပါတယ်။ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်တို့လို ပြိုင်ဘက်တွေက ကျနော်တို့ရဲ့ အရှေ့မှာ ရေရှည် အစီအစဉ်ရှိတာကို သတိပြု မိပါ တယ်။ သူတို့တွေမှာ နည်းပြတွေကလည်း အချိန်အကြာကြီး ရှိနေတာကြောင့် အားသာချက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ လက်ရှိအချိန်မှာ တည်ဆောက်ဆဲ အသင်းဖြစ်နေတုန်းပါပဲ”လို့ ပြောခဲ့တာပါ။

နွေရာသီက ရီးရယ်လ် အသင်းကနေ ပေါင်သန်း ၇၀ နဲ့ ရောက်ရှိလာတဲ့ ကတ်စမဲရိုးဟာ ဒီရာသီ အသင်းရလဒ် ကောင်းတွေ ရယူနိုင်တာမှာ အဓိကစွမ်းဆောင်နိုင်တဲ့ သူတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။

ကတ်စမဲရိုးဟာ ရီးဒင်း အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲမှာ ယူနိုက်တက်အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး နောက်တစ်ဆင့် တက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ရီးရယ်လ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၅ ကြိမ် ရရှိထားတဲ့ ကတ်စမဲရိုးဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ၂၈ ပွဲ ကစားထားပြီး ၄ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ကတ်စမဲရိုးဟာ လက်ရှိပြသနေတဲ့ ခြေစွမ်းတွေကြောင့် နည်းပြ အဲရစ်တန်ဟတ်၊ ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားတာပါ။

ကတ်စမဲရိုးက “ယူနိုက်တက်က ကြီးမားတဲ့အသင်းပါ။ ကျနော့် အမြင်အရတော့ ဆုဖလားရတာတွေကို ကြည့်မယ် ဆိုရင် အင်္ဂလန်မှာ အကြီးကျယ်ဆုံး အသင်းပါပဲ။ ကျနော်တို့ဟာ တိုးတက်နေပြီး ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် မှာ ရောက်နေပါတယ်။ ဒါက ဆုဖလားဆွတ်ခူးနိုင်မယ့် နည်းလမ်းဖြစ်ပေမယ့် ကျနော်တို့ ဆက်ပြီး တိုးတက်နေဖို့ လိုပါတယ်။ ကျနော်တို့ဟာ တစ့်ဆင့်ပြီး တစ်ဆင့် အသင်းကို တည်ဆောက်နေတာဖြစ်ပြီး ဒါက အရေးကြီးပါ တယ်။ အနာဂတ်မှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့အတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်ရ ပါမယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၂၀၁၇ နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်နေမှုကို ဒီရာသီမှာ အဆုံးသတ်ဖို့ မျှော်လင့်နေပြီး အနီးစပ်ဆုံးအဖြစ် ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

လီဗာပူးလ်အနေနဲ့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုအပ်လာပြီလို့ ကလောပ့်ပြော

By CNI
CNI
Category: အားကစား
Hits: 1122

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တိုးတက်မှုတွေရှိလာပေမယ့် အခုထက်ပိုပြီး တိုးတက်ဖို့ လိုအပ် လာပြီလို့ နည်းပြဖြစ်သူ ကလောပ့်က အက်ဖ်အေဖလားက ထွက်ခဲ့ရပြီးနောက် ပြောလိုက်ပါတယ်။

ကလောပ့်က “ကျနော်တို့ တိုးတက်ရမယ့်နေရာတွေ ကျန်နေပါသေးတယ်။ ကျနော်တို့ဟာ ခြေလှမ်းတွေ လှမ်းနေပေမယ့် တိုးတက်အောင် လုပ်ရပါမယ်။ ကျနော်တို့ ဒီထက်ပိုပြီးတော့ တိုးတက်ရမှာဖြစ်ပြီး ဒါကို လုပ်ကို လုပ်ရမှာ ပါ။ ကျနော်တို့ဟာ ကောင်းတဲ့အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပတ်က ဆိုးရွားတဲ့ပွဲမှာလည်း သူတို့ ကိုပဲ ရှုံးနိမ့်ခဲ့ရတာပါ။ ဒီနေ့တော့ ကျနော်တို့ ပိုကောင်းလာပါပြီ။ လွန်ခဲ့တဲ့နှစ်ပတ်နဲ့ ဒီနေ့စွမ်းဆောင်ရည်က မတူ တော့ဘူးဆိုတာ မြင်မိတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းကို ဇန်နဝါရီ ၁၄ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့သလို အခု အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်မှာလည်း ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေရပြီး အက်ဖ်အေဖလား မတိုင်ခင် ကာရာဘောင်းဖလားကနေ ထွက်ခဲ့ရတာပါ။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒီဖလား ၂ ခုစလုံးမှာ ချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ စောစီးစွာ ထွက်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် အန်ဖီးလ်ကလပ်ဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားနေရတာကြောင့် ဒီရာသီ ဆုဖလားရယူနိုင်ဖို့ မျှော်လင့်စရာအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာပါ။လီဗာပူးလ်အသင်း နောက်ခံလူ ရော်ဘတ် ဆန်က အသင်းရဲ့အခြေအနေဟာ ပိုပြီးတော့ဆိုးရွားလာတယ်လို့ ဘရိုက်တန်အသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ရော်ဘတ်ဆန်က “ဒီရာသီမှာ ကျနော်တို့ဟာ ဘယ်နေရာမှာမှ လုံလောက်မှုမရှိပါဘူး။ အခုနှစ် အစပိုင်းမှာ ပိုပြီး ကောင်းမွန်တဲ့အစကို လိုချင်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘဲ ပိုပြီးတော့ဆိုးသွားခဲ့ပါတယ်။ အမှတ်ပေးလိဂ်မှာ လည်း လုံလောက်မှုမရှိသလို၊ ဖလားပြိုင်ပွဲ ၂ ခုကနေလည်း ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ ယုံကြည်မှုပြန်ရဖို့ လိုပါ တယ်။ ဒါက ပြီးသွားတဲ့အရာတွေထက် ပိုလွယ်ပြီး ရလဒ်ကောင်းတွေရလာပါလိမ့်မယ်” လို့ ITV Sports ကို ပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အခုလာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းအိမ်ကွင်းမှာ သွား ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ChannelNewsAsia

 

 

 

Share
Tweet
Share
Share
powered by social2s
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18

Page 14 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar