CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ဆော်ဒီမှာ ရော်နယ်ဒို ဝင်ငွေယူရိုသန်း ၄၀၀ ရရှိမှာလို့ ကလပ်နဲ့နီးစပ်သူပြော

By CNI
CNI
Category: Watch TV
Hits: 669

Share
Tweet
Share
Share
powered by social2s
ဒေါ့မွန်အသင်းနဲ့ အာဆင်နယ်အသင်း ယှဉ်ပြိုင်စဉ်မှာ ဆာကာကိုတွေ့ရစဉ်

စပါးနဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ ဆာကာ ပါဝင်နိုင်တယ်လို့ အာတီတာပြော

By CNI
CNI
Category: အားကစား
Hits: 1516

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

အောက်စဖို့ဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဆာကာဟာ ပရီးမီးယားလိဂ် အရေးကြီး ပွဲစဉ်ဖြစ်တဲ့ စပါးနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပြောပါတယ်။

အာတီတာက “ဆာကာက အဆင်ပြေပါတယ်။ ဒီပွဲတွေကို အနိုင်ရဖို့ အမြဲတမ်း ခက်ခဲပါတယ်။ ဒီလိုပွဲတွေရဲ့ အခိုက်အတန့် တော်တော်များများက ရုပ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုပါပဲ။ ဒုတိယပိုင်းမှာ ကျနော်တို့ဟာ အပြောင်းအလဲတွေ လုပ်ခဲ့ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ကာ အနိုင်ရဖို့ကို ရှာဖွေနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။

အောက်စဖို့ဒ်ယူနိုက်တက် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲပြီးဆုံးကာနီး ၁၅ မိနစ်အလိုမှာ ဆာကာဟာ ကြွက်သားဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကိုတွေ့ရစဉ်

အဲ့ဒါကြောင့် ပရိသတ်တွေက စပါးနဲ့ပွဲမှာ ဆာကာ မပါဝင်နိုင်မှာကို စိုးရိမ်နေတာဖြစ်ပြီး အာတီတာက နောက်ဆုံးရ အခြေအနေတွေကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဆာကာဟာ ဒီရာသီ အာဆင်နယ်အသင်း ရလဒ်ကောင်းတွေ ရနေတာမှာ အဓိကခြေစွမ်း ပြသနေတဲ့ သူတွေထဲက တစ်ဦးလည်း ဖြစ်တာပါ။

အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ၂၃ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ အောက်စဖို့ဒ် ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှာ ပေါင်ခြံဒဏ်ရာကို ခွဲစိတ်ပြီးနောက် ၄ လကြာ အနားယူခဲ့ရတဲ့ စမစ်ရိုးလ်ဟာ ဒီပွဲမှာ သူ့ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာပါ။

အာတီတာက “၄ လကြာပြီးနောက်မှ ပထမဆုံး ပြန်ကစားတဲ့ သူ့အတွက် မိနစ်အနည်းငယ်လောက် အချိန်ပေး လိုက်ရတာဟာ စမစ်ရိုးလ်အတွက်တော့ ပြီးပြည့်စုံခဲ့သလို ဖြစ်ခဲ့ပါတယ်။ အခု သူ့ကို အသုံးပြုလို့ ရပြီဖြစ်တာ ကြောင့် ပွဲစကတည်းက သုံးဖို့ လိုအပ်နေပါပြီ။ ကျနော်တို့က သူ့ကို လိုအပ်တဲ့အတွက် အမြင့်ဆုံး အဆင့်မှာ စတင် ကစားရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အောက်စဖို့ဒ် ယူနိုက်တက်ကို အနိုင်ရခဲ့တာကြောင့် အက်ဖ်အေဖလား စတုတ္တအဆင့်မှာ မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
တင်းနစ်ပြိုင်ပွဲ တစ်ခုကိုတွေ့ရစဉ်

သြစတြေးလျအိုးပန်းမှာ ကစားသမားတွေ ကိုဗစ်ရှိလည်း ကစားခွင့်ပြုမည်

By CNI
CNI
Category: အားကစား
Hits: 995

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

သြစတြေးလျအိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမားတွေဟာ ကိုဗစ်စစ်ဆေးမှု ခံယူစရာမလိုဘဲ ဗိုင်းရပ်စ် ရှိနေရင်တောင် ကစားနိုင်တယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ပြောပါတယ်။

ပြိုင်ပွဲကျင်းပရေးကော်မတီ ဒါရိုက်တာ ခရက်တိုင်လေက “ကျနော်တို့ဟာ လက်ရှိအသိုင်းအဝိုင်းမှာ ဖြစ်နေတဲ့ အရာတွေ နောက်ကို လိုက်ချင်ပါတယ်။ နေမကောင်းတဲ့ အချိန်မှာ ဝေးဝေးနေဖို့ အကြုံပြုချက်တစ်ခု ပြုလုပ်တာနဲ့ ကျနော်တို့ဟာ နောက်ထပ် ခြေတစ်လှမ်းကို တိုးပြီးပါပြီ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ကစားသမားတွေဟာ ကာကွယ်ဆေး ထိုးရသလို နေ့တိုင်း စစ်ဆေးပြီး ရောဂါပိုးရှိရင် သီးခြားနေထိုင်ရတာ ဖြစ်ပါတယ်။

မနှစ်က ပြိုင်ပွဲမှာ အထင်ရှားဆုံး ဖြစ်ရပ်ကတော့ သြစတြေးလျအိုးပန်း ချန်ပီယံဆုကို ၉ ကြိမ် ရယူထားတဲ့ ဂျိူကိုဗစ်ဟာ ကာကွယ်ဆေး မထိုးတာကြောင့် ပြိုင်ပွဲမစတင်ခင်မှာ နိုင်ငံအတွင်းကနေ ပြည်နှင်ဒဏ် ပေးခံ ခဲ့ရတာပါ။

ခရက်တိုင်လေက “ကျနော်တို့ဟာ ကစားသမားတွေအပြင် အဖွဲ့ဝင်တွေကိုပါ ရှင်းရှင်းလင်းလင်း ပြောထားပြီး သားပါ။ တစ်ဦးတစ်ယောက်က နေမကောင်းဖြစ်ရင် အိမ်မှာပဲနေပါ။ ကျနော်တို့ရဲ့ ဆေးအဖွဲ့ဝင်တွေက ကစား သမား တစ်ဦးချင်းစီနဲ့လည်း ဒါကို ဆက်လက် စောင့်ကြည့်သွားမှာပါ။ ဒါဟာ ကျနော်တို့အတွက် ပုံမှန်အခြေအနေ တစ်ခုဖြစ်ပြီး ခရစ်ကတ်နဲ့ မတူညီနိုင်ပါဘူး။ ကိုဗစ်နဲ့ ယှဉ်ပြိုင်မယ့် ကစားသမားတွေ ရှိလာနိုင်တယ်”လို့ ပြောခဲ့ပါ တယ်။

ပြီးခဲ့တဲ့အပတ်က ခရစ်ကတ်ကစားသမား မတ်ရန်ရှောဟာ ကိုဗစ်ရှိကြောင်း တွေ့ရှိခဲ့ပေမယ့် တောင်အာဖရိကနဲ့ ကစားတဲ့ ပွဲစဉ်မှာ သြစတြေးလျအတွက် ပါဝင်ကစားခဲ့တာပါ။ ၂၀၂၃ သြစတြေးလျ အိုးပန်းပြိုင်ပွဲကို ဇန်နဝါရီ ၁၆ ရက်မှာ စတင်မှာဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC

 

 

 

Share
Tweet
Share
Share
powered by social2s
ပါလက်စတိုင်းအလံကို အစ္စရေးနိုင်ငံအတွင်းက အဆောက်အဦတစ်ခုကနေ ဖယ်ရှားနေစဉ်(GETTY IMAGES)

ပြည်သူပိုင်နေရာများမှ ပါလက်စတိုင်းအလံများကို ဖယ်ရှားရန် အစ္စရေးအစိုးရညွှန်ကြား

By CNI
CNI
Category: နိုင်ငံရေး
Hits: 1023

CNI International News

ဂျေရုစလင်၊ ဇန်နဝါရီ ၁၀

အများပြည်သူနှင့်ဆိုင်သော နေရာများမှ ပါလက်စတိုင်းအလံများကို ဖြုတ်သိမ်းရန် အစ္စရေးအမျိုးသား လုံခြုံရေး ဝန်ကြီးသစ် အစ်တမာ ဘင်ဂါဗီ (Itamar Ben-Gvir)က ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု အယ်ဂျာဇီးယား သတင်း တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းနိုင်ငံ အမှတ်အသားသည် အကြမ်းဖက်မှု သင်္ကေတ ဖြစ်သည်ဟု ပြောကြား၍ ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဥပဒေတွင် ပါလက်စတိုင်းအလံနှင့် ပတ်သက်၍ ပိတ်ပင်တားဆီးမှု မရှိသော်လည်း ယင်းသည် ပြည်သူများ အပေါ် ခြိမ်းခြောက်မှု ဖြစ်လာလျှင် ရဲနှင့်စစ်သားများက ဖယ်ရှားရန် အခွင့်အရေးရှိသည်။

ဘင်ဂါဗီသည် နေတန်ညာဟု လက်ယာစွန်း အစိုးရသစ်မှ အစွန်းရောက်မျိုးချစ် Jewish Power ပါတီကို ဦးဆောင်သူ ဖြစ်သည်။

အစ္စရေးအမျိုးသား လုံခြုံရေး ဝန်ကြီးသစ် အစ်တမာ ဘင်ဂါဗီကိုတွေ့ရစဉ်(GETTY IMAGES)

၎င်း၏ ညွှန်ကြားချက်သည် ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ပါလက်စတိုင်း လိုလားသော ဆန္ဒပြပွဲများနှင့်ပတ်သက်၍ တင်းမာသော သဘောထားရှိသည်ကို ဖော်ပြနေသည်။

အစ္စရေးနိုင်ငံအတွင်း ပါလက်စတိုင်းအလံများ လွှင့်ထူခြင်းကို အစ္စရေးအာဏာပိုင်များက ကာလရှည် ဖိနှိပ်ထား လျက်ရှိပြီး ယင်းသည် ပါလက်စတိုင်း ကိုယ်ပိုင်လက္ခဏာကို နှိပ်ကွက်ခြင်းဟု ပါလက်စတိုင်းတို့က မှတ်ယူထားသည်။

ဘင်ဂါဗီ၏ ညွှန်ကြားချက်သည် မြို့တော် တဲလ်အဗစ် (Tel Aviv) တွင် စနေနေ့၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး များ ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် ပါလက်စတိုင်း အလံများကို ဝှေ့ ယမ်းခဲ့ကြသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု (Benjamin Netanyahu) ၏ အစိုးရသစ်ကို ဖက်ဆစ်ဟု သမုတ်ခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေးအကြား တန်းတူညီမျှမှုနှင့် အတူယှဉ်တွဲနေထိုင်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဆန္ဒပြပွဲများတွင် ပါလက်စတိုင်းအလံများ ရှိနေခြင်းက ရိုင်းစိုင်းသော လှုံ့ဆော်မှုဖြစ်သည်ဟု နေတန်ညာ ဟုက တွစ်တာတွင် ရေးသားသည်။

Source: အယ်ဂျာဇီးယား

 

 

 

 

Share
Tweet
Share
Share
powered by social2s

မော်ရင်ဟိုက ဘရာဇီးလ်အသင်းနည်းပြ ဖြစ်နိုင်တယ်လို့ ကားလိုစ်အယ်လ်ဘာတိုပြော

By CNI
CNI
Category: Watch TV
Hits: 696

Share
Tweet
Share
Share
powered by social2s

ချယ်လ်ဆီး အသင်းအနေနနဲ့နည်းပြဖြစ်သူကို အချိန်ပိုပေးဖို့ ဂွာဒီယိုလာ ပြော

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s
အယ်လ်နာဆာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

ပီအက်စ်ဂျီနဲ့ ခြေစမ်းပွဲမှာ ဆော်ဒီပွဲဦးထွက်အဖြစ် ရော်နယ်ဒို ပါဝင်လာနိုင်ဖွယ်ရှိ

By CNI
CNI
Category: အားကစား
Hits: 1737

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းသစ် အယ်လ်နာဆာအတွက် ပွဲထွက်ခွင့် မရသေးတဲ့ ရော်နယ်ဒိုဟာ ပီအက်စ်ဂျီ အသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်တယ်လို့ နည်းပြဖြစ်သူ ရုဒီဂါစီယာက ပြောလိုက်ပါတယ်။

ရူဒီဂါစီယာက “ ရော်နယ်ဒို ပွဲဦးထွက်က အယ်လ်နာဆာဂျာစီနဲ့ မဟုတ်ပါဘူး။ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာ ရောထားတဲ့ အသင်းနဲ့ ဖြစ်နိုင်ပါတယ်။ နည်းပြတစ်ဦး အနေနဲ့ဆိုရင် ဒီပွဲကို ကျနော်ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တိုးတက်မှု၊ ပီအက်စ်ဂျီကို မြင်ဖို့နဲ့ သူတို့အသင်း ကစားသမားကောင်းတွေကို မြင်တွေ့ရတာက တကယ်ကို ကောင်းပါတယ်။ ဒါပေမယ့် နောက် ၃ ရက် အကြာမှာတော့ ချန်ပီယံရှစ်ပွဲစဉ်ကို ကျနော်တို့ ရောက်နေပါပြီ”လို့ L'Equipe ကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ရှိချိန်က ပွဲပယ်ခံရတဲ့ ပြစ်ဒဏ်ကြောင့် အယ်လ်နာဆာအသင်းရဲ့ ပွဲစဉ် ၂ ပွဲကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ အယ်လ်ရှာဘတ်နဲ့ ပွဲစဉ်မှာလည်း ပါဝင်နိုင်မှာ မဟုတ်ဘဲ ဇန်နဝါရီ ၂၂ ရက်မှာ ကစားမယ့် အက်တီဖတ်နဲ့ ပွဲစဉ်မှ အယ်လ်နာဆာအတွက် ပွဲထွက်နိုင်မှာ ဖြစ်ပါတယ်။

 ရော်နယ်ဒိုကိုတွေ့ရစဉ်

အယ်လ်နာဆာ အသင်းနည်းပြ ရူဒီဂါစီယာက ဆော်ဒီကို ရော်နယ်ဒို ရောက်လာတာဟာ ပီလီ နယူးယော့ခ် ကော့စ်မို့စ်ကို ရောက်ရှိလာတာနဲ့ ဆင်တူပြီး လူသိနည်းတဲ့ ဆော်ဒီကလပ်ကို မီးမောင်းထိုးပြလိုက်တာလို့ ပြောခဲ့တာပါ၊

ရူဒီဂါစီယာက “ရော်နယ်ဒိုဟာ မကြာသေးခင်လတွေမှာ ယူနိုက်တက်အသင်း၊ လက်ရွေးစင်အသင်းတို့နဲ့ သီးသန့်ရှိနေတဲ့ အချိန်တွေဟာ လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ သူဟာ ပြန်ကစားနေရတာကို ပျော်ရွှင် နေမယ်ဆိုရင် အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိမယ့် အရာတွေ ဖြစ်တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာ အသင်းဟာ အစောပိုင်းက နိုင်ငံခြားသား ကစားသမား အရေအတွက် ပြည့်နေလို့ ရော်နယ်ဒိုကို အသင်းလူစာရင်းထဲ မထည့်သွင်းနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ တိုက်စစ်မှူး အဘူဘာကာရဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့လို့ ထည့်သွင်းလို့ ရပြီလို့ သိရပါတယ်။

Source: CNA

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဘရန်ဖို့ဒ်ဘီအသင်းထံ ရိုမီယိုဘက်ခမ်း အငှားနဲ့ပြောင်းရွှေ့

By CNI
CNI
Category: Watch TV
Hits: 678

Share
Tweet
Share
Share
powered by social2s

ဒီဂီယာက အဲဗာတန်နဲ့ပွဲမှာ အရက်အနည်းငယ် သောက်ထားပုံပဲလို့ ရွိုင်ကိန်းပြော

By CNI
CNI
Category: Watch TV
Hits: 719

Share
Tweet
Share
Share
powered by social2s
ရှမ်းယူနိုက်တက်အသင်းက ကျော်ကိုကိုအား ခေါ်ယူလိုက်စဉ်

ရှမ်းယူနိုက်တက်အသင်းက ကျော်ကိုကိုအား ခေါ်ယူ

By CNI
CNI
Category: အားကစား
Hits: 1751

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇

မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ ဝါရင့်တိုက်စစ်မှူး ကျော်ကိုကိုအား လာမယ့် ရာသီသစ်အတွက် ခေါ်ယူလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၃ ဘောလုံးရာသီမှာ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် စတင် ပြင်ဆင်နေတာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း ကျော်ကိုကိုအား ကစားသမားသစ် ပထမဆုံး ခေါ်ယူမှုအဖြစ် ခေါ်ယူခဲ့တာပါ။

ကျော်ကိုကိုဟာ ၂၀၁၈ ကနေ ၂၀၂၂ အထိ ထိုင်းကလပ်တွေမှာ ကစားခဲ့ပြီး အခု ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ် ချုပ်ကာ မြန်မာနေရှင်နယ်လိဂ်မှာ ပြန်လည် ကစားတော့မှာ ဖြစ်ပါတယ်။

မြန်မာနေရှင်နယ်လိဂ် ကလပ်တွေဖြစ်တဲ့ ဇေယျာရွှေမြေနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတွေမှာ ကျော်ကိုကို ကစားခဲ့ပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။

ရှမ်းယူနိုက်တက်အသင်း ဆုဖလားရရှိလို့ အောင်ပွဲခံနေစဉ်

အသက် ၃၁ နှစ်အရွယ်ရှိ ကျော်ကိုကိုဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၂ ကြိမ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းဟာ ထိုင်းကလပ် ချင်းရိုင်ယူနိုက်တက် မှာ ကစားခဲ့တုန်းကလည်း ထိုင်းချန်ပီယံဖလားကို ရယူနိုင်ခဲ့တာပါ။

ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၅၃ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၆ ဂိုး သွင်းယူကာ နောက်ဆုံး ကစားခဲ့တာကတော့ ၂၀၁၉ က ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက် အသင်းဟာ လာမယ့်ရာသီမှာ AFC Cup အုပ်စုအဆင့်ကို ဝင်ရောက် ယှဉ်ပြိုင်ရမှာဖြစ်လို့ အခု ကတည်းက နာမည်ကျော် ကစားသမားတွေကို စတင်အားဖြည့်နေခဲ့တာပါ။

ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းဟာ ၁၈ ပွဲ ကစားခဲ့တာမှာ ၁၅ ပွဲနိုင် ၃ ပွဲသရေ ရှုံးပွဲမရှိနဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ် ရယူထားပြီး ဗိုလ်ချုပ် အောင်ဆန်း ဒိုင်းပြိုင်ပွဲမှာ ချန်ပီယံဆု ၁ ကြိမ် ရယူထားပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒေးဗစ်ဘက်ခမ်းနဲ့ ရိုမီယိုဘက်ခမ်းကိုတွေ့ရစဉ်

ဘရန်ဖို့ဒ်ဘီအသင်းထံ ရိုမီယိုဘက်ခမ်း အငှားနဲ့ပြောင်းရွှေ့

By CNI
CNI
Category: အားကစား
Hits: 1311

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇

နာမည်ကျော် ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်းရဲ့ သားဖြစ်သူ ရိုမီယိုဘက်ခမ်းဟာ အင်တာမိုင်ယာမီ(၂) အသင်းကနေ ဘရန်ဖို့ဒ်ဘီ အသင်းထံ အခုနှစ် ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။

ရိုမီယိုဘက်ခမ်းဟာ မေဂျာလိဂ်ရာသီ ပြီးဆုံးချိန်ကတည်းက ပရီးမီးယားလိဂ် ကလပ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။ ဘရန်ဖို့ဒ်အသင်းက ရိုမီယိုဟာ ဘီအသင်းနဲ့ ရာသီအကုန်ထိ ရှိမယ်လို့ အတည် ပြုခဲ့တာ ဖြစ်ပါ တယ်။

ရိုမီယိုဘက်ခမ်းဟာ ပြီးခဲ့တဲ့ မေဂျာလိဂ်ရာသီမှာ အင်တာမိုင်ယာမီ(၂) အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ခဲ့တာပါ။

ရိုမီယိုဘက်ခမ်းက “ဒီမှာ ရှိရတာကို အလွန်ဂုဏ်ယူပြီး အလွန်ပျော်ရွှင်ပါတယ်။ အမေရိကန်မှာတော့ ပျော်စရာ ရာသီတစ်ခုအဖြစ် ရှိခဲ့ပြီး အတက်အကျတွေ အများကြီး ရှိခဲ့ပေမယ့် ဒီကိုလာရတာ စိတ်လှုပ်ရှားပြီး ဘာတွေ လုပ်နိုင်လဲဆိုတာ မြင်ရပါတယ်။ ကျနော်ဟာ ရာသီပြီးကတည်းက ကြံ့ခိုင်မှုပိုင်း ကောင်းနေဖို့ ဒီမှာ ရှိနေ ခဲ့တာပါ။ အခုတော့ အငှားနဲ့ ကစားဖို့ အခွင့်အလမ်းရောက်လို့ အလွန်စိတ်လှုပ်ရှားနေပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရိုမီယိုဘက်ခမ်းကိုတွေ့ရစဉ်

ရိုမီယိုဘက်ခမ်းဟာ ၂၀၁၄ က အာဆင်နယ် အကယ်ဒမီကနေ ထွက်ခွာခဲ့ပြီးနောက် တင်းနစ်ကစားခဲ့ပေမယ့် နောက်ပိုင်းမှာ ဘောလုံးပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ကာ ဖခင်ဖြစ်သူ ပူးတွဲပိုင်ရှင်အဖြစ် ပိုင်ဆိုင်တဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားခဲ့တာပါ။

ရိုမီယိုဘက်ခမ်းရဲ့ အင်တာမိုင်ယာမီ(၂) အသင်းဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ အသက် ၂၀ အရွယ်ရှိ ရိုမီယိုဟာ ပြီးခဲတဲ့ ဘာစီလိုနာအသင်းနဲ့ ခြေစမ်းပွဲမှာ အင်တာမိုင်ယာမီ အသင်းကြီးအတွက် ပါဝင်ကစားခဲ့သေးတာပါ။

ဘရန်ဖို့ဒ်ဘီ အသင်းနည်းပြ မက်ဖာလိန်းက “ကျနော်တို့ဆီကို ရိုမီယို ရောက်လာကတည်းက ကျနော်တို့ဟာ အလွန်ဝမ်းမြောက်နေကြတာပါ။ သူ့ရဲ့ စံနှုန်းတွေ၊ ကွင်းတွင်း ကွင်းပြင်မှာ သူ့ရဲ့ ပြုမူနေထိုင်ပုံတွေကို သဘောကျ တယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Source: BBC

 

 

 

 

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ မိသားစုကိုတွေ့ရစဉ်

ရော်နယ်ဒိုကို စံချိန်တင်လစာပေးခဲ့တဲ့ အယ်လ်နာဆာ ဘာတွေပြန်ရခဲ့လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 1210

CNI Sport Article

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၈

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ သတင်းတွေက ခေါင်းကြီးပိုင်း သတင်းတွေအဖြစ် နေရာယူခဲ့ပါတယ်။ ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံးရတဲ့ ကစားသမား အဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုလို အသက် ၃၇ နှစ်အရွယ် ကစားသမားတစ်ဦးကို ဒီလို စံချိန်တင် လစာပေးခဲ့ပေမယ့် အယ်လ်နာဆာ အတွက် ပြန်ရခဲ့တဲ့ အရာတွေက ဒီထက်တောင် ပိုတန်ဖိုးရှိတဲ့ အရာတွေလို့တောင် ပြောလို့ရပါတယ်။

ယေဘုယျ ဆန်ဆန် ပြောရရင် အယ်လ်နာဆာအသင်းကို အရင်က ဘယ်သူကမှ မသိတဲ့ အနေအထားကနေ အခုဆို ကမ္ဘာတစ်ဝှမ်းလုံးက ရော်နယ်ဒိုရဲ့ နာမည်နဲ့ တွဲပြီး မြင်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးတော့ ရော်နယ်ဒိုကို မခေါ်ယူခင်က အယ်လ်နာဆာအသင်းရဲ့ ဖော်လိုဝါဟာ ၈၆၀, ၀၀၀ သာ ရှိခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ အယ်လ်နာဆာရဲ့ အင်စတာဂရမ် ဖော်လိုဝါဟာ ၁၀ သန်းကျော်အထိ ရှိလာခဲ့ပြီး ဒီထက် တိုးဖို့ပဲ ရှိနေတာဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်

ဒါ့အပြင် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ အစရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ဖော်လိုဝါတွေက ပိုပြီးများပြားလာ နေတာပါ။

ရုပ်သံလိုင်းတွေကလည်း ရော်နယ်ဒို ပါဝင်တဲ့ အယ်လ်နာဆာပွဲကို ပြသဖွင့်ရဖို့အတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့ ကြပါတယ်။ အရင်က ဆော်ဒီလိဂ်ဆို ပြသဖို့ မပြောနဲ့ စိတ်တောင် မဝင်စားကြတဲ့ နာမည်ကြီး ရုပ်သံလိုင်းတွေကပါ အခုဆို ဒီပွဲတွေကို ပြသနိုင်ဖို့အထိပါ လှုပ်ရှားလာခဲ့တာပါ။

အယ်လ်နာဆာရဲ့ ဝက်ဘ်ဆိုက်ဆိုရင် ဝင်ကြည့်တဲ့သူတွေ များလွန်းလို့ ကြည့်လို့မရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ရပါ တယ်။ ဒါက ရော်နယ်ဒိုရဲ့ သက်ရောက်မှု အစပိုင်းပဲ ရှိသေးတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းမှာ ရော်နယ်ဒိုရဲ့ နာမည်ပါ ဂျာစီကလည်း ရောင်းချမလောက် ဖြစ်နေသလို ပရိသတ်တွေ ကလည်း သူပါဝင်တဲ့ပွဲကို ကြည့်ရဖို့အတွက် လက်မှတ်တွေ အလုအယက် ဝယ်နေတာကြောင့် လက်မှတ်တွေ လည်း စောစီးစွာ ကုန်သွားခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်း တာ၀န်ရှိသူ တစ်ဦးကိုတွေ့ရစဉ်

အခုဆို တော်တော်များများက အယ်လ်နာဆာအသင်းရဲ့ ပွဲစဉ်က ဘယ်တော့ ကစားမှာလဲ၊ ဘယ်အချိန်လဲ ဆိုတာ တွေပါ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အယ်လ်နာဆာအသင်းဟာ မီဒီယာတွေရဲ့ အထက်မှာ နေရာယူနေတာပါ။

ရော်နယ်ဒိုရဲ့ အရှိန်အဝါနဲ့ပဲ အယ်လ်နာဆာအသင်းဟာ ဥရောပနာမည်ကြီး ကစားသမားတွေကိုပါ ဆွဲဆောင်နိုင်ဖို့ လုပ်ဆောင်နေပြီလည်း ဖြစ်တာပါ။

ရော်နယ်ဒိုကို ခေါ်ယူမှုဟာ အယ်လ်နာဆာ တစ်ခုတည်းအတွက် မဟုတ်ဘဲ ဆော်ဒီနိုင်ငံအတွက်ပါ အများကြီး အကျိုးသက်ရောက်မှု ရှိစေခဲ့တာ ဖြစ်ပါတယ်။ အရင်က ဘယ်သူမှ မသိလောက်တဲ့ သူတို့လိဂ်ကို အားလုံးက သိလာခဲ့ပြီ ဖြစ်ပါတယ်။


မကြာသေးခင်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အနိုင်ရပြီးနောက် အားလုံးရဲ့ အံ့အားသင့်ခြင်း ခံခဲ့ရတဲ့ ဆော်ဒီနိုင်ငံဟာ အခုဆိုရင် ဘောလွန်းဒီအော ၅ ကြိမ်ရ ကစားသမားကို ခေါ်ယူနိုင်မှုက ပိုပြီးတော့ အံ့အားသင့် စရာတွေ ထပ်ဖြစ်ခဲ့ရတာပါ။

ရော်နယ်ဒို အယ်လ်နာဆာအသင်းဖော်တွေနဲ့ လေ့ကျင့်ခန်း ဆင်းနေစဉ်

ဆော်ဒီနိုင်ငံဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပဖို့ လုပ်ဆောင်နေပြီး အခုကတည်းက ရော်နယ်ဒိုရဲ့ ကျော်ကြားမှုတွေကို အသုံးချပြီး စတင်တည်ဆောက်နေပြီ ဖြစ်ပါတယ်။ အရင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရဆိုရင် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် အဖြစ် ဆောင်ရွက်ဖို့အတွက် သံတမန်အဖြစ် ဆောင်ရွက်ရမယ်လို့လည်း သိခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုလို ပုံရိပ်ကြီးမားတဲ့ ကစားသမားမျိုးကို ခေါ်ယူနိုင်ခဲ့တာဟာ ဆော်ဒီအတွက်ရော အယ်လ်နာဆာ အတွက် သက်ရောက်မှုတွေက ပိုပြီးတော့တောင် ကြီးမားလာဖို့ပဲ ရှိလာပါတယ်။ နောက်ဆိုရင် ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ခြေချချင်စရာ နောက်ထပ် နိုင်ငံအဖြစ် ရှိလာတော့မလားဆိုတာကိုတော့ စောင့်ကြည့်ရ ပေတော့မည်။

 

 

 

 

Share
Tweet
Share
Share
powered by social2s
ဒီဂီယာနဲ့ ရွိုင်ကိန်းကိုတွေ့ရစဉ်

ဒီဂီယာက အဲဗာတန်နဲ့ပွဲမှာ အရက်အနည်းငယ် သောက်ထားပုံပဲလို့ ရွိုင်ကိန်းပြော

By CNI
CNI
Category: အားကစား
Hits: 955


CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းက အဲဗာတန်နဲ့ပွဲမှာ အမှားအယွင်း ပြုလုပ်ခဲ့တဲ့ ဒီဂီယာကို ဝေဖန်လိုက်ပြီး ယူနိုက်တက် ဂိုးသမားဟာ အရက်အနည်းငယ် သောက်ထားပုံရတယ်လို့ ပြောလိုက် ပါတယ်။

ရွိုင်ကိန်းက “နားထောင်ပါ၊ ဒါက နိုင်ငံတကာ ဂိုးသမားတစ်ဦးရဲ့ အံ့သြဖွယ်ကောင်းတဲ့ အမှားအယွင်းပါပဲ။ ဒီဂီယာ က Carry On ဟာသကားထဲကနဲ့ တူပါတယ်။ သူဟာ အရက်အနည်းငယ် သောက်ထားတဲ့ပုံပါပဲ။ အံ့သြစရာ ကောင်းတဲ့ အမှားကို ပြုလုပ်ခဲ့ပါတယ်။ သူဟာ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ ဒါဟာ ကြောက်စရာ ကောင်းတဲ့ အမှားမျိုးပါပဲ”လို့ ITV မှာ ပြောခဲ့တာပါ။

ဒီဂီယာဟာ အဲဗာတန်ကစားသမား မော်ပေး ဂိုးဧရိယာထဲ ပေးပို့ခဲ့တဲ့ ဘောလုံးကို ထိန်းဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးဟာ သူ့ရဲ့ ပေါင်ကြားထဲကနေ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်း အဲဗာတန်ဘက်ကို ဂိုးသွင်းနေစဉ်

ဒီဂီယာဟာ ဘောလုံးထွက်သွားပြီးနောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာ ဂိုးအရှေ့မှာ အသင့်ရှိနေတဲ့ ကိုအာဒီက အဲဗာတန်အတွက် ချေပဂိုး သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ရွိုင်ကိန်းက ဗြိတိန်ဟာသ စီးရီးဖြစ်တဲ့ Carry On ကားထဲက အဖြစ်အပျက်နဲ့ နှိုင်းယှဉ်ပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း လီဒီဇွန်က “ကျနော်မြင်ခဲ့ရတာကို မယုံနိုင်ဘူး ဖြစ်ခဲ့ပါတယ်။ ဒီဂီယာအတွက် တော့ လုံးဝအိပ်မက်ဆိုးတစ်ခုလို ဖြစ်ခဲ့ပါတယ်။ သူက ဘောလုံးဘယ်ကို သွားနေတယ်ထင်လဲတော့ မသိပါဘူး။ သူလုပ်ခဲ့တဲ့ ပုံစံကို တွေ့ရတာ မယုံနိုင်ဘူး ဖြစ်နေပါတယ်”လို့ ပြောခဲ့တာပါ။

ဒီဂီယာရဲ့ အမှားကနေ သွင်းဂိုးခွင့် ပြုခဲ့ရပေမယ့် ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ဂိုးတွေကို အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ အဲဗာတန်ကစားသမား ကိုအာဒီက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ တာပါ။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ၇ ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ ၁၁ ရက်မှာတော့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲအဖြစ် ချာလ်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်က ဆုဖလားတွေအကြောင်းပြောဖို့ အဆင်သင့်မဖြစ်သေးဘူး

By CNI
CNI
Category: Watch TV
Hits: 680

Share
Tweet
Share
Share
powered by social2s

အယ်လ်နာဆာအသင်းအတွက် ပွဲထွက်ခွင့်ရဖို့ ရော်နယ်ဒိုစောင့်ဆိုင်းရမည်

By CNI
CNI
Category: Watch TV
Hits: 705

Share
Tweet
Share
Share
powered by social2s
ဂျိတ်ပေါလ်နဲ့ နိတ်ဒီယတ်ဇ်ကိုတွေ့ရစဉ်

UFC ကြယ်ပွင့်ဟောင်း နိတ်ဒီယတ်ဇ်ကို ထိုးသတ်ဖို့ ဂျိတ်ပေါလ် ကမ်းလှမ်း

By CNI
CNI
Category: အားကစား
Hits: 1666

CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

ဂျိတ်ပေါလ်က ပရော်ဖက်ရှင်နယ် ဖိုက်တာလိဂ်နဲ့ လက်မှတ်ထိုးပြီးနောက် နိတ်ဒီယတ်ဇ်ကို လက်ဝှေ့နဲ့ MMA ၂ ပွဲ ထိုးသတ်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဂျိတ်ပေါလ်က “ကျနော်ဟာ လက်ဝှေ့ကို ဖြိုခွဲပြီးနောက် အခု MMA ကို ဖြိုခွဲဖို့ ရောက်ရှိလာခဲ့ပါပြီ။ ဒါက ခက်ခဲတဲ့ အားကစားနည်းလို့ သိထားပါတယ်။ လွယ်မှာ မဟုတ်ပေမယ့် လက်ဝှေ့မှာလုပ်နိုင်ရင် MMA မှာလည်းလုပ်နိုင်မှာ ပါ။ ကျနော် နိတ်ဒီယတ်ဇ်ကို ၂ ပွဲထိုးဖို့ ကမ်းလှမ်းထားပါတယ်။ ပထမပွဲက လက်ဝှေ့ထိုးမှာဖြစ်ပြီး နောက်ထပ် ၆ လ အကြာမှာ MMA ထိုးသတ်မှာပါ။ ၂ ပွဲပဲထိုးမှာပါ။ ဒါကို လုပ်ရအောင်”လို့ သူ့ရဲ့ Youtube Channel မှာပြော သွားခဲ့ပါတယ်။

ဂျိတ်ပေါလ်ဟာ MMA ပရိုမိုးရှင်း ပရော်ဖက်ရှင်နယ် ဖိုက်တာလိဂ်နဲ့ လက်မှတ်ထိုးပြီးနောက် လှောင်အိမ်ထဲမှာ ပွဲဦးထွက်အဖြစ် ထိုးသတ်ဖို့ စီစဉ်နေတာပါ။ ဂျိတ်ပေါလ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ UFC ကနေ ထွက်ခွာခဲ့တဲ့ နိတ်ဒီယတ်ဇ်နဲ့ ထိုးသတ်ဖို့ စိတ်ဆန္ဒ ပြင်းပြနေတာ ဖြစ်ပါတယ်။

ဂျိတ်ပေါလ် ထိုးသတ်နေစဉ်

ပရော်ဖက်ရှင်နယ် ဖိုက်တာလိဂ်ဟာ MMA ရဲ့ တစ်ခုတည်းသော လိဂ်ပုံစံဖြစ်ပြီး ပလေးအော့ဖ် ပွဲစဉ်တွေလည်း ပါဝင်မှာပါ။

Youtube စတားတစ်ဦးဖြစ်တဲ့ ဂျိတ်ပေါလ်ဟာ ပ‌ရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲပေါင်း ၆ ပွဲ ထိုးသတ်ထားပြီး ၆ ပွဲ စလုံး နိုင်ပွဲရရှိထားတာ ဖြစ်ပါတယ်။

ဂျိတ်ပေါလ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နောက်ဆုံးပွဲ ထိုးသတ်ထားပြီး အန်ဒါဆန်ဆေးလ်ဗားကို အနိုင်ရထားခဲ့တာပါ။ နိတ်ဒီယတ်ဇ်ကတော့ စက်တင်ဘာလက တိုနီဖာဂူဆန်နဲ့ UFC 279 ပွဲစဉ် အဖြစ် ထိုးသတ် ခဲ့တာမှာ အနိုင်ရပြီးနောက် ဒီပြိုင်ပွဲနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

နိတ်ဒီယတ်ဇ်ဟာ MMA ပွဲပေါင်း ၃၄ ပွဲ ထိုးသတ်ခဲ့တာမှာ ၂၁ ပွဲ အနိုင်ရပြီး ၁၃ ပွဲ ရှုံးနိမ့်ခဲ့ကာ လိုက်ဝိတ်နဲ့ ဝယ်လ် တာဝိတ်တန်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22

Page 18 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar