CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION
မက်ဆီ ကမ္ဘာ့ဖလားဆုကို ကိုင်မြှောက် အောင်ပွဲခံနေစဉ်

ရော်နယ်ဒိုရဲ့ အင်စတာဂရမ် Like အများဆုံးရတဲ့ စံချိန်ကို မက်ဆီချိုးဖျက်

By CNI
CNI
Category: အားကစား
Hits: 1619

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

မက်ဆီဟာ ရော်နယ်ဒိုရဲ့ အင်စတာဂရမ် Like အများဆုံးရတဲ့ စံချိန်ကို ချိုးဖျက်ပြီး အားကစားသမားထဲမှာ Like အများဆုံးရတဲ့သူအဖြစ် စံချိန်သစ် တင်လိုက်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနား အသင်းနဲ့အတူ ကမ္ဘာ့ဖလား ဆုရရှိခဲ့တဲ့ ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တာပါ။

ဒီပို့စ်ဟာ Likes ပေါင်း ၅၄ သန်းကျော် ရရှိနေပြီး အားကစားသမား တစ်ဦးရဲ့ ပို့စ်မှာ စံချိန်သစ် ဖြစ်ခဲ့ပါတယ်။

အရင်က စံချိန်တင်ခဲ့တဲ့ ပို့စ်ကတော့ ရော်နယ်ဒိုရဲ့ ပို့စ်ဖြစ်ပြီး သူနဲ့ မက်ဆီတို့ စစ်တုရင် ထိုးနေတဲ့ပုံကို တင်ထားခဲ့တာပါ။ ဒီပို့စ်ဟာ Likes ပေါင်း ၄၂ သန်းကျော် ရရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာ မက်ဆီက ဒီစံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒို စစ်တုရင် ကစားနေစဉ် 

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ အရင်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာ Likes အများဆုံး ရရှိတဲ့သူတွေအဖြစ် တစ်ဦးနဲ့ တစ်ဦး စံချိန်တွေကို ချိုးဖျက်ပြီး စံချိန်သစ်တွေကို တင်နေခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၈ လနီးပါးကလည်း မက်ဆီဟာ ရော်နယ်ဒိုရဲ့ စံချိန်ကို ကိုပါအမေရိကဖလားရပြီး အောင်ပွဲခံတဲ့ ပို့စ်နဲ့ ချိုးဖျက်ခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက မက်ဆီရဲ့ ပို့စ် Likes ဟာ ၂၂ သန်းကျော် ရရှိခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ကစားသမားဘဝ တလျှောက် ကြီးမားတဲ့ ပြိုင်ဘက်တွေအဖြစ် လွန်ခဲ့တဲ့ ၁၀ စုနှစ် ကျော် အတွင်းမှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဘောလွန်းဒီအောဆုကို ၁၂ ကြိမ်အထိ ရယူနိုင်ခဲ့တာပါ။

ကလပ်အသင်းတွေနဲ့လည်း ဆုဖလား အများအပြား ရယူနိုင်ခဲ့သလို နိုင်ငံအသင်းတွေနဲ့ အတူလည်း အောင်မြင် မှုတွေ ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံး ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် မက်ဆီကတော့ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆု ရယူ နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ဒါ့အပြင် မကြာခင် အချိန်အတွင်းမှာ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ပူးပေါင်းရမှာ ဖြစ်ပေမယ့် ရော်နယ်ဒို ကတော့ အသင်းသစ် ရှာဖွေနေရတာ ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s
ကမ္ဘာ့ဖလားဆုရလို့ အာဂျင်တီးနားပြည်သူများ အောင်ပွဲခံနေကြစဉ်

ကမ္ဘာ့ဖလားဆုအောင်ပွဲခံဖို့ အင်္ဂါနေ့ကို အားလပ်ရက်အဖြစ် အာဂျင်တီးနား ကြေညာ

By CNI
CNI
Category: အားကစား
Hits: 1092

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀

အာဂျင်တီးနားအသင်းဟာ ဗျူနိုအေရိစ်မှာ ကမ္ဘာ့ဖလားအောင်ပွဲခံ အခမ်းအနားကျင်းပမှာ ဖြစ်တဲ့အတွက် အင်္ဂါနေ့(ဒီဇင်ဘာ ၂၀ ရက်)ကို နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေညာလိုက်ပါတယ်။

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က “ကမ္ဘာ့ချန်ပီယံအသင်းဟာ ပရိသတ်တွေနဲ့ အောင်ပွဲခံဖို့အတွက် အင်္ဂါနေ့ မွန်းတည့်ချိန်မှာ Obelisk ကို ထွက်ခွာမယ်”လို့ တွစ်တာမှာ ရေးထားပါတယ်။

ဒါ့အပြင် အာဂျင်တီးနား အစိုးရက အင်္ဂါနေ့ကို ဘဏ်အားလပ်ရက်အဖြစ် ကြေညာခဲ့တာကြောင့် တစ်တိုင်းပြည် လုံးဟာ နိုင်ငံအသင်းနဲ့အတူ အောင်ပွဲခံလို့ရမှာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

အာဂျင်တီးနားအသင်းဟာ ဒီပွဲရဲ့ ပွဲချိန်အတွင်းမှာ ပြင်သစ်အသင်းနဲ့ ၂ ဂိုးစီသရေ၊ အချိန်ပိုမှာ ၃ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရကာ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ နိုင်ငံပိုင် လေကြောင်းလိုင်းနဲ့ အင်္ဂါနေ့ အစောပိုင်းက နိုင်ငံအတွင်းကို ရောက်ရှိလာခဲ့ တာဖြစ်ပြီး လေဆိပ်အနီးရှိ အဖွဲ့ချုပ် လေ့ကျင့်ရေးစင်တာမှာ တညတာ အိပ်စက်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။

မက်ဆီနဲ့ အသင်းဖော်များ ကမ္ဘာ့ဖလား ဆုရလို့ အောင်ပွဲခံနေကြစဉ် 

အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ကလော်ဒီယိုတာပီယာက အာဂျင်တီးနားကို သူတို့ ရောက်လာ ခဲ့ပြီလို့ တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို တတိယအကြိမ်မြောက် ရရှိနိုင်ခဲ့ပြီးနောက် အာဂျင်တီးနား ပြည်သူတွေဟာ လမ်းမပေါ်တွေမှာ အောင်ပွဲခံမှုတွေကို ပြုလုပ်နေတာဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့ ဆက်လက် အောင်ပွဲခံဖို့ စိတ်အားထက်သန်နေကြတာပါ။

မက်ဆီက “ ပရိသတ်တွေအနေနဲ့ ကျနော်တို့ကို စောင့်ဆိုင်းစေချင်ပါတယ်။ အဲဒီကို သွားပြီးသူတို့နဲ့ အောင်ပွဲခံဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး”လို့ ‌ပြောခဲ့ပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၇ ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို ရယူနိုင်ခဲ့ပါတယ်။

Source: ESPN

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဗုံးခွဲမှု၊ ပစ်ခတ်မှုများကြောင့် အီရတ် ရဲတပ်ဖွဲ့ဝင် ကိုးဦးသေဆုံး

By CNI
CNI
Category: Watch TV
Hits: 743

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားမရခဲ့ပေမယ့် ပြင်သစ်အသင်းကို အလွန်ဂုဏ်ယူတယ်လို့ ဗာရန်းပြော

By CNI
CNI
Category: Watch TV
Hits: 793

Share
Tweet
Share
Share
powered by social2s

ကမ္ဘာ့ဖလားက ဘ၀မှာ အလိုချင်ဆုံးဆုဖလားလို့ မက်ဆီ ပြော

By CNI
CNI
Category: Watch TV
Hits: 737

Share
Tweet
Share
Share
powered by social2s
ဘတ်ပီနဲ့ မက်ခရွန်ကို တွေ့ရစဉ်

ဘတ်ပီကို ဘာပြောခဲ့လဲဆိုတာ ပြင်သစ်သမ္မတ မက်ခရွန်ဖွင့်ဟ

By CNI
CNI
Category: အားကစား
Hits: 1985

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ပြင်သစ်သမ္မတ မက်ခရွန်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ စိတ်ထိခိုက် ခံစားနေရတဲ့ တိုက်စစ်မှူး ဘတ်ပီကို သူဘာပြောခဲ့လဲဆိုတာကို ပြန်လည်ရင်ဖွင့် ပြောသွားခဲ့ပါတယ်။

မက်ခရွန်က “ ကိုင်လီယန်က ထူးချွန်တဲ့ ကစားသမား ဖြစ်ပေမယ့် သူဟာ ငယ်ရွယ်သေးတယ်ဆိုတာကို ကျနော် သတိရမိပါတယ်။ မင်းက အသက် ၂၄ နှစ်ပဲရှိသေးပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ။ အခု ဗိုလ်လုပွဲ မတိုင်ခင်က မင်းက ကမ္ဘာ့ဖလားကို ရခဲ့တယ်လို့ ကျနော်သူ့ကို ပြောခဲ့ပါတယ်။ ကျနော်လည်း သူ့လိုပဲ ဝမ်းနည်းပေမယ့် သူက ကျနော်တို့အားလုံးကို ဂုဏ်ယူစေခဲ့ပါတယ်”လို့ RMC ကို ပြောခဲ့တာပါ။

ဘတ်ပီဟာ အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲမှာ ပြင်သစ်အတွက် ဟတ်ထရစ် ဂိုးသွင်းယူခဲ့ပေမယ့် အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ဒုတိယနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအရှုံးကြောင့် ဘတ်ပီဟာ အလွန်စိတ်ပျက်နေပြီး ဒီပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ပြင်သစ်သမ္မတ မက်ခရွန်က ပီအက်စ်ဂျီ တိုက်စစ်မှူးကို နှစ်သိမ့်မှုတွေ ပြုလုပ်ပေးခဲ့တာပါ။

ရွှေဖိနပ်ဆုရခဲ့တဲ့ ဘတ်ပီကိုတွေ့ရစဉ်

ဘတ်ပီဟာဆိုရင် ကာတာကမ္ဘာ့ဖလားမှာ ၈ ဂိုးအထိသွင်းပြီး ဂိုးသွင်း ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ တုန်းက ဘတ်ပီဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ၂ ကြိမ်ဆက် ရယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ပြင်သစ်အသင်းကလည်း ၁၉၆၂ ခုနှစ်က ဘရာဇီးလ်နောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၂ ကြိမ်ဆက်ရယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မက်ခရွန်က “ ပထမပိုင်းအပြီးမှာ ကျနော်တို့ အလွန်ဝေးကွာနေခဲ့ပြီး ဒီလိုမျိုး ပြန်လာနိုင်တာတွေလည်း ရှိပေမယ့် ဘောလုံးသမိုင်းမှာတော့ အလွန်ရှားပါတယ်။ ဒါပေမယ့် အံ့ဩလောက်အောင် ပြန်လာနိုင်ခဲ့ပါတယ်။ ဘတ်ပီနဲ့ တသင်းလုံး လုပ်ခဲ့တာတွေက ထူးထူးခြားခြားပါပဲ။ ဆာလောင်မှုကို ပြန်တွေ့ခဲ့ပြီး လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့ ပါတယ်။ ဒါပေမယ့်လည်း အံ့ဖွယ်ကောင်းတဲ့ ဒုတိယပိုင်းလိုမျိုး ပြန်မလာနိုင်တော့ဘူး”လို့ ပြောခဲ့ပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
ပြင်သစ်သမ္မတ မိုက်ခရွန်နဲ့ ပြင်သစ်အသင်း တိုက်စစ်မှူး ဘတ်ပီကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားမရခဲ့ပေမယ့် ပြင်သစ်အသင်းကို အလွန်ဂုဏ်ယူတယ်လို့ ဗာရန်းပြော

By CNI
CNI
Category: အားကစား
Hits: 1697

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းကို အရေးနိမ့်ပြီး ကမ္ဘာ့ဖလား ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့ပေမယ့် အသင်းကို အလွန်ဂုဏ်ယူတယ်လို့ နောက်ခံလူ ဗာရန်းက ပြောပါတယ်။

ဗာရန်းက “ ကျနော်တို့ အရာအားလုံး ပေးခဲ့ပေမယ့် စိတ်ပျက်ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ အတားအဆီးတွေ အများကြီး နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ကျနော်တို့ ဘာကိုမှ အရှုံးမပေးခဲ့ပါဘူး။ ကျနော်တို့ဟာ ဒီပွဲမှာ ၁ နာရီလောက်ကြာအောင် ပွဲမကစားနိုင်ခဲ့ပါဘူး။ ကျနော်တို့လည်း အနိုင်ရဖို့ ရှိခဲ့ပြီး ဒီအသင်းနဲ့အတူ ပြင်သစ်ဖြစ်ရတာကို အလွန် ဂုဏ်ယူပါ တယ်။ ကျနော်တို့ ဦးခေါင်းကို ဆက်ပြီးမော့နေဦးမှာပါ”လို့ ပြောပါတယ်။

ပြင်သစ်အသင်းဟာ ဒီပွဲမှာ မိနစ် ၈၀ အထိ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် ဘတ်ပီရဲ့ ချေပဂိုး ၂ ကြောင့် အချိန်ပိုအထိ သွားခဲ့ရပြီး အချိန်ပိုမှာလည်း ထပ်မံ ဦးဆောင်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘတ်ပီက ဟတ်ထရစ်ဂိုးအဖြစ် ချေပဂိုး ထပ်သွင်းခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ၄ ဂိုး- ၂ ဂိုးနဲ့ အာဂျင်တီးနားအသင်းက အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

ပြင်သစ်ကစားသမား ဗာရန်းကိုတွေ့ရစဉ် 

ပြင်သစ်အသင်းဟာ ၂၀၁၈ ပြိုင်ပွဲတုန်းက ချန်ပီယံဆုကို ရခဲ့တာကြောင့် အခုပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် မျှော်လင့်ချက် ပျက်ပြယ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၂ ကြိမ်ဆက် နောက်ဆုံး ရယူခဲ့တဲ့အသင်းက ၁၉၆၂ က ဘရာဇီးလ်ဖြစ်ပြီး အဲ့ဒီ နောက်ပိုင်း ဘယ်အသင်းကမှ ဒီလိုမျိုး မရယူနိုင်တော့တာပါ။

ဗာရန်းက “ ကျနော်တို့ဟာ ဒီပွဲမှာ တွန်းအားပေးနိုင်ခဲ့ပြီး အဆုံးထိကို ယုံကြည်ခဲ့ပါတယ်။ ကျနော်တို့ ဆိုးရွားစွာ စတင်ခဲ့ပေမယ့် ပွဲကို ပြန်ပြောင်း နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေနဲ့ နှလုံသားတွေ အများကြီး ရှိခဲ့ပြီး ဒါကြောင့်လည်း ပြန်လာနိုင်ခဲ့တာပါ။ ကျနော်တို့ စိတ်ပျက်ခဲ့ပေမယ့် ဂုဏ်ယူမိပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ဒီပွဲမှာ ဂိုးသွင်း အများဆုံးဆုဖြစ်တဲ့ ရွှေဖိနပ်ဆုကို ရခဲ့ပေမယ့် အသင်း အရေးနိမ့်ခဲ့တာကြောင့် ဆုရယူတာမှာ အလွန်စိတ်ပျက် နေခဲ့တာလည်း ဖြစ်ပါတယ်။

Source: Goal

 

 

 

 

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 1762

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုကိုတွေ့ရစဉ်

အသင်းလက်မဲ့ဖြစ်နေတဲ့ ရော်နယ်ဒို ဘယ်အသင်း ရောက်သွားနိုင်လဲ

By CNI
CNI
Category: ဆောင်းပါး
Hits: 3281

CNI Sport Article

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေ တယ်ဆိုတာကို အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာဆိုရင် ပေါ်တူဂီအသင်းနဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စောစီးစွာ ထွက်ခဲ့ရတာကြောင့် အခုဆိုရင် ကစားရမယ့် အသင်းသစ်ကို ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုဆို ရော်နယ်ဒိုဟာ အသင်းသစ် ရှာဖွေတာမှာ အဆင်ပြေစေဖို့အတွက် သူ့ရဲ့ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်ပြီး အဆင်သင့် ဖြစ်နေနိုင်အောင် အသင်းဟောင်း ရီးရယ်လ်အသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။

ကစားသမားဘဝ အောင်မြင်မှုတွေကို ထပ်ပြီးရယူဖို့ ဆာလောင်နေတာကြောင့် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းတွေကို သွားရောက်ချင်ပေမယ့် လက်ရှိ အနေအထားမှာ မလွယ်ကူဘဲ ဖြစ်နေပါတယ်။ The Sun သတင်းစာက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရော်နယ်ဒို ပြောင်းရွှေ့နိုင်မယ့် အသင်း ၅ သင်းကို ဖော်ပြလာပါတယ်။

ပထမဆုံး အသင်းကတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းပါ။ အယ်လ်နာဆာအသင်းဟာ ယူနိုက်တက် အသင်းနဲ့ ရော်နယ်ဒိုတို့ စာချုပ်ဖျက်သိမ်း ပြီးကတည်းက စိတ်ဝင်စားနေကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ရီးရယ်လ်အသင်းမှာ လေ့ကျင့်နေစဉ်

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို တနှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။ ဆော်ဒီကလပ် နည်းပြက ရော်နယ်ဒိုလို လူမျိုးကို ကိုင်တွယ်ရမှာက အလွန်ဂုဏ်ယူဖို့ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။ အစော ပိုင်းက ရော်နယ်ဒိုဟာ ဇန်နဝါရီ ၁ ရက်မှာ အယ်လ်နာဆာအသင်းကို ပြောင်းဖို့ သဘောတူညီခဲ့တယ်လို့ သတင်း ထွက်ခဲ့ပေမယ့် ကစားသမားက မဟုတ်ဘူးလို့ ပြောထားပါတယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်မှာပဲ ဆက်ပြီး နေချင်တယ်လို့ ယူဆရပါတယ်။ နောက် ထပ် ၁ သင်းကတော့ ရီးရယ်လ်မက်ဒရစ်ပါ။

ရော်နယ်ဒိုအတွက် နောက်ထပ် ရွေးချယ်မှုကတော့ ကစားသမားဘဝ အကောင်းဆုံး‌ဖြစ်ခဲ့တဲ့ ကလပ်အသင်းကို ပြန်သွားဖို့ပါ။ ရီးရယ်လ်အသင်းက ရော်နယ်ဒိုကို ပြန်ခေါ်နိုင်ဖွယ် မရှိဘူးလို့ ထင်ရပေမယ့် ကစားသမားကသာ နည်းပြ အန်ဆယ်လော့တီကို အထင်ကြီးအောင် လုပ်နိုင်မယ်ဆိုရင် ဒါက ဖြစ်လာနိုင်တဲ့ အပြောင်းအရွှေ့လို့ ပြောလို့ ရပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်

နောက်တသင်းကတော့ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် ဖြစ်ပါတယ်။ ဆော်ဒီပိုင်ရှင်ရဲ့ ပံ့ပိုးပေးမှုတွေနဲ့ ရလဒ်ပိုင်းတွေ ကောင်းမွန်လာတဲ့ နယူးကာဆယ်အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အသင်း ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူပြီး အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်သလို ဂျာစီရောင်းချမှု ကနေ လည်း ဝင်ငွေတွေ အများကြီး ရရှိစေမယ့် အချက်က နယူးကာဆယ် အသင်းအနေနဲ့ ရော်နယ်ဒိုကို ခေါ်ယူဖို့ ထည့်သွင်း စဉ်းစားနိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။

နောက်တသင်းကတော့ စပို့တင်းလစ္စဘွန်းပါ။ ပေါ်တူဂီကလပ်ဟာ ရော်နယ်ဒို ကစားသမားဘဝ စတင်ခဲ့တဲ့ အသင်းဖြစ်ပြီး ကလပ်အသင်းနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိကာ ချန်ပီယံလိဂ်မှာ ပြန်ကစားနိုင်မယ့် ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

စပို့တင်းအသင်းဟာ ရော်နယ်ဒိုအတွက် မြင့်မားတဲ့ လစာမျိုး ပေးနိုင်မှာ မဟုတ်ပေမယ့် ဥရောပရဲ့ အမြင့်ဆုံး အဆင့်မှာ ပြန်ကစားနိုင်ဖို့က ပေါ်တူဂီ အသင်းခေါင်းဆောင်အတွက် ကြီးမားတဲ့ အခွင့်အရေး တရပ် ဖြစ်လာနိုင်တာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ် 

နောက်ထပ် တသင်းကတော့ မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီ အသင်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မေဂျာ လိဂ် ကလပ်ကို ပြောင်းဖို့ မကြာခဏဆိုသလို ချိတ်ဆက်ခံနေရပြီး အယ်လ်အေဂလက်ဇီ အသင်းဟာ သူ့ကို အမေရိကန်ကို ခေါ်ဆောင်ဖို့ စိတ်အားထက်သန်နေတဲ့ ကလပ်တွေထဲက တသင်းလည်း ဖြစ်ပါတယ်။

ဂလက်ဇီအသင်းမှာ ထိပ်တန်း ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ အီဘရာဟီမိုဗစ်တို့ ကစားခဲ့တာကြောင့် ရော်နယ်ဒိုဟာ သူတို့လိုပဲ နောက်ထပ် ကစားသမား ဖြစ်လာနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ဒီ ၅ သင်းအပြင် ချယ်လ်ဆီး၊ နာပိုလီစတဲ့ အသင်းတွေနဲ့လည်း အသံတွေ ထွက်ပေါ်နေတာပါ။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီးနောက် ဒူဘိုင်းကို ကိုယ်ပိုင်ဂျတ်လေယာဉ်နဲ့ ထွက်ခွာခဲ့တာကြောင့် ဘယ်အသင်းကို ရောက်မလဲဆိုတာ ခန့်မှန်းရ ခက်နေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝ အဆုံးမသတ်ခင်မှာ အသင်းသစ်နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ထပ်မံရယူနိုင်ဖို့ မျှော်လင့်နေမိတာတော့ အမှန်ပါပဲ။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ကာတာ ၂၀၂၂ ကို အကောင်းဆုံးကမ္ဘာ့ဖလားအဖြစ် ဖီဖာဉက္ကဋ္ဌ ချီးကျူး

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s

လက်ရှိမျိုးဆက်က ၂၀၁၈ ချန်ပီယံအသင်းထက် ပိုပြီးကောင်းတယ်လို့ ဒမ်ဘီလီ ပြော

By CNI
CNI
Category: Watch TV
Hits: 687

Share
Tweet
Share
Share
powered by social2s

ပေါ်တူဂီအသင်းနည်းပြရာထူးက ဖာနန်ဒိုဆန်းတို့စ် ထွက်ခွာ

By CNI
CNI
Category: Watch TV
Hits: 710

Share
Tweet
Share
Share
powered by social2s

အာဂျင်တီးနားအသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ မက်ဆီမပါဝင်နိုင်ခဲ့

By CNI
CNI
Category: Watch TV
Hits: 701

Share
Tweet
Share
Share
powered by social2s
ပြင်သစ် အသင်းသားများနဲ့ နည်းပြ ဒက်ချမ့်ပ်စ်ကို တွေ့ရစဉ် ( Sports Brief)

ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်ခင် ပြင်သစ်လူစာရင်းမှာ တတိယမြောက် ဖျားနာမှုဖြစ်ပွား

By CNI
CNI
Category: အားကစား
Hits: 1633

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ပြင်သစ်လက်ရွေးစင် အသင်းရဲ့ကစားသမား ကိုးမန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အသင်းရဲ့ တတိယမြောက် ဖျားနာတဲ့သူ ဖြစ်လာခဲ့ပြီး လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်နိုင်ခဲ့တဲ့အတွက် ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘဲ ဖြစ်နေပါတယ်။

ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဒီလေ့ကျင့်ရေး အစီအစဉ်မှာ ကိုးမန်း မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မော်ရိုကိုနဲ့ ပွဲမတိုင်ခင်မှာလည်း ရာဘီယော့နဲ့ အူပါမီကာနိုတို့ဟာ ဖျားနာနေတာကြောင့် လေ့ကျင့်ရေး အစီအစဉ် မှာ မပါဝင်နိုင်ခဲ့တာပါ။ သူတို့ ၂ ဦးဟာ ကာတာနိုင်ငံရဲ့ လေအေးပေးစက်တွေကြောင့် ဖျားနာခဲ့တာဖြစ်ပြီး မော်ရိုကို နဲ့ပွဲမှာ အရန်စာရင်းမှာ ပါခဲ့ပေမယ့် အသုံးမပြုခဲ့ပါဘူး။

L’Equipe က ကိုးမန်းဟာ တုပ်ကွေးလက္ခဏာတွေ ခံစားရပြီးနောက် ဖျားနာသွားပြီလို့ အတည်ပြုပါတယ်။

ပြင်သစ်အသင်း ကစားသမားများကိုတွေ့ရစဉ် (News In France)

ဘိုင်ယန်မြူးနစ် ကစားသမားဟာ ဒီအခြေအနေကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်၊ အသင်းဖော်တွေနဲ့ နေ့လည်စာ စားသောက်မှုမှာ မပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ရာဘီယော့နဲ့ အူပါမီကာနိုတို့ကတော့ ဖျားနာမှုကနေ ပြန်လည် ကောင်းမွန်လာတာကြောင့် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဂရစ်ဇ်မန်း၊ ဂီရော့ဒ်နဲ့ ဘတ်ပီတို့ဟာ မော်ရိုကိုနဲ့ပွဲမှာ အသေးစား ဒဏ်ရာရခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဒဏ်ရာပြဿနာ မရှိဘဲ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။

ဒက်ချမ့်ပ်စ်က “ ကိုးမန်းက ဒီမနက်မှာ အဖျားရှိလာခဲ့ပါတယ်။ ဒိုဟာမှာ အပူချိန်အနည်းငယ် ကျသွားခဲ့ပေမယ့် လေအေးပေးစက်ကတော့ အချိန်တိုင်းကို ရှိနေတာပါ။ ကျနော်တို့မှာ တုပ်ကွေးလို လက္ခဏာတွေ ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ ဒါကို မပြန့်ပွားနိုင်အောင် သတိထားပြီး ကြိုးစားနေရပါတယ်။ ကစားသမားတွေဟာ ကွင်းထဲမှာ ပြင်းပြင်းထန်ထန် အားထုတ်ရလို့ သူတို့ရဲ့ ခုခံအားစနစ်တွေ ဆိုးရွားနေတယ်ဆိုတာကို သိပါတယ်”လို့ ပြောခဲ့ပါ တယ်။

ပြင်သစ်အသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ၂ ကြိမ်ဆက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s

အသင်းဟောင်း ရီးရယ်လ်မက်ဒရစ်မှာ ရော်နယ်ဒို လေ့ကျင့်မှုတွေ ပြုလုပ်

By CNI
CNI
Category: Watch TV
Hits: 731

Share
Tweet
Share
Share
powered by social2s

နှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်အောင်လုပ်ရတာ မလွယ်ကူခဲ့ဘူးလို့ ပြင်သစ်နည်းပြပြော

By CNI
CNI
Category: Watch TV
Hits: 1195

Share
Tweet
Share
Share
powered by social2s
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26

Page 22 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar