CNI CNI
CNI CNI
  • HOME
  • ALL
    • ငြိမ်းချမ်းရေးကဏ္ဍ
    • အမျိုးသမီးကဏ္ဍ
    • အယ်ဒီတာ အာဘော်
    • လူမှုဘဝ
    • သဘာဝပတ်ဝန်းကျင်
    • ရာသီဥတု
    • နည်းပညာ
    • LIFESTYLE
    • FOOD
    • TRAVEL
    • EVENT
    • HUMAN RIGHTS
    • DAILY PHOTO
    • PHOTO ESSAYS
    • Articles Archived
    CNI
  • ပြည်တွင်းသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံတကာသတင်း
    • အားကစား
    • စီးပွားရေး
    • ကျန်းမာရေး
    • ဖျော်ဖြေရေး
    • ပညာရေး
  • နိုင်ငံရေး
    • ပြည်တွင်း
    • ပြည်ပ
  • အင်တာဗျူး
    • ပြည်တွင်း
    • ပြည်ပ
  • ဆောင်းပါး
    • အတွေးအမြင်
    • သတင်းဆောင်းပါး
  • EXCLUSIVE INTERVIEW
  • Watch TV
  • FAKE/TRUE News
  • ရုရှား-ယူကရိန်းအရေး
  • ENGLISH EDITION

ပြည်နှင်ဒဏ်ပေးခံရတာကို ဘယ်တော့မှမမေ့ဘူးလို့ ဂျိူကိုဗစ်ပြော

By CNI
CNI
Category: Watch TV
Hits: 694

Share
Tweet
Share
Share
powered by social2s

ဂန္ထဝင် ပီလီအတွက် နာမည်ကြီးဘောလုံးသမားများက ဝမ်းနည်းမှတ်တမ်း ရေးသားခဲ့ကြ

By CNI
CNI
Category: Watch TV
Hits: 690

Share
Tweet
Share
Share
powered by social2s
အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့် ကားတိုက်မှုဖြစ်ပွားစဉ်

ကားတိုက်မှုဖြစ်ပွားပြီး အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ဆေးရုံရောက်ရှိ

By CNI
CNI
Category: အားကစား
Hits: 1045

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့်ဟာ ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့လို့ ဆေးရုံကို ပို့ဆောင်ခံခဲ့ရပြီး အခြေအနေ တည်ငြိမ်နေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ် အရွယ်ရှိ ကစားသမားဟာ မူးဝေနေတာကြောင့် ကားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကားဟာ မီးလောင်သွားခဲ့တာလို့ ရဲက ပြောခဲ့ပါတယ်။

အိန္ဒိယကလာတဲ့ သတင်းတွေမှာ ရီရှာပန့်ဟာ ဦးခေါင်း၊ နောက်ကျောနဲ့ ခြေထောက်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။ ရီရှာပန့်ဟာ မြောက်ပိုင်း အူထရာခန့်ပြည်နယ်ရှိ သူ့ရဲ့ မွေးရပ်ဇာတိ ရော်ကီအနီးရှိ မန်ဂါလာနဲ့ နာဆန်ကြားမှာ ကားတိုက်မှု ဖြစ်ပွားခဲ့တာပါ။

အိန္ဒိယခရစ်ကတ်ကြယ်ပွင့် ရီရှာပန့် ကားတိုက်မှုဖြစ်ပွားစဉ်

အိန္ဒိယခရစ်ကတ် ဘုတ်အဖွဲ့ အတွင်းရေးမှူး ဂျေရှာက “ရီရှာဟာ တည်ငြိမ်မှုရှိနေပြီး စကန်စစ်ဆေးမှုတွေကို လုပ်ဆောင်နေပါတယ်။ သူ့မိသားစုတွေနဲ့ သူ့ကို ကုသပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ ကျနော် စကားပြောပြီးပါပြီ။ သူ့ရဲ့တိုးတက်မှုကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်နေတဲ့ အထောက်အပံ့တွေ အားလုံးကို ပေးသွားမှာပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒေလီကတ်ပီတယ်လ် နည်းပြချုပ်နဲ့ သြစတြေးလျအသင်း ခေါင်းဆောင်ဟောင်း ရစ်ကီက ရီရှာပန့် အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆန္ဒပြုကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ရီရှာပန့်ဟာ ဒီဇင်ဘာလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိန္ဒိယအသင်းအတွက် ပါဝင် ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရီရှာပန့်ဟာ ဇန်နဝါရီ ၃ ရက် သီရိလင်္ကာနဲ့ မွမ်ဘိုင်းမှာ စတင်ကစားမယ့် ပွဲစဉ်အတွက် အိန္ဒိယ အသင်း လူစာရင်းမှာ မပါဝင်ဘူးလို့ ဘီဘီစီသတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Source: BBC

 

 

 

 

 

Share
Tweet
Share
Share
powered by social2s

ဟာလန်းက အခုထက် ပိုပြီးကောင်းလာနိုင်တယ်လို့ မန်စီးတီးနည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 697

Share
Tweet
Share
Share
powered by social2s

စထရာဘောင်းနဲ့ပွဲမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့လို့ နေမာ ထုတ်ပယ်ခံရ

By CNI
CNI
Category: Watch TV
Hits: 732

Share
Tweet
Share
Share
powered by social2s
ဘတ်ပီကိုတွေ့ရစဉ်

မာတီးနတ်စ်နဲ့ စကားလုံးစစ်ပွဲစဖို့ အချိန်ဖြုန်းမှာမဟုတ်ဘူးလို့ ဘတ်ပီတုန့်ပြန်

By CNI
CNI
Category: အားကစား
Hits: 1157

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀

ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး ဘတ်ပီက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အာဂျင်တီးနား ဂိုးသမား မာတီးနတ်စ်နဲ့ စကားလုံးစစ်ပွဲကို စတင်ဖို့အတွက် အချိန်ဖြုန်းတီးနေမှာ မဟုတ်ဘူးလို့ ပြောလိုက် ပါတယ်။

ဘတ်ပီက “သူတို့က ကျနော့်ရဲ့ ပြဿနာမဟုတ်ပါဘူး။ ဒီလို အရာတွေနဲ့ပတ်သက်ပြီး ကျနော့်မှာ အချိန်ဖြုန်းတီးဖို့ စွမ်းအားတွေ မရှိပါဘူး။ ဘယ်တော့မှချေဖျက်ပြီး တုန့်ပြန်နေမှာ မဟုတ်ပါဘူး။ နည်းပြနဲ့ အသင်းဖော်တွေကို ကျနော် ပြောခဲ့သလိုပဲ ကျနော့်အသင်းက နိုင်ငံအသင်း ရှုံးနိမ့်မှုအတွက် ပေးချေရမယ်ဆိုတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဒါဟာ မတူညီတဲ့ အခြေအနေနှစ်ခုပါ”လို့ ပြောခဲ့တာပါ။

မာတီးနတ်စ်ဟာ ကမ္ဘာ့ဗိုလ်လုပွဲအပြီး အဝတ်စားလဲခန်းအတွင်း အောင်ပွဲခံတာမှာ ဘတ်ပီအတွက် တစ်မိနစ် လောက် ငြိမ်သက်ပေးပါလို့ ပြောပြီး အားလုံးက လှောင်ပြောင်ကာ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗျူနိုအေရိစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် အောင်ပွဲခံတာမှာလည်း ဘတ်ပီရဲ့ မျက်နှာပါဝင်တဲ့ ကလေးအရုပ်ကို ကိုင်ဆောင်ပြီး အောင်ပွဲခံခဲ့တာပါ။ ဘတ်ပီကတော့ ဒါနဲ့ ပတ်သက်ပြီး တုန့်ပြန်နေမှာ မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။

ဘတ်ပီ၊ မက်ဆီ၊ မာတီးနတ်စ်တို့ ဆုများ လက်ခံရယူနေစဉ်

ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းက စထရာဘောင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားခဲ့ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘတ်ပီဟာ ဂိုးသွင်းရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို ဒီရာသီမှာ ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားပြီး ၂၀ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

စထရာဘောင်းကို အနိုင်ရတဲ့ပွဲမှာ မက်ဆီကလွဲပြီး ပီအက်စ်ဂျီအသင်းမှာ ကမ္ဘာ့ဖလား သွားရောက်ခဲ့တဲ့ ကစား သမားတွေ အကုန် ပါဝင်လာခဲ့တာပါ။ မက်ဆီကိုတော့ ဇန်နဝါရီလ ပထမအပတ်မှာ အသင်းနဲ့ လာရောက် ပူးပေါင်းဖို့ နည်းပြ ဂယ်လ်တီယာက ပြောထားပါတယ်။

Source: Metro

 

 

 

 

Share
Tweet
Share
Share
powered by social2s
မြန်မာအသင်းနည်းပြနဲ့ ဒေးဗစ်ထန်းကိုတွေ့ရစဉ် (MFF)

လာအိုကို အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်သွားမယ်လို့ မြန်မာအသင်းနည်းပြပြော

By CNI
CNI
Category: အားကစား
Hits: 1601

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉

မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးက လာအိုအသင်းနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ပြီးတော့ ကစား သွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အန်တွမ်နီဟေးက “စင်ကာပူနဲ့ ကစားတဲ့ ပွဲအပြီးမှာ ဂိုးသမား အပါအဝင် ကစားသမားအချို့ ဒဏ်ရာပြဿနာတွေ ရှိနေပါတယ်။ မလေးရှား၊ စင်ကာပူနဲ့ပွဲမှာ ရလဒ်ကောင်း မရယူနိုင်ပေမယ့် အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ ပါတယ်။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ကျေနပ်ပါတယ်။ အသင်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အကောင်းဆုံး အစီအစဉ်တွေကို ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ မြန်မာအသင်း ခြေစွမ်းတိုးတက် လာတာကို မြင်တွေ့ရမှာပါ။ လာအိုနဲ့ပွဲမှာ အနိုင်ရဖို့ အကောင်းဆုံး ပြင်ဆင်ကစားသွားမှာပါ”လို့ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ အုပ်စုတွင်း အဖွင့်ပွဲစဉ် ၂ ပွဲအဖြစ် မလေးရှား၊ စင်ကာပူအသင်းတို့နဲ့ ကစားခဲ့တာမှာ ၂ ပွဲစလုံး အရေးနိမ့်ခဲ့တာကြောင့် အုပ်စုကနေ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် နည်းပါးသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်း ယှဉ်ပြိုင်ကစားနေစဉ်(MFF)

မြန်မာအသင်းကစားသမား ဒေးဗစ်ထန်းကလည်း လာအိုနဲ့ပွဲမှာ နိုင်ပွဲရယူဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာပါ။

ဒေးဗစ်ထန်းက “လာအိုနဲ့ပွဲမှာ ရလဒ်ကောင်းဖို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ နိုင်ပွဲရဖို့ ကျနော်တို့ ကစား သမားတွေ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ တစ်သင်းလုံးရဲ့ စွမ်းဆောင်မှုရော၊ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်မှုပါ အကောင်းဆုံးပုံစံ ရရှိဖို့ ကြိုးစားမှာပါ။ ကျနော်တို့ အသင်း ရလဒ်ဆိုးဆိုး၊ ကောင်းကောင်း အမြဲတမ်း အားပေးနေ တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လာအိုအသင်းကတော့ အုပ်စုတွင်း ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အရေးနိမ့်ကာ အုပ်စုကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါ တယ်။ မြန်မာအသင်းနဲ့ လာအိုအသင်းတို့ဟာ ဒီဇင်ဘာလ ၃၀ ရက်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

 

 

 

 

Share
Tweet
Share
Share
powered by social2s

ရီစီဂျိမ်းစ်ရဲ့ ဒဏ်ရာကို စိုးရိမ်မိတယ်လို့ ချယ်လ်ဆီးနည်းပြ ပြော

By CNI
CNI
Category: Watch TV
Hits: 714

Share
Tweet
Share
Share
powered by social2s

အဲရစ်တန်ဟတ်လက်အောက်မှာ ယူနိုက်တက်ပြောင်းလဲသွားတဲ့အရာကို ရက်ရှ်ဖိုဒ့် ပြော

By CNI
CNI
Category: Watch TV
Hits: 683

Share
Tweet
Share
Share
powered by social2s
ရော်နယ်ဒိုနဲ့ အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအန်မာကိုတွေ့ရစဉ်

ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေကို အယ်လ်နာဆာအကြီးအကဲ ငြင်းဆန်

By CNI
CNI
Category: အားကစား
Hits: 2110

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၈

အယ်လ်နာဆာအသင်းဥက္ကဋ္ဌ အယ်လ်မူအန်မာက ရော်နယ်ဒိုကို ငွေကြေးအများအပြားနဲ့ ဆော်ဒီလိဂ်ကို လာရောက်ဖို့ ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။

အခုပျံ့နှံနေတဲ့ သတင်းတွေထဲက “အများစုဟာ အလိမ်အညာ”တွေဖြစ်တယ်လို့ အယ်လ်နာဆာ အသင်းဥက္ကဋ္ဌက ပြောခဲ့တာကို စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ် ရှာဖွေနေပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို တစ်နှစ်လုပ်ခ ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်း အားကစားဒါရိုက်တာကတော့ သူ့ဘက်ကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောခွင့် မရှိဘူးလို့ ပြောထားတာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

မာဆယ်လိုဆလာဇာက “ဒီနှစ်ကုန်တဲ့အထိ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်လိုက်ပါ။ ဒါက ကလပ်အတွက် တင်မဟုတ်ဘဲ ကြီးမားတဲ့ ညှိနှိုင်းမှုတစ်ခုပါ။ ဒါက နိုင်ငံအတွက်ရော ကမ္ဘာ့ဘောလုံးအတွက်ပါ တာဝန်ရှိသူတွေ လုပ်ဆောင်ပေးရမယ့် အရာပါ။ ကျနော်ပြောနိုင်တာက ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ သူ့ရဲ့ နိုင်လိုစိတ်တွေကြောင့် အားကစားသမားတစ်ဦး အနေနဲ့ စံနမူနာပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ ၂၀၃၀ အထိ စာချုပ်ချုပ်မယ်လို့ ဖော်ပြနေပြီး ကစားသမားဟာ ဆော်ဒီနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ပြုလုပ်ဖို့ ကြိုးပမ်းတာမှာ သံတမန်အဖြစ် ဆောင်ရွက်ပေးရမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုအတွက် နောက်ထပ် ရွေးချယ်စရာအသင်းကတော့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်းဖြစ်ပြီး အဲဒီ အသင်းကတော့ ကစားသမားကို ခေါ်ယူချင်ပေမယ့် လုပ်ခလစာ ပေးချေဖို့ မတက်နိုင်ဘူးလို့ ပြောထားပါတယ်။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာ မိသားစုနဲ့အတူ အနားယူနေပြီး မကြာခင်မှာ သူကစားမယ့် အသင်းသစ်ကို အတည်ပြုပေးဖွယ်ရှိနေပါတယ်။

Source: The Sun

 

 

 

 

Share
Tweet
Share
Share
powered by social2s

ယူနိုက်တက်ပစ်မှတ် ဂတ်ခ်ပိုကို လီဗာပူးလ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိ

By CNI
CNI
Category: Watch TV
Hits: 716

Share
Tweet
Share
Share
powered by social2s

CNI ရဲ့ ဘောလုံးပွဲ သုံးသပ်ချက် အစီအစဉ်

By CNI
CNI
Category: Watch TV
Hits: 972

Share
Tweet
Share
Share
powered by social2s

အာဆင်ဝင်းဂါးက မှန်ကန်တဲ့ အချိန်မှာရောက်လာခဲ့တယ်လို့ အာတီတာ ပြော

By CNI
CNI
Category: အားကစား
Hits: 2458

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ဘောက်ဆင်ဒေးပွဲစဉ်မှာ အသင်းရဲ့ပွဲကိုလာရောက်ကြည့်ရှူခဲ့တဲ့ အာဆင် ဝင်းဂါးဟာ မှန်ကန်တဲ့အချိန်မှာ ရောက်လာခဲ့တာလို့ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “အာဆင်ဝင်းဂါးဟာ မှန်ကန်တဲ့အချိန်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ဒီနေ့ အသင်းရဲ့စွမ်းဆောင်ရည်က သူနဲ့ထိုက်တန်တဲ့ အဆင့်မှာရှိနေတယ်လို့ ကျနော်ထင်ပါတယ်။သူလာတယ်ဆိုတာကို ကစားသမားတွေ မသိပါဘူး။ဒါဟာ အထူးနေ့တစ်နေ့ပါပဲ။ဒါကြောင့် အခုလိုလာရောက်တဲ့အတွက် အာဆင်ဝင်းဂါးကို ကျေးဇူးတင်ပါတယ်။သူဟာ ကျနော်တို့နဲ့အတူ အချိန်ပိုပေးနိုင်ဖို့ မျှော်လင့်ပါတယ်။သူဟာ သြဇာကြီးမားတဲ့သူ ဖြစ်လို့ ကျနော်တို့ပတ်ဝန်းကျင်မှာရှိတာကောင်းပါတယ်” လို့ ပြောခဲ့တာပါ။

အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ၂၀၁၈ မှာ နည်းပြရာထူးကနေ ထွက်ခွာ ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာ အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းထံ မလာရောက်တော့ဘဲ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှ ပြန်လည်လာရောက်ခဲ့တာပါ။ပရိတ်သတ်တွေဟာ သူတို့ရဲ့ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါး နာမည်ကို အော်ဟစ်သီကြွေးခဲ့ကြတာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းအတွက် ဘန်နာရာမာက ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူခဲ့တာကို ဆာကာ၊ မာတင် နယ်လီနဲ့ အန်ကိတ်တီယာတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အနိုင်ရ ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဒုတိယနေရာက နယူးကာဆယ်ကို ၇ မှတ်၊ တတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး ဦးဆောင်နေတာပါ။

ဂျီးဆပ်စ်မပါဝင်နိုင်တဲ့အချိန်မှာ ပွဲထွက်ခွင့်ရပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ အန်ကိတ်တီယာနဲ့ပတ်သက်ပြီး “ ဒီနေ့ သူကစား ခဲ့တဲ့ပုံက လုံးဝထိုက်တန်မှုရှိလို့ သူ့ကို ကြီးမားတဲ့ ပွေ့ဖက်မှုကိုပေးချင်ပါတယ်။ဒါက အန်ကိတ်တီယာသွင်းယူ နေကျပုံစံဖြစ်ပြီး ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ဒီနေ့ သူလုပ်ဆောင်ခဲ့တဲ့အရာတွေကို တွေ့မြင် ရတာ ကျနော်ကျေနပ်ပါတယ်။ဂျီးဆပ်စ်ကတော့ မကစားနိုင်ပေမယ့် အသင်းနဲ့အတူရှိနေပါတယ်။သူဟာ ကွင်း ထဲမှာ သက်ရောက်မှုရှိပြီး အန်ကိတ်တီယာကို အကူအညီပေးနေပါတယ်” လို့ အာတီတာက ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုလာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

Source:DailyMail

 

 

 

Share
Tweet
Share
Share
powered by social2s

ရော်နယ်ဒိုလို စည်းကမ်းပိုင်းကောင်းတဲ့သူကို မတွေ့ဖူးဘူးလို့ ပေါ့ဘာပြော

By CNI
CNI
Category: Watch TV
Hits: 666

Share
Tweet
Share
Share
powered by social2s

ကစားသမားဘဝမနားခင်မှာ ဟာလန်း ဂိုး ၈၀၀ အထိသွင်းနိုင်မယ်လို့ ဒီဘရိုင်းပြော

By CNI
CNI
Category: Watch TV
Hits: 674

Share
Tweet
Share
Share
powered by social2s
မန်စီးတီးအသင်းကိုတွေ့ရစဉ်

ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးရပ်တည်မှုကို စူပါကွန်ပျူတာခန့်မှန်း

By CNI
CNI
Category: အားကစား
Hits: 1405

CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆

စူပါကွန်ပျူတာက အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ဒုတိယရာသီဝက်မှာ အဆင့်ကျဆင်းသွားမှာဖြစ်ပြီး မန်စီးတီးက ၃ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ မတိုင်ခင်မှာ အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို ၅ မှတ် အသာရပြီး အမှတ်ပေး ဇယားကို ဦးဆောင်ထားကာ ကမ္ဘာ့ဖလားမတိုင်ခင်အထိ ရှုံးပွဲ ၁ ပွဲသာ ကြုံတွေ့ထားတာပါ။

တိုက်စစ်မှူး ဂျီးဆပ်စ် ဒဏ်ရာရတာနဲ့အတူ ရမှတ်တွေ ဆုံးရှုံးသွားနိုင်တယ်လို့ သုံးသပ်နေကြပြီး မန်စီးတီးကတော့ ၂ ပွဲ ရှုံးနိမ့်ထားပေမယ့် တိုက်စစ်မှူး ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ အာဆင်နယ်ကို အနီးကပ် ဖိအားပေး နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဖလားနဲ့ စူပါကွန်ပျူတာကိုတွေ့ရစဉ်

စူပါကွန်ပျူတာကတော့ မန်စီးတီးအသင်းဟာ မေလမှာ ဆုဖလား ရယူနိုင်မယ်လို့ ခန့်မှန်းထားပြီး အာဆင်နယ် အသင်းကို အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်မယ်လို့ ပြောထားတာပါ။

ပထမရာသီဝက်မှာ ရလဒ်တွေ မကောင်းခဲ့တဲ့ လီဗာပူးလ်အသင်းကိုတော့ တတိယနေရာနဲ့ အဆုံးသတ်မယ်လို့ ခန့်မှန်းထားပြီး စပါးအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာဖြစ်တဲ့ အဆင့် ၄ နေရာ ထားရှိထားပါတယ်။

ဒီရာသီမှာ ရလဒ်ပိုင်း ကောင်းမွန်လာတဲ့ နယူးကာဆယ်ကို အဆင့် ၅ နဲ့ ယူနိုက်တက်အသင်းကို အဆင့် ၆ သာရ မယ်လို့ ခန့်မှန်းထားတာပါ။

တူချယ်လ်ကို ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို ခန့်အပ်ထားတဲ့ ချယ်လ်ဆီးအသင်းကို အဆင့် ၇၊ ဘရိုက်တန်၊ ပဲလေ့စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကို အဆင့် ၈ ကနေ ၁၀ အထိ ရပ်တည်မယ်လို့ ပြောထားတာ ဖြစ်ပါတယ်။

လိစ်၊ ဆောက်သမ်တန်နဲ့ အဲဗာတန်အသင်းတို့ဟာ တန်းဆင်းဇုန်က လွတ်မြောက်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းထားတာပါ။

လာမယ့်ရာသီ ချန်ပီယံရှစ်ကို တန်းဆင်းရမယ့် အသင်းအဖြစ် ဝုလ်ဗ်စ်၊ ဘုန်းမောက်နဲ့ နော်တင်ဟမ်ဖောရက်စ် တို့ကို ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ ဝုလ်ဗ်စ်အသင်းတို့ဟာ လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား တန်းဆင်းဇုန်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Mirror

 

 

 

 

Share
Tweet
Share
Share
powered by social2s
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24

Page 20 of 82

  1. You are here:  
  2. Home
  3. အားကစား
  • နိင်ငံရေး
  • စီးပွားရေး
  • ကျန်းမာရေး
  • အားကစား
  • ဆောင်းပါး
  • ရာသီဥတု
  • သဘာဝပတ်ဝန်းကျင်
  • LIFESTYLE
  • FOOD

Connect with us

  •  
  •  
  •  
  •  
  •  

 

CNI Myanmar